Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြို့နယ်အလိုက် ဘဏ္ဍာရေးခွဲဝေချပေးမှု မျှမျှတတဆောင်ရွက်ရန် ချင်းတက္ကသိုလ်ကျောင်းသားများတောင်းဆို

မြို့နယ်အလိုက် ဘဏ္ဍာရေးခွဲဝေချပေးမှု မျှမျှတတဆောင်ရွက်ရန် ချင်းတက္ကသိုလ်ကျောင်းသားများတောင်းဆို

0
By Editor on May 2, 2019 Khonumthung

By လားနွန် – ချင်းပြည်နယ်တွင် မြို့နယ်အလိုက် ပြည်နယ်အစိုးရ​​​​ ဘတ်ဂျက်ခွဲဝေချပေးရာတွင် အလွန်အမင်းကွာဟမှုမရှိဘဲ မျှမျှတတ ဆောင်ရွက်ရန်လိုအပ်သည်ဟု ချင်းတက္ကသိုလ်ကျောင်းသားများ (Chin University Student Fellowship) က ပြောဆိုလိုက်သည်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် ဧပြီလ (၂၄) မှ (၃၀) ရက်နေ့အထိ ကျင်းပပြုလုပ်သော (၂၁) ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားပွဲတော်မှ အချက် (၅) ချက်ပါသော သဘောထားကြေညာချက်ကို ထုတ်ပြန်လိုက်ကာ ချင်းပြည်နယ်အစိုးရ၏ မြို့နယ်အလိုက်ဘတ်ဂျက်ခွဲဝေမှုနှင့်ပတ်သက်၍ ထိုကဲ့သို့ထောက်ပြ ပြောဆိုလိုက်ကြခြင်းဖြစ်သည်။

ချင်းတက္ကသိုလ်ကျောင်းသား(CUSF) မှပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထောင်းထောင်းက “၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်ရဲ့ ဘက်ဂျက်ကို ကျွန်တော်တို့ ကြည့်လိုက်မယ်ဆိုရင် တော်တော်လေးကွားခြားမှုကို ကျွန်တော်တို့တွေ့ရတယ် ဒီမြို့နယ် သုံးခုရဲ့ ဘတ်ဂျက် စုစုပေါင်းက မြို့နယ်တစ်မြို့နယ်ရဲ့ ဘတ်ဂျက်ထက် နည်းနေတာကိုကျွန်တော်တို့တွေ့ရတယ် ပြည်နယ်တစ်ခုမှာ မြို့နယ်တိုင်းတန်းတူဖွံ့ဖြိုးတိုးတက်မှုလိုချင်ရင် ဒါမျိုးလုံးဝမလုပ်သင့်ဘူးလို့ ကျွန်တော်တို့မြင်တယ် ကွာတော့ ကွာရမှာပဲ ဒါပေမဲ့ အဲလောက်ကြီးတော့ မကွာသင့်ဘူးလို့ ကျွန်တော်တို့မြင်တဲ့အတွက်ကြောင့် ဒီချင်းပြည်နယ်အစိုးရအနေနဲ့ လွှတ်တော်နဲ့ ပူးပေါင်းပြီးမှ ဒါမျိုးကို နောက်တစ်ချိန် ဒီကိစ္စမှာဆိုရင်တော့ စဉ်းစားသုံးသပ်ပြီးမှ ချင်းပြည်နယ်ရဲ့ စည်းရုံးရေး တန်းတူရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဟာတွေကို အကောင်းဆုံးလုပ်လာဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟုပြောသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်ဘတ်ဂျက်မှ မြို့နယ်အလိုက်ချပေးသော ငွေလုံးငွေရင်းအသုံး စရိတ်များမှာ ဟားခါးမြို့နယ် အတွက် ကျပ်ငွေသန်း ၂၂၈၉၃၊ မတူပီမြို့နယ်အတွက် သန်း ၁၇၃၃၀၊ ဖလမ်းမြို့ နယ်အတွက် သန်း ၁၃၉၇၀၊ မင်းတပ်မြို့နယ်အတွက် သန်း၁၃၁၀၈၊ ထန်တလန်မြို့နယ်အတွက် သန်း ၁၀၆၆၃၊ ပလက်ဝမြို့နယ်အတွက် သန်း ၉၅၅၁၊ တီးတိန်မြို့နယ်အတွက် သန်း ၉၂၆၄၊ တွန်းဇံမြို့နယ်အတွက် သန်း ၇၃၈၀၊ ကန်ပလက်မြို့နယ်အတွက် သန်း ၆၇၄၇ ဖြစ်ပြီး ပြည်ထောင်စု ဘက်ဂျက်မှ ချပေးသော ချင်းပြည်နယ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်များမှာ ဟားခါးမြို့နယ်အတွက် ကျပ်ငွေသန်း ၃၁၇၆၉၊ မတူပီမြို့နယ်အတွက် ကျပ်ငွေ သန်း ၁၇၉၈၃၊ ဖလမ်းမြို့နယ်အတွက် ကျပ်သန်း ၁၄၆၇၅၊ ပလက်ဝမြို့နယ် အတွက် ကျပ်သန်း ၁၄၅၅၆၊ ထန်တလန်မြို့နယ်အတွက် ကျပ်သန်း ၈၀၃၄၊ တွန်းဇံမြို့နယ်ကျပ်သန်း ၇၇၈၆၊ တီးတိန်မြို့နယ်အတွက် ကျပ်သန်း ၆၅၆၁၊ မင်းတပ်မြို့နယ်အတွက် ကျပ်သန်း ၅၀၉၉၊ ကန်ပလက်မြို့နယ် တွက်ကျပ်သန်း ၃၈၅၄ တို့ဖြစ်ကြောင်းသိရသည်။

