Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာစစ်ဘေးရှောင် ၂၀၀၀ နီးပါး၏ ဇီဝအချက်အလက်များကောက်ယူပြီးစီး

မြန်မာစစ်ဘေးရှောင် ၂၀၀၀ နီးပါး၏ ဇီဝအချက်အလက်များကောက်ယူပြီးစီး

0
By Editor on August 11, 2025 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် ခရိုင် ၁၁ ခုမှာ မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်များ ကောက်ယူလျှက်ရှိရာမှာ ယခုလက်ရှိတွင် စစ်ဘေးရှောင် ၁၉၄၇ ယောက် ၏ အချက်အလက်များကို ကောက်ယူပြီးစီးပြီဟု သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏စာရင်းအရ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ရှောင် ၃၂၀၀၀ ကျော် နှင့် ဘဂ်လားဒေရှ့်စစ် ရှောင် ၃၀၀၀ နီးပါးတို့၏ ဇီဝအချက် အလက်များကို ဇူလိုင်လကုန်ပိုင်းကစတင်ကောက်ယူခဲ့ကြသည်ဟု All India Radio News ကဖော်ပြသည်။

ဇီဝအချက်အလက်ကောက်ယူမှုကို ခရိုင် ၁၁ ခုမှာ ဇူလိုင်လကုန်းပိုင်းက တပြိုင်တည်းစတင်ခဲ့ကြပြီး အွန်လိုင်းကတဆင့် ကောက်ယူကြသည့်အတွက် အင်တာနက်လိုင်းမကောင်းခြင်း နှင့် စက်ကိရိယာချို့ယွင်းမှုတို့ကြောင့် လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း သိရသည်။

မြန်မာစစ်ဘေးရှောင်အများဆုံးနေထိုင်သော ကျန်ဖိုင်းခရိုင်ထဲတွင် ဇီဝအချက် အလက်ကောက်ယူရာမှာ အသုံးပြုသော စက်ကိရိယာချို့ယွင်းမှုကြောင့်လူဦးရေ ၁၀ ဂဏန်းဝန်းကျင်သာကောက်ယူနိုင်သေးပြီး အိုင်ဇောလ်မြို့ဘက်မှ စက်ကိရိယာအသစ်များမှာယူပြီးနောက် ယခုဩဂုတ်လ ဒုတိယပတ်တွင် ကောင်းမွန်စွာပြန်လည်စတင်နိုင်မည်ဟု All India Radio News ကဖော်ပြသည်။

ဇီဝအချက်အလက်ကောက်ယူရာမှာ အသက် ၂ နှစ်အထက်ရှိသူအားလုံးကို ကောက်ယူခြင်းဖြစ်ပြီး နာမည်၊ မိဘအမည်၊ အလုပ်အကိုင်၊ မြန်မာမှတ်ပုံတင်နံဘတ်၊ လက်ဗွေ၊ မျက်ကြည်လွှာ၊ ခန္ဓာကိုယ်အမှတ်အသား နှင့် ဓာတ်ပုံများရိုက်ယူ၍ ကောက်ယူခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာစစ်ဘေးရှောင်များသည် မီဇိုရမ်ပြည်နယ်ထဲက Serchhip, Lunglei, Champhai, Saitual, Khawzawl, Aizawl, Lawngtlai, Mamit, Siaha, Kolasib နှင့် Hnahthial စသည့် ခရိုင် ၁၁ ခုက စစ်ရှောင်စခန်းများနှင့် အိမ်ငှါးများဖြင့် နေထိုင်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.