ရွာလ္လုမ္းခံတပ္ တိုက္ပြဲ – မေမ့အပ္ေသာ ခ်င္းတို႔၏ နယ္ခ်ဲ႕ခုခံ စစ္သမိုင္းမွတ္တိုင္တစ္ခု

0

Salai Van Cung Lian (UK)

#Zawgyi

နိဒါန္း

ျဗိတိသွ်အင္ပါယာ ခ်င္းေတာင္ကိုသိမ္းပိုက္ရန္အတြက္ ၾကိဳးပမ္းစဥ္ ခ်င္းလူမ်ိဳးမ်ားႏွင့္ တိုက္ပြဲေျမာက္မ်ားစြာ တိုက္ခဲ့ရသည္။ ထိုတိုက္ပြဲေတြထဲမွ စီးယင္းနယ္ ယေန႔ Voklak ရြာနားတြင္ ျဖစ္ပြားေသာ Taitan/ ရွာလ္လုမ္းတိုက္ပြဲသည္ အျပင္းထန္ဆံုးတိုက္ပြဲျဖစ္သည္။ ထိုတိုက္ပြဲတြင္ စီးယင္းခ်င္းမွ သူရဲေကာင္းစစ္သည္ (၂၇) ဦးတို႔သည္ သူတို႔၏ ဘိုးဘြားစဥ္ဆက္ပိုင္ဆိုင္ခဲ့သည္႔ ေျမကိုကာကြယ္ရင္း တိုက္ပြဲ၀င္ရာတြင္ အသက္ေပးလွဴခဲ့ရသည္။ ျဗိတိသွ်စစ္တပ္မွလည္း အရာရွိတစ္ဦးႏွင္႔ စစ္သား (၃) ဦး က်ရွံဳးခဲ့ရသည္။ ေနာက္ျပီး ၿဗိတိသွ်အရာရွိ Surgeon. Captain Ferdinand Le Quesne သည္ ကမာၻ႔စစ္ဘက္သူရသတၱိဆိုင္ရာ စြမ္းရည္ဘြဲ႔တံဆိပ္မ်ားတြင္ အျမင့္မားဆံုးျဖစ္ေသာ Victoria Cross တံဆိပ္ျဖင့္ ဂုဏ္ျပဳျခင္းခံရသည္။  ဒီေန႔ ေမလ (၄) ရက္ေန႔ဆိုရင္ ဒီသမိုင္း၀င္ ရွာလ္လုမ္းတိုက္ပြဲၾကီးဟာ (၁၃၁) ႏွစ္ျပည့္ျပီျဖစ္သည္ႏွင္႔အမ်ွ ဤတိုက္ပြဲအေၾကာင္းကို ေဖာ္ျပသြားမည္ျဖစ္သည္။

ေနာက္ခံသမိုင္း

၁၈၈၅ ခုႏွစ္မွာ ၿဗိတိသွ်အင္ပါယာဟာ ျမန္မာတစ္ႏိုင္ငံလံုးကို သိမ္းပိုက္ၿပီးေနာက္မွာ ခ်င္းလူမ်ိဳးေတြနဲ႔ ဆက္သြယ္မွဳရွိလာခဲ့သည္။ ဖလမ္းေကာင္စီေခါင္းေဆာင္ Pu Con Bik (ဗိုလ္စြန္ပက္) ခ်င္းတြင္းႏိုင္ငံေရးအရာရွိ Captain F.D. Raikes တို႔သည္ ၁၈၈၇ ခုႏွစ္၊ မတ္လနဲ႔ ၁၈၈၈ ခုႏွစ္၊ ဇန္နဝါရီလတို႔မွာ ေတြ႔ဆံုေဆြးေႏြးမွဳမ်ား ျပဳလုပ္ခဲ့ၾကသည္။ ေနာက္ျပီး Capt. Raikes သည္ စီးယင္းကိုယ္စားလွယ္ (၅) ဦးတို႔ႏွင္႔ ကေလးျမိဳ႕ဘုန္းႀကီးေက်ာင္းတြင္ ၁၈၈၇ ခုႏွစ္၊ ဒီဇင္ဘာလ (၂၆) ရက္ေန႔မွာ ေတြ႔ဆံုခဲ့ၾကသည္။ ကမ္ေဟာင္ (Kamhau) ကိုယ္စားလွယ္ Lun Sat ႏွင္႔ အထက္ခ်င္းတြင္း ခရိုင္၀န္တို႔သည္လည္း မတ္လ (၈) ရက္ေန႔တြင္ ေတြ႔ဆံုခဲ့ၾကသည္။ ေနာက္ျပီး ဟားခါး၊ ဇိုခြါႏွင့္ ဆက္သာ ကိုယ္စားလွယ္မ်ားႏွင္႔လည္း ေတြ႔ဆံုမွဳမ်ားရွိခဲ့သည္။

ဒီေတြ႔ဆံုမႈေတြမွာ ျဗိတိသွ်ပိုင္ ဗမာျပည္ဘက္ကို ခ်င္းမ်ိဳးႏြယ္စုမ်ား လာမတိုက္ဖို႔နဲ႔ အိႏၵိယနဲ႔ ကုန္သြယ္ေရးလမ္းေၾကာင္းေဖာက္ဖို႔ စသည္တို႔ ေဆြးေႏြးခဲ့ၾကသည္။ သို႔ေသာ္လည္း ခ်င္းလူမ်ိဳးတို႔သည္ ျဗိတိသွ်တို႔အေပၚ သံသယရွိလာျပီး တစ္ေန႔တစ္ျခား ျဗိတိသွ်ေတြႏွင္႔ ဆက္ဆံေရးပ်က္ျပားခဲ့ရသည္။ ၁၈၈၈ ခုႏွစ္၊ မတ္လတြင္ တာရြန္းစစ္သည္အင္အား (၅၀၀) ေက်ာ္မွ အင္းဒင္း (ယခုအန္းတဲန္) ကို သိမ္းပိုက္ခဲ့ၾကျပီး စစ္သည္ (၃၀၀) သည္ ကေလး၀၊ ေနာက္ (၃၀၀) သည္ ေတာင္တြင္းခ်ိဳင္႔၀ွမ္းမ်ားအား တိုက္ခုိက္ခဲ့ၾကသည္။ စီးယင္းစစ္သည္ (၅၀၀) သည္ ကေလးျမိဳ႕ႏွင္႔ ေနာက္ထပ္ (၆၀၀) သည္ ကူဘူ (Kubu) ခ်ိဳင္႔၀ွမ္းအား တိုက္ခိုက္ခဲ့ၾကသည္။ ျဗိတိသ်ွစစ္တပ္သည္လည္း စခန္းမ်ားအား အင္အားျဖည္႔ျပီး ခ်င္းတပ္ေပါင္းစုတို႔အား တြန္းလွန္ႏိုင္ခဲ့ၾကသည္။

