Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၂၀၂၀ ရွေးကောက်ပွဲအလွန် အသစ်တက်လာမယ့် အစိုးရသစ်အပေါ် မတူပီဒေသခံတွေ ဘာတွေမျှော်လင့်လဲ
၂၀၂၀ ရွေးကောက်ပွဲအလွန် အသစ်တက်လာမယ့် အစိုးရသစ်အပေါ် မတူပီဒေသခံတွေ ဘာတွေမျှော်လင့်လဲ
0
By Editor on September 24, 2020 Headline
#Unicode
၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ကြတော့မှာပါ။ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့က ဒေသခံပြည်သူတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရင်ခုန်သံက ဘယ်လိုရှိနေပါသလဲ။ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိူးကို သူတို့လိုချင်နေတာပါလဲ။ ဘယ်လိုအစိုးရမျိူးကိုသူတို့မျှော်လင့်နေကြတာပါလဲ။ အသစ်တက်လာမည့် အစိုးရသစ်ကို မတူပီမြို့အတွက် ဘာတွေလုပ်ပေးစေချင်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မတူပီမြို့ပေါ်က အရပ်ဘက်အဖွဲ့အစည်းတွေ ဒေသခံပြည်သူတစ်ချိူ့ရဲ့သဘောထားအမြင်တွေကို စုစည်းတင်ပြလိုက်ရပါတယ်။
ဒေါ်နူးတီာလ် (မတူပီမြို့နယ်တာဝန်ခံ – ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ)
တိုင်းပြည်အကျိုးကို လုံးဝပီပီပြင်ပြင်နဲ့ ထမ်းဆောင်နိုင်မယ့်သူ၊ လူမျိုးချစ်စိတ်ဓာတ်ရှိတဲ့သူ၊ တာဝန်ယူတာဝန်ခံမှုရှိတဲ့သူကို ရွေးချယ်မှာပါ၊ အစိုးရသစ်ကို လုပ်ပေးစေချင်တာတော့ အများကြီးဘဲ၊ အဓိကအနေနဲ့ အဆောက်အဉီပိုင်းနဲ့ ပတ်သတ်ပြီး လုပ်ပေးစေချင်တယ်၊ ဘာလို့လဲဆိုရင် မသန်စွမ်းတဲ့သူတွေ အတွက် ထည့်သွင်းစဉ်းစားမှု ရှိစေချင်တယ်၊ အခုက မသန်စွမ်းသူတွေအတွက် မရှိဘူး၊ မသန်စွမ်းတွေရယ် ကလေးသူငယ်တွေရယ်၊ ကိုယ်ဝန်ဆောင်တွေရယ် သက်ကြီးရွယ်အိုတွေအတွက် အဆောက်အဉီးပိုင်းမှာ အခက်အခဲရှိတော့ ဒါကို ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ်။
ဘွေအုပ်ထန်း (လူငယ်အတွင်းရေးမှူး – MCDO)
လာမယ့်ရွေးကောက်ပွဲမှာ အရည်အချင်းရှိပြီးတော့မှ လုပ်ငန်းဖော်ဆောင်နိုင်မယ့် လူကိုလည်းကြည့်မယ်၊ နောက်ပြီးတော့ ချင်းတိုင်းရင်းသားဖြစ်တဲ့အတွက် ချင်းတွေရဲ့ လိုလားတဲ့နိုင်ငံရေး တောင်းဆိုချက်တွေနဲ့ ကိုက်ညီတဲ့ပါတီကို ရွေးချယ်ပြီးတော့ မဲပေးသွားမှာပေါ့၊ အခုတက်လာမယ့်အစိုးရကို အဓိကအနေနဲ့ ပညာရေးကိုလုပ်စေချင်တယ်၊ ပညာရေးမှာက ဆယ်တန်းအောင်စာရင်းမှာဆိုလည်း အောက်ဆုံးကိုရောက်နေတယ်၊ ဖြစ်နိုင်ရင်တော့ ဆရာ/ဆရာမတွေ လုံလုံလောက်လောက်ရှိစေချင်တယ်၊ ပညာရေးဘက်မှာ စနစ်သစ်ကိုလည်း သွားနေတယ်ဆိုတော့ အရည်အချင်းရှိတဲ့ ဆရာ/ဆရာမ တွေလည်း ရှိစေချင်တယ်၊ အရည်ချင်းရှိတဲ့ ကျောင်းသားလူငယ်တွေလည်း ထွက်စေချင်တယ်၊ နောက်ပြီးတော့ ကျနော်နေတဲ့ စံဘောင်ရပ်ကွက်မှာဆိုရင် ရေလုံလောက်မှုမရှိဘူး၊ အမြဲတမ်းဝယ်နေရတယ်၊ ရေလုံလောက်မှုရှိအောင်လုပ်စေချင်တယ်၊ နောက်တစ်ခုက ထုံးတမ်းစဉ်လာအရ ပိုင်ဆိုင်တဲ့ မြေတွေကို ဉပဒေပြုပြီးမှ ဉပဒေနဲ့ အကာအကွယ်ပေးစေချင်တယ်။
မိုင်ဗန်မီးရဲမ် (ဒုမြို့နယ်တာဝန်ခံ – ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ)
