Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ချင်းပြည်လွတ်မြောက်နိုင်ဖို့ အားလုံးကစုပြီးတော့မှ ခုခံတွန်းလှန်ရမယ်၊ တော်လှန်ရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့မှ တွေ့ဆုံကြတာဖြစ်တယ်”

“ချင်းပြည်လွတ်မြောက်နိုင်ဖို့ အားလုံးကစုပြီးတော့မှ ခုခံတွန်းလှန်ရမယ်၊ တော်လှန်ရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့မှ တွေ့ဆုံကြတာဖြစ်တယ်”

0
By Editor on November 23, 2026 Featured

(006SV)

ပြီးခဲ့တဲ့ ရက်ပိုင်းက ချင်းပြည်သူ့အစည်းအရုံး CPU/CPA နဲ့ ချင်းလဲန်းကောင်စီ (CC)အဖွဲ့ဝင် CDFs အဖွဲ့တွေရဲ့ ဥက္ကဌ၊ အတွင်း ရေးမှူးနဲ့ စစ်ဘက်ဆိုင်ရာ တပ်မှူးကြီးတွေ စုစုပေါင်း ၄၀ ဦးမှာ မြေပြင်မှာ လူချင်းတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြပါတယ်။

ဒီတွေ့ဆုံမှုဟာ စစ်တပ်က ချင်းတောင်ပိုင်းမြို့ကြီးများကို အင်အားထောင်ချီအသုံးပြုပြီး ၆ လကျော်ကြာ ထိုးစစ်ဆင်နေချိန်မှာ ချင်းပြည်တောင်ပိုင်းမြို့ကြီးများကို ထိန်းချုပ်ထားတဲ့၊ ချင်းတောင်ပိုင်းအင်အားစုတွေ ပေါင်းစည်းထားတဲ့ CPU/ CPA နဲ့ ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDFs ရဲ့ တကျော့ပြန် စည်းလုံးမှုအရေး ဆွေးနွေးမှု ဖြစ်ပါတယ်။

ချင်းနွေဦးတော်လှန်ရေး ၆ နှစ်တာမှာ ချင်းပြည်လွတ်မြောက်ရေးနဲ့ ခုခံတွန်းလှန်စစ် လုပ်ငန်းတွေ ဆောင်ရွက်နေစဉ်မှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို နှစ်ဖက်တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြသလို နောင်မှာ ပူးပေါင်းဆောင်ရွက်မယ့် ရှေ့လုပ် ငန်းစဉ်တွေကိုလည်း ချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

CPU/CPA နဲ့ ချင်းလဲန်းကောင်စီ (CC) အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDFs) တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလ်ကို ခိုနုမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – CPU/CPA နဲ့ CDFs တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုမှာ နောင်မှာ ပူးပေါင်းဆောင်ရွက်မယ့် ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဘာတွေ ဆွေးနွေးခဲ့ပါသလဲ၊ ဘယ်လိုသဘောတူညီချက်တွေ ရရှိခဲ့ပါသလဲခင်ဗျာ။

ဖြေ – ဒီဟာက၂၀၂၁ နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ စုစည်းတဲ့ ဟာကို ပထမဦးဆုံး ဦးတည်တာပါ၊၊ ဒုတိယက ကျနော်တို့အနေနဲ့ ဒီချင်းပြည် လွတ်မြောက်ရေးနဲ့ ချင်းပြည်မှာ ဒီစကမတွေရဲ့ ခုခံတွန်းလှန်စစ်တွေကို အတူတကွ၊ နောင်မှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍတွေကို ဆွေးနွေးဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။ တတိယက ကျနော်တို့ ချင်းပြည်ရဲ့ ဒီ တော်လှန်ရေး နွေဦးတော်လှန်ရေးမှာ အကွဲအပြဲတွေ ဖြစ်နေတဲ့ ကြားထဲကနေ တစ်စုတစ်စည်းတည်း ဖြစ်နိုင်တဲ့ ဟာတွေကို ပြည်သူတွေကိုလည်း သတင်းစကား ပေးချင်တယ်။ ကျနော်တို့ လုပ်နိုင်တဲ့ အတိုင်းအတာတွေကိုလည်း ပြည်သူတွေကို ထပ်ပြီးတော့မှ ခွန်အားတစ်ခု ဖြစ်စေနိုင်ဖို့အတွက် ရည်စူးပြီးတော့မှ ကျနော်တို့တို့ ဒီအချက်သုံးချက်နဲ့ ဦးတည်ပြီး တော့မှ တွေ့ဆုံတာ ဖြစ်ပါတယ်။

