Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“၂၀၂၄ ခုနှစ် နှစ်ကုန် မတိုင်မီမှာ ကျနော်တို့ ချင်းပြည်နယ်ကို လွတ်မြောက်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာဖြစ်ပါတယ်”

“၂၀၂၄ ခုနှစ် နှစ်ကုန် မတိုင်မီမှာ ကျနော်တို့ ချင်းပြည်နယ်ကို လွတ်မြောက်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာဖြစ်ပါတယ်”

0
By Editor on October 30, 2024 Featured

(006SV)

ချင်းညီနောင်အဖွဲ့ဟာ မဟာမိတ်အင်အားစုတွေနဲ့ ပူးပေါင်းလို့ “၂၀၂၄ ခုနှစ်မှာ ချင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ကင်းစင်ရေး” ဆိုတဲ့ စစ်ရေးရည်မှန်းချက် ချမှတ်ပြီး မြို့နယ် ၆ မြို့နယ်မှာ မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်ဖို့ ကြိုးစားနေတယ်လို့ ဒီနှစ် နှစ်လယ်ပိုင်းကတည်းက ကြေညာထားခဲ့ကြပါတယ်။

ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ CNO/ CNDF အဖွဲ့ဟာ ဖလမ်မြို့နယ်မှာ စစ်ကောင်စီ ကင်းစင်ရေးအတွက် စစ်ဆင်ရေးကို “Mission Jerusalem – မစ်ရှင်ဂျေရုစလင်” လို့ အမည်ပေးထားပြီး ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နိုင်ရေး ပြင်ဆင်ထားပြီလို့ သိရပါတယ်။

ဖလမ်းမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ CNDF ၊ ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလာသလို စစ်ကောင်စီဘက်ကလည်း ခလရ – ၂၆၈ တပ်ကုန်းမှာသာမက မြို့ပေါ်နေရာအများအပြားမှာ တပ်ဖွဲ့ဝင် ၂၀ ခန့်၊ ၃၀ ခန့်တွေနဲ့ တပ်ကို ဖြန့်ကျက်နေရာယူထားတယ်လို့ သိရပါတယ်။

မြို့ပေါ်က ထိတွေ့တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိလာနေသလို မြို့ပေါ်လူဦးရေရဲ့ သုံးပုံမှာ ၂ ပုံကျော်က နေရပ်စွန့်ခွါ စစ်ဘေးရှောင်သွားကြပြီလို့ သိရပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့က စစ်ဘေးရှောင်ပြည်သူတွေရဲ့အခြေအနေ၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး မစ်ရှင်ဂျေရုစလင်နဲ့ပတ်သက်ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- ဖလမ်းမြို့ပေါ်က စစ်ရေးအခြေအတွေကြောင့် မြို့ပေါ်ပြည်သူတွေ စစ်ဘေးရှောင်ကြရတယ်လို့ သိရပါတယ်။ အဲဒါ မြို့ပေါ်လူထု ဘယ်လောက် ရာခိုင်နှုန်းက ရှောင်ကြပြီးလဲခင်ဗျာ။

ဖြေ – စစ်ဘေးရှောင်နဲ့ ပတ်သက်လို့ ရှိရင်တော့ အခုက ကျနော်တို့ မစ်ရှင်ဂျေရုစလင် – MJ ကို ချင်းညီနောင်စစ်ဆင်ရေးနဲ့ လုပ်ထားတာ ဖြစ်တယ်။ ချင်းညီနောင် စစ်ဆင်ရေးမှာ ကျနော်တို့ စပြီးတော့ လုပ်တဲ့အချိန်ကနေ ဒီနေ့အထိ စစ်ဘေးရှောင်တွေကတော့ ဒီတော်တော်လေး များနေပြီးလို့ ပြောလို့ရပါတယ်။ အခုဆိုရင်တော့ သုံးပုံ၊ တစ်ပုံလောက်တောင် မကျန်တော့တဲ့ အခြေအနေမှာ ရှိတယ်။ ဝန်ထမ်းတချို့နဲ့ စစ်ကောင်စီဘက်က လူရယ်၊ တချို့ ပြည်သူတွေရယ်၊ လူငယ်တချို့ ကျန်တယ်။ မြို့ထဲမှာတော့ အဲလိုအခြေအနေရှိနေပါတယ်။

မေး – စစ်ဘေးရှောင်တွေဟာ ဘယ်နေရာတွေကို ရှောင်ကြရပါသလဲ။

ဖြေ – စစ်ဘေးရှောင်တာကတော့ အများအဖြင့် ကလေးမြို့ဘက်၊ ရန်ကုန်တို့ စတဲ့ လုံခြုံတဲ့နေရာတွေမှာ ရှောင်ကြတယ်။ ပြည်ပဘက်မှာဆိုရင်တော့ အိန္ဒိယ မီဇိုရမ်ပြည်နယ်ဘက်မှာ ရှောင်ကြတာများပါတယ်။ ပြီးတော့ အနီးအနားကမြို့တွေဖြစ်တဲ့ ဟားခါးတို့ ဘာတို့မှာ စစ်ဘေးရှောင်ကြပါတယ်။

