Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နှစ်နိုင်ငံပြည်သူများ ပြည်နယ်တစ်ခုလုံးအတွင်းသွားလာနိုင်ရေး အိန္ဒိယသံအမတ်နှင့် ချင်းပြည်နယ်အစိုးရတို့ဆွေးနွေး

နှစ်နိုင်ငံပြည်သူများ ပြည်နယ်တစ်ခုလုံးအတွင်းသွားလာနိုင်ရေး အိန္ဒိယသံအမတ်နှင့် ချင်းပြည်နယ်အစိုးရတို့ဆွေးနွေး

0
By Editor on May 10, 2019 Headline

By လားနွန် – အိန္ဒိယအရှေ့မြောက်ပြည်နယ် မီဇိုရမ်နှင့် ချင်းပြည်နယ်အတွင်း နှစ်နိုင်ငံပြည်သူများအနေဖြင့် လွတ်လပ်စွာသွားလာနိုင်ရေး ကိစ္စကို ချင်းပြည်နယ်သို့ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်နှင့်ဆွေးနွေးခဲ့ကြသည်ဟု ချင်းပြည်နယ်အ စိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

၅ ရက်ကြာခရီးစဉ်ဖြင့် ချင်းပြည်နယ်သို့ရောက်ရှိနေသော အိန္ဒိယသံအမတ် မစ္စတာဆော်ရက်(ဘ်) ကူးမားသည် ယနေ့နံနက်ပိုင်းက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံးဆွေးနွေးကာ နှစ်နိုင်ငံပြည်သူများ ၁၃ ရက်ညအိပ် ၁၄ ရက်ခွင့်ပြုရက်ဖြင့် ပြည်နယ်တစ်ခုလုံးအတွင်းသွားလာနိုင်ရေးကို ဆွေးနွေးခဲ့သည်ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။

” အဓိကတော့ နယ်စပ် ရိခေါဒါရ်ကနေ အိန္ဒိယဘက်ကိုမီဇိုရမ်ပြည်နယ်ရဲ့ မြို့တော် အိုင်ဇောအပါ မီဇိုရမ်ပြည်နယ်တစ်ခုလုံးကို ကျွန်တော်တို့ ချင်းပြည်နယ်ကလူတွေရော မြန်မာပြည်ကလူတွေပါ ၁၃ ညအိပ် ၁၄ ရက် သွားတဲ့ဥစ္စာကို အခုခွင့်ပြုထားတာ ၁၆ ကီလိုမီတာပဲခွင့်ပြုထားတယ် အဲဒါကိုပြည်နယ်တစ်ခုလုံးကိုသွားခွင့်ရဖို့ ကျွန်တော်တို့ဖက်မှာလည်း ချင်းပြည်နယ်ကို အိန္ဒိယဖက်ကလူတွေ တတိယနိုင်ငံကလာလို့ရှိရင် ၁၃ ညအိပ် ၁၄ ခွင့်ပြုထားတဲ့ဥစ္စာကို ချင်းပြည်နယ် မြို့တော် ဟားခါးမြို့အပါ မြို့နယ်အားလုံးကိုသွားခွင့်ရဖို့ အဲဒါလေးတွေဆွေးနွေးတယ်” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

ယခုလက်ရှိ နှစ်နိုင်ငံသဘောတူညီချက်အရအရ နှစ်နိုင်ငံပြည်သူများသည် နယ်စပ်မှ ၁၆ ကီလိုမီတာအထိသာ တရားဝင်ခွင့်ပြုချက်ဖြင့် သွားလာခွင့်ရှိပြီး ပြည်နယ်တစ်ခုလုံးသွားလာခွင့်ရရှိနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ မြန်မာပြည်အစိုးရနဲ့ အိန္ဒိယအစိုးရနဲ့ နှစ်ဦးသဘောတူထားတာ နယ်စပ်ဂိတ်တွေမှာ ၁၃ ညအိပ် ၁၄ ရက် ဗီဇာနဲ့ အဲလိုသွားခွင့်ပေးထားတာ ဒါပေမဲ့ ပေးတာက ၁၆ ကီလိုမီတာပဲပေးတယ် ၅ မိုင်ကျော်ပဲရှိတယ်လေ အဲလိုပေးပြီးတော့ ၁၃ ညအိပ် ၁၄ ရက် ပေးပြီးဘာမှမထူးဘူး သွားလို့မှမရတာ အဲဒါကြောင့် ဟိုဘက်ပြည်တစ်ခုလုံးသွားလို့ရအောင် ကျွန်တော်တို့ဘက်မှာလည်း ပြည်နယ်တစ်ခုသွားလို့ရအောင် အဲဒါဆိုရင်တော့ အကျိုးရှိမှာပေါ့ ဟိုဘက်မှာလည်းကိုယ့်အမျိုးတွေ ဒီဘက်မှာလည်းကိုယ့်အမျိုးတွေ သွားလာလည်လို့ရတာပေါ့ အခုကတော့ ၁၃ ညအိပ် ၁၄ နေခွင့် ဗီဇာပေးပေမဲ့ ၁၆ ကီလိုဆိုရင် နယ်စပ်မြို့လေးတစ်မြို့ပဲရတာလေ အဲလိုဖြစ်နေတာ ကျွန်တော်တို့က ဟိုဘက်ပြည်နယ်တစ်ခုလုံး ဒီဘက်ပြည်တစ်ခုလုံးသွားလို့ရတယ်ဆိုရင် ကောင်းကျိုးတွေအများကြီးဖြစ်လာမှာပေါ့ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းတွေဖွံ့ဖြိုးလာမယ် နောက်ပြီး ကိုယ်စီကုန်စည်စီးဆင်းမှုတွေပေါ့ ကုန်သည်တစ်ယောက်က တစ်ခါတည်းသူ့ကုန်တွေကိုတစ်ခါတည်း မီဇိုရမ်ပြည်နယ်ထိသွားရောင်းလို့ရမယ်လေ ဒီကကားနဲ့ တိုက်ရိုက်ရောင်းလိုက်မယ် မီဇိုရမ်ပြည်နယ်ကလူက သူတို့ကားနဲ့တစ်ခါတည်း ကျွန်တော်တို့ပြည်နယ်ထဲကိုလှည့်ပြီးရောင်းလို့ရမယ် နောက်ပညာရေးကိစ္စတွေအကျိုးရှိမယ် နောက်ဆေးကုမယ်ဆိုလည်း ဟိုဘက်ကိုလည်း ဆေးကုလို့ရမယ် ဒီဘက်မှာလည်းဆေးလာကုလို့ရမယ် အဲလိုမျိုးတွေပေါ့” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

အိန္ဒိယသံအမတ်ကြီးကလည်း အဆိုပါကိစ္စကို အိန္ဒိယအစိုးရထံသို ပြန်လည်တင်ပြပြီးနောက် အကြောင်းပြန်ကြားမည်ဟု ပြောဆိုခဲ့သည်။

ယနေ့တွေ့ဆုံပွဲတွင် ချင်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပိုမိုတိုးတက်လာစေရေး၊ ကျေးလက်မီးလင်းရေး၊ အကောက်ခွန်ဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် ချင်းပြည်နယ်-အိန္ဒိယ လမ်း၊ တံတားတည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.