မေး – ပြီးခဲ့တဲ့ နှစ်တွေက အချင်းချင်း အဆင်မပြေမှု၊ ပဋိပက္ခတွေ ရှိနေခဲ့ရာကနေ ဒီချင်းနွေဦးတော်လှန်ရေး ၆ နှစ်နီးပါး ရှိလာချိန်မှာ ဒီလိုတကျော့ပြန် တွေ့ဆုံနိုင်မှုက ဘယ်လိုကြောင့် ဖြစ်ပေါ်လာရပါသလဲခင်ဗျာ။

ဖြေ – အထူးသဖြင့်က ကျနော်တို့ ချင်းပြည်ရဲ့ လက်ရှိ စစ်ရေးအနေအထားကို အားလုံး သိပါတယ်။ ချင်းမြောက် အခြေအနေရော၊ ချင်းပြည်တောင်ပိုင်း အခြေအနေရော ပေါ့နော်။ ဒီလိုအခြေအနေမျိုး အရပ်ရပ်မှာ ကျနော်တို့ ချင်းအမျိုးသားတွေ လွတ်မြောက် နိုင်ဖို့၊ ချင်းပြည်လွတ်မြောက်နိုင်ဖို့ဆိုတာက ကျနော်တို့ လက်နက်ကိုင် အစုအဖွဲ့တွေအနေနဲ့ ဒီတစ်စုတစ်ဖွဲ့ပဲ ရှိတာထက် အားလုံးက စုပြီးတော့မှ ခုခံတွန်းလှန်ရမယ်၊ တော်လှန်ရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့မှ တွေ့ဆုံတာ ဖြစ်ပါတယ်။

မေး – ဒီ CPU/ CPA နဲ့ တွေ့ဆုံမှုမှာ CDFs အစုအဖွဲ့ဘက်က ဘယ်နှစ်ဖွဲ့ တက်ရောက်ပါသလဲ၊၊

ဖြေ – အထူးသဖြင့်က ကျနော်တို့ ဒီ ချင်းလဲန်းကောင်စီ (Chinland Council) မှာ ရှိတဲ့ CDF တွေ အကုန်လုံးရဲ့ သဘောထား ဖြစ်ပါတယ်။ ဒီဟာက ကျနော်တို့ Chinland Council မှာ CDFs တွေက အဖွဲ့ ၂၀ ကျော်လောက် ရှိတယ်။ အဲဒီရဲ့ သဘောထားတွေ ဖြစ်ပါတယ်။ အဲဒီအခြေခံပေါ်မှာပဲ ကျနော်တို့ သွားပါတယ်။ ဒါ CC – CDFs ပုံစံမျိုးနဲ့ ကျနော်တို့ သွားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ရည်မှန်းချက်က နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ ချင်းလက်နက်ကိုင် အစုအဖွဲ့တွေအနေနဲ့ တွေ့ဆုံတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ CC ဘက်ကနေ ဒီတစ်ကြိမ်မှာ တက်ရောက်နိုင်တဲ့ အဖွဲ့အစည်းက ၁၄ ဖွဲ့ ရှိပါတယ်။ ဒါ CDF တွေပါပဲ။

မေး – ဒီတစ်ခေါက် တွေ့ဆုံမှုမှာ ၁၄ ဖွဲ့ပဲ ဖြစ်တယ်၊၊ ချင်းလဲန်းကောင်စီမှာက အဖွဲ့ ၂၀ ဝန်းကျင်ရှိတယ်ဆိုတော့ နောင်မှာ တဖြည်းဖြည်း ထပ်ပူးပေါင်းလာမယ့် အနေအထားလို့ နားလည်ရမှာလားခင်ဗျာ။

ဖြေ – မဟုတ်ဘူး၊၊ ကျနော်တို့က ချင်းလဲန်းကောင်စီ (CC) မှာ ရှိတဲ့ CDF တွေ ၂၀ ကျော် ဖြစ်ဖြစ်၊ CC မှာ ရှိတဲ့ CDF တွေက အထူးသဖြင့် မြို့နယ် နဲ့ ဒေသပေါ့။ မြို့နယ်နဲ့ ဒေသအစုအဖွဲ့တွေ အကုန်လုံးက ကျနော်တို့ရဲ့ ဒီတွေ့ဆုံမှုကို အကုန်လုံးက တစ်သားတည်းပါပဲ။ ဒီဟာက ကျနော်တို့က အားလုံးကို ကိုယ်စားပြုပါတယ်။ ကျနော်တို့ အရင်ကလည်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြီးသား ဖြစ်ပါတယ်။ ဒီ CC / CDF တွေ တွေ့ဆုံပွဲရဲ့ ရလဒ်ကနေပြီးတော့မှ ကျနော်တို့အနေနဲ့ ဘယ်နှစ်ဖွဲ့ပဲ တက်တက်၊ အဲဒီမှာ ဒီ CC မှာ ရှိတဲ့ CDF တွေ အားလုံးကို ကိုယ်စားပြုပါတယ်။

