Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»၂၀၂၀ ေရြးေကာက္ပြဲအနိုင္ရ အသက္အျကီးဆံုးနွင့္ အသက္အငယ္ဆံုးအမတ္မ်ား

၂၀၂၀ ေရြးေကာက္ပြဲအနိုင္ရ အသက္အျကီးဆံုးနွင့္ အသက္အငယ္ဆံုးအမတ္မ်ား

0
By Editor on November 24, 2020 Featured

#Unicode

By နှင်းကို – အသက် ၂၅ နှစ် ပြည့်ပြီးသူတိုင်း ရွေးကောက်ခံပိုင်ခွင့်ရှိတဲ့အတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးမှ ပေါ်ထွက်လာတဲ့ အနိုင်ရအမတ်လောင်းတွေရဲ့ အသက်အပိုင်းအခြားတွေကို လေ့လာကြည့်ကြပါစို့။

အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်အပါအဝင် လူမျိုးစုရေးရာနေရာများအတွက် အနိုင်ရ စားလှယ်အမတ်စုစုပေါင်း (၁၁၁၇) ရှိခဲ့ပါတယ်။ ကိုယ်စားလှယ်အားလုံးရဲ့ ပျမ်းမျှအသက်အရွယ်ကတော့ (၅၁) နှစ်ဝန်းကျင်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

Made with Flourish

အသက်အကြီးဆုံး

(၁၁၁၇)ဦးသော ကိုယ်စားလှယ်များအနက် အသက်အရွယ်အကြီးဆုံးအမတ်အဖြစ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကျုံပျော်မဲဆန္ဒနယ်အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့တဲ့ စစ်မှုထမ်းဟောင်းကြီး ဦးစိန်လွင်ပဲ ဖြစ်ပါတယ်။ သူဟာ ကျုံပျော်မြို့နယ် NLD ပါတီ ဥက္ကဌလည်း ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် ကျုံပျော်မြို့နယ် NLD အလုပ်အမှုဆောင်ဖွဲ့စည်းစဥ်ကတည်းက အတွင်းရေးမှူးတာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ ဦးစိန်လွင်ရဲ့ အသက်ဟာ (၈၀)နှစ်ပြည့်ပြီဖြစ်ပါတယ်။

လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးကိုယ်စားလှယ် (၁၉၄)အနက် အသက်အကြီးဆုံးအဖြစ် ရပ်တည်နေပါတယ်။ အသက် (၇၅)နှစ် ပြည့်ပြီဖြစ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Made with Flourish

အသက်အငယ်ဆုံး

အခြားတစ်ဖက်မှာတော့ အသက်အငယ်ဆုံးအမတ်အဖြစ် ကချင်ပြည်နယ် ဖားကန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်ကာ အနိုင်ရရှိခဲ့တဲ့ NLD မှ ကိုအောင်ဟိန်းမင်း ဖြစ်ပါတယ်။ သူဟာ သတင်းသမားတစ်ဦးလည်း ဖြစ်ခဲ့ဖူးပြီး သင်တန်းဆရာတစ်ယောက်နေနဲ့ ရပ်တည်နေသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့အသက်ကတော့ ၂၅နှစ် ဖြစ်ပါတယ်။

ကိုကောင်းဟိန်းမင်းနဲ့ အသက်ရွယ်တူညီပြီး လပိုင်းမျှအနည်းငယ်ပိုကြီးတဲ့ ကိုမိုင်ကယ်ကတော့ တစ်နိုင်ငံလုံးမှာ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်များအနက် ဒုတိယမြောက် အသက်အငယ်ဆုံးအမတ်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ကိုမိုင်ကယ်ဟာ ကယားပြည်နယ်လွှတ်တော်အတွက် ရှားတောမဲဆန္ဒနယ်အမှတ်(၁)မှ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)ကို ကိုယ်စားပြုကာ ဝင်ရောက်ယှဥ်ပြိုင်အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။ တောင်ယာလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး တိုင်းရင်းသားအရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းများကို စိတ်ပါဝင်စားသူဖြစ်ကြောင်း သူရဲ့ မီဒီယာအင်တာဗျူးများတွင် တွေ့နိုင်ပါတယ်။

