• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»နိုင်ငံရေးပြသာနာ အဖြေရှာရန် တစ်ခုတည်းသော လမ်းကြောင်းမှာ ၂၁ ရာစုပင်လုံဟု သမ္မတ ဦးထင်ကျော်ပြော

နိုင်ငံရေးပြသာနာ အဖြေရှာရန် တစ်ခုတည်းသော လမ်းကြောင်းမှာ ၂၁ ရာစုပင်လုံဟု သမ္မတ ဦးထင်ကျော်ပြော

0
By Editor on February 22, 2017 Headline

နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာရန် တစ်ခုတည်းသောလမ်းကြောင်း သည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဖလမ်းမြို့တွင် ကျင်းပသော ၆၉ နှစ်မြောက်ချင်း အမျိုးသားနေ့အခမ်းအနားမိန့်ခွန်းတွင်ပြောဆိုလိုက်သည်။

“နိုင်ငံရေးပြသနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ တစ်ခုတည်းသော လမ်းကြောင်း ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဘဲဖြစ်ပါတယ်။ တိုင်းရင်းသားပြည် သူတွေနှစ်ပေါင်း များစွာ မျှော်လင့် တောင်းတနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံ ကနေတဆင့်လျှောက်လမ်းရနိုင်မှာဖြစ်ပါတယ်’’ ဟု သမ္မတကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးလာခံ-၂၁ ရာစုပင်လုံညီလာခံအောင်မြင်နိုင်ရေးနှင့် တိုင်းရင်းသားများလိုလားတောင်းတနေသော တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းချက်ကို အာမခံချက်ပေးနိုင်မည့် ဖက်ဒရယ်စနစ်ထွက်ပေါ်လာရေး၊ ပြည်ထောင်စုမျှော်မှန်း ချက် ပြည့်ဝအောင်မြင်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံးကလည်း စည်းလုံးညီညွတ်စွာ ၀ိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် သမ္မတက တိုက်တွန်းပြောဆိုခဲ့သည်။

ထို့အပြင် မကြာခင်ကာလအတွင်း ချင်းပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်မည့်အပေါ် ၀မ်းမြောက်ကြောင်း သမ္မတက ပြောသည်။ ချင်းပြည်နယ်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးကို ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်နေ့အထိ ထန်တလန်မြို့ နယ်တွင် သုံးရက်ကြာကျင်းပကြမည်ဖြစ်သည်။

ဖလမ်းမြို့ ရာပြည့်ကွင်းတွင် ကျင်းပသော ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချူပ်နှင့် ၀န်ကြီးများ၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌနှင့်အဖွဲ့များ၊ ချင်းနိုင်ငံရေးပါတီများတက်ရောက်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.