Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၂၀၂၀ ေရြးေကာက္ပြဲမွာ ခ်င္းျပည္သူေတြ ဘယ္လိုလွြတ္ေတာ္ကိုယ္စားလွယ္မ်ိူး ေရြးခ်ယ္ျကမလဲ?

၂၀၂၀ ေရြးေကာက္ပြဲမွာ ခ်င္းျပည္သူေတြ ဘယ္လိုလွြတ္ေတာ္ကိုယ္စားလွယ္မ်ိူး ေရြးခ်ယ္ျကမလဲ?

0
By Editor on August 20, 2020 Headline

#Unicode

၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ချင်းပြည်နယ်တွင် နိုင်ငံရေးပါတီ ၁၂ ပါတီနှင့် တစ်သီးပုဂ္ဂလအပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၀ ကျော်က ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်းတင်သွင်းထားကြပြီးဖြစ်သည်။

ချင်းပြည်နယ်သည် မြို့နယ် ကိုးမြို့နယ်ရှိပြီး မဲဆန္ဒနယ်မြေ ၃၉ နေရာရှိကာ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ သုံးသိန်းလေးသောင်းကျော်ရှိကြောင်း သိရသည်။ ထို့ကြောင့် ချင်းပြည်နယ်ရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မည်သို့သော လွှတ်တော်ကိုယ်စားလှယ်မျိူးကို ရွေးချယ်သင့်သလဲဆိုသည်နှင့်ပတ်သက်၍ နယ်ပယ်အသီးသီးက ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ဦးဆောင်သူများ၏ သဘောထားအမြင်ကို ယခုလိုစုစည်း တင်ပြလိုက်ရသည်။

“လူပုဂ္ဂိုလ်ကိုလည်းကြည့်သင့်တယ်၊ နှစ်ခုစလုံးကိုကြည့်ပြီးတော့ရွေးသင့်တယ်”

Mai Len Nei Cer (NiNu)

ကျား/မ တန်းတူရေးနှင့် အမျိူးသမီးအရေးဆောင်ရွက်နေသူ

“ချင်းပြည်နယ်အတွက်အကောင်းဆုံးလုပ်ဆောင်ပေးမယ့် စေတနာရှိတဲ့ လွှတ်တော်အမတ်ကို ရွေးချယ်သင့်ပါတယ်၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကတော့ပါတီကိုကြည့်ပြီးတော့ NLDပါတီကိုဘဲ မဲပေးခဲ့ကြတယ်၊ ဒါပေမယ့်သိပ်အဆင်မပြေတော့ ပြည်သူတွေအနေနဲ့ပါတီကိုလည်းကြည့်သင့်တယ်၊ တစ်ချိန်တည်းမှာဘဲ လူပုဂ္ဂိုလ်ကိုလည်းကြည့်သင့်တယ်၊ နှစ်ခုစလုံးကိုကြည့်ပြီးတော့ရွေးသင့်တယ်၊ အမျိုးသမီးမဲပေးမယ့်သူအနေနဲ့ သူတို့မဲပေးမယ့် လွှတ်တော်ကိုယ်စားလှယ်က ကျားမတန်းတူရေးအတွက် သဘောထားဘယ်လိုရှိသလဲပေါ့၊ အထူးသဖြင့် ချင်းပြည်နယ်မှာက Chin Act က ရှိနေတော့ အမျိုးသမီးတွေကို အမွေဆက်ခံခွင့်မှာ ယောကျာ်းတွေနဲ့ခွဲခြားထားတော့ ဥပဒေကိုပြင်ဖို့ ကျမတို့အဖွဲ့ကလှုံ့ဆော်နေတယ်။ အဲဒါကြောင့် အမျိုးသမီးမဲဆန္ဒရှင်အနေနဲ့ သူတို့မဲပေးမယ့် ကိုစားလှယ်လောင်းက အမွေဆက်ခံခွင့်မှာ ယောကျာ်းတွေနဲ့တန်းတူရရှိသင့်တယ် ဆိုတဲ့အချက်ကို လက်ခံလား မလက်ခံလားဆိုတာလည်း မေးကြည့်သင့်တယ်လို့တိုက်တွန်းချင်တယ်။အခုအစိုးရကတော့ လမ်းပန်းဆက်သွယ်ရေးကို အဓိကလုပ်နေတယ်၊ ဖွံ့ဖြိုးရေးလို့ဆိုလိုက်လို့ရှိရင် မျက်စိနဲ့မြင်ရတဲ့အရာတွေဖြစ်တဲ့အဆောက်အဦတွေ၊ ကားတွေ၊ လမ်းတွေ စသဖြင့်ကိုပဲ လောလောဆယ်ကတော့ ဦးစားပေးနေကြတာတွေ့ရတယ်၊ နောက်ထပ်တက်လာမယ့် အစိုးရအနေနဲ့ လူ့အရင်းအမြစ်ကိုလည်းကြည့်စေချင်တယ်၊ ပညာရေးနှင့် ကျန်းမာရေးကိုလည်း ဦးစားပေးစေချင်ပါတယ်”