တာရႊန္းတို႔သည္ ၿဗိတိသွ်ကိုေတာ္လွန္တဲ့ ေရႊဂ်ိဳးျဖဴမင္းသားနဲ႔ေနာက္လိုက္ေတြကို ခိုလႈံခြင့္ေပးခဲ့ျပီး ေရႊဂ်ိဳးျဖဴမင္းသား၊ ေစာ္ဘြားေဟာင္းမ်ား၊ စီးယင္း၊ စုတ္သဲ၊ ကမ္ေဟာင္တို႔ႏွင္႔အတူ ေျမျပန္႔ရွိ ျဗိတိသွ်စစ္စခန္းမ်ားအား ၁၈၈၈ ခုႏွစ္၊ တစ္ႏွစ္လံုးလံုး သြားေရာက္တိုက္ခိုက္ေလ့ရွိသည္။ ဒါေၾကာင့္ ၿဗိတိသွ်တို႔က တာရႊန္းတို႔ကို ေရႊဂ်ိဳးျဖဴမင္းသားအဖြဲ႔အား လက္လႊတ္ရန္၊ မလႊတ္ပါက ခ်င္းေတာင္အား စစ္တပ္ျဖင့္ ၀င္ေရာက္တိုက္ခိုက္မည္ျဖစ္ေၾကာင္း ၁၈၈၈ ခုႏွစ္၊ ၾသဂုတ္လတြင္ ရာဇသံေပးခဲ့သည္။ ၎နည္းတူ စီးယင္းတို႔ထံတြင္လည္း ဖမ္းထားသူေတြကို လႊတ္ဖို႔ ရာဇသံေပးခဲ့သည္။ တာရႊန္းနဲ႔ စီးယင္းတို႔ဟာ ၿဗိတိသွ်တို႔ရဲ႕ ရာဇသံကို ဂရုမစိုက္တဲ့အတြက္ ၿဗိတိသွ်တို႔ဟာ ၁၈၈၈ ခုႏွစ္၊ ဒီဇင္ဘာလမွာ စီးယင္းနယ္ကိုသိမ္းပိုက္ဖို႔ စတင္ျပင္ဆင္ခဲ့ပါတယ္။ စီးယင္းနယ္ဘက္ကို လမ္းေဖာက္ရင္းနဲ႔ စစ္ေရးျပင္ဆင္မႈေတြ လုပ္ေဆာင္ခဲ့ၾကပါတယ္။

ၿဗိတိသွ်တို႔ စီးယင္းနယ္ကိုသိမ္းပိုက္ဖို႔ ေရွ႕တိုးလုပ္ေဆာင္ေနစဥ္မွာ ေရႊဂ်ိဳးျဖဴ၊ ရွမ္းေစာ္ဘြား၊ တာရႊန္းတို႔နဲ႔ စီးယင္း၊ စုသဲ၊ ကမ္ေဟာက္တို႔ဟာ စည္းလံုးညီညြတ္စြာနဲ႔ ေျမျပန္႔က ၿဗိတိသွ်စခန္းေတြကို ၁၈၈၈ ခုႏွစ္၊ ဒီဇင္ဘာလတြင္ တိုက္ခုိက္ခဲ့ၾကပါသည္။ ထိုအေၾကာင္းကို ႏိုင္ငံေရးအရာရွိ Mr. Carey က “စီးယင္းနယ္ကို သိမ္းပိုက္ဖို႔ ႀကိဳးစားေနစဥ္မွာ ခ်င္းလူမ်ိဳးေတြဟာ က်ေနာ္တို႔ေနာက္ေၾကာက စခန္းေတြကို သြားေရာက္တိုက္ခိုက္ႏိုင္တာကိုၾကည့္ရင္ တိုက္ခိုက္ေရးကြ်မ္းက်င္သူေတြျဖစ္တယ္ဆိုတာ ေပၚလြင္တယ္” ဆိုၿပီး မွတ္တမ္းတင္ခဲ့သည္။

လက္နက္အင္အား အစစအရာရာသာလြန္တဲ့ ၿဗိတိသွ်တို႔ဟာ စီးယင္းနယ္ကို တျဖည္းျဖည္းသိမ္းပိုက္ၿပီး ၁၈၈၉ ခုႏွစ္၊ ဧၿပီလမွာ စီးယင္းနယ္အားလံုးကို သိမ္းယူႏိုင္ခဲ့ၾကပါတယ္။ ၿဗိတိသွ်တို႔ ခ်င္းျပည္ကိုသိမ္းပိုက္ဖို႔ ႀကိဳးပမ္းစဥ္မွာ ခ်င္းလူမ်ိဳးေတြဟာ မ်ိဳးႏြယ္စုတခုနဲ႔တခုအၾကားက ျပႆနာေတြကို ေဘးဖယ္ၿပီး စီးယင္း၊ ကမ္ေဟာက္နဲ႔ စုတ္သဲတို႔ဟာ ညီညြတ္ရဲဝံ့စြာနဲ႔ ၿဗိတိသွ်တို႔ကို ဆန္႔က်င္ခဲ့ၾကပါတယ္။ ၿဗိတိသွ် ဗိုလ္ခ်ဳပ္ႀကီး Gen. George White က… “က်ေနာ္တိုက္ခဲ့ဖူးတဲ့ စစ္ပြဲေတြထဲမွာ အခက္အခဲဆံုးတိုက္ပြဲေတြ ျဖစ္တယ္လို႔” မွတ္ခ်င္ခ်ခဲ့သည္။  ၿဗိတိသွ်တို႔ စီးယင္းနယ္ကို သိမ္းပိုက္ၿပီးေနာက္ ထုတ္လိုင္ရြာမွာ Gen. White အား ဂုဏ္ျပဳေသာအားျဖင့္ Fort White စစ္စခန္းကို တည္ေဆာက္ခဲ့ၾကသည္။ ျဗိတိသွ်တို႔ စီးယင္းနယ္ကို သိမ္းပိုက္ခဲ့ေသာ္လည္း ဗိုလ္ခိုင္ကမ္းေခါင္းေဆာင္ေသာ စီးယင္းတို႔ဟာ အရွံဳးမေပးဘဲ သူတို႔ရြာေတြကို မီးရွိဳ႕ၿပီး၊ ေတာပုန္းၿပီး ဆက္လက္တိုက္ခိုက္ခဲ့ၾကပါတယ္။

တိုင္တန္၊ ရွာလ္လုမ္းခံတပ္  

၁၈၈၉ ခုႏွစ္၊ ေမလမွာ စီးယင္းနယ္၊ Taitan အရပ္တြင္ တဲအိမ္သစ္မ်ားအား ျဗိတိသွ်တို႔ လွမ္းျမင္ရသည္။ Buanman ရြာသားေတြဟာ ၿဗိတိသွ်တို႔ လာေရာက္တိုက္မယ္ဆိုတာ သိတဲ့အတြက္ Taitan ရြာေအာက္မွာ  Siallum ဆိုတဲ့ ခံတပ္ကို ေဆာက္လုပ္ၾကတာျဖစ္ပါတယ္။ Sial ဆိုတာက ႏြားေနာက္ဦးေခါင္းျဖစ္ၿပီး၊ Lum ကေတာ့ ခံတပ္ျဖစ္ပါတယ္။ အဲဒီမွာ ကတုတ္က်င္း (၃) ခု ေဆာက္ခဲ့ၾကပါတယ္။ ကတုတ္က်င္းတစ္ခုရဲ႕နာမည္က Kulhpi ျဖစ္ၿပီး Taitan  ရြာနဲ႔ အနီးဆံုးမွာ ရွိပါတယ္။ Kulhpi နဲ႔ (၁၈ဝ) ေပေလာက္အကြာမွာ (၆) ေပကေန (၉) ေပက်ယ္တဲ့ ကတုတ္က်င္းကို ေဆာက္လုပ္ၾကတယ္။ အဲဒီကတုတ္က်င္းႏွစ္ခုဟာ Kulh Baan ေခၚ (၃) ေပအနက္နဲ႔အက်ယ္ လမ္းေၾကာင္းတခုနဲ႔ ဆက္သြယ္ ေဖာက္လုပ္ထားပါတယ္။ Kulhpi ႏွင္႔ Kulh Baan ေတြကို သစ္သားေတြသစ္ရြက္ေတြနဲ႔ ဖံုးထားပါတယ္။ ခံတပ္ေတြအနားမွာလည္း (၃) ေပအျမင့္ရွိတဲ့ ဆူးခြ်န္ေတြ စိုက္ထူထားပါတယ္။ ေနာက္ အမ်ိဳးသမီးနဲ႔ကေလးေတြ ပုန္းဖို႔ေနရာ၊ သူႀကီးေတြ ပုန္းဖို႔ေနရာနဲ႔ နတ္ဆရာေတြ ပုန္းဖို႔ေနရာေတြကိုလည္း ေဆာက္လုပ္ထားပါတယ္။ ရန္သူေတြရဲ႕လႈပ္ရွားမႈကို ေစာင့္ၾကည့္ဖို႔ ကင္းေစာင့္ေမွ်ာ္စင္ကိုလည္း Mualsan ေတာင္မွာ ေဆာက္လုပ္ထားၾကပါတယ္။

