ပြည်သူ့ထံမှ ပေးစာ

0

မတူပီအထက ၁ က စာရေးကြီးက ကျောင်းပြောင်းလက်မှတ် ဖိုး တောင်းနေပါတယ်

သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနဖြစ်ဖြစ် တာဝန်ရှိသူတွေဖြစ်ဖြစ် သိစေဖို့ ဒီစာကို  တင်ပြပေးရန်ဖြစ်ပါတယ်၊ ကျတော် က ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဟာလ်တူး ရွာက  မိဘပြည်သူ တဦးပါ၊

 

ကျတော်တို့ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ် ပညာရေးမှူးရုံးက ရုံးစာရေးကြီး ဦး သိန်းဘူဟာ ၂၀၁၂- ၂၀၁၃ ပညာသင်နှစ်အတွင်း မတူပီ မြို့ပေါ် အထက (၁) မှာ ပညာသင်ယူပြီး ၂၀၁၃ – ၂၀၁၄  ပညာသင်နှစ်တွင် တခြား ကျောင်း သို့ ပြောင်းရွှေ့လိုတဲ့ ကျောင်းသားတွေအပေါ် ကျောင်းပြောင်းလက်မှတ်ထုတ်ပေးရာမှာ ငွေတောင်းနေပါတယ်၊

 

အဆိုပါ စာရေးကြီးဟာ ယခုလို ကျောင်းပြောင်းလက်မှတ်ထုတ်ပေးခ တောင်းတဲ့နေရာမှာ လက်ငင်းပေးနိုင်သူတွေကို ချက်ချင်းထုတ်ပေးပြီး ခရီးဝေးကနဲ့လာပီး ကျောင်းပြောင်းလက်မှတ်လာတောင်းသူတွေကို ခင်ဗျာ ဒုက္ခရောက်နေပါတယ်၊ နယ်ကျောင်းသား တွေခင်ဗျာ ရပ်ဝေး က နေ ဆိုင်ကယ်ငှား စရိတ်၊ မြို့ပေါ် စားစရိတ်နဲ့ အင်မတန်မှ အခက်ကြုံနေရတယ်၊

 

တကယ်တော့ ပညာရေးဝန်ကြီးဌာနက ကျောင်းပြောင်းလက်မှတ် ထုတ်ပေးရာမှာ မည့်သည် အခကြေးငွေ မျှ လုံးဝမယူဖို့ အောက်ခြေ ပညာရေးဌာနအဆင့်ဆင့်ကို ညွှန်ကြားထားခဲ့တာ ကြာခဲ့ပါပြီ၊  ဒီစာရေးကြီးရဲ့ လုပ်ရပ်ဟာ အထက်လူကြီးတွေ ခွင့်ပြုချက်ဖြစ်ချင်လည်း ဖြစ်မယ်၊ အကြောင်းကတော့ ကျောင်းပြောင်းလက်မှတ်ဆိုတာ ကျောင်းအုပ်ကြီးရဲ့ လက်မှတ် ပါမှ သာ ထုတ်ပေးလို့ရတာကလား၊

 

တခုရှိတာက ယခုလို မတူပီအထက ကျောင်းကနေ တခြားကျောင်းကို ပြောင်းနေကြတာကလည်း ယခုနှစ် ၁၀ တန်း အောင်စာရင်းမှာ မတူပီဟာ ချင်းပြည်နယ်စာစစ်ဌာနအတွင်း အညံ့ဆုံးစာစစ်ဌာန နံပါတ် (၃) မှာ ရောက် နေတာ လည်း ပါတာပေါ့ဗျာ၊

 

ဘာပဲဖြစ်ဖြစ် လူကြီးမင်းတို့ သတင်းဌာနအနေနဲ့ ကျတော့် ရဲ့ စာကို သက်ဆိုင်သူတွေ သိရှိနိုင်အောင် ဖော်ပြ ပေးစေ လိုပါတယ်၊

Share.

About Author

Comments are closed.