“ဘာလုပ်မှာလဲဆိုတာ တိတိကျကျ မပြောနိုင်ဘူးဆိုရင် ဒါက ကိုယ့်အမျိုးအချင်းချင်းဆိုပေမယ့် ဘာမှအသုံးမဝင်ဘူး”

Dal Sian Amm (နိုင်ငံရေးလေ့လာသုံးသပ်သူ – Integrated Social and Development Institute)

“အခုပြောနေကြတာက ချင်းလူမျိုးကိုကိုယ်စားပြုတဲ့ ပါတီက ဘယ်သူဘဲဖြစ်ဖြစ်ဆိုတဲ့ဟာမျိုးဖြစ်နေကြတယ်။ ဒါပေမယ့် ကျနော်မြင်တာကတော့ ရွေးကောက်ပွဲပြီးသွားရင် သူဘာလုပ်မှာလဲ ဆိုတဲ့ဟာမျိုး တိတိကျကျပြောနိုင်တဲ့လူ ချင်းလူမျိုး ဘယ်သူမဆို ဆိုရင်တော့ ကျနော်က ပိုပြီးတော့ အားပေးတယ်။ ပါတီ ဆိုတဲ့ ရှုတောင့်ကတော့ တစ်မျိုးဖြစ်မယ်။ ဘယ်လိုမျိုးကိုယ်စားပြုလဲ ဆိုတာကလဲ စဉ်းကိုစဉ်းစားရမယ်။ တစ်ဘက်မှာလဲ ချင်းလူမျိုးဆိုပေမယ့်လည်း သူလွှတ်တော်ရောက်သွားတဲ့အချိန်မှာ ဘာလုပ်မှာလဲဆိုတာ တိတိကျကျ မပြောနိုင်ဘူးဆိုရင် ဒါက ကိုယ့်အမျိုးအချင်းချင်းဆိုပေမယ့် ဘာမှအသုံးမဝင်ဘူး။ ကျနော့်အမြင်အရတော့ ဒီတစ်ခေါက်က တိုင်းရင်းသားပါတီအသီးသီးက ကိုယ့်ရဲ့တိုင်းရင်းသားပါတီကို နိုင်စေချင်တဲ့အခါကျတော့ နိုင်စေချင်ယုံတင်မဟုတ်ဘဲနဲ့ သူတို့ဘာဆက်လုပ်မှာလဲ ဆိုတဲ့ဟာမျိုးကို များများမေးခွန်းထုတ်ပြီးတော့ အဲဒီဟာကို တိတိကျကျဖြေနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်မျိုးကိုတော့ ပိုပြီးရွေးချယ်စေချင်ပါတယ်။ ဒီငါးနှစ်အစိုးရကို ပြန်ကြည့်လိုက်ရင်တော့ Resource Sharing တွေ Development Planning တွေ လုပ်တာကအစ မညီမမျှဖြစ်နေတယ် အချိုးကျ မဖြစ်တဲ့ဟာတွေအများကြီးရှိတယ်ဆိုတော့ နောက်တက်လာမယ့် အစိုးရက ကျနော်တို့ လိုအပ်တဲ့ဟာတွေ သုတေသနလုပ်နေတဲ့ဟာတွေတော့ အများကြီး ကြားရပါတယ်။ ပညာရေးကိစ္စတွေ လမ်းပန်းဆက်သွယ်ရေးကိစ္စတွေ အထူးသဖြင့် ကျနော်တို့ တီးတိန်တွန်းဇံ ဘက်မှာဆိုရင် လျှပ်စစ်မီး ကိစ္စတွေဖြစ်မယ်။ လိုအပ်တဲ့ဟာတွေက တစ်နေရာနဲ့ တစ်နေရာ တူမှာ မဟုတ်တဲ့အခါကျတော့ ချင်းပြည်နယ်ရဲ့ မတူညီတဲ့ ဒေသအသီးသီးမှာ လိုအပ်တဲ့ပုံစံအတိုင်း ကောင်းကောင်းလေ့လာပြီးမှ မူဝါဒချမှတ်တာတွေ အရင်ဆုံးဖြစ်စေချင်တယ်။