အနိုင်ရအမျိုးသမီးလွှတ်တော်အမတ်များထဲမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အတွက် ယင်းမာပင်မဲဆန္ဒနယ်အမှတ်(၂)မှ NLD ကို ကိုယ်စားပြုကာ ဝင်ရောက်ယှဥ်ပြိုင် အနိုင်ရရှိခဲ့တဲ မအေးစန္ဒာကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ ပါတီရဲ့ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

လာမယ့် ၂၀၂၁ – ၂၀၂၅အထိ လွှတ်တော်အသီးသီးမှာ အသက် ၂၅နှစ်မှ အသက် ၈၀အထိ အသက်အရွယ်ရှိတဲ့ ရွေးကောက်ခံကိုယ်စားလှယ်များကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေအရတော့ အသက် ၃၆နှစ်နှင့် အသက် ၅၇နှစ်အရွယ်တွေက အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။

အချက်အလက်များကို 2020_Winer_1117 မှ ရယူပါထားပါတယ်။

#Zawgyi

By နွင္းကို – အသက္ ၂၅ နွစ္ ျပည့္ျပီးသူတိုင္း ေရြးေကာက္ခံပိုင္ခြင့္ရွိတဲ့အတြက္ ၂၀၂၀ ျပည့္နွစ္ အေထြေထြေရြးေကာက္ပြဲျကီးမွ ေပၚထြက္လာတဲ့ အနိုင္ရအမတ္ေလာင္းေတြရဲ့ အသက္အပိုင္းအျခားေတြကို ေလ့လာျကည့္ျကပါစို့။

အမ်ိုးသားလွြတ္ေတာ္ ၊ ျပည္သူ့လွြတ္ေတာ္၊ ျပည္နယ္နဲ့ တိုင္းေဒသျကီးလွြတ္ေတာ္အပါအဝင္ လူမ်ိုးစုေရးရာေနရာမ်ားအတြက္ အနိုင္ရ စားလွယ္အမတ္စုစုေပါင္း (၁၁၁၇) ရွိခဲ့ပါတယ္။ ကိုယ္စားလွယ္အားလံုးရဲ့ ပ်မ္းမွ်အသက္အရြယ္ကေတာ့ (၅၁) နွစ္ဝန္းက်င္ျဖစ္ေျကာင္း ေလ့လာေတြ့ရွိရပါတယ္။

Made with Flourish

အသက္အျကီးဆံုး

(၁၁၁၇) ဦးေသာ ကိုယ္စားလွယ္မ်ားအနက္ အသက္အရြယ္အျကီးဆံုးအမတ္အျဖစ္ေတာ့ အမ်ိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ္ (NLD) မွ ဧရာဝတီတိုင္းေဒသျကီး လွြတ္ေတာ္ က်ံုေပ်ာ္မဲဆနၵနယ္အမွတ္(၁)မွ ဝင္ေရာက္ယွဉ္ျပိုင္ကာ အနိုင္ရရွိခဲ့တဲ့ စစ္မႈထမ္းေဟာင္းျကီး ဦးစိန္လြင္ပဲ ျဖစ္ပါတယ္။ သူဟာ က်ံုေပ်ာ္ျမို့နယ္ NLD ပါတီ ဥကၠဌလည္း ျဖစ္ပါတယ္။ ၁၉၈၈ခုနွစ္ က်ံုေပ်ာ္ျမို့နယ္ NLD အလုပ္အမႈေဆာင္ဖြဲ့စည္းစဥ္ကတည္းက အတြင္းေရးမႉးတာဝန္ယူခဲ့သူလည္း ျဖစ္ပါတယ္။ ဦးစိန္လြင္ရဲ့ အသက္ဟာ (၈၀)နွစ္ျပည့္ျပီျဖစ္ပါတယ္။

လက္ရွိနိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိုလ္လည္းျဖစ္ အမ်ိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ္ ဥကၠဌလည္း ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုျကည္ကေတာ့ ေရြးေကာက္ပြဲအနိုင္ရ အမ်ိုးသမီးကိုယ္စားလွယ္ (၁၉၄) အနက္ အသက္အျကီးဆံုးအျဖစ္ ရပ္တည္ေနပါတယ္။ အသက္ (၇၅) နွစ္ ျပည့္ျပီျဖစ္တဲ့ အတိုင္ပင္ခံပုဂၢိုလ္ဟာ ရန္ကုန္တိုင္းေဒသျကီး ေကာ့မႉးျမို့နယ္ မဲဆနၵနယ္မွ ျပည္သူ့လွြတ္ေတာ္ေနရာအတြက္ ဝင္ေရာက္ယွဥ္ျပိုင္အနိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

