Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတက္ကသိုလ်ကျောင်းသားထု အတွင်း CNF က အခြေခံနိုင်ငံရေးသင်တန်းပြုလုပ်

ချင်းတက္ကသိုလ်ကျောင်းသားထု အတွင်း CNF က အခြေခံနိုင်ငံရေးသင်တန်းပြုလုပ်

1
By Editor on May 5, 2014 Headline

???????????????????????????????

 

၂၀၁၄ ဧပြီလ ၂၇ – မေ ၂ ရက်အကြား CNF က ၀ိတိုရိယ ဗဟိုဌာနချုပ်တွင် ပြည်တွင်းချင်း တက္ကသိုလ် ကျောင်းသူ ကျောင်းသားများထံ အခြေခံနိုင်ငံရေး ရက်တိုသင်တန်းပို့ချသည်ဟု သိရသည်။ ဟားခါး (GTI)၊ ကလေး၊ မုံရွာ၊ ရန်ကုန်၊ ရေဆင်း၊ ပြည်၊ မကွေး၊ ပခုက္ကူ၊ စစ်တွေ တက္ကသိုလ်အသီးသီးမှ ချင်း တက္က သိုလ်ကျောင်းသူကျောင်းသား ၇၀ ခန့် တက်ရောက်ကြသည်ဟု သိရသည်။


“ခေတ်လူငယ်များ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်လာရေး၊ လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ၄င်းတို့၏ အခန်းကဏ္ဍ ပါဝင်ရေး နှင့်အချင်းချင်းအကြား ချစ်ခင်ရင်းနှီးမှုရယူနိုင်ရေးကို ဦးတည်ပြီး သင်တန်းကိုပြုလုပ်ရတာပါ၊ ” ဟု ဗိုလ်မှူးကြီးဆော်လမွန်က ပြောသည်။

သင်တန်းကို ဒေါက်တာရွှေခါး၊ ပူး လာလ်ရမ်းလော်မာ၊ ပူး ထပ်ဆ၀ုန်၊ ဗိုလ်မှူးကြီးဆော်လမွန်၊ ပူးထက်နီ နှင့် ဆရာမ အေမီတို့မှ ပို့ချကြခြင်းဖြစ်ပြီး အဓိက Rights of of ethnic Nationalities (UNDRIP), Present government system and Federalism, Ethnic Armed groups movement for Peace Process, Role of students and youth in the peace processes, Fundamental characteristics of Federalism, Implementation status of agreements between CNF and government, History of Chin Revolution, About CNF/A, Chin History စသည်ဘာသာရပ်တွေကို အဓိက ပို့ချကြကြောင်း သိရသည်။
“ပခုက္ကူတက္ကသိုလ်က ရူပဗေဒ မဟာတန်းတက်ရောက်နေသူ ကျောင်းသားခေါင်းဆောင်တဦးက ၀ယ်လို့မရတဲ့ သင်တန်းပါ၊ ဒီလိုသင်တန်းမျိုး အလျဉ်းသင့်သလို ပြုလုပ်ပေးစေချင်တယ်၊ ကျတော်တို့အတွက် အမြတ်ထွက်တာက ချင်းတက္ကသိုလ် ကျောင်းသူကျောင်း သားများ တွေ့ဆုံရင်းနှီးခွင့် ရတာကိုပါ ” ဟု ပြောသည်။
သင်တန်းအတွင်းတက္ကသိုလ်ကျောင်းသားများသည်  ချင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဖွဲ့စည်းနိုင်ရေးကို တပါ တည်း ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။ သင်တန်းကာလအတွင်း ချင်းပြည်နယ်ဆိုင်ရာ မြန်မာနိုင်ငံဆရာဝန်များအသင်းမှ ဒေါက်တာ ဘွေမန်းလျန် နှင့် အဖွဲ့ ၃ ဦးလည်း ကျန်းမာရေးဆိုင်ရာ တာဝန်ယူပေးကြသည်ဟုလည်းထပ်မံသိရသည်။
ထို့အပြင် ဟားခါးမြို့မှ Fiakfai rock တီးဝိုင်းနှင့် ချင်းနာမည်ကြီး အဆိုတော် Solomon Menrihei, Mai hlawnsung တို့မှ ညတိုင်းဖျော်ဖြေမှုပြုလုပ်ကြကြောင်း နှင့် လူငယ်ဆိုင်ရာ ဘာသာရေးအဖွဲ့ ၁၆၀ ခန့်မှ အထူးဆုတောင်းပွဲ လာရောက်ပြုလုပ်ပေးကြကြောင်း သတင်းရရှိသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကွယ်ရေး အင်အားတိုးမြှင့်ဆောင်ရွက်နေဟု MRO/ CDF – မတူပီ ဆို

မင်းတပ်-ပအဖ က သစ်တောမူဝါဒ (မူကြမ်း) ကို ရေးဆွဲနေပြီး ပြည်သူများ အကြံပြုနိုင်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တစ်လကျော်ကြာ ပြိုကျပျက်စီးနေသော ကျေးရွာချင်းဆက်လမ်းများကို PDF- Zoland ပြုပြင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.