Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၂၀၂၀ ေရြးေကာက္ပြဲအလြန္ အသစ္တက္လာမယ့္ အစိုးရသစ္အေပၚ မင္းတပ္ ေဒသခံေတြ ဘာေတြေမွ်ာ္လင့္လဲ

၂၀၂၀ ေရြးေကာက္ပြဲအလြန္ အသစ္တက္လာမယ့္ အစိုးရသစ္အေပၚ မင္းတပ္ ေဒသခံေတြ ဘာေတြေမွ်ာ္လင့္လဲ

0
By Editor on September 25, 2020 Headline

#Unicode

၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ကြတော့မှာပါ။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြ်ို့က ဒေသခံပြည်သူတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရင်ခုန်သံက ဘယ်လိုရှိနေပါသလဲ။ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိူးကို သူတို့လိုချင်နေတာပါလဲ။ ဘယ်လိုအစိုးရမျိူးကို သူတို့မျှော်လင့်နေကြတာပါလဲ။ အသစ်တက်လာမည့် အစိုးရသစ်ကို မင်းတပ်မြို့အတွက် ဘာတွေလုပ်ပေးစေချင်ပါသလဲ။

ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတပ်မြို့ပေါ်က အရပ်ဘက်အဖွဲ့အစည်းတွေ ဒေသခံပြည်သူတစ်ချိူ့ရဲ့ သဘောထားအမြင်တွေကို စုစည်းတင်ပြလိုက်ရပါတယ်။

မိုင်ဟာကီးလိုင်း (အတွင်းရေးမှူး – CCWO)

နောက်ထပ်အစိုးရသစ်ကသာတက်လာမယ်ဆိုလို့ရှိရင် အဓိက တရားစီရင်ရေးအပိုင်းတွေ ရဲတွေ ထွေအုပ်တွေ ဒီဟာတွေပါမယ်၊ အဲဒီကဏ္ဍတွေရယ် လုံးခြုံရေးအပိုင်းရယ်၊ ပြီးတော့ အမျိုးသမီးတွေအတွက် စဉ်းစားပေးတာမျိုး သိပ်မရှိခဲ့ဘူးပေါ့၊ အဲဒါကြောင့် ဘယ်အစိုးရဘဲတက်တက် အမျိုးသမီးတွေအတွက် အကြမ်းဘက်မှုတွေကနေကာကွယ်ပေးနိုင်ရမယ် အိမ်တွင်း အကြမ်းဘက်မှုလည်း ဖြစ်ကောင်းဖြစ်မယ်၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တစ်ကယ်လုပ်ပေးမယ့်အစိုးရကို တက်စေချင်တယ်၊ ကျမကတော့ ပါတီလဲမကြည့်ဘူး၊ မူတွေဘာတွေသိပ်မကြည့်ဘူး၊ အဓိကတော့ လူကိုဘဲကြည့်မယ်လို့ ဆုံးဖြတ်ထားတယ်၊ ဒီလူက ကျမတို့ရဲ့ ဒေသမှာ တစ်စိုက်မတ်မတ်လုပ်ပေးနိုင်တဲ့လူ၊ ဒီဒေသရဲ့ အကြောင်းရင်းကိုလည်း နားလည်တဲ့သူဖြစ်မယ်ဆို ကျမကတော့ မဲပေးမှာပါ။

ဒေါ်မိုင်စိမ်း (မင်းတပ်မြို့ခံ)

ကျမအနေနဲ့ အစိုးရသစ်ကို လုပ်စေချင်တာက ၂၀၀၈ အခြေခံဉပဒေကို မပြင်နိုင်ရင်တောင်မှ မပြင်နိုင်တဲ့ ဉပဒေအောက်မှာ ကျမတို့ ချင်းလူမျိုးတွေရဲ့ အဓိကကျတဲ့ ဉပဒေပြဌာန်းနိုင်တဲ့ လွှတ်တော် အမတ်ဘဲဖြစ်ဖြစ် အစိုးရဘဲဖြစ်ဖြစ်လိုချင်ပါတယ်၊ နောက်တစ်ခုက အကတိလိုက်စားမှု ကင်းစင်တဲ့ အစိုးရဖြစ်စေချင်တယ်၊ ဘတ်ဂျက် ခွဲဝေမှုမှာလည်း မျှမျှတတဖြစ်တဲ့ ခွဲဝေမှုမျိုးဖြစ်စေချင်ပါတယ်၊ ကျမတစ်ဉီးတည်းအနေနဲ့ကတော့ စိတ်ရင်းစေတနာ မှန်တဲ့ ချင်းပြည်သူလူထုကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စာလှယ်ကို ဖြစ်စေချင်ပါတယ်၊ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အရည်အချင်းကလည်း ပြည်သူတွေရဲ့အသံကို သေချာ နားထောင်နိုင်တဲ့သူဖြစ်ရမယ်၊ လွှတ်တော်ထဲ ရောက်ပြီးလို့ရှိရင်လည်း ပြည်သူတွေနဲ့ အမြဲတမ်း ချိတ်ဆက်နိုင်တဲ့သူဖြစ်ရမယ်၊ ပြည်သူတွေရဲ့ အသံကိုလည်း လွှတ်တော်ထဲမှာ ပြန်ပြီးတော့ ပြောပေးနိုင်တဲ့သူ ဖြစ်စေချင်ပါတယ်။