“ဘယ်ပါတီဘဲဖြစ်ဖြစ်ပေါ့။အရွေးခံမယ့်သူက ကိုယ့်ဆီတောင်မရောက်ဘူးဆိုရင်တော့ မစဉ်းစားတာအကောင်းဆုံးဘဲ”

Salai Mang Om (Third Eye)

“ပြည်သူတွေအနေနဲ့မဲပေးဖို့ရာအတွက် ကိုယ်စားလှယ်တွေကို စကားပြောကြည့်ပါလို့ပြောချင်တယ်။ ကျေးလက်မှာနေတဲ့သူတွေအတွက်လည်းကိုယ်စားလှယ်လောင်းတွေက ကျေးလက်လာတဲ့အချိန်မှာ စကားပြောကြည့်ပါ။ ဘယ်ပါတီဘဲဖြစ်ဖြစ်ပေါ့။အရွေးခံမယ့်သူက ကိုယ့်ဆီတောင်မရောက်ဘူးဆိုရင်တော့ မစဉ်းစားတာအကောင်းဆုံးဘဲ။လူထုအတွက်သူဘာတွေလုပ်ပေးချင်လဲဆိုတာကိုလည်းကိုယ်ကမေးကြည့်သင့်တယ်၊ နောက်တစ်ခုကတော့ ကိုယ်စာလှယ်လောင်းရဲ့ နိုင်ငံရေး၊ လူမှုရေးနှင့် ပတ်သတ်ပြီး ဘယ်လောက်ထိနားလည်တတ်ကျွမ်းထားမှု လူထုရဲ့ အကျိုးစီးပွားကို သယ်ဆောင်ပေးနိုင်မှုဘာတွေရှိလဲ ဆိုတဲ့ဟာကိုတော့ ကျနော်တို့ကမေးရမယ်၊ အစိုးရအနေနဲ့ကတော့ ဘတ်ဂျက်ရေးဆွဲတဲ့အပိုင်းမှာနိုင်ငံသားတွေကို ပါဝင်စေချင်တယ်၊ ဒါကဒီမိုကရက်တစ်အတွက် မဖြစ်မနေလုပ်ရမယ့်အရာဖြစ်တယ်၊ဘတ်ဂျက်ယန္တရားလည်ပတ်တဲ့ပုံစံတွေကိုလည်း လူထုသိလာအောင်လုပ်သင့်တယ်။

“အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေကိုရွေးရမယ်”

Andrew Tha Tuang (ချင်းပြည်နယ် တာဝန်ခံ)

Myanmar Alliance for Transparency and Accountability

“အထူးသဖြင့် အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေကိုရွေးရမယ်၊ ဘယ်လိုအရည်ချင်းလဲဆိုတော့ ချင်းပြည်နယ်လို ဖွံ့ဖြိုးမှု အားနည်းတဲ့ဒေသအတွက် ဆိုရင် ဒေသအတွက် အမှန်တကယ်ဆောင်ရွက်ဖို့အတွက် စီမံချက်ရှိတဲ့သူမျိုးပေါ့နော်။ ပြည်ထောင်စုကလာတဲ့ ဘတ်ဂျတ်လောက်ကို မှီခိုဖို့စိတ် ကူးယဉ်နေတဲ့ သူမျိုးမဟုတ်ရဘူး။ ကိုယ့်မှာရှိတဲ့အရင်းမြစ်တွေကို အသုံးချနိုင်လောက်အောင် အသိအတတ်ပညာရှိတဲ့သူ ဖြစ်တဲ့သူမျိုးပေါ့။ ချင်းပြည်မှာ လှပါတဲ့တောင်တန်းတွေ ရေချိုတွေပေါနေပါသေးတယ်၊ ဒါ့အပြင် လူ့စွမ်းအားအရင်းမြစ်တွေ သူ့အထိုက်လျောက်ပေါတယ်လို့ ပြောလို့ရတဲ့ အနေအထားပါ။ ဆိုတော့ ဒါတွေကို အမှီပြုပြီးတော့ အလုပ်အကိုင်ခွင့်လမ်းနှင့် ဝင်ငွေရလမ်းတွေကိုဆောင်ရွက်စေလိုပါတယ်။ ပြည်ထောင်စုကလာမည့် ဘတ်ဂျက်လောက်ကို စားပွဲပေါ်အသေလုနေကြတဲ့ အစိုးရအဖြစ်ကနေရယ်၊ မြေအောက်မှာရှိတဲ့ တခါသာရမည့် တွင်းထွက်တွေအပါ်မှီခိုတဲ့ အစိုးရမဖြစ်ဖို့လိုပါတယ်။ ကျန်တာကတော့ အရည်ချင်းသာရှိရင်ချင်းပြည်မှာ အရင်းမြစ်အရမ်းပေါပါတယ် ဒီတော့အရင်းမြစ်တွေကို သေချာစီမံခန့်ခွဲဖို့ အထူးတိုက်တွန်းချင်တယ်”

