Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၃ လနီးပါးကြာ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ရဲအရာရှိများအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းမိဟု CNDF ထုတ်ပြန်

၃ လနီးပါးကြာ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ရဲအရာရှိများအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းမိဟု CNDF ထုတ်ပြန်

0
By Editor on January 31, 2025 Headline

အင်အားဖြည့်ထားသည့် ခလရ ၂၆၈ ကို မကြာမီသိမ်းနိုင်ရန် ဆောင်ရွက်နေဟုဆို

(006SV)

၃ လနီးပါးကြာမြင့်လာပြီဖြစ်သည့် ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ရဲအရာရှိကြီးများအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းဆီးရမိပြီး စစ်အင်အားဖြည့်ထားသည့် ခလရ – ၂၆၈ ကိုလည်း မကြာမီ အပြီးသိမ်းနိုင်ရန် ဆောင်ရွက်နေကြောင်း ချင်းအမျိုးသားကာကွယ်ရေး တပ် CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

“ဖလမ်းလက်ရှိ အခြေအနေက ဇန်နဝါရီလအတွင်းမှာ သူတို့ စစ်ကူနောက်ထပ်ချတဲ့ ဟာ ရှိပါတယ်။ ဖလမ်းက ၂၆၈ တကုန်းတည်းပဲ ကျန်ပါတော့တယ်။ အားလုံးကို‌ သိမ်းထားပြီ။ မကြာခင်အချိန်မှာတော့ ဒီ ၂၆၈ ကို သိမ်းပိုက်လို့ရအောင် ချင်းညီနောင်အနေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဆလိုင်းတီမီက ပြောသည်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ချင်းတောင်ပိုင်းက မင်းတပ်မြို့နှင့် ချင်းမြောက်ပိုင်း ဖလမ်းမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ နိုဝင်ဘာလ ၉ ရက်က တပြိုက်နက် စတင်ခဲ့ပြီ တလခန့်ကြာတွင် မင်းတပ်မြို့ကို သိမ်းနိုင်ခဲ့သော်လည်း ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ဆက်လက် ဆောင်ရွက်နေကြသည်။

ဖလမ်းမြို့ မကျစေရန်အတွက် စစ်ကောင်စီသည် ဇန်နဝါရီလက ရဟတ်ယာဉ်ဖြင့် နောက်ဆုံးကျန်ရှိနေသော ခလရ – ၂၆၈ တပ်ကုန်းကို အင်အား ၃၀ ခန့် စစ်ကူပို့ထားပြီး လေကြောင်းပစ်ကူအများအပြားဖြင့် ခုခံနေကြောင်း သိရသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေး စတင်ပြီး နှစ်ရက်အကြာတွင် ဖလမ်းမြို့ပေါ် ရဲစခန်းများမှ ရဲအရာရှိကြီးများ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄၅ ဦးကို လက်နက်ခဲယမ်းအများအပြားနှင့်အတူ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၂၄ ဒီဇင်ဘာလ ၁၆ ရက်က စစ်ကောင်စီသည် ဖလမ်းမြို့ကို စစ်ကူအင်အား ၉၇ ဦးကို လေကြောင်းမှ ချပေးရာ ချင်းညီနောင် ပူးပေါင်းတပ်က ချက်ချင်းပင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၆ ရက်မှာပင် စစ်ကူအင်အားအားလုံးကို ဖမ်းဆီးခြင်း၊ ချေးမှုန်းခြင်းနှင့် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။

“စစ်ကူချတာနဲ့ ချက်ချင်း ကျနော်တို့ တိုက်ခိုက်တယ်။ ဒီဇင်ဘာလ မကုန်ခင်၊ ၂၆ ရက်မှာ အကုန်လုံးကို သုတ်သင်ရှင်းလင်းပြီးတော့ တချို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းခဲ့ပါတယ်။ သူတို့က ကလေးဘက်ကို ပြေးပြီ ဆုတ်မယ့် သဘောပါ။ တောထဲမှာ ဖမ်းမိတာ ရှိတယ်။ သူ့ဟာနဲ့ သူ သေတာလည်း ရှိတယ်။ ဒဏ်ရာတွေနဲ့ ဆုံးတာလည်း ရှိတယ်။ ကျနော်တို့ ကြားသိတာက ၄ ဦးလောက်ပဲ ကလေး ဘက်ကို ရောက်တယ်လို့ ကြားပါတယ်။ ကျန်တာက အကုန်ကျနော်တို့ ရှင်းလင်းရေး လုပ်နိုင်ခဲ့ပါတယ်” ဟု ဆလိုင်းတီမီက ပြောသည်။

ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း ၁၀၀ ကျော်ကို နိုင်ငံတကာ ဥပဒေများအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားပြီး ဆေးဝါးကုသရန် လိုအပ်သူများကို ဆေးဝါးကုသပေးထားကြောင်း သိရသည်။

စစ်သုံ့ပန်းများထဲတွင် ရန်ကုန်ဘက်မှ ပေါ်တာဆွဲခံရခြင်း၊ စစ်မှူထမ်းဥပဒေအရ အဆွဲခံရခြင်း၊ အရက်မူးပြီးပါလာခြင်း၊ ထောင်ကျခံရပြီး စစ်မှူထမ်းရသူများပါဝင်ကြောင်း၊ စစ်မှူထမ်းဥပဒေအရ အဆွဲခံရသော လူငယ်များက ပိုများပြီး တချို့စစ်သားများမှာ အတော်ငယ်ရွယ်သူများဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.