ဆလိုင်းကီးဟုန်း (President – Mindat CYO)

အသစ်တက်လာတဲ့ အစိုးရအနေနဲ့ မင်းတပ်မြို့အတွက် လုပ်ပေးစေချင်တာက နံပါတ် ၁ အနေနဲ့ လမ်းတံတားဘဲ၊ နံပါတ် ၂ မှာ ပညာရေးလာမယ်၊ ကျနော့်အမြင်မှာပေါ့၊ ကျနော်တို့မင်းတပ်မှာက တိုင်းရင်းစာပေနဲ့ ပါတ်သတ်ပြီး သင်ကြားရေးပိုင်းမှာ ဆန့်ငင်ဆန့်ငင် ဖြစ်နေတဲ့အပိုင်းလေးတွေရှိတယ်၊ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတယ်၊ ပညာရေးဝန်ထမ်းခန့်တာတို့ နောက်ပြီး မင်းတပ်မြို့နယ်အတွက် ဝန်ထမ်းခန့်ရင် မင်းတပ်မြို့နယ်သားကိုဘဲ ခန့်စေချင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒေသစကားမှာ စကားပြောသွားတယ်၊ ဉပမာ ယောနယ်က ဗမာစကားအသံနဲ့ မင်းတပ်ရဲ့ဗမာစကားအသံက အဆင်မပြေဘူး၊ အခုအစိုးရသစ်တက်လာရင် ဘတ်ဂျက်ပိုင်းမှာ ညီမျှမှုရှိသွားမယ်လို့ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုက တစ်ပါတီထဲ နိုင်မှာမဟုတ်တာသေချာတယ်၊ ဟိုပါတီတစ်ယောက် ဒီပါတီကတစ်ယောက်နဲ့ ညွှန့်ပေါင်းလိုဖြစ်သွားမယ်ပေါ့၊ အဲဒါကြောင့် မြို့နယ်တိုင်းအတွက် ဘတ်ဂျက်ပိုင်းမှာ သာတူညီမျှမှုရှိလိမ့်မယ်လို့ ကျနော်မျှော်လင့်တယ်။

ဉီးရွှေလိန်းနိုင်း (မင်းတပ်မြို့ဒေသခံ)

ကျနော့်အနေနဲ့ကတော့ ဘယ်လိုမျိုး လွှတ်တော်ကိုယ်စားလှယ်လည်း ဆိုရင် အရည်အချင်းရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ပေါ့၊ ပြည်သူလူထုအတက် လွှတ်တော်မှာ ပြောနိုင်ဆိုနိုင် အလုပ်လုပ်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်မျိုးကို ရွေးပြီးတော့ မဲပေးမှာဖြစ်တယ်၊ အခုက အစိုးရနှစ်ဆက်ရှိသွားပြီ၊ အစိုးရနှစ်ဆက်မှာ အခြေအနေ အမျိုးမျိုးတော့ရှိတယ်၊ ကျနော်ဖြစ်စေချင်တာက မြို့နယ်တွေမှာက အစိုးရမရှိသလိုဖြစ်နေတယ်၊ ဝန်ထမ်းတွေက စီမံခန့်ခွဲမှုအာဏာနဲ့ အုပ်ချုပ်တဲ့အခါမှာ ပြည်သူလူထုအတွက် ဘာမှအဆင်မပြေဘူး။

#Zawgyi

၂၀၂၀ ခုႏွစ္ပါတီစံုအေထြေထြ ေရြးေကာက္ပြဲကို လာမယ့္ ႏို၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပျပဳလုပ္ၾကေတာ့မွာပါ။

