အယ်ဒီတာချုပ်ထံ ပေးစာ

0

ကျတော်များ ချင်းပြည်နယ် ထန်တလန်မြို့နယ် Tlangpi ရွာသည် အိမ်ခြေ ၂၀၀ ခန့်ရှိသည်။ ဆင်းရဲမွဲတေမှုကြောင့် တအိမ်လျှင် တဦးနှုန်းသည် ပြည်ပနိုင်ငံတွင် အလုပ်လုပ်ပြီးမိသားစုကို လုပ်ကျွေးမှုပြုကြသည်။ ပြည်ပရောက်ရှိနေကြတဲ့ သားသမီးတွေဟာ ရပ်ရွာအကျိုးကို ရှေ့ရှုပြီး Tlangpi Development Committee ကို ဖွဲ့စည်းပြီး ရပ်ရွာ လူမှုဖုံလှုံရေး အတွက် ထောက်ပံ့ကူညီမှုများပြုနေကြသည်မှာ ၀မ်းသာစရာဖြစ်သည်။ TDC ကျေးဇူးကြောင့် သွပ်မိုးအိမ်တွေနဲ့ တောက်ပ လာသည်။

သို့သော် ယခုတလော ဒေသခံ မိဘပြည်သူတွေဟာ ပြည်ပက သားသမီးတွေ ချွေးနှီးစာထဲက ငွေတွေကို အလဟာ သဖြုန်း တီးနေကြသည်မှာ ၀မ်းနည်းစရာပါ၊ အဖေ လုပ်သူများသည် ညတိုင်းညတိုင်း ဟိုတစု ဒီတစုဖြင့် ဖဲ့ရိုက်ပြီး အချိန် ကို အလဟာသ ဖြုန်းတီးနေကြသည်။ တချို့သည် သားသမီးတွေ ပို့တဲ့ငွေတွေကို ထန်တလန်မြို့သို့ သွားရောက် ထုတ် ယူပြီး ဖဲဖိုးအတွက် ဖဲ့ယူကာ ဇနီးသားမယားတွေကို လှည့်ဖျားနေကြသည်။

တချို့ မိသားစုသည် ယာအလုပ်၊ လယ်အလုပ်တွေ လစ်ဟင်းနေတဲ့အခါ လင်မယား အကြား အိမ်ထောင်ရေးပြသာနာ တက်နေသည်များလည်း ရှိသည်။ ဘုရားသွားကျောင်းတက်ဖို့ နေနေသာသာ ကိုယ့်မိသားစုကိုတောင် လစ်လျှူရှုနေ ကြတဲ့ အဖြစ်မျိုးပါ။

ကျတော်တို့ရွာမှာ ချင်းအမျိုးသားတပ်မတော်တွေ စခန်းချသည့် နောက်ပိုင်း ဒေသခံတွေ တောင်းဆိုချက်အရ အရက်သေစာကို တိုက်ဖျက်ခဲ့ရာ အရက်သေစာတွေ လျှော့ပါးလာပြီး မိဘ ပြည်သူတွေ ၀မ်းသာမယ်ကြံကာရှိသေး၊ ယခုလို အိမ်ထောင်ဦးစီးတွေ က ဖဲရိုက် အကျင့်ပျက် လုပ်ရပ်တွေကို သက်ဆိုင်သူတွေ အနေနဲ့ မနှေးအမြန် တားဆီးပေးဖို့ရာ မီဒီယာ က နေ တဆင့် တင်ပြလိုသည်။

သင်းထောက်လူကြီး
တလန်ပီးရွာ

Share.

About Author

Comments are closed.