လာမယ့်ရွေးကောက်ပွဲမှာတော့ ပြည်သူအားလုံးအတွက် ကိုယ်စားပြုနိုင်မယ့်သူကို ရွေးချယ်ဖို့ စိတ်ကူးထားပါတယ်၊ နောက်တက်လာမယ့်အစိုးရအနေနဲ့ မသန်စွမ်းသူတွေအတွက် တန်းတူအခွင့်အရေး ရရှိအောင်ဆောင်ရွက်ပေးစေချင်ပါတယ်၊ နောက်အချက်အနေနဲ့ ချင်းပြည်နယ်မှာက အလုပ်လက်မဲ့လူငယ်တွေ အရမ်းများနေတယ်၊ အဲဒါကြောင့်ဒီပြသနာကို ဖြေရှင်းပေးစေချင်ပါတယ်၊ ပြီးတော့ ချင်းပြည်နယ်မှာဘဲဖြစ်ဖြစ် ဘယ်မှာဘဲဖြစ်ဖြစ် လဒ်စားမှုကို လျှော့ချစေချင်ပါတယ်။
နယူးဟတ်ပီး (လယ်/ပြ ပညာရေးဝန်ထမ်း)
ကျမအနေနဲ့ ဒီရွေးကောက်ပွဲမှာ အရည်အချင်းရှိတဲ့လူကြီး၊ ပြီးလို့ရှိရင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် တိုးတက်စေချင်တဲ့ အရည်အချင်းရှိတဲ့လူမျိုးကို ကျမမဲပေးပါ့မယ်၊ ကျမတို့က အစိုးရဝန်ထမ်းဖြစ်တဲ့အတွက် အစိုးရဝန်ထမ်းအတွက် ဝန်ထမ်းအိမ်ရာတွေ လုံလုံလောက်လောက်ပေးစေချင်တယ်၊ ဘာဖြစ်လို့လဲဆိုရင် တစ်ချို့နေရာတွေမှာ အိမ်တစ်အိမ်ထဲကို ဝန်ထမ်းသုံးလေးဉီးနေထိုင်ရတယ်၊ ကျမတို့ပညာရေးဝန်ထမ်းတွေအနေနဲ့က ကလေးတွေရဲ့ပညာရေးအတွက် သင်ကြားပေးရတဲ့သူတွေဖြစ်တဲ့အတွက် ပညာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် ဝန်ထမ်းအိမ်ရာကို စဉ်းစားပေးစေချင်ပါတယ်၊ ပြီးတော့ မတူပီမြို့ပေါ်ကိုကြည့်လိုက်လို့ရှိရင် သဘာဝမြေပြိုမှုတွေကို တွေ့ရတယ်၊ အဲဒါဘာကြောင့်လို့လဲဆိုရင် ရေမြောင်းအများစုက မကောင်းတာတွေ့ရတယ်၊ အဲဒါကြောင့် မြောင်းတွေကို ပြုပြင်စေချင်ပါတယ်။
ဆလိုင်းနိုင်းထီစိုင်း (မတူပီမြို့ဒေသခံ)
ကျနော့်အနေနဲ့ မဲပေးဖို့ပြင်ဆင်ထားတာက အစိုးရဖွဲ့နိုင်မယ့် ပါတီလည်းကြည့်တယ်၊ ကိုယ်စာလှယ်လောင်းရဲ့ အရည်အချင်းကိုလည်းကြည့်ပါတယ်၊ ကိုယ်စာလှယ်လောင်းရဲ့ အရည်အချင်းမှာ မြို့နယ်အတွက် စွမ်းဆောင်ပေးနိုင်မယ့်သူကို ကြည့်ပြီးတော့ မဲပေးသွားမှာပါ၊ အခုတက်လာမယ့်အစိုးရအနေနဲ့ မတူပီမြို့ကို ခရိုင်အင်္ဂါရပ်နဲ့ကိုက်ညီအောင်လုပ်ပေးစေချင်တယ်၊ နယ်အတွက်ဆိုရင် တစ်ချို့ကျေးရွာတွေဆိုရင် ရေတော်တော်လေးရှားပါတယ်၊ ပြီးတော့ ဆက်သွယ်ရေးပိုင်းမှာဆိုရင် တစ်ချို့ရွာတွေဆိုရင် ဖုန်းတွေမရနိုင်သေးဘူး၊ ဒါမျိုးတွေကို အခုတက်လာမယ့်အစိုးရအနေနဲ့ ဖော်ဆောင်ပေးစေချင်ပါတယ်။
#Zawgyi
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
ကလေးငယ်နှင့် အမျိုးသမီးအများစု ပါဝင်သည့် ချင်းလူမျိုး ၂၀ ခန့် မလေးရှားသို့ အဝင်မှာ အဖမ်းခံရပြီး အမှုရင်ဆိုင်နေရ
နယူးဒေလီရောက် မြန်မာစစ်ရှောင်များ သတိထားနေထိုင်ကြရန် India for Myanmar သတိပေး
တိုက်ပွဲကြောင့် တီးတိန် စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါများ လိုအပ်နေ
Leave A Reply Cancel Reply
The reCAPTCHA verification period has expired. Please reload the page.
  • Featured Article
May 30, 2025
“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”
May 16, 2025
“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”
April 24, 2025
“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”
April 11, 2025
“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”
Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.