ဆိုင်ကယ်ဦးထုပ်မဆောင်းသူများလေ ယာဉ်ထိန်းရဲတွေ ငွေရလေ

0

ချင်းပြည်နယ်မြို့တော်ဟားခါးမြို့ပေါ်တွင် ယခုတလော ဆိုင်ကယ်စည်းကမ်း မလိုက်နာသူ များပြားနေသောကြောင့် ထို့ကြောင့် ယာဉ်ထိန်းရဲတွေ ငွေများများရရှိနေကြောင်း သိရသည်။

တပတ်မှာ ကျပ်ငွေ ၃ သောင်း နှင့် ၅သောင်းကြား ရရှိကြောင်း ယာဉ်ထိန်းရဲတပ်သားတဦး က ပြောကြောင်း ၄င်းနှင့် နီးစပ်သူတဦးက ပြောသည်။

“ စည်းကမ်းအတိုင်းလုပ်သင့်တယ်၊ ဒါပေမဲ့ ဒါဏ်ငွေရိုက်တာချင်း ကွာတယ်၊ တချို့ ဦးထုပ် မဆောင်းသူတွေလည်း မရိုက် ဘူး” ဟု ဆိုင်ကယ်ပိုင်ရှင်တဦးက ပြောသည်။

ဆက်လက်သိရသည်မှာ ယာဉ်ထိန်းရဲတချို့ဟာ တရားခံကို ရုံးသို့ခေါ်မသွားပဲ လမ်းမှာဖမ်းပြီး ဒါဏ်ငွေဆောင်းခိုင်းကြောင်း သိရသည်။

“ ဒါက ယာဉ်စည်းကမ်းဥပဒေနဲ့ မကိုက်ဘူး၊ မဖြစ်သင့်ဘူး” ဟု ယာဉ်စည်းကမ်းလေ့လာ သူတဦး ကလည်းပြောသည်။

ချင်းပြည်နယ်ရှိ ယာဉ်ထိန်းရဲများသည် နယ်မှ တက်လာသည့် မော်တော်ဆိုင်ကယ်များကို မြို့ အ၀င်ဝတွင် ၀တ်စုံ မပါပဲ စောင့်ဖမ်းပြီး အကြောင်းအမျိုးမျိုးပြကာ ဒါဏ်ငွေဆောင်ခိုင်းခြင်း၊ ပစ္စည်း စစ်ဆေးခြင်းများပြုလုပ်လေ့ရှိကြောင်း ပြောကြ သည်။

“ ကျတော်တို့ နယ်က တက်လာတဲ့ ဆိုင်ကယ်တွေဆို ဦးထုပ်ပါသလား၊ လိုင်စင်ပါသလား၊ ဘာပစ္စည်းတွေပါသလဲ ဆိုပြီး ၀ိုင်းစစ်ဆေးကြတယ်၊ သူတို့က အုပ်စုလိုက်နဲ့ စောင့်တာဗျ” ဟု နယ်ခံတဦးက ပြောသည်။

Share.

About Author

Comments are closed.