ဟားခါးမြို့နယ်တစ်ခုတည်း၏ ဘတ်ဂျက်သည် ကန်ပက်လက်၊ မင်းတပ်နှင့် တီးတိန်မြို့နယ် သုံးခုပေါင်း ဘတ်ဂျက်ထက် ပိုများသည်ကို တွေ့ရသည်။

ချင်းတက္ကသိုလ်ကျောင်းသားများအနေဖြင့် လာမည့် ၂၀၂၀ ခုနှစ်တွင် ကျရောက်မည့် ၇၂ မြောက်ချင်းအမျိုးသားနေ့ အခမ်းအနားကို ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် ကျင်းပရန်၊ နှစ်စဉ်မေလနောက်ဆုံးပတ်ကို စနေနေ့ကို မိမိသက်ဆိုင်ရာဒေသအသီးသီး၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုအနေဖြင့် CUSF မှသစ်ပင်စိုက်နေ့အဖြစ်သတ်မှတ်ခြင်း၊ ချင်းပြည်နယ်အတွင်းရှိ လမ်းအမည်များအား ချင်းလူမျိုးနှင့် သက်ဆိုင်သည့် အမည်များပေးအပ်ပေး ချင်းဘာသာနှင့်အတူ မြန်မာဘာသာဖြင့် ပူးတွဲရေးသားပေးရန်၊ ချင်းပြည်နယ် ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်ပေါ်လေ့ရှိသော စစ်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်ပြည်သူများအား အစိုးရမှ လူသားခြင်းစာနာထောက်ထားမှုအကူအညီများ အပြည့်အ၀ရရှိစေရေး ဆောင်ရွက်ပေးရန်နှင့် စစ်ပွဲများအမြန်ဆုံးရပ်တန့်နိုင်ရေး နည်းလမ်းရှာပေးရန်တောင်းဆိုသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ် မင်းတပ်မြို့တွင် ကျင်းပသော (၂၁) ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသား များပွဲတော်တွင် မြန်မာနိုင်ငံတက္ကသိုလ်အသီးသီးတွင် တက်ရောက်နေကြသော ချင်းကျောင်းသား ကျောင်းသူ ၅၀၀ ကျော်ပါဝင်တက်ရောက်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီစီးပြီဟုဆို

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းနိုင်ခြင်းကို ဂုဏ်ယူကြောင်း ချင်းပြည်လွှတ်တော် သဝဏ်လွှာပို့

PDF-Zoland ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသူ/သားများ လက်ခံနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.