Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»၄ လတာတိုက်ပွဲကာလအတွင်း CDF – KKG မှ တပ်စုမှူးအပါအဝင် ရဲမေ၊ ရဲဘော် ၁၂ ဦးကျဆုံး

၄ လတာတိုက်ပွဲကာလအတွင်း CDF – KKG မှ တပ်စုမှူးအပါအဝင် ရဲမေ၊ ရဲဘော် ၁၂ ဦးကျဆုံး

0
By Editor on January 16, 2026 Khonumthung

(006SV)

ချင်း – စစ်ကိုင်းအစပ် ကလေးမြို့နယ်ထဲက စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့၏ လေးလတာ တိုက်ပွဲကာလအတွင်း CDF – KKG တပ်ဖွဲ့မှ အမျိုးသမီးရဲမေနှင့် ရဲဘော် ၁၂ ကျဆုံးသည်ဟု သိရသည်။

အောက်တိုဘာလ ၁၈ ရက်က ကလေးမြို့နယ်၊ မှန်တောနှင့် အောင်သာယာကျေးရွာဝန်းကျင်က တိုက်ပွဲများတွင် CDF – KKG ၏ တပ်ရင်း ၄ နှင့် တပ်ရင်း ၇ တို့မှ ရဲဘော် ၄ ဦးကျဆုံးခဲ့ရပြီး အောက်တိုဘာလ ၂၀ ရက်က လက်ပံချောင်းတိုက်ပွဲတွင် တပ်ရင်း ၁ တပ်စုမှူး ၁ ဦး၊ အောက်တိုဘာလ ၂၅ ရက်က အောင်သာယာရွာတိုက်ပွဲမှာ တပ်ရင်း ၂ ရဲဘော် ၁ ဦးတို့ ကျဆုံးရသည်ဟု သိရသည်။

တပ်ရင်း ၇ ရဲဘော် မှ Bawi Tuah Kim နှင့် ရဲဘော် Pum Luah Cin (ခ) Pum Lua ၊ တပ်ရင်း ၄ မှ ရဲဘော်ဖြိုးကိုအောင်၊ ရဲဘော် မင်းကို၊ တပ်ရင်း ၂ ရဲဘော် မောင်အေး (ခ) ရဲမာန် နှင့် တပ်ရင်း ၁ မှ တပ်စုမှူး Pu Lian Khem တို့ ကျဆုံးရခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၈ ရက် မှန်တောရွာတိုက်ပွဲတွင် တပ်ရင်း ၁ မှ ရဲဘော်ဇေယျာမျိုးနှင့် တပ်ရင်း ၃ မှ ရဲဘော် Bi Za Ting ကျဆုံးပြီး နိုဝင်ဘာလ ၁၉ ရက်နှင့် ၂၂ ရက်က မှန်တောရွာတိုက်ပွဲမှာပင် တပ်ရင်း ၄ မှ ရဲဘော် ကြယ်ဇင်ကျော်နှင့် ရဲဘော် ရန်လင်းအောင် တို့ ကျဆုံးရသည်ဟု သိရသည်။

ဒီဇင်ဘာလ ၁၈ ရက်တွင် တပ်ရင်း ၇ မှ ရဲမေ Dim Man Cing သည် ကျန်းမာရေး အခြေအနေကြောင့် ကျဆုံးခဲ့ရပြီး ယခုနှစ် ဇန်နဝါရီလ ၄ ရက် အနောက်တောလေးရွာ တိုက်ပွဲတွင် တပ်ရင်း ၅ မှ ရဲဘော် ရှိုင်းထက်စိုး (ခ) ပိန်သေး ကျဆုံးရသည်ဟု သိရသည်။

အဆိုပါ ရဲဘော်များသည် စစ်အာဏာရှင်ကို တိုက်ခိုက်ချေမှုန်းပြီး စစ်အာဏာရှင်စနစ် ပပျောက်ရေး၊ ပြည်သူလူထု ကာကွယ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တိုက်ပွဲကာလများတွင် ကျဆုံးရခြင်းဖြစ်သည်ဟု သိရသည်။

တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုအပေါ် CDF – KKG အနေဖြင့် အထူးလေးစား ဂုဏ်ပြုပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းပါကြောင်း ကြေညာချက်များတွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.