Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြန်မာ့တပ်မတော်မှ စစ်လေယာဉ်ဖြင့်ပစ်ခတ်မှုကြောင့် အပစ်မဲ့ပြည်သူ (၁၁) ဦးသေဆုံး

မြန်မာ့တပ်မတော်မှ စစ်လေယာဉ်ဖြင့်ပစ်ခတ်မှုကြောင့် အပစ်မဲ့ပြည်သူ (၁၁) ဦးသေဆုံး

0
By Editor on March 14, 2020 Headline

#Zawgyi


“စဖြစ်တာက လေယာဉ်တစ်ခါဝှေ့တယ်၊ လေယာဉ်ဝှေ့ဝှေ့နေပြီးတော့ တစ်ခါတည်းပစ်ချတာပဲ၊ ဘာမှမသိပဲနဲ့ ဒီတိုင်းပစ်ချတာ၊ လက်နက်ကြီးနဲ့ (၂) ချက်ပစ်တာ၊ သေတဲ့သူက စုစုပေါင်းအားလုံး (၁၁) ယောက်ရှိတယ်၊ ဒဏ်ရာရတဲ့သူက (၆) ယောက်ရှိတယ်၊ အခုအားလုံး ဆမီးဆေးရုံကိုပို့လိုက်ပြီ၊ ဆမီးကနေ ကားနဲ့ မတူပီိကို ဒီညပို့မယ်၊ အဲဒီကို ပြည်နယ်အစိုးရအကူအညီနဲ့ ပို့မယ်” ဟု ဦးလိုင်ပကပြောသည်။


အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်က “စစ်တပ်ရဲ့ ပစ်ခတ်မှုကိုတော့ အဖြေမပေးနိုင်ဘူး၊ ကျနော်တို့က အခုလောလောဆယ် အစိုးရအဖွဲ့အနေနဲ့တော့ တက်လာမယ့်သတင်းတွေကနေ အတည်ပြုတာကိုစောင့်နေတာ၊ တရားဝင်ကြေးနန်းရရင်တော့ သေဆုံးသူတွေနှင့် ဒဏ်ရာရတဲ့သူတွေအတွက်ကတော့ ထောက်ပံ့မှုရှိမယ်၊ လက်ရှိက ကျနော်တို့ မတူပီက လူမှုကူညီရေးအသင်းကကားတွေကို ကျနော်တို့ ဆမီးထိသွားပြီးတော့ သွားသယ်ခိုင်းနေတယ်၊ ကျနော်တို့ ဖြစ်စဉ်တွေကို ကြေးနန်းလည်းတင်ပြဖို့ရှိတယ်၊ မြို့နယ်ကနေတင်မယ်၊ တင်ပြီး ပြည်ထောင်စုအစိုးရကို တင်ဖို့ရှိတယ်၊ တင်ပြီးတော့ ကျနော်တို့ လက်ရှိဖြစ်တဲ့အပေါ်မှာ လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းဖို့  အဲဒါတွေကို ကျနော်တို့ ကူညီပြီးတော့ ဆောင်ရွက်ဖို့ရှိတယ်” ဟု ပြောသည်။


#Unicode

By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မိတ်စာဝကျေးရွာတွင် မြန်မာ့တပ်မတော်မှ ယနေ့နေ့လည် (၁၁) နာရီဝန်းကျင်ခန့်၌ အမှတ်မထင်စစ်လေယာဉ်ဖြင့် လာရောက်ပစ်ခက်မှုဖြစ်ပွားပြီး ဒေသခံ (၁၁) ဦးသေဆုံးခဲ့ကြောင်း မိတ်စာဝကျေးရွာနေ ဦးလိုင်ပကပြောသည်။

“စဖြစ်တာက လေယာဉ်တစ်ခါဝှေ့တယ်၊ လေယာဉ်ဝှေ့ဝှေ့နေပြီးတော့ တစ်ခါတည်းပစ်ချတာပဲ၊ ဘာမှမသိပဲနဲ့ ဒီတိုင်းပစ်ချတာ၊ လက်နက်ကြီးနဲ့ (၂) ချက်ပစ်တာ၊ သေတဲ့သူက စုစုပေါင်းအားလုံး (၁၁) ယောက်ရှိတယ်၊ ဒဏ်ရာရတဲ့သူက (၆) ယောက်ရှိတယ်၊ အခုအားလုံး ဆမီးဆေးရုံကိုပို့လိုက်ပြီ၊ ဆမီးကနေ ကားနဲ့ မတူပိီကို ဒီညပို့မယ်၊ အဲဒီကို ပြည်နယ်အစိုးရအကူအညီနဲ့ ပို့မယ်” ဟု ဦးလိုင်ပကပြောသည်။

မြန်မာ့တပ်မတော်မှ စစ်လေယာဉ်ဖြင့်ပစ်ခတ်ခဲ့သည့် မိတ်စာဝကျေးရွာသည် အိမ်ခြေ (၇၀) ကျော်ရှိသည့် ကျေးရွာဖြစ်ကာ ပလက်ဝမြို့နဲ့ (၉) မိုင်အကွာတည်ရှိပြီး ယခုပစ်ခတ်မှုကြောင့် သေဆုံးသူများထဲတွင် (၇) နှစ်သားတစ်ဦးပါဝင်ကြောင်းနှင့် သေဆုံးသူများထဲတွင် အမျိုးသားပိုများကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်က “စစ်တပ်ရဲ့ ပစ်ခတ်မှုကိုတော့ အဖြေမပေးနိုင်ဘူး၊ ကျနော်တို့က အခုလောလောဆယ် အစိုးရအဖွဲ့အနေနဲ့တော့ တက်လာမယ့်သတင်းတွေကနေ အတည်ပြုတာကိုစောင့်နေတာ၊ တရားဝင်ကြေးနန်းရရင်တော့ သေဆုံးသူတွေနှင့် ဒဏ်ရာရတဲ့သူတွေအတွက်ကတော့ ထောက်ပံ့မှုရှိမယ်၊ လက်ရှိက ကျနော်တို့ မတူပီက လူမှုကူညီရေးအသင်းကကားတွေကို ကျနော်တို့ ဆမီးထိသွားပြီးတော့ သွားသယ်ခိုင်းနေတယ်၊ ကျနော်တို့ ဖြစ်စဉ်တွေကို ကြေးနန်းလည်းတင်ပြဖို့ရှိတယ်၊ မြို့နယ်ကနေတင်မယ်၊ တင်ပြီး ပြည်ထောင်စုအစိုးရကို တင်ဖို့ရှိတယ်၊ တင်ပြီးတော့ ကျနော်တို့ လက်ရှိဖြစ်တဲ့အပေါ်မှာ လုံခြုံတဲ့နေရာကို ရွှေွှ့ပြောင်းဖို့  အဲဒါတွေကို ကျနော်တို့ ကူညီပြီးတော့ ဆောင်ရွက်ဖို့ရှိတယ်” ဟု ပြောသည်။

မိတ်စာဝကျေးရွာသည် ပလက်ဝမြို့နယ်ထဲရှိ ကျေးရွာတစ်ရွာဖြစ်ပြီး ကျေးရွာရှိဒေသခံများမှာလည်း ချင်းလူမျိုးများဖြစ်ကာ ၎င်းကျေးရွာနှင့် ကျေးရွာအနီးအနားတွင်လည်း လက်တလော ရက္ခိုင့်တပ်တော် (AA) ၏လှုပ်ရှားမှုများ လုံးဝမရှိကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.