မေး – CNDF နဲ့ ပူးပေါင်းတပ်တွေဟာ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ပြင်ဆင်နေတဲ့အချိန်ဖြစ်တယ်လို့ ဆရာကပြောပါတယ်။ ဒါဟာ ချင်းညီနောင်က လွန်ခဲ့တဲ့ လက ထုတ်ပြန်ဖူးတဲ့ ၂၀၂၄ မှာ ချင်းညီနောင်ရဲ့နယ်မြေတွေ စကစ ကင်းစင်ရေးဆိုတဲ့ မူဝါဒနဲ့အညီ ဖော်ဆောင်တာလား။ အဲဒါနဲ့ ပတ်သက်လို့ ရှင်းပြပေးပါဦး။

ဖြေ – အခု ကျနော်တို့ ဖလမ်းမှာ ပြင်ဆင်တဲ့ အရာပဲဖြစ်ဖြစ်၊ ချင်းညီနောင် နယ်မြေတွေမှာရှိတဲ့ စခန်းတွေကို ကျနော်တို့ ပြောထားသလိုပဲ ၂၀၂၄ ခုနှစ်အတွင်းမှာ စကစ ကင်းစင်အောင် ကြိုစားမယ်ဆိုတဲ့ ကျနော်တို့ ဆောင်ပုဒ်အတိုင်းပဲ ဆက်လက် ဖော်ဆောင်တာဖြစ်တယ်။ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကလည်း ကျနော်တို့က ချင်းညီနောင်နဲ့ပဲ ဆက်လက်လုပ်သွားဖို့ ရှိပါတယ်။ ၂၀၂၄ ခုနှစ် နှစ်ကုန် မတိုင်မီမှာ ကျနော်တို့ ချင်းပြည်နယ်ကို လွတ်မြောက်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာဖြစ်ပါတယ်။

မေး – ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို မစ်ရှင်ဂျေရုစလင်လို့ အမည်ပေးထားတာဆိုတော့ အဲဒီစစ်ဆင်ရေးအကြောင်း ရှင်းပြပေးပါဦး။

ဖြေ – မစ်ရှင်ဂျေရုစလင်လို့ ကျနော်တို့ ပေးတာက CNO/ CNDF ရဲ့ အခြေအနေ၊ အဓိက ကျနော်တို့ရဲ့ ဖြစ်တည်လာခဲ့တဲ့ဟာက ဖလမ်းမြို့ဟာ ဒီဖလမ်းမျိုးနွယ်စုတွေကနေ ဖြစ်တည်လာတဲ့အရာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ရဲ့ အိမ်ပေါ့လေ။ ကျမ်းစာထဲမှာ ရှိတဲ့အတိုင်းပဲ ဂျေရုစလင်မြို့ဆိုတာ အစ္စရေးလူမျိုးတွေရဲ့ မြို့တော်ကြီးဖြစ်တယ်။ အဲဒီလိုပဲ ကျနော်တို့ မြို့တော်ကြီးဖြစ်တဲ့ ဖလမ်းကို ဂျေရုစလင်ဆိုတဲ့ ဟာနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။ အဲဒါကို ကျနော်တို့ ပြန်ရအောင် ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မစ်ရှင်ဂျေရုစလင် ဆိုတဲ့ စစ်ဆင်ရေးနာမည်ကို ကျနော်တို့ CNO/ CNDF က ပေးထားတာဖြစ်တယ်။ ဒါပေမယ့် မစ်ရှင်က တကယ်ဖြစ်မြောက်အောင် ချင်းညီနောင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်မှာဖြစ်တယ်။ ချင်းညီနောင်ရဲ့ မူဝါဒအတိုင်းပဲ ကျနော်တို့သွားမယ်။ ချင်းညီနောင်ရဲ့ စစ်ဆင်ရေးဗျူဟာအတိုင်းပဲ ကျနော်တို့ သွားမှာဖြစ်ပါတယ်။

မေး – ဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီး တခြားဘာများဖြည့်စွပ်ပြောချင်တာရှိပါလဲ?

ဖြေ – အခုချိန်မှာဆိုရင် ချင်းညီနောင်ရဲ့ မူဝါဒအတိုင်းပဲ ၂၀၂၄ မှာ ဖလမ်းကို ရယူဖို့အတွက် ပြင်ဆင်နေတယ်။ ကျနော်တို့ ၂၀၂၄ အတွင်းမှာ ပြီးစီးအောင်တော့ ကြိုးစားပြီး လုပ်ဆောင်မှာဖြစ်တယ်။ ဖလမ်းမြို့စစ်ဆင်ရေးမှာကတော့ ချင်းညီနောင်ရဲ့ ဦးဆောင်မှုအားဖြင့် ကျနော်တို့ သွားမှာဖြစ်တယ်။ ဒါပေမယ့်လည်း ပါဝင်မယ့် အဖွဲ့အစည်းတွေကတော့ ကျနော်တို့မှာ များပါတယ်။ အဲဒါကိုတော့ နောက်ပိုင်းမှာ ကျနော်တို့ စစ်ဆင်ရေး အောင်မြင်မှ ပြန်ထုတ်ပြန်မှာဖြစ်တယ်။ မဟာမိတ် အများကြီးနဲ့ လုပ်ထားတာဖြစ်ပါတယ်။ မစ်ရှင်ကိုတော့ ချင်းညီနောင်ရဲ့ မစ်ရှင်အနေနဲ့ပဲ ကျနော်တို့ သွားမယ်။ တခြားမဟာမိတ် အဖွဲ့တွေလည်း ရှိနေပါတယ်။ ဒါကိုတော့ အောင်မြင်မှုရတဲ့အချိန်မှာ ပါဝင်တဲ့အဖွဲ့တွေကို သတင်းမီဒီယာမှာ ပြန်ဖော်ပြပေးမယ်လို့ ပြောချင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.