“ကျန်းမာပြီး ငယ်ရွယ်တဲ့သူတွေကို ရွေးစေချင်တယ်”

Salai Van Cung Lian (Director)

Chin-Bridge Institute

“ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ မူဝါဒပိုင်းမှာ ဘယ်လောက်အတွေ့အကြုံရှိလဲ၊ တော်တဲ့သူ သေချာသိတဲ့သူ ဖြစ်ဖို့အရေးကြီးတယ်။ နာမည်ကြီးတယ်ဆိုရုံလောက်နဲ့ မပြည့်စုံဘူး။ အခြေခံလို့ထင်ရပေမယ့် ကျမ်းမာရေးလည်းအရေးကြီးတယ်။ ကျန်းမာပြီး ငယ်ရွယ်တဲ့သူတွေကို ရွေးစေချင်တယ်။ ပြီးတော့ ချင်းပြည်နယ်တင်မဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံးရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ ဥပမာ – ပွင့်လင်းမြင်သာမှုပိုရှိလာဖို့ ဘယ်လိုအချက်တွေကလိုအပ်နေတာလဲ။ ကောင်းမွန်တဲ့ မူဝါတွေရှိဖို့နဲ့ Freedom Of Information တွေရှိဖို့လိုတယ်ဆိုတာကို နားလည်ပြီးတော့ စည်းရုံးလှုံ့ ဆော်မှုတွေလုပ်ပေးနိုင်မယ့်သူကိုရွေးပေးဖို့လို့တယ်။ ဒီလူဟာ ကျနော်တို့ဒေသအတွက် အားကိုးအားထားဖြစ်မယ့်သူအဖြစ် ရွေးလိုက်တဲ့အချိန်မှာ ခုနကလို အရေးကြီးတဲ့အပိုင်းတွေ မသိတဲ့သူဆိုရင် ရွေးလိုက်ရင်လည်း သိပ်ပြီးထူးမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ခုလက်ရှိနိုင်ငံရေးသမားတွေ ပြောတဲ့ဟာတွေ နားထောင်ကြည့်ရင် ကျနော်တို့ရဲ့ကိုယ်ပိုင်အခွင့်အရေးတွေ ပြန်ရအောင်လုပ်မယ်ဆိုတာမျိုး သူများပြောတဲ့ဟာဘဲ ပြောနေကြတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်မယ်လို့ပြောကြပေမယ့် အဲလိုပြောရုံနဲ့ မဲသွားပေးလို့မရဘူး။ ဘယ်လိုတိုက်ဖျက်မှာလဲ။ ဘယ်လိုမျိုးတွေကိုတိုက်ဖျက်မှာလဲ ဥပမာ – Freedom of Information Act လိုဟာမျိုး ပြဌာန်းဖို့ရှိလားဆိုတာမျိုးကို ကြည့်ဖို့လိုတယ်”

#Zawgyi

၂၀၂၀ ခုနွစ္ ပါတီစံုအေထြေထြေရြးေကာက္ပြဲကို လာမည့္ နိုဝင္ဘာ ၈ ရက္တြင္ က်င္းပျပုလုပ္မည္ျဖစ္သည္။ ခ်င္းျပည္နယ္တြင္ နိုင္ငံေရးပါတီ ၁၂ ပါတီနွင့္ တစ္သီးပုဂၢလအပါအဝင္ လွြတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၂၀ဝ ေက်ာ္က ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဉ္ျပိုင္ရန္ ခ်င္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္သို့ အမည္စာရင္းတင္သြင္းထားျကျပီးျဖစ္သည္။

ခ်င္းျပည္နယ္သည္ ျမို့နယ္ ကိုးျမို့နယ္ရွိျပီး မဲဆနၵနယ္ေျမ ၃၉ ေနရာရွိကာ ဆနၵမဲေပး ပိုင္ခြင့္ရွိသူ သံုးသိန္းေလးေသာင္းေက်ာ္ရွိေျကာင္း သိရသည္။ ထို့ေျကာင့္ ခ်င္းျပည္နယ္ရွိ မဲဆနၵရွင္ျပည္သူမ်ားအေနျဖင့္ မည္သို့ေသာ လွြတ္ေတာ္ကိုယ္စားလွယ္မ်ိူးကို ေရြးခ်ယ္သင့္သလဲဆိုသည္နွင့္ပတ္သက္၍ နယ္ပယ္အသီးသီးက ခ်င္းအရပ္ဘက္လူမႈအဖြဲ့အစည္းမ်ားမွ ဦးေဆာင္သူမ်ား၏ သေဘာထားအျမင္ကို ယခုလိုစုစည္း တင္ျပလိုက္ရသည္။

