(004SS)
ချင်းပြည်နယ် မြောက်ပိုင်း၊ တီးတိန်မြို့နယ် သွီးထန်ရွာအနီးတွင် ဂျစ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး လိုက်ပါစီးနှင်းသူ ၃ ဦးအနက် ၂ ဦးမှာ ပွဲချင်းသေဆုံးပြီး တစ်ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကားက အရှန်တော်တော်ပြင်းတယ်လို့ပြောတာပဲ၊ အမျိုးသား ၃ ယောက် စီးလာတာ၊ ကားမတော်တဆဖြစ်တော့ ကားမောင်းသူ (Buan khua) နဲ့ ကျွန်မတို့ရွာသားတစ်ယောက် သူတို့ ၂ ယောက်က ပွဲချင်းဆုံးသွားတယ်၊ ကျန်တစ်ယောက်က ဦးခေါင်းမှာ ဒါဏ်ရာရတယ်၊ ဆေးရုံးပို့ကြတယ်လို့ ကြားတယ်။ သူ့အခြေအနေတော့ မသိရသေးဘူး” ဟု သေဆုံးသူနဲ့ တစ်ရွားတည်းအမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါဂျစ်ကားသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ည ၇ နာရီဝန်းကျင်တွင် သွီးထန်ရွာကို ဖြတ်ပြီး တီးတိန်မြို့ဘက်အသွား သွီးထန်နှင့် မဏိပူရမြစ်ကြား ထတ်ပီ (Thakpi) တွင် မတော်တဆမှုဖြစ်ပွားကာ နောက်တနေ့ တနဂ်နွေနေ့ကျမှ တွေ့ရှိခဲ့ကြသည်ဟု ZYA Tuithang က လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။