မေး – ဒီလတ်တလော တွေ့ဆုံမှုက ချင်းတောင်မှာဆိုရင် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတာ ၅ လဝန်းကျင်ရှိလာပြီးပေါ့လေ။ အဲဒီက တိုက်ပွဲတွေမှာရော ဆရာတို့ CDFs တွေ ကူညီတာမျိုး၊ ပူးပေါင်းဆောင်ရွက်မယ့် အနေအထားမျိုးတွေ ရှိပါသလားခင်ဗျာ။

ဖြေ – စစ်ရေးနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ ဆက်ပြီးတော့မှ အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်။

မေး – ဒီလိုတွေ့ဆုံနိုင်မှုက ချင်းတော်လှန်ရေးအပေါ် ဘယ်လိုမျိုး သက်ရောက်မှုတွေ၊ အကျိူးကျေးဇူးတွေ ရှိလာနိုင်ပါသလဲခင်ဗျာ။

ဖြေ – ကျနော်တို့အနေနဲ့က ကနဦး ပြောထားသလိုပါပဲ။ ကျနော်တို့ ချင်းရဲ့ တော်လှန်ရေးမှာ တစ်ခါမှ မကြုံဖူးတဲ့ ဒီ ၂၀၂၁ နွေဦးတော်လှန်ရေးကနေ ကျနော်တို့ အုံကြွပြီးတော့၊ ပြည်သူလူထုတွေ အားလုံး ပါဝင်တဲ့ တော်လှန်ရေး ဖြစ်တာပေါ့နော်။ ဒီပြည်သူ့တော်လှန်ရေးမှာ ပြည်သူ့တော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ တော်လှန်ရေး အစုအဖွဲ့တွေအနေနဲ့ ပြန်ပြီးတော့မှ၊ တွေ့ဆုံပြီးတော့မှ၊ တကယ့်စစ်မှန်တဲ့ ပြည်သူ့တော်လှန်ရေးကို ပြန်ပြီးတော့မှ သွားချင်တဲ့ အခန်းကဏ္ဍတစ်ခုကို ဖော်ဆောင်ဖို့ ဖြစ်မယ်။

အဲဒီအခန်းကဏ္ဍကနေ ကျနော်တို့ရဲ့ ရည်မှန်းချက်က ချင်းပြည် လွတ်မြောက်ဖို့ ဖြစ်မယ်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင် ရေးအတွက် ဖြစ်မယ်။ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ရေးမှာ တစ်ဆင့်ပြီး တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပါလိမ့်မယ်။

မေး – ပြီးခဲ့တဲ့ရက်က ဆရာတို့ ဒီလို ထိပ်ပိုင်းခေါင်းဆောင်တွေ မြေပြင်မှာ တကယ့်တွေ့ဆုံမှုမှာဆိုရင် ဘယ်လိုအနေအထားမျိုး ရှိပါသလဲ၊၊ အခက်အခဲ ၊ စိန်ခေါ်မှုတွေ ရှိနေပါသလား၊၊

ဖြေ – ကျနော်တို့က အဆင်ပြေပါတယ်။ ကျနော်တို့ ကြားထဲမှာ အရမ်းကြီး ကြီးမားတဲ့ စိန်ခေါ်မှုတွေ မရှိပါဘူး။ ကျနော်တို့က အမျိုးသားတော်လှန်ရေးနဲ့ ပြည်သူ့တော်လှန်ရေး၊ အဓိကက ပြည်သူ့တော်လှန်ရေးပေါ့။ ပြည်သူ့တော်လှန်ရေးကို အခြေခံပြီး လုပ်ကြတဲ့ အခြေအနေမှာ ပြည်သူလူထုကနေ တောင်းဆိုလာတဲ့ ဒီအရွေ့တစ်ခုကို၊ ကျနော်တို့ ရွေ့နိုင်ဖို့အတွက်က အားလုံး ဝိုင်းပြီးတော့မှ၊ တွန်းရမယ့် အခြေအနေ ဖြစ်တယ်ဆိုတာကို ၊ ဒီ ၂၀၂၁ မှာ ပေါက်ဖွားလာတဲ့ နွေဦးတော်လှန်ရေး၊ လက်နက်ကိုင် အဖွဲ့တွေက နားလည်လာကြတဲ့အတွက် အခုလိုမျိုး တွေ့ဆုံပြီး၊ ကျနော်တို့ ကြားထဲမှာ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက် ကြမလဲဆိုတဲ့ဟာကို အမြင်ချင်း ဖလှယ်ပြီးတော့မှ ရှေ့ဆက်ပြီး လုပ်ဆောင်ရမယ့် အရာတွေကို ဆွေးနွေးတာ ဖြစ်ပါတယ်။