“လူပုဂၢိုလ္ကိုလည္းျကည့္သင့္တယ္၊ နွစ္ခုစလံုးကိုျကည့္ျပီးေတာ့ေရြးသင့္တယ္”

Mai Len Nei Cer (NiNu)

က်ား/မ တန္းတူေရးနွင့္ အမ်ိူးသမီးအေရးေဆာင္ရြက္ေနသူ

“ခ်င္းျပည္နယ္အတြက္အေကာင္းဆံုးလုပ္ေဆာင္ေပးမယ့္ ေစတနာရွိတဲ့ လွြတ္ေတာ္အမတ္ကို ေရြးခ်ယ္သင့္ပါတယ္၊ ျပီးခဲ့တဲ့ေရြးေကာက္ပြဲတုန္းကေတာ့ပါတီကိုျကည့္ျပီးေတာ့ NLDပါတီကိုဘဲ မဲေပးခဲ့ျကတယ္၊ ဒါေပမယ့္သိပ္အဆင္မေျပေတာ့ ျပည္သူေတြအေနနဲ့ပါတီကိုလည္းျကည့္သင့္တယ္၊ တစ္ခ်ိန္တည္းမွာဘဲ လူပုဂၢိုလ္ကိုလည္းျကည့္သင့္တယ္၊ နွစ္ခုစလံုးကိုျကည့္ျပီးေတာ့ေရြးသင့္တယ္၊ အမ်ိုးသမီးမဲေပးမယ့္သူအေနနဲ့ သူတို့မဲေပးမယ့္ လွြတ္ေတာ္ကိုယ္စားလွယ္က က်ားမတန္းတူေရးအတြက္ သေဘာထားဘယ္လိုရွိသလဲေပါ့၊ အထူးသျဖင့္ ခ်င္းျပည္နယ္မွာက Chin Act က ရွိေနေတာ့ အမ်ိုးသမီးေတြကို အေမြဆက္ခံခြင့္မွာ ေယာက်ာ္းေတြနဲ့ခြဲျခားထားေတာ့ ဥပေဒကိုျပင္ဖို့ က်မတို့အဖြဲ့ကလံႈ့ေဆာ္ေနတယ္။ အဲဒါေျကာင့္ အမ်ိုးသမီးမဲဆနၵရွင္အေနနဲ့ သူတို့မဲေပးမယ့္ ကိုစားလွယ္ေလာင္းက အေမြဆက္ခံခြင့္မွာ ေယာက်ာ္းေတြနဲ့တန္းတူရရွိသင့္တယ္ ဆိုတဲ့အခ်က္ကို လက္ခံလား မလက္ခံလားဆိုတာလည္း ေမးျကည့္သင့္တယ္လို့တိုက္တြန္းခ်င္တယ္။အခုအစိုးရကေတာ့ လမ္းပန္းဆက္သြယ္ေရးကို အဓိကလုပ္ေနတယ္၊ ဖြံ့ျဖိုးေရးလို့ဆိုလိုက္လို့ရွိရင္ မ်က္စိနဲ့ျမင္ရတဲ့အရာေတြျဖစ္တဲ့အေဆာက္အဦေတြ၊ ကားေတြ၊ လမ္းေတြ စသျဖင့္ကိုပဲ ေလာေလာဆယ္ကေတာ့ ဦးစားေပးေနျကတာေတြ့ရတယ္၊ ေနာက္ထပ္တက္လာမယ့္ အစိုးရအေနနဲ့ လူ့အရင္းအျမစ္ကိုလည္းျကည့္ေစခ်င္တယ္၊ ပညာေရးနွင့္ က်န္းမာေရးကိုလည္း ဦးစားေပးေစခ်င္ပါတယ္”

“ဘာလုပ္မွာလဲဆိုတာ တိတိက်က် မေျပာနိုင္ဘူးဆိုရင္ ဒါက ကိုယ့္အမ်ိုးအခ်င္းခ်င္းဆိုေပမယ့္ ဘာမွအသံုးမဝင္ဘူး”