ရွာလ္လုမ္းတိုက္ပြဲ

ၿဗိတိသွ်စစ္ဗိုလ္ခ်ဳပ္ႀကီး Faunce က Taitan ကို တိုက္ဖို႔အတြက္ 42nd Gurkha Light Infantry Division

ကေန ရိုင္ဖယ္ကိုင္စစ္သား (၆၅) ေယာက္နဲ႔  2nd Norfolk Battalion ကေန ရိုင္ဖယ္ကိုင္ စစ္သား အေယာက္ (၆ဝ) ေစလႊတ္ခဲ့ပါတယ္။ ထိုစစ္ေၾကာင္းကို 2nd Norfolk Battalion က Maj. Shepherd နဲ႔ 42nd Gurkha  တပ္ကို Captain Westmoreland တို႔က ဦးေဆာင္ပါတယ္။ ၿဗိတိသွ်စစ္တပ္ဟာ ၁၈၈၉ ခုႏွစ္၊ ေမလ (၄) ရက္ေန႔မွာ ဖို႔ဝိႈက္ကေန Buanman, Mualsan, Ngumpi, Nalun, Taikhe အရပ္ေတြကို ျဖတ္ေက်ာ္ၿပီး Taitan ဘက္ကိုဦးတည္လာခဲ့ၾကပါတယ္။ ၿဗိတိသွ်တို႔ ခ်ီတက္လာတာကို ပထမဆံုးသိတာကေတာ့ စီးယင္းတို႔ေမြးထားတဲ့ ေခြးေဟာင္သံေတြကေန သတိထားမိၾကပါတယ္။ ဒါ့အျပင္ Mualsan ကေန ကင္းေစာင့္ေနတဲ့ Pu Zong On က ၿဗိတိသွ်တို႔ ခ်ီတက္လာတာေတြ႔တာနဲ႔ ရြာကိုေျပးၿပီးေျပာပါတယ္။ အဲဒီေနာက္ ကေလးသူငယ္ (၈ဝ)၊ အမ်ိဳးသမီးေတြ၊ ရြာသူႀကီးေတြဟာ ပုန္းေအာင္းရမယ့္ ေနရာေတြဆီကို သြားၾကပါတယ္။ စီးယင္းစစ္သားေတြကလည္း ကတုတ္က်င္းေတြမွာ ေနရာယူၾကပါတယ္။ ၿဗိတိသွ်တို႔ Taitan ေရာက္တဲ့အခ်ိန္မွာ တရြာလံုး တိတ္ဆိတ္ေနပါတယ္။ Taitan ကေန Siallum ဘက္ကို ဆက္လက္ ထြက္ခြာလာခဲ့ၾကပါတယ္။ စီးယင္းေတြကလည္း ခ်င္းတူမီးေသနတ္နဲ႔ အသင္႔ေစာင့္ႀကိဳခဲ့ၾကပါတယ္။

ၿဗိတိသွ်စစ္တပ္ေတြဟာ ကတုတ္က်င္းနဲ႔ ေပ (၁၅ဝ) ေလာက္အကြာကို ေရာက္တာနဲ႔ စီးယင္းေတြက ကတုတ္က်င္းေတြထဲကေန ဒရစပ္ ပစ္ခတ္ၾကပါတယ္။ ၿဗိတိသွ်တို႔ဟာ ဘယ္ကေန ပစ္တယ္ဆိုတာ ခ်က္ျခင္းမသိတဲ့အတြက္ တုန္လႈပ္မွင္သက္သြားၾကပါတယ္။ Second. Lt. Michell ကလည္း က်ည္သင့္ၿပီး ပစ္လဲပါတယ္။ ၿဗိတိသွ်တို႔ကလည္း ေသနတ္ေငြ႔ထြက္ေနတဲ့ ကတုတ္က်င္း (၁) ကို ျပန္ပစ္ၾကပါတယ္။ ေဆးဆရာ၀န္ ဗိုလ္ႀကီး Le Quesne လည္း Lt.Michell ရဲ့ဒဏ္ရာကို ၾကည့္ေပးရင္း စီးယင္းေတြဘက္ကို ျပန္ျပန္ပစ္ပါတယ္။ အဲဒီလို အျပန္အလွန္ပစ္ခတ္ရင္း မၾကာခင္မွာ ၿဗိတိသွ်စစ္သားေတြဟာ ကတုတ္က်င္း (၁) အေပၚကို ေရာက္ႏိုင္ခဲ့ပါတယ္။ ကတုတ္က်င္းအဖံုးကိုဖြင့္ၿပီး အထဲက စီးယင္းစစ္သားေတြကို ပစ္ခတ္တာေၾကာင့္ စီးယင္းစစ္သားေတြ က်ဆံုးခဲ့ၾကပါတယ္။

အဲဒီအခ်ိန္မွာ ကတုတ္က်င္း (၂) က စီးယင္းစစ္သားေတြဟာ ၿဗိတိသွ်တို႔ ေရွ႕ဆက္မတိုးႏိုင္ဖို႔နဲ႔ မလႈပ္ႏိုင္ေအာင္ ပစ္ခတ္ေနခဲ့ပါတယ္။ ကတုတ္က်င္း (၂) ေဘးက ျခံဳထဲကေနလည္း စီးယင္းေတြက ပစ္ခတ္ေနတာေၾကာင့္ ၿဗိတိသွ်တို႔ ဆုတ္ခြာခဲ့ၾကရပါတယ္။ ဒါေပမယ့္ စီးယင္းတို႔က လိုက္လံမပစ္ခတ္ခဲ့ၾကပါဘူး။ ၿဗိတိသွ်တို႔ဟာ ဆုတ္ခြာရင္း Taitan ရြာကို မီးရွိဳ႕ခဲ့ၾကပါတယ္။ ၿဗိတိသွ်ဘက္က အရာရွိတေယာက္နဲ႔ စစ္သားသံုးေယာက္ က်ခဲ့ၿပီး ဗိုလ္ႀကီး Mayne၊ ဗိုလ္ႀကီး LeQuesne နဲ႔ စစ္သား (၈) ေယာက္ အျပင္းအထန္ ဒဏ္ရာရရွိခဲ့ၾကပါတယ္။