မေး – ကျနော် မရှင်းလင်းတာတစ်ခု မေးချင်ပါတယ်။ အခုတွေ့ဆုံမှုက CPU/ CPA နဲ့ CC- CDFs တွေ့လို့ သိရပါတယ်။ ဒီတော့ PDF-Zoland တို့၊ CNO/CNDF တို့၊ MDF တို့ရော ဒီတွေ့ဆုံမှုမှာ ပါဝင်ပါသလားခင်ဗျာ။

ဖြေ – ကျနော်တို့က အခုတွေ့ဆုံမှုက ကနဦး ပြောထားသလိုပါပဲ။ CC မှာ ရှိတဲ့ CDF တွေလို့ ပြောပါတယ်။ တစ်ဖက်မှာ CPU/CPA လို့ နာမည်တပ်ထားပါတယ်။ ကျနော်တို့က အဓိကက ကျနော်တို့ရဲ့ ထုတ်ပြန်ချက်အရ ဒီချင်းပြည် လွတ်မြောက်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြမယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ နောက်ပိုင်း သူတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက်လည်း ကျနော်တို့ ကြိုးပမ်းသွားဖို့ ရှိပါတယ်။

မေး – ကျနော် မမေးမိတာဖြစ်ဖြစ်၊ လူထုကို သတင်းစကားပါးချင်တာ ဖြစ်ဖြစ်ရှိရင် ဖြည့်စွက်ပြောပေးပါဦးခင်ဗျာ။

ဖြေသူ – ကျနော်တို့ ဒီတွေ့ဆုံမှုမှာ အဓိက ပြောချင်တာက အချက်သုံးချက်ပါပဲ။ ချင်းနွေဦးတော်လှန်ရေး၊ ပြည်သူ့တော် လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ချင်းလက်နက်ကိုင်အစုအဖွဲ့တွေ ကြားထဲမှာ စည်းလုံးညီညွတ်ဖို့အတွက် ကျနော်တို့ ကြိုးပမ်းတာ ဖြစ်တယ်။ တကယ့်တကယ် အမျိုးသားလွတ်မြောက်ရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေး၊ ပြည်ထောင်စု တည်ဆောက်ရေးတွေမှာ အတူတကွ တခြားသော မဟာမိတ်တွေနဲ့ ပေါင်းပြီးတော့မှ ဆောင်ရွက်တဲ့ ကိစ္စတွေမှာ ပူးပေါင်းဖို့အတွက် ကျနော်တို့ မျှော်မှန်းထားတဲ့ တွေ့ဆုံမှု ဖြစ်ပါတယ်။

အဲဒီကိစ္စတွေမှာ ကျနော်တို့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေက အဆင့်ဆင့် ရှိပါလိမ့်မယ်။ ဒီဟာတွေကို ပြည်သူလူထုအနေနဲ့လည်း တော်လှန်ရေးရဲ့ အရွေ့တစ်ခုအနေနဲ့ မှတ်ယူပြီးတော့ ဆက်လက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 23, 2026

“ချင်းပြည်လွတ်မြောက်နိုင်ဖို့ အားလုံးကစုပြီးတော့မှ ခုခံတွန်းလှန်ရမယ်၊ တော်လှန်ရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့မှ တွေ့ဆုံကြတာဖြစ်တယ်”

November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 23, 2026

“ချင်းပြည်လွတ်မြောက်နိုင်ဖို့ အားလုံးကစုပြီးတော့မှ ခုခံတွန်းလှန်ရမယ်၊ တော်လှန်ရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့မှ တွေ့ဆုံကြတာဖြစ်တယ်”

November 20, 2026

စစ်တပ်၏ ရိုဟင်ဂျာများအပေါ် ဂျီနိုဆိုက် ကျူးလွန်ခဲ့ကြောင်း ICJ စီရင်ချက်ကို ချင်းအပါအဝင် မြန်မာအရပ်ဖက်အဖွဲ့ ၂၀၀ ကျော် ကြိုဆို

November 20, 2026

ချင်းနိုင်ငံရေးသမား ဒေါက်တာငိုင်းတမ်မောင်း NUG အစိုးရအဖွဲ့၏ ပြည်ထောင်စုဝန်ကြီးဖြစ်လာ

November 19, 2026

ဖလမ်း၊ ဟားခါး၊ တီးတိန်တို့မှာ တည်ဆောက်ရေးလုပ်ငန်းများအတွက် ပို့မလောက်ဖြစ်နေဟု လွှတ်တော်မှာ မင်းအောင်လှိုင် ညည်းတွား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.