Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၂ လကျော်ကြာ ပိတ်ထားသော ကလေး-သိုင်းငင်းလမ်း ပြန်ဖွင့်

၂ လကျော်ကြာ ပိတ်ထားသော ကလေး-သိုင်းငင်းလမ်း ပြန်ဖွင့်

0
By Editor on January 22, 2024 Headline

(002MG)

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်-ဖလမ်း-ဟားခါး-ရိခေါဒါရ်မြို့များသို့ အဓိကဆက်သွယ်သော ကလေး-သိုင်းငင်းကားလမ်းမကြီးကို ယနေ့ ဇန်န၀◌ါရီလ ၂၂ ရက်ကစ၍ ပြန်လည်အသုံးပြု၍ရပြီဟု CDF/CDM-Siyin က ထုတ်ပြန်သည်။

ကလေး-သိုင်းငင်း ကားလမ်းမကြီးကို ၂၀၂၃ ခုနှစ် နို၀င်ဘာလကုန်ပိုင်းကတည်းက လုံခြုံရေးအခြေအနေကြောင့် CDF/CDM-Siyin တပ်ဖွဲ့က ပိတ်ပင်ထားခဲ့ခြင်းဖြစ်ပြီး ဇန်န၀◌ါရီလ ၁၆ ရက်နေ့က သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက်မှာ ယခုကဲ့သို့ အများပြည်သူများ ပြန်လည်အသုံးပြုနိုင်ရန် ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

“လမ်းပိတ်ထားတဲ့ နှစ်လကျော်အတွင်း သည်းခံပေးကြသော ခရီးသွားပြည်သူအားလုံးအပေါ် ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်” ဟု CDF/CDM-Siyin က ဆိုသည်။

သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို လေ့လာကြည့်ရှုချင်သူ ပြည်သူများရှိပါက CDF CDM SIYIN ထံ အကြောင်းကြားပြီးမှ သွားလာကြည့်ရှုလေ့လာနိုင်ပြီး CDF CDM SIYIN ထံ အကြောင်းမကြားပဲ လေ့လာကြည့်ရှုနေရင်း တစ်စုံတစ်ခုဖြစ်ခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း CDF CDM SIYIN က ဖော်ပြထားသည်။

ကလေး-သိုင်းငင်းကားလမ်း ၂ လကျော်ကြာ ပိတ်ပင်ထားသည့်ကာလအတွင်း ပြည်သူများအနေဖြင့် ခရီးသွားလာတွင် အခက်အခဲများစွာ ကြုံခဲ့ကြရပြီး ကလေးမြို့မှ ချင်းတောင်သို့သွားရာတွင် ရှောင်ကွင်းလမ်းမှသွားရသည့်အတွက် ကားခ အဆမတန်မြင့်တက်ခြင်း၊ ကုန်တင်ကား မရောက်နိုင်သောကြောင့် ကုန်စ္စည်းပြတ်လပ်မှုများလည်း အကြီးအကျယ် ကြုံခဲ့ ကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.