Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ စစ်ရေး၊ နိုင်ငံရေးမှာ မိမိတို့ တော်လှန်ရေးအင်အားစုများ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြရန် CNF ထုတ်ပြန်

“၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ စစ်ရေး၊ နိုင်ငံရေးမှာ မိမိတို့ တော်လှန်ရေးအင်အားစုများ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြရန် CNF ထုတ်ပြန်

0
By Editor on October 31, 2023 Headline

(006SV)

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ထိုးစစ်ဆင်နေသည့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ စစ်ရေး၊ နိုင်ငံရေးတွင် မိမိတို့ တော်လှန်ရေးအင်အားစုများအနေဖြင့် ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြရန် ချင်းအမျိုးသားတပ်ဦးက သတင်းထုတ်ပြန်သည်။

ချင်းအမျိုးသားတပ်ဦးအနေဖြင့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ (MNTJP/MNDAA)၊ PSLF/TNLA၊ ULA/AA) တို့၏ စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို တိုက်ခိုက်ချေးမှုန်းရန် ရည်ရွယ်ချက်ဖြင့် မဟာဗျူဟာမြောက် ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်မှုအပေါ် ထောက်ခံကြိုဆိုသည်ဟု အောက်တိုဘာလ ၃၀ ရက် ထုတ်ပြန်သည်။ 

“၁၀၂၇ စစ်ဆင်ရေး” တွင် စစ်ကောင်စီတပ်စခန်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်း ရရှိမှုများအပေါ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနှင့် တိုက်ပွဲတိုင်း အောင်လံလွှင့်ထူနိုင်စေကြောင်း CNF/ CN A က ဆန္ဒပြုသည်ဟု ဆိုသည်။ 

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူခြင်းသည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ပြည်သူများလိုလာတောင်းတသော နိုင်ငံရေးစနစ်ဖြင့် တိုင်းပြည်တည်ဆောင်ရန် မြန်မာ့သမိုင်းတွင် မကြုံဖူးသော နိုင်ငံရေးအခွင့်အခါကောင်းကို ရရှိခြင်းဖြစ်ပြီး၊ ဤအခွင့်ကောင်းကို အမိအရ ဆုပ်ကိုင်း၍ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် ဟန်ချက်ညီညီ တိုက်ပွဲ ဆင်နွှဲကြရန် လိုအပ်သည်ဟု CNF/CN A က ထုတ်ပြန်သည်။ 

မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” သည် ယနေ့တွင် ငါးရက်မြောက်နေ့အဖြစ် ရောက်ရှိလာပြီး စစ်ကောင်စီတပ်၏ ယာယီစခန်းများအပါအဝင် တပ်စခန်းပေါင်း ၈၀ ခန့်ကို သိမ်းပိုက်ထားသည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ထုတ်ပြန်သည်။

“၁၀၂၇ စစ်ဆင်ရေး”သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိကိုယ် မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ ဒေသကို မိမိတို့ ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အချိန်မရွေး ပစ်ခတ်တိုက်ခိုက်မှုကို ဟန့်တားနိုင်ရေ၊ တရုတ်-မြန်မာနယ်စပ်က အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေးတို့အတွက် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေးဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် တညီတညွတ်တည်း လက်တွဲပြီး “၁၀၂၇ စစ်ဆင်ရေး” နှင့် ဟန်ချက်ညီ စစ်ဆင်ရေးများ ဖော်ဆောင်မည်ဖြစ်ကြောင်း၊ ပူးပေါင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

“၁၀၂၇ စစ်ဆင်ရေး” တွင် မန္တလေး ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် ဗမာလွတ်မြောက်ရေးတပ်မတော် (BPLA) တပ်ဖွဲ့တို့ကလည်း ပူးပေါင်းတိုက်ပွဲဝင်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.