Made with Flourish

အသက္အငယ္ဆံုး

အျခားတစ္ဖက္မွာေတာ့ အသက္အငယ္ဆံုးအမတ္အျဖစ္ ကခ်င္ျပည္နယ္ ဖားကန့္မဲဆနၵနယ္မွ ျပည္သူ့လွြတ္ေတာ္ေနရာအတြက္ ဝင္ေရာက္ယွဥ္ျပိုင္ကာ အနိုင္ရရွိခဲ့တဲ့ NLD မွ ကိုေအာင္ဟိန္းမင္း ျဖစ္ပါတယ္။ သူဟာ သတင္းသမားတစ္ဦးလည္း ျဖစ္ခဲ့ဖူးျပီး သင္တန္းဆရာတစ္ေယာက္ေနနဲ့ ရပ္တည္ေနသူတစ္ဦးျဖစ္ပါတယ္။ သူ့ရဲ့အသက္ကေတာ့ ၂၅နွစ္ ျဖစ္ပါတယ္။

ကိုေကာင္းဟိန္းမင္းနဲ့ အသက္ရြယ္တူညီျပီး လပိုင္းမွ်အနည္းငယ္ပိုျကီးတဲ့ ကိုမိုင္ကယ္ကေတာ့ တစ္နိုင္ငံလံုးမွာ ေရြးခ်ယ္ခံရတဲ့ ကိုယ္စားလွယ္မ်ားအနက္ ဒုတိယေျမာက္ အသက္အငယ္ဆံုးအမတ္ျဖစ္ေျကာင္း ေတြ့ရွိရပါတယ္။

ကိုမိုင္ကယ္ဟာ ကယားျပည္နယ္လွြတ္ေတာ္အတြက္ ရွားေတာမဲဆနၵနယ္အမွတ္(၁)မွ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ(KySDP)ကို ကိုယ္စားျပုကာ ဝင္ေရာက္ယွဥ္ျပိုင္အနိုင္ရခဲ့သူလည္း ျဖစ္ပါတယ္။ ေတာင္ယာလုပ္ငန္းလုပ္ကိုင္သူျဖစ္ျပီး တိုင္းရင္းသားအေရးနဲ့ ျငိမ္းခ်မ္းေရးလုပ္ငန္းမ်ားကို စိတ္ပါဝင္စားသူျဖစ္ေျကာင္း သူရဲ့ မီဒီယာအင္တာဗ်ူးမ်ားတြင္ ေတြ့နိုင္ပါတယ္။

အနိုင္ရအမ်ိုးသမီးလွြတ္ေတာ္အမတ္မ်ားထဲမွာေတာ့ စစ္ကိုင္းတိုင္းေဒသျကီး လွြတ္ေတာ္အတြက္ ယင္းမာပင္မဲဆနၵနယ္အမွတ္(၂)မွ NLD ကို ကိုယ္စားျပုကာ ဝင္ေရာက္ယွဥ္ျပိုင္ အနိုင္ရရွိခဲ့တဲ မေအးစနၵာေက်ာ္ပဲ ျဖစ္ပါတယ္။ သူမဟာ ပါတီရဲ့ ျမို့နယ္ဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ့ အဖြဲ့ဝင္တစ္ဦးလည္း ျဖစ္ပါတယ္။

လာမယ့္ ၂၀၂၁ – ၂၀၂၅အထိ လွြတ္ေတာ္အသီးသီးမွာ အသက္ ၂၅နွစ္မွ အသက္ ၈၀အထိ အသက္အရြယ္ရွိတဲ့ ေရြးေကာက္ခံကိုယ္စားလွယ္မ်ားကို ျမင္ေတြ့ရဖို့ ရွိေနပါတယ္။ ထုတ္ျပန္ထားတဲ့ သတင္းအခ်က္အလက္ေတြအရေတာ့ အသက္ ၃၆နွစ္နွင့္ အသက္ ၅၇နွစ္အရြယ္ေတြက အမ်ားဆံုးျဖစ္ေနတာကို ေတြ့ရပါတယ္။

အခ်က္အလက္မ်ားကို 2020_Winer_1117 မွ ရယူပါထားပါတယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.