Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၂ နှစ်အတွင်း CDF-Mindat နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၂၀ဝ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ဝ နီးပါး ရှင်းလင်းနိုင်ခဲ့

၂ နှစ်အတွင်း CDF-Mindat နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၂၀ဝ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ဝ နီးပါး ရှင်းလင်းနိုင်ခဲ့

0
By Editor on April 25, 2023 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့က ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၂၁၈ ကြိမ် ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၄၅၄ ဦးတို့ကို သုတ်လင်းရှင်းလင်းခဲ့ကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တပ်ဖွဲ့ဝင် ၅၅ ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်ခဲ့ကြရသည်ဟု တော်လှန်ရေး (၂) နှစ်ပြည့်နေ့ ယမန်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က ထုတ်ပြန်ထားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ရီလ (၂) ရက်ညမှ စတင်ပြီး အကြမ်းမဖက်သည့်နည်းဖြင့် စစ်အာဏာရှင်အား မထောက်ခံကြောင်း လမ်းမကြီးများပေါ်တွင် Spray Compaign စတင်ကာ မင်းတပ်မြို့ပေါ်တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သပိတ်ဖြိုခွင်းခြင်း၊ ပြည်သူများအား ဖမ်းဆီးခြင်းများ ပြုလုပ်လာပါက ချင်းရိုးရာဓလေ့ထုံးတမ်းများဖြင့် ပြန်လည်ခုခံတုံပြန်သွားမည်ဖြစ်ကြောင်း သပိတ်မိန့်ခွန်းများတွင် အကြိမ်ကြိမ် ထည့်သွင်းပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

မင်းတပ်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် လူမဲ့သပိတ် “NUG” ဟူသော စာတမ်းရေးသားနေသည့် အရပ်သား ပြည်သူ (၇) ဦးကို စစ်ကောင်စီ က ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ ညမှစကာ မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူတစ်ရပ်လုံးက စစ်ကောင်စီအား ရရာ လက်နက်ဖြင့် ပြန်လည်ခုံခံတော်လှန်ခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) နှင့် စစ်ကောင်စီတို့သည် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်မှ ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ =အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီ စစ်ကောင်စီတပ်သား (၄၅၄) ဦးသေဆုံးကာ ရဲကား (၁) စီး၊ စစ်ကား (၆) စီး၊ JCB ၁ စီး၊ ကား(၂) စီး ပျက်ဆီးခဲ့သည့်အပြင် မကွီးအိမ်နူးရဲစခန်း သိမ်းပိုက်နိုင်ခဲ့ကာ သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

၎င်းအပြင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) မှ အသက်ပေးလှူခဲ့ကြသော ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ရဲဘော်ရဲဘက် (၅၅) ဦးကို ဂုဏ်ပြုသတိရရရင်း စစ်ကောင်စီတပ်အား ပြန်လည်ခုခံတော်လှန်နေသည့် တော်လှန်ရေးမဟာမိတ်အင်အားစုများနှင့် လက်တွဲပူးပေါင်းကာ မိမိတို့၏ အန္တိမပန်းတိုင်ဖြစ်သော ဖယ်ဒရယ်ဒီမိုကရေစီရရှိသည့်အထိ မဆုတ်မနစ်သော ဇွဲလုံးလဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ချက် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.