Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၂ လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးသေဆုံးဟု CDF-Kanpetlet ဆို

၂ လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးသေဆုံးဟု CDF-Kanpetlet ဆို

0
By Editor on March 7, 2022 Headline

ချင်းပြည်နယ်‌တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြားဖြစ်ပွားသည့် နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

မကွေးတိုင်း ဆောမြို့နယ်အပါအဝင် ကန်ပက်လက်မြို့နယ်တွင် ဇန်နဝါရီလ ၂၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CDF-Kanpetlet က မတ်လ ၆ ရက်နေ့က ထုတ် ပြန်သည်။

ကန်ပက်လက်မြို့နယ်နှင့်မကွေးတိုင်းနယ်စပ်ဘက် မဆာတွီ၊ ဆွဲလွဲကျင်း၊ ကျင်ဒွေးနှင့် မောချောင်ရွာဘက်တွင် စစ် ကောင်စီတပ်နှင့် CDF-Kanpetlet တို့ တိုက်ပွဲဖြစ်ပွားမှု ၅ ကြိမ်ရှိခဲ့ပြီး ကန်ပက်လက်မြို့နှင့် အပေါရွာနားတွင် တစ်ကြိမ်စီ၊ မကွေးတိုင်းဆောမြို့တွင် ၂ ကြိမ် စုစုပေါင်း ၉ ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီနှင့် ၂ လတာဖြစ်ပွားသည့်တိုက်ပွဲအတွင်း CDF-Kanpetlet မှရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးလက်နက်ကြီးထိမှန်ပြီးသေဆုံးခဲ့သည်။

စစ်ကောင်စီတပ်များသည် မောချောင်းရွာမှ ပြည်သူနေအိမ် လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး လူနေအိမ်များဖောက်ထွင်းကာ ပစ္စည်းများခိုးယူခဲ့ကြသည့်အပြင် မဆာတွီကျေးရွာတွင် နွားနောက်နှစ်ကောင်ကိုလည်း ပစ်သတ်ကာ တစ်ကောင်ချက်စားပြီး တစ်ကောင်ယူဆောင်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ဖြစ်ပွားသောတိုက်ပွဲတွင် CDF-Kanpetlet နှင့်အတူ PDF-Saw၊ ယောကာကွယ်ရေးတပ်ဖွဲ့ YDF၊ CDF-Daai၊ ချင်းအမျိုးသားတပ်မတော် CNA တပ်တို့ကလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

အလားတူ ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်မှာလည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း ၅ ကြိမ်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၅၁ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၅၀ ခန့်ရှိသည်ဟု CNDF ကထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲအတွင်း CNDF တပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦးကျဆုံးခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

CNO/ CNDF ခေါင်းဆောင်တချို့နှင့် NSPNC ကိုယ်စားလှယ်များ တွေ့ဆုံမှု တရားဝင်မှု၊ ကိုယ်စားပြုမှု မရှိဟု CNO ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.