Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»သြစတီးလျားသံရုံးက အိန္ဒိယရောက်ချင်းဒုက္ခသည်တွေ အင်တာဗျူးပြန်ခေါ်

သြစတီးလျားသံရုံးက အိန္ဒိယရောက်ချင်းဒုက္ခသည်တွေ အင်တာဗျူးပြန်ခေါ်

0
By Editor on April 18, 2019 Headline

By မိုး​ကျော်​ – ချင်းဒုက္ခသည်များ နိုင်ငံတကာအကာအကွယ်ပေးမှု ဆက်လက်လိုအပ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ မဟာ မင်းကြီးရုံး (UNHCR) က ပြောဆိုသည့်နောက်ပိုင်း Australian Embassy က အင်တာဗျူးပြန်​​ခေါ်ပြီး ဖြေဆိုသူ အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခ သည် မိသားစု ၃၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းက ချင်းဒုက္ခသည်များအား နိုင်ငံတကာအကာအကွယ်ပေးမှု ရပ်ဆိုင်းလိုက်ကြောင်း ဆုံးဖြတ်ချက် ကျလာသည့်နောက်ပိုင်း အိန္ဒိယရောက်ချင်းဒုက္ခသည်များကို Australian Embassy မှ လုံးဝအင်တာဗျူးမခေါ်တော့ကြောင်း သို့သော် UN က ဒုက္ခသည်များကို ဆက်ပြီးစောင့်ရှောက်မည်ဆိုသည့် စာတမ်းထွက်လာပြီးနောက် နှစ်ပတ်အကြာတွင် ယခုလို အင်တာဗျူးဆက်ခေါ်နေခြင်းဖြစ်ကြောင်း နယူးဒေလီအခြေစိုက် Chin Human Right Organization (CHRO) ရုံးတာဝန်ခံ Salai Cung Dawt က ပြောသည်။

“ချင်းဒုက္ခသည်များကို UNHCR က စောင့်ရှောက်မှုမပေးတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကျလာတဲ့နောက်ပိုင်း အိန္ဒိယရောက် ချင်းဒုက္ခသည်များကို Australian Embassy ဘက်က လုံးဝအင်တာဗျူးမခေါ်တော့ဘူး။ ဒါပေမယ့် UN က ဒုက္ခသည်များကို ဆက်ပြီး စောင့်ရှောက်မယ်ဆိုတဲ့စာတမ်းထုတ်ပြီးတဲ့ နှစ်ပတ်လောက်မှာ အင်တာဗျူးဆက်ခေါ်နေတယ်။ Private sponsor အဖြစ် အင်တာဗျူးခေါ်တဲ့သူ တော်တော်များနေပြီ။ အင်တာဗျူးခေါ်တဲ့သူ မိသားစု ၃၀ လောက်ရှိပြီး၊ လူဦးရေနဲ့ဆိုရင် ၁၀၀ ကျော် လောက် ရှိတယ်။” ဟု ပြောသည်။

ယခုလို အင်တာဗျူးဖြေဆိုပြီးသူများအနေဖြင့် အိန္ဒိယ လ.ဝ.က ထောက်ခံချက် Police Clearance Certificate (PCC) နှင့် medical checkup လုပ်ဆောင်ရပြီး အောင်မြင်သော သူများကို သုံးလအတွင်း visa ထုတ်ပေးလေ့ရှိကြောင်း Salai Cung Dawt က ခုလို ဆက်ပြောသည်။

“အင်တာဗျူးဖြေဆိုပြီးတဲ့သူက ၉၉ ရာခိုင်နှုန်း သွားလို့ရပြီဆိုတဲ့သဘောဖြစ်တယ်။ ဒေလီမှာတော့ အင်တာဗျူးလုပ်ပြီးမှ reject ခံရတဲ့သူ မရှိသေးဘူး။ အင်တာဗျူးလုပ်ပြီးရင် ကျန်းမာရေးအခြေအနေစစ်ဆေးတဲ့ (medical checkup) လုပ်ရတယ်၊ အဲဒီ နောက်ပိုင်း အိန္ဒိယ လ.ဝ.က ထောက်ခံချက် Police Clearance Certificate (PCC) ကို ယူရတယ်။ အဲဒီ PCC နှင့် medical checkup ကို Embassy မှာ ပြန်စစ်ဆေးတယ်။ အဲဒီနောက်ပိုင်းမှပဲ visa ကို သုံးလအတွင်းထုတ်ပေးတယ်။ ဒီ PCC နှင့် medical အောင်ပြီဆိုရင် သွားဖို့အလားအလာရှိပြီ၊ လုံးဝသေချာသလောက်ရှိပြီ။” ဟု ဆက်ပြောသည်။

ချင်းဒုက္ခသည်များ နိုင်ငံတကာအကာအကွယ်ပေးမှု ဆက်လက်လိုအပ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ မဟာ မင်းကြီးရုံး (UNHCR) က ပြောဆိုသည့်နောက်ပိုင်း အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်များကို UN ကဒ် အသစ်ထုတ်ပြီးသူ ထောင်ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ (Photo- Internet)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.