Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၃ နှစ်အတွင်း လူနာပေါင်း တစ်သိန်းခွဲကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ဟု CHO ထုတ်ပြန်

၃ နှစ်အတွင်း လူနာပေါင်း တစ်သိန်းခွဲကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ဟု CHO ထုတ်ပြန်

0
By Editor on October 30, 2024 Headline

(004SS)

ချင်းကျန်းမာရေးအဖွဲ့-CHO က ချင်းပြည်နယ်တွင် ၃ နှစ်တာကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၅ နှစ်အောက်ကလေး ငယ်အပါအဝင် လူနာပေါင်းတစ်သိန်းခွဲကျော်ကို ကျန်းမာရေးကြည့်ရှုကုသမှုပေးနိုင်သည်ဟု ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် Chin Health Organization ချင်းကျန်းမာရေးအဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ ၂၀၂၄ ခုနှစ် ဇွန်လအထိ ၃ နှစ်နီးပါးအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၅ နှစ်အောက်ကလေးအပါအဝင် လူနာစုစုပေါင်း ၁၅၆,၇၃၈ ဦးအား ကျန်းမာရေး ကြည့်ရှုကုသစောင့်ရှောက်ပေးခဲ့သည်ဟု ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

လက်ရှိချင်းပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများကို ဆေးရုံ ၁၃ ရုံ၊ ဆေးခန်း ၁၀ ခုနှင့် ရွေ့လျားဆေးခန်း ၁၄ ခုပေါ်အခြေခံ၍ စုစုပေါင်းကျန်းမာရေးအင်အားစု ၅၀၀ ခန့်ဖြင့် ဆောင်ရွက်နေပြီး ချင်းပြည်နယ် လူဦးရေ ၃၄၆၉၃၇ နှင့် ကျေးရွာပေါင်း ၇၉၈ ရွာကို လွှမ်းခြုံနိုင်ခဲ့ပြီးဖြစ်သည်ဟု CHO ကဆိုသည်။

ကျန်းမာရေးဝန်ဆောင်မှုများတွင် မိခင်၊ကလေး၊ပျိုရွယ်သူနှင့်မျိုးဆက်ပွားကျန်းမာရေး၊ စိတ်ကျန်းမာရေးနှင့် အာဟာရစောင့်ရှောက်မှုများပါဝင်သော ပမာဏကျန်းမာရေးစောင့်ရှောက်မှု နှင့် ခွဲစိတ်ကုသရေးလုပ်ငန်းများ၊ ငှက်ဖျား၊ တီဘီ၊ အိပ်ချ်အိုင်ဗီနှင့် မသန်စွမ်းသူများကျန်းမာ ရေးလုပ်ငန်းများပါဝင်ကြောင်းသိရသည်။

အရေးပေါ်လူနာလွှဲပြောင်းကုသရာတွင် ၂၀၂၃ ခုနှစ်အထိ လူနာပေါင်း ၇၉၆ ဦးကိုပံ့ပိုးနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းအနေဖြင့် မိခင်နှင့် ကလေးစုစုပေါင်း ၃၀၀၀၀ ကျော်ကို အသက်အရွယ်အလိုက် ရရှိရမည့်ကာကွယ်ဆေး ၇ မျိုးကို ထိုးနှံခဲ့ပြီးဖြစ်သည်ဟုလည်းဆိုပါသည်။

ထို့အပြင် ပြည်တွင်းတွင်သာမကပဲ နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်ပြည်သူများကိုလည်း ကျန်းမာစောင့်ရှောက်မှုများပေးနေပြီး မီဇိုရမ်ပြည်နယ်တွင်းရှိ ခရိုင် ၇ ခုတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ဆေးခန်း ၁၀ ခု ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

ဆေးရုံဆေးခန်းများသို့ လက်လှမ်းမမှီကြသော၊ မသွားရောက်နိုင်ကြသောလူနာများအတွက်လည်း ဖုန်း၊ အွန်လိုင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ချင်းတယ်လီကျန်းမာအဖွဲ့မှ ဝန်ဆောင်မှုပေးနေသည်ဟုသိရသည်။

ချင်းကျန်းမာရေးအဖွဲ့သည် မည်သည့်ပါတီ၊ အဖွဲ့အစည်းနှင့် လူပုဂိုလ်တစ်ဦးတစ်ယောက်၏ လက်အောက်ခံ၊ သြဇာခံမဟုတ်ဘဲ ပြည်သူလူထု၏ ကျန်းမာရေးအကျိုးစီးပွားကို ဦးထိပ်ထားရှေ့တန်းတင်သည့် ကျန်းမာရေးအင်အားစုများဖြင့် အဓိကဖွဲ့စည်းထားသော လွတ်လပ်စွာဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လိုင်ဇာတွေ့ဆုံပွဲတွင် NUG အစိုးရ၊ KIO/KIA တို့နှင့် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့ဟု CB ပြော

ဇိုမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

UNHCR မှ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ချက် (RSD) Interview ကို မနက်ဖြန်မှစ၍ စတင်ခေါ်ယူမည်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.