တိုက္ပြဲအစီရင္ခံစာ

အဲဒီလို ဆုတ္ခြာရတဲ့အေၾကာင္း ဗုိလ္ခ်ဳပ္ႀကီး Faunce က စစ္ေကာ္မရွင္နာခ်ဳပ္ဆီကို အခုလို အစီရင္ခံခဲ့ပါတယ္။ “42nd Gurkha တပ္ကေန စစ္သား (၆၅) ေယာက္နဲ႔၊ Norfolk ကေန (၆ဝ) ကို ဗိုလ္မွဴး Shepherd ကို ဦးေဆာင္ခဲ့ၿပီး Taitanကို သြားတိုက္ရန္အမိန္႔ေပးခဲ့ပါတယ္။ သူတို႔အသစ္တည္တဲ့ရြာ ေရာက္တဲ့အထိ ဘာမွ ျပသနာမျဖစ္ခဲ့ပါဘူး။ အဲဒီရြာေအာက္မွာေတာ့ ကတုတ္က်င္းေကာင္းေကာင္း (၂) ခု ရွိပါတယ္။ အဲဒီ ကတုတ္က်င္းေတြက တခုနဲ႔တခု ဆက္သြယ္ႏိုင္ၿပီး၊ သစ္သားေတြသစ္ရြက္ေတြနဲ႔ ဖံုးထားပါတယ္။ စီးယင္းခ်င္းစစ္သားေတြဟာ ကတုတ္က်င္းနဲ႔ ကိုက္ (၅ဝ) အကြာေလာက္ က်ေနာ္တို႔ေရာက္တဲ့အခ်ိန္မွာ စပစ္ပါတယ္။ သူတို႔ကတုတ္က်င္းထဲကေန လံုး၀ေနာက္မဆုတ္ပဲ ပစ္ခတ္ၾကပါတယ္။ ကတုတ္က်င္း (၁) မွာ Bayonet (ရိုင္ဖယ္လ္ေသနတ္ေရွ႕တြင္ တပ္ဆင္ထားေသာဓါးငယ္) နဲ႔ (၈) ေယာက္ကို က်ေနာ္တို႔သတ္ႏိုင္ခဲ့တယ္။ ကတုတ္က်င္းတစ္ကေန သူတို႔လူ (၃ဝ) ေလာက္ကို သတ္ႏိုင္ခဲ့ၿပီး အမ်ားအျပား ဒဏ္ရာရရွိခဲ့ၾကပါတယ္။ က်ေနာ္တို႔ဘက္က ေသဆံုးသူေတြ ဒဏ္ရာရသူေတြအတြက္ က်ေနာ္ အရမ္းဝမ္းနည္းပါတယ္။ ရြာသစ္ေဆာက္တာကို ဖ်က္ဆီးႏိုင္ခဲ့ၾကေပမယ့္ ကတုတ္က်င္းကိုေတာ့ အဲဒီေန႔မွာ မသိမ္းႏိုင္ခဲ့ပါဘူး။ တိုက္ပြဲေခါင္းေဆာင္က က်ဆံုးသူ၊ ဒဏ္ရာရသူေတြ မ်ားေနၿပီျဖစ္တဲ့အတြက္ ထပ္ခံရမယ္ဆိုရင္ အဲဒီည ဖို႔ဝႈိက္ကို ျပန္မေရာက္ႏိုင္ေတာ့ဘူး။ ေနာက္ၿပီး ညေနေစာင္းၿပီျဖစ္တဲ့အတြက္ ညအိပ္ဖို႔နဲ႔၊ အစားအစာလည္း မပါလာတဲ့အတြက္ ျပန္ဆုတ္ခဲ့ပါတယ္”… ဆိုၿပီး ေမလ (၁၅) ရက္မွာ အစီရင္ခံစာ ေရးခဲ့ပါတယ္။

တိုက္ပြဲအဆံုးသတ္ျခင္း

ၿဗိတိသွ်တို႔ ဆုတ္ခြာၿပီးေနာက္ စီးယင္းခ်င္းေတြဟာလည္း ကတုတ္က်င္း (၂) နဲ႔ (၃) ကို ျပင္ဆင္ၿပီး ၿဗိတိသွ်တို႔ကို အသင့္ ေစာင့္ေနၾကပါတယ္။ ၿဗိတိသွ်ဗိုလ္ခ်ဳပ္ႀကီး Faunce ကို ေမလ (၆) ရက္မွာ ဗိုလ္ခ်ဳပ္ႀကီး Symonds နဲ႔ အစားထိုးျပီးေနာက္ သူကိုယ္တိုင္ စစ္သား (၁၅ဝ) နဲ႔ ေမလ (၁ဝ) ရက္ေန႔မွာ Siallum ကိုခ်ီတက္တိုက္ခိုက္ခဲ့ပါတယ္။ ေမလ (၄) ရက္ေန႔တိုက္ပြဲရဲ႕ကတုတ္က်င္းေတြကို သြားၾကည့္ရာမွာ စီးယင္းစစ္သားအေလာင္းေတြကိုလည္း ေတြ႔ခဲ့ပါတယ္။ ကတုတ္က်င္းေတြကိုေတာ့ မီးရွိဳ႕ဖ်က္ဆီးခဲ့ပါတယ္။ ေမ (၄) ရက္တိုက္ပြဲမွာ စီးယင္းစစ္သား (၂၇) ဦး က်ဆံုးခဲ့ၾကပါတယ္။ ရွာလ္လုမ္းတိုက္ပြဲတြင္ က်ဆံုးသြားေသာ စီးယင္းခ်င္းစစ္သည္ (၂၇) ဦးတို႔၏အမည္မ်ားမွာ –

1. Pu Khup Vum, 2. Pi Vung Neam, 3. Pi Ot Huai, 4. Pu Khai Suak, 5. Pu Lian Kam, 6. Pu Vum Mang, 7.Pu Tuang Vungh, 8. Pi Huai Nuam, 9. Pu Pau Suang, 10. Pi Lian Vung, 11. Pu Zong On, 12. Pu Pau Suang, 13. Pi Lian Vung, 14. Pu Zong On, 15. Pu Zong Thuam, 16. Pu Za Vum, 17. Pi Lam Ciang, 18. Pu Thang Hau, 19. Pi Uap Nuam, 20. Pu Lu Kam, 21. Pi Niang Ciang, 22. Pu Son Suang, 23. Pu En Kham, 24. Pi Dim Ngiak, 25. Pu Pau Lam, 26. Hang Sing ႏွင္႔ 27. Pi Uap Huai တို႔ျဖစ္ၾကသည္။

Buanman သူႀကီး Lian Kham၊ Tartan သူႀကီး Do Lian ရဲ႕ ညီႏွစ္ေယာက္လည္း က်ဆံုးခဲ့ၾကပါတယ္။ Taitan သူႀကီး Do Lian လည္း ျမင္းျခံေထာင္မွာ ေထာင္ (၅) ႏွစ္က်ခဲ့ပါတယ္။

ဂုဏ္ျပဳခံရျခင္းႏွင္႔ နိဂံုး

ဒီတိုက္ပြဲမွာ ျပင္းျပင္းထန္ထန္ ဒဏ္ရာရရွိခဲ့တဲ့ Capt. Le Quesne ကို သူ႔ရဲ႕ရဲရင့္မႈနဲ႔ စစ္ေရးကြ်မ္းက်င္မႈေၾကာင့္ စစ္ဘက္ဆိုင္ရာ အျမင့္ဆံုးဂုဏ္ျပဳမႈျဖစ္တဲ့ Victoria Cross ဆုကို ခ်ီးျမႇင့္ခဲ့ၾကပါတယ္။ အဲဒီတံဆိပ္ကို ဒီေန႔ထက္တိုင္ ၿဗိတိသွ်ႏိုင္ငံ Jersey ျပတိုက္မွာ ေတြ႔ျမင္ႏိုင္ပါတယ္။

Capt. LeQuesne ရဲ႕ Victoria Cross ဆုရတာကို ၾကည့္ျခင္းအားျဖင့္ ရွားလ္လုမ္းတိုက္ပြဲျပင္းထန္ပံုကို သိႏိုင္ပါတယ္။ ကမာၻႀကီးကို အုပ္စိုးခဲ့တဲ့ ကမာၻ့အင္အားအႀကီးဆံုးစစ္တပ္က က်ေနာ္တို႔ဘိုးဘြားေတြကို လြယ္လင့္တကူ မႏိုင္ႏိုင္ခဲ့ပါဘူး။ က်ေနာ္တို႔ခ်င္းျပည္ႀကီးကို လာေရာက္တိုက္ခိုက္သူေတြ ဘယ္လိုပင္ အင္အားႀကီးလင့္ကစား ရဲဝံ့စြာနဲ႔ ျပန္လည္တိုက္ခိုက္ႏိုင္တဲ့ က်ေနာ္တို႔ဘိုးဘြားေတြရဲ႕ ရဲစြမ္းသတိၱကို ဂုဏ္ျပဳရမွာျဖစ္သလို၊ အစဥ္ ေလးစားဂုဏ္ယူရမွာလည္း ျဖစ္ပါတယ္။