Dal Sian Amm (နိုင္ငံေရးေလ့လာသံုးသပ္သူ – Integrated Social and Development Institute)

“အခုေျပာေနျကတာက ခ်င္းလူမ်ိုးကိုကိုယ္စားျပုတဲ့ ပါတီက ဘယ္သူဘဲျဖစ္ျဖစ္ဆိုတဲ့ဟာမ်ိုးျဖစ္ေနျကတယ္။ ဒါေပမယ့္ က်ေနာ္ျမင္တာကေတာ့ ေရြးေကာက္ပြဲျပီးသြားရင္ သူဘာလုပ္မွာလဲ ဆိုတဲ့ဟာမ်ိုး တိတိက်က်ေျပာနိုင္တဲ့လူ ခ်င္းလူမ်ိုး ဘယ္သူမဆို ဆိုရင္ေတာ့ က်ေနာ္က ပိုျပီးေတာ့ အားေပးတယ္။ ပါတီ ဆိုတဲ့ ရႈေတာင့္ကေတာ့ တစ္မ်ိုးျဖစ္မယ္။ ဘယ္လိုမ်ိုးကိုယ္စားျပုလဲ ဆိုတာကလဲ စဉ္းကိုစဉ္းစားရမယ္။ တစ္ဘက္မွာလဲ ခ်င္းလူမ်ိုးဆိုေပမယ့္လည္း သူလွြတ္ေတာ္ေရာက္သြားတဲ့အခ်ိန္မွာ ဘာလုပ္မွာလဲဆိုတာ တိတိက်က် မေျပာနိုင္ဘူးဆိုရင္ ဒါက ကိုယ့္အမ်ိုးအခ်င္းခ်င္းဆိုေပမယ့္ ဘာမွအသံုးမဝင္ဘူး။ က်ေနာ့္အျမင္အရေတာ့ ဒီတစ္ေခါက္က တိုင္းရင္းသားပါတီအသီးသီးက ကိုယ့္ရဲ့တိုင္းရင္းသားပါတီကို နိုင္ေစခ်င္တဲ့အခါက်ေတာ့ နိုင္ေစခ်င္ယံုတင္မဟုတ္ဘဲနဲ့ သူတို့ဘာဆက္လုပ္မွာလဲ ဆိုတဲ့ဟာမ်ိုးကို မ်ားမ်ားေမးခြန္းထုတ္ျပီးေတာ့ အဲဒီဟာကို တိတိက်က်ေျဖနိုင္တဲ့ လွြတ္ေတာ္ကိုယ္စားလွယ္မ်ိုးကိုေတာ့ ပိုျပီးေရြးခ်ယ္ေစခ်င္ပါတယ္။ ဒီငါးနွစ္အစိုးရကို ျပန္ျကည့္လိုက္ရင္ေတာ့ Resource Sharing ေတြ Development Planning ေတြ လုပ္တာကအစ မညီမမွ်ျဖစ္ေနတယ္ အခ်ိုးက် မျဖစ္တဲ့ဟာေတြအမ်ားျကီးရွိတယ္ဆိုေတာ့ ေနာက္တက္လာမယ့္ အစိုးရက က်ေနာ္တို့ လိုအပ္တဲ့ဟာေတြ သုေတသနလုပ္ေနတဲ့ဟာေတြေတာ့ အမ်ားျကီး ျကားရပါတယ္။ ပညာေရးကိစၥေတြ လမ္းပန္းဆက္သြယ္ေရးကိစၥေတြ အထူးသျဖင့္ က်ေနာ္တို့ တီးတိန္တြန္းဇံ ဘက္မွာဆိုရင္ လွ်ပ္စစ္မီး ကိစၥေတြျဖစ္မယ္။ လိုအပ္တဲ့ဟာေတြက တစ္ေနရာနဲ့ တစ္ေနရာ တူမွာ မဟုတ္တဲ့အခါက်ေတာ့ ခ်င္းျပည္နယ္ရဲ့ မတူညီတဲ့ ေဒသအသီးသီးမွာ လိုအပ္တဲ့ပံုစံအတိုင္း ေကာင္းေကာင္းေလ့လာျပီးမွ မူဝါဒခ်မွတ္တာေတြ အရင္ဆံုးျဖစ္ေစခ်င္တယ္။

“ဘယ္ပါတီဘဲျဖစ္ျဖစ္ေပါ့။အေရြးခံမယ့္သူက ကိုယ့္ဆီေတာင္မေရာက္ဘူးဆိုရင္ေတာ့ မစဉ္းစားတာအေကာင္းဆံုးဘဲ”

