Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေကြောင့် ဘိုးဘွားပိုင်မြေများ လက်လွတ်ရှုံးဆုံးနိုင်ဟု ချင်းတောင်သူများကွန်ယက်ပြော

မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေကြောင့် ဘိုးဘွားပိုင်မြေများ လက်လွတ်ရှုံးဆုံးနိုင်ဟု ချင်းတောင်သူများကွန်ယက်ပြော

0
By Editor on July 4, 2019 Headline

By လားနွန် – မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ (၂၀၁၂ နှင့် ၂၀၁၈) သည် ချင်းလူမျိုးတို့၏ ဘိုးဘွားပိုင်မြေယာများကို ပိုင်ရှင်မဲ့အဖြစ်သတ်မှတ်ကာ ဓလေ့ထုံးတမ်း မြေယာပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်များကို လက်လွတ်ရှုံးဆုံးမှုများဖြစ်စေနိုင်သည်ဟု ချင်းတောင်သူများကွန်ယက်က ပြောဆိုလိုက်သည်။

ယင်းဥပဒေသည် ချင်းတိုင်းရင်းသားလူမျိုးတို့၏ ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့သော ချင်းရိုးရာဓလေ့ထုံးတမ်း မြေယာစီမံခန့်ခွဲပိုင်ခွင့်ကို ချိုးဖောက်သည့်ဥပဒေဖြစ်ပြီး ချင်းပြည်နယ်အတွင်းအကျိုးသက်ရောက်မှုမရှိစေရန်နှင့် ချင်းဓလေ့ ထုံးတမ်းစဉ်လာအရ မြေယာတိုင်းတာခြင်း၊ နယ်မြေသတ်မှတ်ခြင်းများကို လွတ်လပ်စွာဆောင်ရွက်နိုင်သောအခွင့်အရေး ကို ချိုးဖောက်သည့်ဥပဒေဖြစ်သည့်အတွက် ပြန်လည်ဖျက်သိမ်းသင့်သည်ဟု ဇူလိုင်လ ၃ ရက်နေ့က ထုတ်ပြန်သော ချင်းတောင်သူများကွန်ယက်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ချင်းတောင်သူများကွန်ယက်မှ တာဝန်ရှိသူ ဒေါ်မိုးမိုးက “မြေလွတ်မြေလပ်မြေရိုင်းဥပဒေက တကယ့်တကယ့်ထွက်လာ လို့ရှိရင်တော့ ချင်းတောင်သူတွေဘက်က တအားကြီးကိုနစ်နာပါမယ် နောက်ပြီးတော့ ကျေးရွာပိုင်တဲ့မြေနေရာေ တွရှိတယ်လေ အဲဒီမြေနေရာဆိုလို့ရှိရင် အကုန်လုံးက ဒီမြေလွတ်မြေလပ်မြေရိုင်းဥပဒေနဲ့သာကြည့်မယ်ဆိုရင် အစိုးရလုပ်ချင်သလိုလုပ်လို့ရတဲ့ ပုံစံဖြစ်သွားလိုက်မယ် ကျမတို့ချင်းတောင်သူတွေအတွက်ပေါ့နော် တအားနစ်နာတယ် ဘိုးဘွားစဉ်ဆက် ကျမတို့ ဘိုးဘွားစဉ်ဆက်ကတည်းကကိုယ့်ဥပဒေနဲ့ရှိပြီးသားလေ’’ ဟု ပြောသည်။

ချင်းတောင်သူများကွန်ယက် ဦးဆောင်မှုဖြင့် ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်နေ့က ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ငင်းသဲကျေးရွာ ရိုးရာဓလေ့ထုံးတမ်းမြေယာ လက်တွေ့ကျင့်သုံးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးကိုလည်း ကျင်းပခဲ့ကြသည်။

ချင်းပြည်သူများအနေဖြင့် ဓလေ့ထုံးတမ်းအရ မြေယာပိုင်ဆိုင်မှုနှင့် လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်များ ခေတ် အဆက်ဆက် လက်တွေ့ကျင့်သုံးနေမှုကို ပိုမိုအားကောင်းရေးအတွက် အထောက်အကူပြုနိုင်ရန် ရိုးရာဓလေ့မြေယာကျင့်သုံးမှု ဖော်ထုတ်ခြင်းဘာကြောင့်အရေးကြီးသလဲ ငင်းသဲကျေးရွာ၏ ရိုးရာဓလေ့ထုံးတမ်းမြေယာကျင့်သုံးမှုဖော်ထုတ်ခြင်း စာအုပ် ကိုလည်း ချင်းတောင်သူများကွန်ယက်က ထုတ်ဝေခဲ့ကြသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့ကြပြီး ပြန်လည်ပြင်ဆင်သည့် ဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့က အစိုးရကထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်အရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို အသုံးပြုနေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအနေဖြင့် ပြင်ဆင်ချက်ဥပဒေထုတ်ပြန်ပြီး (၆) လအတွင်း သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကို လျှောက်ထားရမည်ဖြစ်သည်။

ချင်းတောင်သူများကွန်ယက်ကို လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ကြပြီး ချင်းပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ အခွင့်အရေးနှင့် ဓလေ့ထုံးတမ်းမြေယာဆိုင်ရာအသိပညာပေးမှုများကို အဓိကလှုပ်ရှားနေသည့်အဖွဲ့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.