ရွားလ္လုမ္းတိုက္ခိုက္မႈမွာပါဝင္ခဲ့တဲ့ Pu Pau Thual ကလည္း ရွာလ္လုမ္းတိုက္ပြဲႏွင္႔ တိုက္ပြဲတြင္က်ဆံုးသြားေသာ စစ္သူရဲေကာင္းမ်ားအား ဂုဏ္ျပဳရင္း ေအာက္ပါ ေရွးရိုးစဥ္လာသီခ်င္းတစ္ပုဒ္ စပ္ဆိုခဲ့သည္။

Phung Sak Luang leh leido sakluang

(ရန္သူ႔အေလာင္း မ်ိဳးေဆြေတြရဲ႕အေလာင္းေတြ)

Tul Luang thing bang hong ki phom

(သစ္တံုးေတြလို အတံုးအရံုးၾကားက)

Phung luang lumsuang bang beal ing

(မ်ိဳးေဆြေတြရဲ႕အေလာင္းေတြကို ကတုတ္လုပ္)

Pu von min nam sial ing

(က်ဆံုးသြားတဲ့ သူရဲေကာင္းအမ်ိဳးေတြရဲ႕ နာမည္ကို ခြန္အားယူေရရြတ္ရင္း ငါ… ရန္သူေတြကို ေခ်မႈန္းခဲ့တယ္)

References:

  1. The Chin Hills by B.S Carey and H.N Tuck published in 1896.
  2. File Number Acc. 2712. National Archive Department, Yangon
  3. A profile of Burma Frontier Man by Vum Kho Hau.
  4. The Siallum Fort published by On Lian Khai (Voklak) 
  5. https://nikonghong.wordpress.com/2013/05/02/siallum/

All photos are from Globalsiyinnews.blogspot.com

#Unicode

နိဒါန်း

ဗြိတိသျှအင်ပါယာ ချင်းတောင်ကိုသိမ်းပိုက်ရန်အတွက် ကြိုးပမ်းစဉ် ချင်းလူမျိုးများနှင့် တိုက်ပွဲမြောက်များစွာ တိုက်ခဲ့ရသည်။ ထိုတိုက်ပွဲတွေထဲမှ စီးယင်းနယ် ယနေ့ Voklak ရွာနားတွင် ဖြစ်ပွားသော Taitan/ ရှာလ်လုမ်းတိုက်ပွဲသည် အပြင်းထန်ဆုံးတိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲတွင် စီးယင်းချင်းမှ သူရဲကောင်းစစ်သည် (၂၇) ဦးတို့သည် သူတို့၏ ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်ခဲ့သည့် မြေကိုကာကွယ်ရင်း တိုက်ပွဲဝင်ရာတွင် အသက်ပေးလှူခဲ့ရသည်။ ဗြိတိသျှစစ်တပ်မှလည်း အရာရှိတစ်ဦးနှင့် စစ်သား (၃) ဦး ကျရှုံးခဲ့ရသည်။ နောက်ပြီး ဗြိတိသျှအရာရှိ Surgeon. Captain Ferdinand Le Quesne သည် ကမ္ဘာ့စစ်ဘက်သူရသတ္တိဆိုင်ရာ စွမ်းရည်ဘွဲ့တံဆိပ်များတွင် အမြင့်မားဆုံးဖြစ်သော Victoria Cross တံဆိပ်ဖြင့် ဂုဏ်ပြုခြင်းခံရသည်။  ဒီနေ့ မေလ (၄) ရက်နေ့ဆိုရင် ဒီသမိုင်းဝင် ရှာလ်လုမ်းတိုက်ပွဲကြီးဟာ (၁၃၁) နှစ်ပြည့်ပြီဖြစ်သည်နှင့်အမျှ ဤတိုက်ပွဲအကြောင်းကို ဖော်ပြသွားမည်ဖြစ်သည်။

နောက်ခံသမိုင်း

၁၈၈၅ ခုနှစ်မှာ ဗြိတိသျှအင်ပါယာဟာ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက်မှာ ချင်းလူမျိုးတွေနဲ့ ဆက်သွယ်မှုရှိလာခဲ့သည်။ ဖလမ်းကောင်စီခေါင်းဆောင် Pu Con Bik (ဗိုလ်စွန်ပက်) ချင်းတွင်းနိုင်ငံရေးအရာရှိ Captain F.D. Raikes တို့သည် ၁၈၈၇ ခုနှစ်၊ မတ်လနဲ့ ၁၈၈၈ ခုနှစ်၊ ဇန်နဝါရီလတို့မှာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ နောက်ပြီး Capt. Raikes သည် စီးယင်းကိုယ်စားလှယ် (၅) ဦးတို့နှင့် ကလေးမြို့ဘုန်းကြီးကျောင်းတွင် ၁၈၈၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့မှာ တွေ့ဆုံခဲ့ကြသည်။ ကမ်ဟောင် (Kamhau) ကိုယ်စားလှယ် Lun Sat နှင့် အထက်ချင်းတွင်း ခရိုင်ဝန်တို့သည်လည်း မတ်လ (၈) ရက်နေ့တွင် တွေ့ဆုံခဲ့ကြသည်။ နောက်ပြီး ဟားခါး၊ ဇိုခွါနှင့် ဆက်သာ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံမှုများရှိခဲ့သည်။

ဒီတွေ့ဆုံမှုတွေမှာ ဗြိတိသျှပိုင် ဗမာပြည်ဘက်ကို ချင်းမျိုးနွယ်စုများ လာမတိုက်ဖို့နဲ့ အိန္ဒိယနဲ့ ကုန်သွယ်ရေးလမ်းကြောင်းဖောက်ဖို့ စသည်တို့ ဆွေးနွေးခဲ့ကြသည်။ သို့သော်လည်း ချင်းလူမျိုးတို့သည် ဗြိတိသျှတို့အပေါ် သံသယရှိလာပြီး တစ်နေ့တစ်ခြား ဗြိတိသျှတွေနှင့် ဆက်ဆံရေးပျက်ပြားခဲ့ရသည်။ ၁၈၈၈ ခုနှစ်၊ မတ်လတွင် တာရွန်းစစ်သည်အင်အား (၅၀ဝ) ကျော်မှ အင်းဒင်း (ယခုအန်းတဲန်) ကို သိမ်းပိုက်ခဲ့ကြပြီး စစ်သည် (၃၀ဝ) သည် ကလေးဝ၊ နောက် (၃၀ဝ) သည် တောင်တွင်းချိုင့်ဝှမ်းများအား တိုက်ခိုက်ခဲ့ကြသည်။ စီးယင်းစစ်သည် (၅၀ဝ) သည် ကလေးမြို့နှင့် နောက်ထပ် (၆၀ဝ) သည် ကူဘူ (Kubu) ချိုင့်ဝှမ်းအား တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိသျှစစ်တပ်သည်လည်း စခန်းများအား အင်အားဖြည့်ပြီး ချင်းတပ်ပေါင်းစုတို့အား တွန်းလှန်နိုင်ခဲ့ကြသည်။