Salai Mang Om (Third Eye)

“ျပည္သူေတြအေနနဲ့မဲေပးဖို့ရာအတြက္ ကိုယ္စားလွယ္ေတြကို စကားေျပာျကည့္ပါလို့ေျပာခ်င္တယ္။ ေက်းလက္မွာေနတဲ့သူေတြအတြက္လည္းကိုယ္စားလွယ္ေလာင္းေတြက ေက်းလက္လာတဲ့အခ်ိန္မွာ စကားေျပာျကည့္ပါ။ ဘယ္ပါတီဘဲျဖစ္ျဖစ္ေပါ့။အေရြးခံမယ့္သူက ကိုယ့္ဆီေတာင္မေရာက္ဘူးဆိုရင္ေတာ့ မစဉ္းစားတာအေကာင္းဆံုးဘဲ။လူထုအတြက္သူဘာေတြလုပ္ေပးခ်င္လဲဆိုတာကိုလည္းကိုယ္ကေမးျကည့္သင့္တယ္၊ ေနာက္တစ္ခုကေတာ့ ကိုယ္စာလွယ္ေလာင္းရဲ့ နိုင္ငံေရး၊ လူမႈေရးနွင့္ ပတ္သတ္ျပီး ဘယ္ေလာက္ထိနားလည္တတ္ကြ်မ္းထားမႈ လူထုရဲ့ အက်ိုးစီးပြားကို သယ္ေဆာင္ေပးနိုင္မႈဘာေတြရွိလဲ ဆိုတဲ့ဟာကိုေတာ့ က်ေနာ္တို့ကေမးရမယ္၊ အစိုးရအေနနဲ့ကေတာ့ ဘတ္ဂ်က္ေရးဆြဲတဲ့အပိုင္းမွာနိုင္ငံသားေတြကို ပါဝင္ေစခ်င္တယ္၊ ဒါကဒီမိုကရက္တစ္အတြက္ မျဖစ္မေနလုပ္ရမယ့္အရာျဖစ္တယ္၊ဘတ္ဂ်က္ယနၱရားလည္ပတ္တဲ့ပံုစံေတြကိုလည္း လူထုသိလာေအာင္လုပ္သင့္တယ္။

“အရည္အခ်င္းရွိတဲ့ ကိုယ္စားလွယ္ေတြကိုေရြးရမယ္”

Andrew Tha Tuang (ခ်င္းျပည္နယ္ တာဝန္ခံ)

Myanmar Alliance for Transparency and Accountability

“အထူးသျဖင့္ အရည္အခ်င္းရွိတဲ့ ကိုယ္စားလွယ္ေတြကိုေရြးရမယ္၊ ဘယ္လိုအရည္ခ်င္းလဲဆိုေတာ့ ခ်င္းျပည္နယ္လို ဖြံ့ျဖိုးမႈ အားနည္းတဲ့ေဒသအတြက္ ဆိုရင္ ေဒသအတြက္ အမွန္တကယ္ေဆာင္ရြက္ဖို့အတြက္ စီမံခ်က္ရွိတဲ့သူမ်ိုးေပါ့ေနာ္။ ျပည္ေထာင္စုကလာတဲ့ ဘတ္ဂ်တ္ေလာက္ကို မွီခိုဖို့စိတ္ ကူးယဉ္ေနတဲ့ သူမ်ိုးမဟုတ္ရဘူး။ ကိုယ့္မွာရွိတဲ့အရင္းျမစ္ေတြကို အသံုးခ်နိုင္ေလာက္ေအာင္ အသိအတတ္ပညာရွိတဲ့သူ ျဖစ္တဲ့သူမ်ိုးေပါ့။ ခ်င္းျပည္မွာ လွပါတဲ့ေတာင္တန္းေတြ ေရခ်ိုေတြေပါေနပါေသးတယ္၊ ဒါ့အျပင္ လူ့စြမ္းအားအရင္းျမစ္ေတြ သူ့အထိုက္ေလ်ာက္ေပါတယ္လို့ ေျပာလို့ရတဲ့ အေနအထားပါ။ ဆိုေတာ့ ဒါေတြကို အမွီျပုျပီးေတာ့ အလုပ္အကိုင္ခြင့္လမ္းနွင့္ ဝင္ေငြရလမ္းေတြကိုေဆာင္ရြက္ေစလိုပါတယ္။ ျပည္ေထာင္စုကလာမည့္ ဘတ္ဂ်က္ေလာက္ကို စားပြဲေပၚအေသလုေနျကတဲ့ အစိုးရအျဖစ္ကေနရယ္၊ ေျမေအာက္မွာရွိတဲ့ တခါသာရမည့္ တြင္းထြက္ေတြအပၚမွီခိုတဲ့ အစိုးရမျဖစ္ဖို့လိုပါတယ္။ က်န္တာကေတာ့ အရည္ခ်င္းသာရွိရင္ခ်င္းျပည္မွာ အရင္းျမစ္အရမ္းေပါပါတယ္ ဒီေတာ့အရင္းျမစ္ေတြကို ေသခ်ာစီမံခန့္ခြဲဖို့ အထူးတိုက္တြန္းခ်င္တယ္”

