Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၂၀၂၄ က ချင်းပြည်အတွက် အလွန်အရေးကြီးသော နှစ်တစ်နှစ်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီဥက္ကဌပြော

၂၀၂၄ က ချင်းပြည်အတွက် အလွန်အရေးကြီးသော နှစ်တစ်နှစ်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီဥက္ကဌပြော

0
By Editor on January 2, 2024 Headline

(006SV)

၂၀၂၄ ခုနှစ်သည် ချင်းပြည်အတွက် အလွန်အရေးကြီးသော “နှစ်” တစ်နှစ်ဖြစ်ပြီး အရေးတကြီး အကောင်အထည်ဖော်ရမည့် အချက် (၄) ချက်ရှိကြောင်း ချင်းလဲန်းကောင်စီ ဥက္ကဌ Pu Zing Cung က ပြောသည်။

ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌလည်းဖြစ် ချင်းလဲန်းကောင်စီ ဥက္ကဌ Pu Zing Cung က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်က နှစ်သစ်နှုတ်ခွန်းဆက်စကားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပထမအချက်သည် “စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ်ချေမှုန်းရေး” ဖြစ်ပြီး ယင်းစနစ်ကို ကျောထောက်နောက်ခံပေးနေသည့် စစ်တပ်နှင့် ၎င်း၏ ယန္တရားတစ်ခုလုံကို ချေးမှုန်းရန်ဖြစ်သည်ဟု ကောင်စီဥက္ကဌက ပြောသည်။

ဒုတိယအချက်သည် “ချင်းအမျိုးသားပိုက်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်ရေး” ဖြစ်ပြီး ချင်းအမျိုးသားတို့၏ ပိုက်နက် နယ်မြေ အစိတ်အပိုင်းတချို့ကို စစ်ကောင်စီက အုပ်ချုပ်နေဆဲဖြစ်ကာ စစ်ကောင်စီတပ်ကို အပြီးအပိုင် တိုက်ထုတ်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တတိယအချက်သည် “အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိတဲ့ ချင်းလဲန်းတည်ဆောက်ရေး” ဖြစ်ပြီး ချင်းအမျိုးသားရေး လှုပ်ရှားမှုမှာ အင်အားစုတစ်ရပ်လုံး စုစည်းမှသာ အရှိန်အဟုန်နှင့် တိုက်ပွဲဝင်နိုင်မှာဖြစ်ကြောင်း၊ ချင်းလဲန်းတည်ဆောက်ရေးမှာ ချင်းအမျိုးသားများနှင့် ချင်းလဲန်းပြည်သူတစ်ရပ်လုံး တက်ညီလက်ညီ တာဝန်ထမ်းရွက်ကြမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးအချက်သည် “နိုင်ငံရေးနဲ့ အမျိးသားတန်းတူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး” ဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်သည် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် အကောင်းဆုံးအချိန်ဖြစ်ပြီး ချင်းပြည်သူများ နှစ်ပေါင်းများစွာ မျှော်လင့်တောင်တခဲ့သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး အကောင်းဆုံးအခွင့်အလမ်းဖြစ်ကြောင်း၊ ယင်းကို အမိအရဆုပ်ကိုင်ပြီး တော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်းများ အားလုံး စုစုစည်းစည်းဖြင့် ပူးပေါင်းတိုက်ပွဲဝင်ရန် လိုအပ်သည်ဟု ချင်းလဲန်းကောင်စီ ဥက္ကဌက ပြောသည်။

၂၀၂၃ ခုနှစ်မှာ နာကျည်းမှု၊ ဝမ်းနည်းပူဆွေးမှု၊ ဆုံးရှုံးမှုများ ကြုံခဲ့ရသော်လည်း စစ်ရေးကဏ္ဏမှာ စစ်ကောင်စီ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို တွန်းလှန်နိုင်ခဲ့သည့်အပြင် တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ နိုင်ငံရေးကဏ္ဏမှာ ချင်းလူမျိုးတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်တွေ့ကျင့်သုံးရန် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းပြီး ချင်းလဲန်းကောင်စီကို ပြဌာန်းနိုင်ခဲ့ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.