ခ်င္းျပည္နယ္ေတာင္ပိုင္း မင္းတပ္ၿမ္ိဳ႕က ေဒသခံျပည္သူေတြရဲ့ ၂၀၂၀ ေရြးေကာက္ပြဲ ရင္ခုန္သံက ဘယ္လိုရွိေနပါသလဲ။ ဘယ္လိုလႊတ္ေတာ္ကိုယ္စားလွယ္မ်ဴိးကို သူတို႔လိုခ်င္ေနတာပါလဲ။ ဘယ္လိုအစိုးရမ်ဴိးကို သူတို႔ေမွ်ာ္လင့္ေနၾကတာပါလဲ။ အသစ္တက္လာမည့္ အစိုးရသစ္ကို မင္းတပ္ၿမိဳ႕အတြက္ ဘာေတြလုပ္ေပးေစခ်င္ပါသလဲ။

ဒီကိစၥနဲ႔ပတ္သက္ၿပီး မင္းတပ္ၿမိဳ႕ေပၚက အရပ္ဘက္အဖြဲ႔အစည္းေတြ ေဒသခံျပည္သူတစ္ခ်ဴိ႕ရဲ့ သေဘာထားအျမင္ေတြကို စုစည္းတင္ျပလိုက္ရပါတယ္။

မိုင္ဟာကီးလိုင္း (အတြင္းေရးမႉး – CCWO)

ေနာက္ထပ္အစိုးရသစ္ကသာတက္လာမယ္ဆိုလို႔ရွိရင္ အဓိက တရားစီရင္ေရးအပိုင္းေတြ ရဲေတြ ေထြအုပ္ေတြ ဒီဟာေတြပါမယ္၊ အဲဒီက႑ေတြရယ္ လုံးျခဳံေရးအပိုင္းရယ္၊ ၿပီးေတာ့ အမ်ိဳးသမီးေတြအတြက္ စဥ္းစားေပးတာမ်ိဳး သိပ္မရွိခဲ့ဘူးေပါ့၊ အဲဒါေၾကာင့္ ဘယ္အစိုးရဘဲတက္တက္ အမ်ိဳးသမီးေတြအတြက္ အၾကမ္းဘက္မႈေတြကေနကာကြယ္ေပးနိုင္ရမယ္ အိမ္တြင္း အၾကမ္းဘက္မႈလည္း ျဖစ္ေကာင္းျဖစ္မယ္၊ အမ်ိဳးသမီးေတြရဲ့ အခြင့္အေရးကို တစ္ကယ္လုပ္ေပးမယ့္အစိုးရကို တက္ေစခ်င္တယ္၊ က်မကေတာ့ ပါတီလဲမၾကည့္ဘူး၊ မူေတြဘာေတြသိပ္မၾကည့္ဘူး၊ အဓိကေတာ့ လူကိုဘဲၾကည့္မယ္လို႔ ဆုံးျဖတ္ထားတယ္၊ ဒီလူက က်မတို႔ရဲ့ ေဒသမွာ တစ္စိုက္မတ္မတ္လုပ္ေပးနိုင္တဲ့လူ၊ ဒီေဒသရဲ့ အေၾကာင္းရင္းကိုလည္း နားလည္တဲ့သူျဖစ္မယ္ဆို က်မကေတာ့ မဲေပးမွာပါ။

ေဒၚမိုင္စိမ္း (မင္းတပ္ၿမိဳ႕ခံ)

က်မအေနနဲ႔ အစိုးရသစ္ကို လုပ္ေစခ်င္တာက ၂၀၀၈ အေျခခံဉပေဒကို မျပင္နိုင္ရင္ေတာင္မွ မျပင္နိုင္တဲ့ ဉပေဒေအာက္မွာ က်မတို႔ ခ်င္းလူမ်ိဳးေတြရဲ့ အဓိကက်တဲ့ ဉပေဒျပဌာန္းနိုင္တဲ့ လႊတ္ေတာ္ အမတ္ဘဲျဖစ္ျဖစ္ အစိုးရဘဲျဖစ္ျဖစ္လိုခ်င္ပါတယ္၊ ေနာက္တစ္ခုက အကတိလိုက္စားမႈ ကင္းစင္တဲ့ အစိုးရျဖစ္ေစခ်င္တယ္၊ ဘတ္ဂ်က္ ခြဲေဝမႈမွာလည္း မၽွမၽွတတျဖစ္တဲ့ ခြဲေဝမႈမ်ိဳးျဖစ္ေစခ်င္ပါတယ္၊ က်မတစ္ဉီးတည္းအေနနဲ႔ကေတာ့ စိတ္ရင္းေစတနာ မွန္တဲ့ ခ်င္းျပည္သူလူထုကို ကိုယ္စားျပဳတဲ့ လႊတ္ေတာ္ကိုယ္စာလွယ္ကို ျဖစ္ေစခ်င္ပါတယ္၊ ၿပီးေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ရဲ့ အရည္အခ်င္းကလည္း ျပည္သူေတြရဲ့အသံကို ေသခ်ာ နားေထာင္နိုင္တဲ့သူျဖစ္ရမယ္၊ လႊတ္ေတာ္ထဲ ေရာက္ၿပီးလို႔ရွိရင္လည္း ျပည္သူေတြနဲ႔ အျမဲတမ္း ခ်ိတ္ဆက္နိုင္တဲ့သူျဖစ္ရမယ္၊ ျပည္သူေတြရဲ့ အသံကိုလည္း လႊတ္ေတာ္ထဲမွာ ျပန္ၿပီးေတာ့ ေျပာေပးနိုင္တဲ့သူ ျဖစ္ေစခ်င္ပါတယ္။

