Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CLD ဒုတိယ ဥက္ကဌ က Voter Education ပြုလုပ်ပေးရေး တောင်းဆို

CLD ဒုတိယ ဥက္ကဌ က Voter Education ပြုလုပ်ပေးရေး တောင်းဆို

0
By Editor on October 7, 2015 Headline

12

 

လာမည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈) ရက်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက် ပွဲတွင် မဲဆန္ဒရှင်များ ကျွမ်းကျင်စွာ မဲပေးနိုင်ရေး အတွက် CLD ဒုတိယ ဥက္ကဌ ၊ အမှတ် (၁) မဲ ဆန္ဒနယ်မြေမှ ပြည်နယ် လွှတ် တော်ကိုယ် စား လှယ်လောင်း Daw SungZiMang က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ထံ တောင်း ဆိုခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်ဥက္ကဌ  ဦးတင်အေး သည် ယနေ့ အောက်တိုဘာ ၀၆ ရက်နေ့ တွင် ဟားခါးမြို့ သို့ ရောက်ရှိလာပြီး အစိုးရ၊ နိုင်ငံရေးပါတီ၊ ဘာသာရေးအသင်းအဖွဲ့၊ အရပ်ဖက်လူ့အဖွဲ့အစည်း အသီးသီး မှ တာဝန် ရှိပုဂ္ဂိုလ်များနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေး မှုပြုလုပ်ခဲ့ရာမှာ ယခုလို Daw Sung Zi Mang က တောင်း ဆိုခြင်းဖြစ်သည်။

 

တင်ပြတောင်းဆိုချက်အပေါ် ကော်မရှင်ဥက္ကဌ ဦးတင်အေးက Voter Education နဲ့ ပါတ်သက်ပြီး ကော်မရှင် အဆင့် ဆင့်၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ ကို ပြန်လည်ရှင်းလင်းပြီး Daw SungZiMang ၏ တင်ပြချက် အပေါ် ဆောင် ရွက် ပေးသွားမည်ဟု တုံ့ပြန်ခဲ့သည်။

 

ယင်းကိစ္စနှင့် ပါတ်သက်ပြီး Daw SungZiMang က ” ကျမ နယ်လှည့် စည်းရုံးရေးဆင်းတဲ့ အချိန်မှာ ကျေးလက် ဒေ သက မဲဆန္ဒရှင်ပြည်သူတွေဟာ လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို တခါတည်း မဲပေးရမည် ဆိုတာ မသိကြ ဘူးဖြစ် နေသေးတယ်၊ ဒီတော့ ဒီကိစ္စက ကော်မရှင်မှာ တာဝန်ရှိတယ်ပေါ့နော် ” ဟု ပြောသည်။

 

ယခုနှစ် သဘာဝ ဘေးကြောင့် ချင်းပြည်နယ်သည် အရေးပေါ် ဒေသ အဖြစ်အစိုးရမှ သတ်မှတ်ခဲ့ရပြီး ချင်းပြည်နဲ့ အ၀ှမ်း  ခရီးသွားလာရေး၊ သတင်းဆက်သွယ်ရေး ခက်ခဲမှုပြသနာကြောင့် ရွေးကောက်ပွဲအပေါ် စိုးရိမ်မှုများလည်း ရှိနေသည်။

 

ကော်မရှင် ဥက္ကဌ ဦးတင်အေး၏ ယနေ့ ရွေးကောက်ပွဲ ကိစ္စရပ်ဆိုင်ရာ ရှင်းလင်းပွဲတွင် USDP, NLD, NUP, CLD, CNDP, CPP ပါတီမှ ခေါင်းဆောင်များ၊ ၄င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့ကြရာ CLD ပါတီမှ လွဲပြီး  မေးမြန်းမှု မရှိခဲ့ပါ၊

 

ဥက္ကဌ ဦးတင်အေးက ရွေးကောက်ပွဲဆိုသည်မှာ တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုမည့် လူထုကိုယ်စားလှယ်ကို ရွေး ချယ်ရမှာဖြစ်ပြီး ကိုယ်စားလှယ်ရွေးချယ်သည့် နေရာတွင် ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်း ပြည် အတွက် အကျိုးဆောင်မည့် နိုင်ငံတော်အကျိုးကို သယ်ပိုးမည့် ပုဂ္ဂိုလ်ကို ရွေးချယ်ရမှာဖြစ်သည့်အတွက် အသက် တမျှ အ ရေးကြီးကြောင်း၊ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ဖို့ ၀ိုင်းဝန်း လုပ်ဆောင် ရ မှာဖြစ်ကြောင်း မှာကြားခဲ့သည်။

 

ပါလီမန်ဒီမိုကရေစီ အုပ်ချုပ်ရေးကာလ မှ ယနေ့အထိ မြန်မာ့ နိုင်ငံရေး နောက်ခံ အကျဉ်း နှင့်  မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စများ၊ ရွေးကောက်ပွဲကျင်းပခဲ့ပုံများ နှင့် ၂၀၁၅ ရွေးကောက်ပွဲ အရေးကြီးပုံများကို ယနေ့တွေ့ ဆုံဆွေးနွေးပွဲတွင် ဥက္ကဌ ဦးတင်အေးက အကျယ်တ၀င့်ရှင်းလင်းမှုပြုလုပ်ပြီး အခမ်းအနားကို ညနေ ၂း၀၀ နာရီတွင် ရုတ်သိမ်းလိုက်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.