နယ်လှည့်ခရစ်ယာန်သာသနာပြုအဖွဲ့အား အစိုးရစစ်တပ်က ငွေ နှစ်သိန်းတောင်း

0

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း နှစ်ခြင်းခရစ်ယာန်သာသနာပြု နယ်လှည့်အဖွဲ့အား ဒေသအခြေစိုက် ခလရ ၂၈၉၊ ခ၀ဲစခန်းထိုင် စစ်ကြောင်းမှူးက မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါသည့်အတွက်ကြောင့်ဟုဆိုကာ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ကျပ်ငွေ ၂၀၀၀၀၀ သိန်း တောင်းယူခဲ့သည်ဟု သိရသည်။

ပလက်ဝ အခြေစိုက် နယ်လှည့်ခရစ်ယာန်သာသနာပြုအဖွဲ့ ၁၀ ဦးသည် ပလက်ဝမြို့နယ်အတွင်း ပီချောင်း နယ်ရှိ ကျေးရွာများတွင် နယ်လှည့်ခရစ်ယာန်ဓမ္မတရားဟောကြားသည့် ခရီးစဉ်အတွင်း တပေါက်ကံရွာတွင် ခလရ ၂၈၉၊
နယ်လှည့် စစ်ကြေင်းမှူးနှင့် အဖွဲ့က ငွေတောင်းခံခဲ့ခြင်းဖြစ်သည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးထောက်ခံစာကို ခါတိုင်းလည်း မယူပါဘူး၊ ဘယ်လိုမှ ပြောလို့ဆိုလို့မရတဲ့ အဆုံး ကျပ်ငွေ နှစ်သိန်း တောင်းတယ်၊ မနည်းတောင်းပန်ပြီးမှ ကျပ်ငွေ ၁၈၀၀၀၀ ပေးရတယ်၊ ည ၁၁ နာရီလောက်မှာကျတော်တို့ တည်းတဲ့ အိမ်ကို လာကြတယ်၊ နောက်နေ့ ကျတော်တို့ ပလက်ဝ ဘက်အလှည့်မှာ ကျေးရွာအုပ်ချုပ်ရေးက ကျတော်တို့ကို ပြန်လိုက်လာပြီး ကျပ်ငွေ ၂၀၀၀၀ ပြန်လာပေးခိုင်းတယ်၊ ကျပ်ငွေ ၁၆၀၀၀၀ ကုန်တာပေါ့ဗျာ ” ဟု နှစ်ခြင်းသာသနာပြု နယ်လှည့် တာဝန်ခံ ဓမ္မဆရာတော် ဦး ဟွေ့ကြိုင်က ပြောသည်။

သာသနာပြုအဖွဲ့သည် အစိုးရစစ်တပ်နှင့် တွေ့ဆုံအပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံ ခရီးသွားထောက်ခံစာကို တောင်းခံပြီး နယ်လှည့်ရန်ပြန်လည်ပြင်ဆင်နေဆဲဖြစ်ကြောင်း အဆိုပါ ပလက်ဝ အခြေစိုက် နယ်လှည့်ခရစ်ယာန်သာ သနာပြုအသင်း သည် မြန်မာနိုင်ငံ ဧ၀ံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်အဖွဲ့ဝင်ဖြစ်သည်။

” ကျတော်တို့ပလက်ဝမှာ အခြေစိုက်တာ ၁၀ နှစ် ၁၀ မိုးရှိပြီ၊ ဒီတခါပဲ ခုလိုမျိုးအဖြစ်နဲ့ကြုံရတယ်၊” ဟု ဆက် ပြောသည်။

ခလရ ၂၈၉ တပ်ရင်းသည် ပလက်ဝ မြို့သစ်တွင် အခြေစိုက်ပြီး ပလက်ဝမြို့နယ်အတွင်း နယ်စပ်ဒေသလုံခြုံရေးအတွက် ခ၀ဲရွာတွင်တပ်ခွဲစခန်းထားရှိကာ စစ်ကြောင်းထွက်နယ်လှည့်ကြသည်။

Share.

About Author

Leave A Reply

*

code