Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အေအေ ပြန်လွတ်ပေးသည့် ကင်းတလင်းရွာသားများ မီးဇာကျေးရွာသို့ရောက်ရှိ

အေအေ ပြန်လွတ်ပေးသည့် ကင်းတလင်းရွာသားများ မီးဇာကျေးရွာသို့ရောက်ရှိ

0
By Editor on August 2, 2019 Headline

ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့မှ ပြန်လွတ်ပေးသည့် ကင်းတလင်းရွာသား ၃၉ ဦးတို့သည် ယနေ့နံနက်ပိုင်း ၁၁ နာရီခွဲ ခန့်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာသို့ ပြန်လည်ရောက်ရှိကြပြီဖြစ်သည်။

အေအေတပ်ဖွဲ့မှ ၅ လကျော်ကြာ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်သို့ ဖမ်းဆီးထားသည့် အဆိုပါကင်းတလင်းရွာသား ၃၉ ဦးတို့ ကို ဇူလိုင်လ ၃၁ ရက်နေ့က ပြန်လွတ်ပေးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဒူးချောင်းဝကျေးရွာအုပ်ချူပ်မှူးနှင့်အဖွဲ့က မီးဇာကျေးရွာ အထိ လိုက်ပို့ခဲ့သည်ဟု မီးဇာကျေးရွာရှိဒေသခံတစ်ဦးကပြောသည်။

“ သူတို့မီးဇာကျေးရွာကို ဒီနေ့ဘဲရောက်ရှိလာကြပါတယ်၊ အားလုံး ၃၉ ယောက်ဖြစ်ပါတယ်၊ ကျန်းမာရေးမကောင်းတဲ့သူ တစ်ချို့ပါတယ်၊ ခု သူတို့ထဲက အိမ်ထောင်ဦးစီးတွေကိုတော့ ထရွန်အိုင်တပ်စခန်းကခေါ်ပြီး အချက်အလက်တွေမေး မြန်း နေတယ်လို့သိရတယ်’’ ဟု အဆိုပါဒေသခံကပြောသည်။

အဆိုပါ ၃၉ ယောက်တို့သည် အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၁၀ ယောက်နှင့် အသက် ၁၈ နှစ်အောက် ယောင်္ကျားလေး ၅ ယောက်၊ မိန်းကလေး ၁၅ ယောက် အိမ်ထောင်စု ၁၀ စုဖြစ်ပြီး ယခုလောလောဆယ်တွင် ၎င်းတို့ကို မီးဇာကျေးရွာရှိ တိုက်နယ်ဆေးရုံခန်းမဆောင်တွင် နေရာချထားပေးသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ကင်းတလင်းရွာသား ၅၂ ဦးကို ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်သို့ အေအေ တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့အနက် ရွာသား ၁၂ ဦးတို့သည် ဇွန်လ ၂၆ ရက်နေ့က အေအေ တပ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြသည်။

တပ်စခန်းတွင်ကျန်ရှိနေသေးသည့် ၃၉ ဦးတို့သည် မိုးတွင်းကာလရောက်လာသည့်အတွက် ၎င်းတို့နေထိုင်ရေး အခက်အခဲရှိ၍ နဂိုမူလကျေးရွာသို့ပြန်လည်နေထိုင်လိုကြောင်းတင်ပြတောင်းဆိုလာသောကြောင့် ဇူလိုင်လ (၃၁) ရက်နေ့ နံနက်ပိုင်း (၉) နာရီက အုန်းသီးဝ ကျေးရွာရှိ ရပ်မိရပ်ဖများထံ ကောင်းမွန်စွာအပ်နှံခဲ့သည်ဟု အေအေတပ်ဖွဲ့က ဇူလိုင်လ (၃၁) နေ့က ထုတ်ပြန်ခဲ့သည်။

(ပုံစာ- မီးဇာကျေးရွာရှိ ကင်းတလင်းစစ်ဘေးရှောင်များနေထိုင်ရာတဲအိမ်များ)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.