Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နယ်လှည့်ခရစ်ယာန်သာသနာပြုအဖွဲ့အား အစိုးရစစ်တပ် က ငွေ နှစ်သိန်းတောင်း

နယ်လှည့်ခရစ်ယာန်သာသနာပြုအဖွဲ့အား အစိုးရစစ်တပ် က ငွေ နှစ်သိန်းတောင်း

0
By Editor on February 21, 2015 Khonumthung

ယခုလ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း နှစ်ခြင်း ခရစ်ယာန် သာသနာပြုနယ် လှည့်အဖွဲ့အား ဒေသအခြေစိုက် ခလရ ၂၈၉၊ ခ၀ဲ စခန်း ထိုင် စစ်ကြောင်းမှူးက မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာ မပါကြောင်း ဆိုပြီး ကျပ်ငွေ (၂၀၀၀၀၀) တောင်းယူခဲ့သည်ဟု သိရသည်။

ပလက်ဝ အခြေစိုက် နယ်လှည့်ခရစ်ယာန်သာသနာပြုအဖွဲ့ ၁၀ ဦးသည် ပလက်ဝမြို့နယ်အတွင်း ပီချောင်း နယ်ရှိ ကျေးရွာများတွင် နယ်လှည့် ခရစ်ယာန် ဓမ္မ တရားဟောကြားသည့် ခရီးစဉ်အတွင်း တပေါက်ကံရွာတွင် ခလရ ၂၈၉၊ နယ်လှည့် စစ်ကြေင်းမှူးနှင့် အဖွဲ့က ငွေတောင်း ခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးထောက်ခံစာကို ခါတိုင်းလည်း မယူပါဘူး၊ ဘယ်လိုမှ ပြောလို့ ဆိုလို့မရတဲ့ အဆုံး ကျပ်ငွေ နှစ်သိန်း တောင်း တယ်၊ မနည်းတောင်းပန်ပြီးမှ ကျပ်ငွေ ၁၈၀၀၀၀  ပေးရတယ်၊ ည ၁၁ နာရီခန့်မှာ ကျတော်တို့ တည်းတဲ့အိမ်ကို လာကြတယ်၊ နောက်နေ့ ကျတော်တို့ ပလက်ဝဖက် အလှည့်မှာ ကျေးရွာ အုပ်ချုပ်ရေး က ကျတော်တို့ကို ပြန်လည်လိုက်လာပြီး ကျပ်ငွေ  ၂၀၀၀၀ ပြန်လာပေးခိုင်းတယ်” ဟု နှစ်ခြင်း သာသနာပြု နယ်လှည့် တာဝန်ခံ ဓမ္မဆရာတော် ဦး ဟွေ့ကြိုင်က ပြော သည်။

သာသနာပြုအဖွဲ့သည် အစိုးရစစ်တပ်နှင့် တွေ့ဆုံအပြီး  မြို့နယ်အုပ်ချုပ် ရေးမှူးထံ ခရီးသွားထောက်ခံစာကို တောင်းခံပြီး နယ်လှည့်ရန် ပြန်လည်ပြင်ဆင်နေ ဆဲဖြစ်ကြောင်း အဆိုပါ ပလက်ဝ အခြေစိုက် နယ်လှည့်ခရစ် ယာန်သာ သနာပြုအသင်း သည် မြန်မာနိုင်ငံ ဧ၀ံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်သည်။

” ကျတော်တို့ ပလက်ဝမှာ အခြေစိုက်တာ ၁၀ နှစ် ၁၀ မိုးရှိပြီ၊ ဒီတခါပဲ ခုလိုမျိုးအဖြစ်နဲ့ ကြုံရတယ်၊” ဟု ဆက် ပြောသည်။

ခလရ ၂၈၉ တပ်ရင်းသည် ပလက်ဝ မြို့သစ်တွင် အခြေစိုက်ပြီး ပလက်ဝမြို့နယ်အတွင်း နယ်စပ်ဒေသတွင် နယ်စပ် လုံခြုံရေးအတွက် ခ၀ဲရွာတွင် တပ်ခွဲစခန်းထားရှိပြီး စစ်ကြောင်းထွက်နယ်လှည့်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.