တာရွှန်းတို့သည် ဗြိတိသျှကိုတော်လှန်တဲ့ ရွှေဂျိုးဖြူမင်းသားနဲ့နောက်လိုက်တွေကို ခိုလှုံခွင့်ပေးခဲ့ပြီး ရွှေဂျိုးဖြူမင်းသား၊ စော်ဘွားဟောင်းများ၊ စီးယင်း၊ စုတ်သဲ၊ ကမ်ဟောင်တို့နှင့်အတူ မြေပြန့်ရှိ ဗြိတိသျှစစ်စခန်းများအား ၁၈၈၈ ခုနှစ်၊ တစ်နှစ်လုံးလုံး သွားရောက်တိုက်ခိုက်လေ့ရှိသည်။ ဒါကြောင့် ဗြိတိသျှတို့က တာရွှန်းတို့ကို ရွှေဂျိုးဖြူမင်းသားအဖွဲ့အား လက်လွှတ်ရန်၊ မလွှတ်ပါက ချင်းတောင်အား စစ်တပ်ဖြင့် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်ကြောင်း ၁၈၈၈ ခုနှစ်၊ သြဂုတ်လတွင် ရာဇသံပေးခဲ့သည်။ ၎င်းနည်းတူ စီးယင်းတို့ထံတွင်လည်း ဖမ်းထားသူတွေကို လွှတ်ဖို့ ရာဇသံပေးခဲ့သည်။ တာရွှန်းနဲ့ စီးယင်းတို့ဟာ ဗြိတိသျှတို့ရဲ့ ရာဇသံကို ဂရုမစိုက်တဲ့အတွက် ဗြိတိသျှတို့ဟာ ၁၈၈၈ ခုနှစ်၊ ဒီဇင်ဘာလမှာ စီးယင်းနယ်ကိုသိမ်းပိုက်ဖို့ စတင်ပြင်ဆင်ခဲ့ပါတယ်။ စီးယင်းနယ်ဘက်ကို လမ်းဖောက်ရင်းနဲ့ စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ဗြိတိသျှတို့ စီးယင်းနယ်ကိုသိမ်းပိုက်ဖို့ ရှေ့တိုးလုပ်ဆောင်နေစဉ်မှာ ရွှေဂျိုးဖြူ၊ ရှမ်းစော်ဘွား၊ တာရွှန်းတို့နဲ့ စီးယင်း၊ စုသဲ၊ ကမ်ဟောက်တို့ဟာ စည်းလုံးညီညွတ်စွာနဲ့ မြေပြန့်က ဗြိတိသျှစခန်းတွေကို ၁၈၈၈ ခုနှစ်၊ ဒီဇင်ဘာလတွင် တိုက်ခိုက်ခဲ့ကြပါသည်။ ထိုအကြောင်းကို နိုင်ငံရေးအရာရှိ Mr. Carey က “စီးယင်းနယ်ကို သိမ်းပိုက်ဖို့ ကြိုးစားနေစဉ်မှာ ချင်းလူမျိုးတွေဟာ ကျနော်တို့နောက်ကြောက စခန်းတွေကို သွားရောက်တိုက်ခိုက်နိုင်တာကိုကြည့်ရင် တိုက်ခိုက်ရေးကျွမ်းကျင်သူတွေဖြစ်တယ်ဆိုတာ ပေါ်လွင်တယ်” ဆိုပြီး မှတ်တမ်းတင်ခဲ့သည်။

လက်နက်အင်အား အစစအရာရာသာလွန်တဲ့ ဗြိတိသျှတို့ဟာ စီးယင်းနယ်ကို တဖြည်းဖြည်းသိမ်းပိုက်ပြီး ၁၈၈၉ ခုနှစ်၊ ဧပြီလမှာ စီးယင်းနယ်အားလုံးကို သိမ်းယူနိုင်ခဲ့ကြပါတယ်။ ဗြိတိသျှတို့ ချင်းပြည်ကိုသိမ်းပိုက်ဖို့ ကြိုးပမ်းစဉ်မှာ ချင်းလူမျိုးတွေဟာ မျိုးနွယ်စုတခုနဲ့တခုအကြားက ပြဿနာတွေကို ဘေးဖယ်ပြီး စီးယင်း၊ ကမ်ဟောက်နဲ့ စုတ်သဲတို့ဟာ ညီညွတ်ရဲဝံ့စွာနဲ့ ဗြိတိသျှတို့ကို ဆန့်ကျင်ခဲ့ကြပါတယ်။ ဗြိတိသျှ ဗိုလ်ချုပ်ကြီး Gen. George White က… “ကျနော်တိုက်ခဲ့ဖူးတဲ့ စစ်ပွဲတွေထဲမှာ အခက်အခဲဆုံးတိုက်ပွဲတွေ ဖြစ်တယ်လို့” မှတ်ချင်ချခဲ့သည်။  ဗြိတိသျှတို့ စီးယင်းနယ်ကို သိမ်းပိုက်ပြီးနောက် ထုတ်လိုင်ရွာမှာ Gen. White အား ဂုဏ်ပြုသောအားဖြင့် Fort White စစ်စခန်းကို တည်ဆောက်ခဲ့ကြသည်။ ဗြိတိသျှတို့ စီးယင်းနယ်ကို သိမ်းပိုက်ခဲ့သော်လည်း ဗိုလ်ခိုင်ကမ်းခေါင်းဆောင်သော စီးယင်းတို့ဟာ အရှုံးမပေးဘဲ သူတို့ရွာတွေကို မီးရှို့ပြီး၊ တောပုန်းပြီး ဆက်လက်တိုက်ခိုက်ခဲ့ကြပါတယ်။

တိုင်တန်၊ ရှာလ်လုမ်းခံတပ်  

၁၈၈၉ ခုနှစ်၊ မေလမှာ စီးယင်းနယ်၊ Taitan အရပ်တွင် တဲအိမ်သစ်များအား ဗြိတိသျှတို့ လှမ်းမြင်ရသည်။ Buanman ရွာသားတွေဟာ ဗြိတိသျှတို့ လာရောက်တိုက်မယ်ဆိုတာ သိတဲ့အတွက် Taitan ရွာအောက်မှာ  Siallum ဆိုတဲ့ ခံတပ်ကို ဆောက်လုပ်ကြတာဖြစ်ပါတယ်။ Sial ဆိုတာက နွားနောက်ဦးခေါင်းဖြစ်ပြီး၊ Lum ကတော့ ခံတပ်ဖြစ်ပါတယ်။ အဲဒီမှာ ကတုတ်ကျင်း (၃) ခု ဆောက်ခဲ့ကြပါတယ်။ ကတုတ်ကျင်းတစ်ခုရဲ့နာမည်က Kulhpi ဖြစ်ပြီး Taitan  ရွာနဲ့ အနီးဆုံးမှာ ရှိပါတယ်။ Kulhpi နဲ့ (၁၈ဝ) ပေလောက်အကွာမှာ (၆) ပေကနေ (၉) ပေကျယ်တဲ့ ကတုတ်ကျင်းကို ဆောက်လုပ်ကြတယ်။ အဲဒီကတုတ်ကျင်းနှစ်ခုဟာ Kulh Baan ခေါ် (၃) ပေအနက်နဲ့အကျယ် လမ်းကြောင်းတခုနဲ့ ဆက်သွယ် ဖောက်လုပ်ထားပါတယ်။ Kulhpi နှင့် Kulh Baan တွေကို သစ်သားတွေသစ်ရွက်တွေနဲ့ ဖုံးထားပါတယ်။ ခံတပ်တွေအနားမှာလည်း (၃) ပေအမြင့်ရှိတဲ့ ဆူးချွန်တွေ စိုက်ထူထားပါတယ်။ နောက် အမျိုးသမီးနဲ့ကလေးတွေ ပုန်းဖို့နေရာ၊ သူကြီးတွေ ပုန်းဖို့နေရာနဲ့ နတ်ဆရာတွေ ပုန်းဖို့နေရာတွေကိုလည်း ဆောက်လုပ်ထားပါတယ်။ ရန်သူတွေရဲ့လှုပ်ရှားမှုကို စောင့်ကြည့်ဖို့ ကင်းစောင့်မျှော်စင်ကိုလည်း Mualsan တောင်မှာ ဆောက်လုပ်ထားကြပါတယ်။