ဆလိုင္းကီးဟုန္း (President – Mindat CYO)

အသစ္တက္လာတဲ့ အစိုးရအေနနဲ႔ မင္းတပ္ၿမိဳ႕အတြက္ လုပ္ေပးေစခ်င္တာက နံပါတ္ ၁ အေနနဲ႔ လမ္းတံတားဘဲ၊ နံပါတ္ ၂ မွာ ပညာေရးလာမယ္၊ က်ေနာ့္အျမင္မွာေပါ့၊ က်ေနာ္တို႔မင္းတပ္မွာက တိုင္းရင္းစာေပနဲ႔ ပါတ္သတ္ၿပီး သင္ၾကားေရးပိုင္းမွာ ဆန႔္ငင္ဆန႔္ငင္ ျဖစ္ေနတဲ့အပိုင္းေလးေတြရွိတယ္၊ အထစ္ထစ္အေငါ့ေငါ့ျဖစ္ေနတယ္၊ ပညာေရးဝန္ထမ္းခန႔္တာတို႔ ေနာက္ၿပီး မင္းတပ္ၿမိဳ႕နယ္အတြက္ ဝန္ထမ္းခန႔္ရင္ မင္းတပ္ၿမိဳ႕နယ္သားကိုဘဲ ခန႔္ေစခ်င္တယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ ေဒသစကားမွာ စကားေျပာသြားတယ္၊ ဉပမာ ေယာနယ္က ဗမာစကားအသံနဲ႔ မင္းတပ္ရဲ့ဗမာစကားအသံက အဆင္မေျပဘူး၊ အခုအစိုးရသစ္တက္လာရင္ ဘတ္ဂ်က္ပိုင္းမွာ ညီမၽွမႈရွိသြားမယ္လို႔ထင္တယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ အခုက တစ္ပါတီထဲ နိုင္မွာမဟုတ္တာေသခ်ာတယ္၊ ဟိုပါတီတစ္ေယာက္ ဒီပါတီကတစ္ေယာက္နဲ႔ ညႊန႔္ေပါင္းလိုျဖစ္သြားမယ္ေပါ့၊ အဲဒါေၾကာင့္ ၿမိဳ႕နယ္တိုင္းအတြက္ ဘတ္ဂ်က္ပိုင္းမွာ သာတူညီမၽွမႈရွိလိမ့္မယ္လို႔ က်ေနာ္ေမၽွာ္လင့္တယ္။

ဉီးေရႊလိန္းနိုင္း (မင္းတပ္ၿမိဳ႕ေဒသခံ)

က်ေနာ့္အေနနဲ႔ကေတာ့ ဘယ္လိုမ်ိဳး လႊတ္ေတာ္ကိုယ္စားလွယ္လည္း ဆိုရင္ အရည္အခ်င္းရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေပါ့၊ ျပည္သူလူထုအတက္ လႊတ္ေတာ္မွာ ေျပာနိုင္ဆိုနိုင္ အလုပ္လုပ္နိုင္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္မ်ိဳးကို ေရြးၿပီးေတာ့ မဲေပးမွာျဖစ္တယ္၊ အခုက အစိုးရႏွစ္ဆက္ရွိသြားၿပီ၊ အစိုးရႏွစ္ဆက္မွာ အေျခအေန အမ်ိဳးမ်ိဳးေတာ့ရွိတယ္၊ က်ေနာ္ျဖစ္ေစခ်င္တာက ၿမိဳ႕နယ္ေတြမွာက အစိုးရမရွိသလိုျဖစ္ေနတယ္၊ ဝန္ထမ္းေတြက စီမံခန႔္ခြဲမႈအာဏာနဲ႔ အုပ္ခ်ဳပ္တဲ့အခါမွာ ျပည္သူလူထုအတြက္ ဘာမွအဆင္မေျပဘူး။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.