“က်န္းမာျပီး ငယ္ရြယ္တဲ့သူေတြကို ေရြးေစခ်င္တယ္”

Salai Van Cung Lian (Director)

Chin-Bridge Institute

“ေရြးေကာက္ပြဲဝင္မယ့္ လွြတ္ေတာ္ကိုယ္စားလွယ္အေနနဲ့ မူဝါဒပိုင္းမွာ ဘယ္ေလာက္အေတြ့အျကံုရွိလဲ၊ ေတာ္တဲ့သူ ေသခ်ာသိတဲ့သူ ျဖစ္ဖို့အေရးျကီးတယ္။ နာမည္ျကီးတယ္ဆိုရံုေလာက္နဲ့ မျပည့္စံုဘူး။ အေျခခံလို့ထင္ရေပမယ့္ က်မ္းမာေရးလည္းအေရးျကီးတယ္။ က်န္းမာျပီး ငယ္ရြယ္တဲ့သူေတြကို ေရြးေစခ်င္တယ္။ ျပီးေတာ့ ခ်င္းျပည္နယ္တင္မဟုတ္ဘဲနဲ့ တစ္နိုင္ငံလံုးရဲ့ လိုအပ္ခ်က္ေတြျဖစ္တဲ့ ဥပမာ – ပြင့္လင္းျမင္သာမႈပိုရွိလာဖို့ ဘယ္လိုအခ်က္ေတြကလိုအပ္ေနတာလဲ။ ေကာင္းမြန္တဲ့ မူဝါေတြရွိဖို့နဲ့ Freedom Of Information ေတြရွိဖို့လိုတယ္ဆိုတာကို နားလည္ျပီးေတာ့ စည္းရံုးလံႈ့ ေဆာ္မႈေတြလုပ္ေပးနိုင္မယ့္သူကိုေရြးေပးဖို့လို့တယ္။ ဒီလူဟာ က်ေနာ္တို့ေဒသအတြက္ အားကိုးအားထားျဖစ္မယ့္သူအျဖစ္ ေရြးလိုက္တဲ့အခ်ိန္မွာ ခုနကလို အေရးျကီးတဲ့အပိုင္းေတြ မသိတဲ့သူဆိုရင္ ေရြးလိုက္ရင္လည္း သိပ္ျပီးထူးမွာမဟုတ္ဘူး။ ဘာျဖစ္လို့လဲဆိုရင္ ခုလက္ရွိနိုင္ငံေရးသမားေတြ ေျပာတဲ့ဟာေတြ နားေထာင္ျကည့္ရင္ က်ေနာ္တို့ရဲ့ကိုယ္ပိုင္အခြင့္အေရးေတြ ျပန္ရေအာင္လုပ္မယ္ဆိုတာမ်ိုး သူမ်ားေျပာတဲ့ဟာဘဲ ေျပာေနျကတယ္။ အဂတိလိုက္စားမႈတိုက္ဖ်က္မယ္လို့ေျပာျကေပမယ့္ အဲလိုေျပာရံုနဲ့ မဲသြားေပးလို့မရဘူး။ ဘယ္လိုတိုက္ဖ်က္မွာလဲ။ ဘယ္လိုမ်ိုးေတြကိုတိုက္ဖ်က္မွာလဲ ဥပမာ – Freedom of Information Act လိုဟာမ်ိုး ျပဌာန္းဖို့ရွိလားဆိုတာမ်ိုးကို ျကည့္ဖို့လိုတယ္”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးငယ်နှင့် အမျိုးသမီးအများစု ပါဝင်သည့် ချင်းလူမျိုး ၂၀ ခန့် မလေးရှားသို့ အဝင်မှာ အဖမ်းခံရပြီး အမှုရင်ဆိုင်နေရ

နယူးဒေလီရောက် မြန်မာစစ်ရှောင်များ သတိထားနေထိုင်ကြရန် India for Myanmar သတိပေး

တိုက်ပွဲကြောင့် တီးတိန် စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါများ လိုအပ်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.