ရှာလ်လုမ်းတိုက်ပွဲ

ဗြိတိသျှစစ်ဗိုလ်ချုပ်ကြီး Faunce က Taitan ကို တိုက်ဖို့အတွက် 42nd Gurkha Light Infantry Division

ကနေ ရိုင်ဖယ်ကိုင်စစ်သား (၆၅) ယောက်နဲ့  2nd Norfolk Battalion ကနေ ရိုင်ဖယ်ကိုင် စစ်သား အယောက် (၆ဝ) စေလွှတ်ခဲ့ပါတယ်။ ထိုစစ်ကြောင်းကို 2nd Norfolk Battalion က Maj. Shepherd နဲ့ 42nd Gurkha  တပ်ကို Captain Westmoreland တို့က ဦးဆောင်ပါတယ်။ ဗြိတိသျှစစ်တပ်ဟာ ၁၈၈၉ ခုနှစ်၊ မေလ (၄) ရက်နေ့မှာ ဖို့ဝှိုက်ကနေ Buanman, Mualsan, Ngumpi, Nalun, Taikhe အရပ်တွေကို ဖြတ်ကျော်ပြီး Taitan ဘက်ကိုဦးတည်လာခဲ့ကြပါတယ်။ ဗြိတိသျှတို့ ချီတက်လာတာကို ပထမဆုံးသိတာကတော့ စီးယင်းတို့မွေးထားတဲ့ ခွေးဟောင်သံတွေကနေ သတိထားမိကြပါတယ်။ ဒါ့အပြင် Mualsan ကနေ ကင်းစောင့်နေတဲ့ Pu Zong On က ဗြိတိသျှတို့ ချီတက်လာတာတွေ့တာနဲ့ ရွာကိုပြေးပြီးပြောပါတယ်။ အဲဒီနောက် ကလေးသူငယ် (၈ဝ)၊ အမျိုးသမီးတွေ၊ ရွာသူကြီးတွေဟာ ပုန်းအောင်းရမယ့် နေရာတွေဆီကို သွားကြပါတယ်။ စီးယင်းစစ်သားတွေကလည်း ကတုတ်ကျင်းတွေမှာ နေရာယူကြပါတယ်။ ဗြိတိသျှတို့ Taitan ရောက်တဲ့အချိန်မှာ တရွာလုံး တိတ်ဆိတ်နေပါတယ်။ Taitan ကနေ Siallum ဘက်ကို ဆက်လက် ထွက်ခွာလာခဲ့ကြပါတယ်။ စီးယင်းတွေကလည်း ချင်းတူမီးသေနတ်နဲ့ အသင့်စောင့်ကြိုခဲ့ကြပါတယ်။

ဗြိတိသျှစစ်တပ်တွေဟာ ကတုတ်ကျင်းနဲ့ ပေ (၁၅ဝ) လောက်အကွာကို ရောက်တာနဲ့ စီးယင်းတွေက ကတုတ်ကျင်းတွေထဲကနေ ဒရစပ် ပစ်ခတ်ကြပါတယ်။ ဗြိတိသျှတို့ဟာ ဘယ်ကနေ ပစ်တယ်ဆိုတာ ချက်ခြင်းမသိတဲ့အတွက် တုန်လှုပ်မှင်သက်သွားကြပါတယ်။ Second. Lt. Michell ကလည်း ကျည်သင့်ပြီး ပစ်လဲပါတယ်။ ဗြိတိသျှတို့ကလည်း သေနတ်ငွေ့ထွက်နေတဲ့ ကတုတ်ကျင်း (၁) ကို ပြန်ပစ်ကြပါတယ်။ ဆေးဆရာဝန် ဗိုလ်ကြီး Le Quesne လည်း Lt.Michell ရဲ့ဒဏ်ရာကို ကြည့်ပေးရင်း စီးယင်းတွေဘက်ကို ပြန်ပြန်ပစ်ပါတယ်။ အဲဒီလို အပြန်အလှန်ပစ်ခတ်ရင်း မကြာခင်မှာ ဗြိတိသျှစစ်သားတွေဟာ ကတုတ်ကျင်း (၁) အပေါ်ကို ရောက်နိုင်ခဲ့ပါတယ်။ ကတုတ်ကျင်းအဖုံးကိုဖွင့်ပြီး အထဲက စီးယင်းစစ်သားတွေကို ပစ်ခတ်တာကြောင့် စီးယင်းစစ်သားတွေ ကျဆုံးခဲ့ကြပါတယ်။

အဲဒီအချိန်မှာ ကတုတ်ကျင်း (၂) က စီးယင်းစစ်သားတွေဟာ ဗြိတိသျှတို့ ရှေ့ဆက်မတိုးနိုင်ဖို့နဲ့ မလှုပ်နိုင်အောင် ပစ်ခတ်နေခဲ့ပါတယ်။ ကတုတ်ကျင်း (၂) ဘေးက ခြုံထဲကနေလည်း စီးယင်းတွေက ပစ်ခတ်နေတာကြောင့် ဗြိတိသျှတို့ ဆုတ်ခွာခဲ့ကြရပါတယ်။ ဒါပေမယ့် စီးယင်းတို့က လိုက်လံမပစ်ခတ်ခဲ့ကြပါဘူး။ ဗြိတိသျှတို့ဟာ ဆုတ်ခွာရင်း Taitan ရွာကို မီးရှို့ခဲ့ကြပါတယ်။ ဗြိတိသျှဘက်က အရာရှိတယောက်နဲ့ စစ်သားသုံးယောက် ကျခဲ့ပြီး ဗိုလ်ကြီး Mayne၊ ဗိုလ်ကြီး LeQuesne နဲ့ စစ်သား (၈) ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြပါတယ်။

