Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါး-ထန်တလန်အကြား သီမြစ်အနီးတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖက်က ၂ ဦးကျဆုံး၊ စစ်ကောင်စီဖက်လည်း ထိခိုက်သေဆုံးမှုများနိုင်

ဟားခါး-ထန်တလန်အကြား သီမြစ်အနီးတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖက်က ၂ ဦးကျဆုံး၊ စစ်ကောင်စီဖက်လည်း ထိခိုက်သေဆုံးမှုများနိုင်

0
By Editor on July 3, 2023 Headline

(04SS)

ချင်းပြည်နယ်၊ ဟားခါးနှင့် ထန်တလန်အကြား သီမြစ်လွင်ပြင်တဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ယနေ့မနက်ပိုင်း လင်းအားကြီးချိန်ကစ၍ တိုက်ပွဲဖြစ်ပွါးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်၂ ဦးကျဆုံးပြီး ဒါဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၃ ရက်နေ့ အာရုံဦးအချိန်တွင် ဟားခါး-ထန်တလန်အကြား သီတာရွာသို့ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကြဲပြီးနောက် သီမြစ်လွင်ပြင်တဝိုက်က ချင်းကာကွယ်ရေးတပ်ဖွဲ့များရှိသည်ဟု ယူဆရသောနေရာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ နာရီဝက်ကျော်ကြာ နှစ်ဘက် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဟု သိရသည်။

“ဒီနေ့မနက်အစောကြီး မိုးမလင်းခင်အထိ တောက်လျှောက် ပစ်ခတ်တယ်၊ သီတာရွာကို ဂျက်ဖိုက်တာက ဗုံးလာကြဲတယ်။ ပြီးတော့မှ သီမြစ်ဘက် ဒေသကာကွယ်ရေးတပ်စခန်းကို သူတို့ လာပစ်တယ်။ အဲမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တာပေါ့။ အဲမှာ CDF-Thantlang က ရဲဘော် ၁ ဦး နဲ့ CDF-Zophei က ရဲဘော်၁ ဦး ကျဆုံးတာပေါ့နော် ပြီးတော့ ဒါဏ်ရာရတဲ့သူ ၆၊၇ ယောက်လောက်ရှိတယ်။ စစ်သားတွေကတော့ ဘယ်လောက်သေတယ် ဆိုတာအတိအကျတော့ ပြောလို့ မရပေမဲ့ ထိခိုက် သေဆုံးမှု များမယ်၊ ဘာလို့လဲဆိုတော့ တိုက်ပွဲက အနီးကပ် ပစ်ခတ်တာဆိုတော့ အဲလိုပြောနိုင်တာပေါ့” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ယခုမနက်ပိုင်း ဖြစ်ပွားသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က ဟားခါးမြို့ရှိ လွတ်လပ်ရေးကျောင်တိုင်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးခဲ့ကြောင်းလည်း သိရသည်။

လွန်ခဲ့သည့် မေလ ၂၅ ရက်နေ့မှစတင်ကာ သီမြစ်လွင်ပြင်အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေခဲ့ကာ မေလ ၂၉၊ ၃၀ ရက်နေ့နှင့် ယနေ့ ဇူလိုင်လ ၃ ရက်နေ့များတွင် နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခြင်းဖြစ်သည်။

ယမန်နေ့ ည ၈ နာရီခွဲဝန်းကျင်တွင် ဟားခါးမြို့ပေါ် BOC ရုံး၊ စုပေါင်းရုံးအနီးတဝိုက်နှင့် ဟားခါးဆေးရုံတွင် သေနတ်ပစ်ခတ်ခြင်းများရှိပြီး ဆေးရုံဝန်းရှိ ခွဲစိတ်ဆောင်နှင့် ဝန်ထမ်းကွာတာအား သေနတ်မှန်ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုအတောအတွင်း ဟားခါးမြို့ပေါ်တွင် နှစ်ဘက်တိုက်ပွဲမရှိသော်လည်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်လေ့ရှိသည်။

Photo – The Chinland Post

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.