တိုက်ပွဲအစီရင်ခံစာ

အဲဒီလို ဆုတ်ခွာရတဲ့အကြောင်း ဗိုလ်ချုပ်ကြီး Faunce က စစ်ကော်မရှင်နာချုပ်ဆီကို အခုလို အစီရင်ခံခဲ့ပါတယ်။ “42nd Gurkha တပ်ကနေ စစ်သား (၆၅) ယောက်နဲ့၊ Norfolk ကနေ (၆ဝ) ကို ဗိုလ်မှူး Shepherd ကို ဦးဆောင်ခဲ့ပြီး Taitanကို သွားတိုက်ရန်အမိန့်ပေးခဲ့ပါတယ်။ သူတို့အသစ်တည်တဲ့ရွာ ရောက်တဲ့အထိ ဘာမှ ပြသနာမဖြစ်ခဲ့ပါဘူး။ အဲဒီရွာအောက်မှာတော့ ကတုတ်ကျင်းကောင်းကောင်း (၂) ခု ရှိပါတယ်။ အဲဒီ ကတုတ်ကျင်းတွေက တခုနဲ့တခု ဆက်သွယ်နိုင်ပြီး၊ သစ်သားတွေသစ်ရွက်တွေနဲ့ ဖုံးထားပါတယ်။ စီးယင်းချင်းစစ်သားတွေဟာ ကတုတ်ကျင်းနဲ့ ကိုက် (၅ဝ) အကွာလောက် ကျနော်တို့ရောက်တဲ့အချိန်မှာ စပစ်ပါတယ်။ သူတို့ကတုတ်ကျင်းထဲကနေ လုံးဝနောက်မဆုတ်ပဲ ပစ်ခတ်ကြပါတယ်။ ကတုတ်ကျင်း (၁) မှာ Bayonet (ရိုင်ဖယ်လ်သေနတ်ရှေ့တွင် တပ်ဆင်ထားသောဓါးငယ်) နဲ့ (၈) ယောက်ကို ကျနော်တို့သတ်နိုင်ခဲ့တယ်။ ကတုတ်ကျင်းတစ်ကနေ သူတို့လူ (၃ဝ) လောက်ကို သတ်နိုင်ခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြပါတယ်။ ကျနော်တို့ဘက်က သေဆုံးသူတွေ ဒဏ်ရာရသူတွေအတွက် ကျနော် အရမ်းဝမ်းနည်းပါတယ်။ ရွာသစ်ဆောက်တာကို ဖျက်ဆီးနိုင်ခဲ့ကြပေမယ့် ကတုတ်ကျင်းကိုတော့ အဲဒီနေ့မှာ မသိမ်းနိုင်ခဲ့ပါဘူး။ တိုက်ပွဲခေါင်းဆောင်က ကျဆုံးသူ၊ ဒဏ်ရာရသူတွေ များနေပြီဖြစ်တဲ့အတွက် ထပ်ခံရမယ်ဆိုရင် အဲဒီည ဖို့ဝှိုက်ကို ပြန်မရောက်နိုင်တော့ဘူး။ နောက်ပြီး ညနေစောင်းပြီဖြစ်တဲ့အတွက် ညအိပ်ဖို့နဲ့၊ အစားအစာလည်း မပါလာတဲ့အတွက် ပြန်ဆုတ်ခဲ့ပါတယ်”… ဆိုပြီး မေလ (၁၅) ရက်မှာ အစီရင်ခံစာ ရေးခဲ့ပါတယ်။

တိုက်ပွဲအဆုံးသတ်ခြင်း

ဗြိတိသျှတို့ ဆုတ်ခွာပြီးနောက် စီးယင်းချင်းတွေဟာလည်း ကတုတ်ကျင်း (၂) နဲ့ (၃) ကို ပြင်ဆင်ပြီး ဗြိတိသျှတို့ကို အသင့် စောင့်နေကြပါတယ်။ ဗြိတိသျှဗိုလ်ချုပ်ကြီး Faunce ကို မေလ (၆) ရက်မှာ ဗိုလ်ချုပ်ကြီး Symonds နဲ့ အစားထိုးပြီးနောက် သူကိုယ်တိုင် စစ်သား (၁၅ဝ) နဲ့ မေလ (၁ဝ) ရက်နေ့မှာ Siallum ကိုချီတက်တိုက်ခိုက်ခဲ့ပါတယ်။ မေလ (၄) ရက်နေ့တိုက်ပွဲရဲ့ကတုတ်ကျင်းတွေကို သွားကြည့်ရာမှာ စီးယင်းစစ်သားအလောင်းတွေကိုလည်း တွေ့ခဲ့ပါတယ်။ ကတုတ်ကျင်းတွေကိုတော့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မေ (၄) ရက်တိုက်ပွဲမှာ စီးယင်းစစ်သား (၂၇) ဦး ကျဆုံးခဲ့ကြပါတယ်။ ရှာလ်လုမ်းတိုက်ပွဲတွင် ကျဆုံးသွားသော စီးယင်းချင်းစစ်သည် (၂၇) ဦးတို့၏အမည်များမှာ –

1. Pu Khup Vum, 2. Pi Vung Neam, 3. Pi Ot Huai, 4. Pu Khai Suak, 5. Pu Lian Kam, 6. Pu Vum Mang, 7.Pu Tuang Vungh, 8. Pi Huai Nuam, 9. Pu Pau Suang, 10. Pi Lian Vung, 11. Pu Zong On, 12. Pu Pau Suang, 13. Pi Lian Vung, 14. Pu Zong On, 15. Pu Zong Thuam, 16. Pu Za Vum, 17. Pi Lam Ciang, 18. Pu Thang Hau, 19. Pi Uap Nuam, 20. Pu Lu Kam, 21. Pi Niang Ciang, 22. Pu Son Suang, 23. Pu En Kham, 24. Pi Dim Ngiak, 25. Pu Pau Lam, 26. Hang Sing နှင့် 27. Pi Uap Huai တို့ဖြစ်ကြသည်။

Buanman သူကြီး Lian Kham၊ Tartan သူကြီး Do Lian ရဲ့ ညီနှစ်ယောက်လည်း ကျဆုံးခဲ့ကြပါတယ်။ Taitan သူကြီး Do Lian လည်း မြင်းခြံထောင်မှာ ထောင် (၅) နှစ်ကျခဲ့ပါတယ်။

ဂုဏ်ပြုခံရခြင်းနှင့် နိဂုံး

ဒီတိုက်ပွဲမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တဲ့ Capt. Le Quesne ကို သူ့ရဲ့ရဲရင့်မှုနဲ့ စစ်ရေးကျွမ်းကျင်မှုကြောင့် စစ်ဘက်ဆိုင်ရာ အမြင့်ဆုံးဂုဏ်ပြုမှုဖြစ်တဲ့ Victoria Cross ဆုကို ချီးမြှင့်ခဲ့ကြပါတယ်။ အဲဒီတံဆိပ်ကို ဒီနေ့ထက်တိုင် ဗြိတိသျှနိုင်ငံ Jersey ပြတိုက်မှာ တွေ့မြင်နိုင်ပါတယ်။

Capt. LeQuesne ရဲ့ Victoria Cross ဆုရတာကို ကြည့်ခြင်းအားဖြင့် ရှားလ်လုမ်းတိုက်ပွဲပြင်းထန်ပုံကို သိနိုင်ပါတယ်။ ကမ္ဘာကြီးကို အုပ်စိုးခဲ့တဲ့ ကမ္ဘာ့အင်အားအကြီးဆုံးစစ်တပ်က ကျနော်တို့ဘိုးဘွားတွေကို လွယ်လင့်တကူ မနိုင်နိုင်ခဲ့ပါဘူး။ ကျနော်တို့ချင်းပြည်ကြီးကို လာရောက်တိုက်ခိုက်သူတွေ ဘယ်လိုပင် အင်အားကြီးလင့်ကစား ရဲဝံ့စွာနဲ့ ပြန်လည်တိုက်ခိုက်နိုင်တဲ့ ကျနော်တို့ဘိုးဘွားတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုရမှာဖြစ်သလို၊ အစဉ် လေးစားဂုဏ်ယူရမှာလည်း ဖြစ်ပါတယ်။

ရှားလ်လုမ်းတိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ Pu Pau Thual ကလည်း ရှာလ်လုမ်းတိုက်ပွဲနှင့် တိုက်ပွဲတွင်ကျဆုံးသွားသော စစ်သူရဲကောင်းများအား ဂုဏ်ပြုရင်း အောက်ပါ ရှေးရိုးစဉ်လာသီချင်းတစ်ပုဒ် စပ်ဆိုခဲ့သည်။

Phung Sak Luang leh leido sakluang

(ရန်သူ့အလောင်း မျိုးဆွေတွေရဲ့အလောင်းတွေ)

Tul Luang thing bang hong ki phom

(သစ်တုံးတွေလို အတုံးအရုံးကြားက)

Phung luang lumsuang bang beal ing

(မျိုးဆွေတွေရဲ့အလောင်းတွေကို ကတုတ်လုပ်)

Pu von min nam sial ing

(ကျဆုံးသွားတဲ့ သူရဲကောင်းအမျိုးတွေရဲ့ နာမည်ကို ခွန်အားယူရေရွတ်ရင်း ငါ… ရန်သူတွေကို ချေမှုန်းခဲ့တယ်)

Share.

About Author

Leave A Reply