Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခ်င္းျပည္နယ္၏ ၂၀၂၀-၂၁ ဘ႑ာေရးႏွစ္ ၿမိဳ႕နယ္အလိုက္ ဘတ္ဂ်က္လ်ားထားမႈ ကြာဟမႈရွိေနဆဲဟုဆို

ခ်င္းျပည္နယ္၏ ၂၀၂၀-၂၁ ဘ႑ာေရးႏွစ္ ၿမိဳ႕နယ္အလိုက္ ဘတ္ဂ်က္လ်ားထားမႈ ကြာဟမႈရွိေနဆဲဟုဆို

0
By Editor on May 6, 2020 Headline

#Zawgyi

လာမည့္  ၂၀၂၀ -၂၀၂၁ ဘ႑ာေရးႏွစ္အတြက္ ခ်င္းျပည္နယ္၏ ၿမိဳ႕နယ္အလိုက္ ဘတ္ဂ်က္လ်ာထား ခ်က္တြင္ တစ္ၿမိဳ႕နယ္ႏွင့္တစ္ၿမိဳ႕နယ္အၾကား ကြာဟမႈႀကီးႀကီးမားမား ရွိေနသည္ဟု လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ႏုိင္ငံေရးပါတီမ်ားက ေ၀ဖန္ၾကသည္။

ေမလ (၄) ရက္ေန႔က က်င္းပျပဳလုပ္ေသာ ခ်င္းျပည္နယ္လႊတ္ေတာ္ အေရးေပၚအစည္းအေ၀းတြင္ ခ်င္းျပည္နယ္အစိုးရအဖြဲ႔ ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီး ဦး၀ီေကာက ၂၀၂၀ -၂၀၂၁ ဘ႑ာေရးႏွစ္ အရအသံုးခန္႔မွန္းေျခေငြစာရင္းႏွင့္ ေဒသႏၱရစီမံကိန္းအဆိုျပဳခ်က္မ်ားကို လႊတ္ေတာ္သို႔ တင္သြင္းကာ အတည္ျပဳခဲ့ၾကသည္ဟု သိရသည္။

ခ်င္းျပည္နယ္လႊတ္ေတာ္ ဒု-ဥကၠဌေဟာင္းလည္းျဖစ္ မင္းတပ္ၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္သန္းက  “ခ်င္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း ညီမွ်မႈမရိွတဲ့အခါက်ရင္ ဟားခါးက ဘတ္ဂ်က္ကတအားမ်ားတဲ့အခါမွာ ဟားခါးဆိုတာေတာ့ လႊတ္ေတာ္ဥကၠဌ နဲ႔ လမ္းပန္းဆက္သြယ္ေရး၀န္ၾကီးရိွတယ္၊  သူတို႔ကေတာ့ ဘတ္ဂ်က္အမ်ားဆံုး သူတို႔ဘာမ်ားေျပာေတာ့မလဲ၊ က်န္တဲ့ဟာေတြနည္းတယ္လို႔လည္း မေျပာေတာ့ဘူး၊ ဥပမာ – ဖလမ္းမွာ ဘတ္ဂ်က္မ်ားတဲ့ ေနာက္မွာေတာ့ ၀န္ၾကီးခ်ဳပ္နဲ႔ ဦးရာလ္ႏွင္း လႊတ္ေတာ္ကိုယ္စားလွယ္ရွိတယ္၊ က်န္တဲ့ၿမိဳ႕နယ္ေတြအတြက္ တစ္ခြန္းမွမေျပာလိုၾကေတာ့ဘူး၊ အဲလိုအေနအထားေတြရိွတယ္၊ မ်ားတဲ့လူကမွ သူမ်ားလို႔ ပါးစပ္ပိတ္ေနတယ္ဆိုရင္ က်န္တဲ့ျမိဳ႕နယ္အတြက္ေတာ့ ေျပာလို႔လည္း ဘာမွမထူးေတာ့ဘူး၊ လူၾကီးလုပ္တဲ့လူေတြက နားလည္မႈရိွရိွမွ်တေအာင္ ေပးဖို႔က သူတို႔တာ၀န္ေလ” ဟု ေျပာသည္။

ခ်င္းျပည္နယ္၏ ၂၀၂၀ -၂၀၂၁ ဘ႑ာေရးႏွစ္ ေငြလံုးေငြရင္းဘတ္ဂ်က္လ်ာထားခ်က္မွာ ဟားခါးျမိဳ႕နယ္ ၃၁ ဘီလီယံ၊ ဖလမ္းျမိဳ႕နယ္ ၂၀.၇၅ ဘီလီယံ၊ မတူပီျမိဳ႕နယ္ ၂၀.၀၈ ဘီလီယံ၊ တီးတိန္ျမိဳ႕နယ္ ၁၄.၉ ဘီလီယံ၊ မင္းတပ္ျမ္ိဳ႕နယ္ ၁၃ ဘီလီယံ၊ ထန္တလန္ျမိဳ႕နယ္ ၁၂.၅ ဘီလီယံ၊ ပလက္၀ျမိဳ႕နယ္ ၁၂.၃ ဘီလီယံ၊ တြန္းဇံျမိဳ႕နယ္ ၉.၅ ဘီလီယံ၊ ကန္ပက္လက္ ၉ ဘီလီယံ စသည္ျဖင့္ အသီးသီးလ်ာထားၾကသည္။

ခ်င္းအမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္ပါတီ ပူးတြဲဥကၠဌ ဦး Ngai Sak ကေတာ့ အစိုးရ၏ ဘတ္ဂ်က္ခြဲေ၀သည့္ေနရာတြင္ အားလံုးညီတူညီမွ်ခြဲေ၀ရန္ မလြယ္ကူေသာ္လည္း ႏွစ္စဥ္ႏွစ္တိုင္း ၀န္ႀကီးခ်ဴပ္၊ ၀န္ႀကီးႏွင့္ လႊတ္ေတာ္ဥကၠဌမ်ားရွိသည့္ ၿမိဳ႕နယ္မ်ား ဘတ္ဂ်က္ပိုမ်ားေနျခင္းသည္ မမွ်တေၾကာင္း ေထာက္ျပသည္။

“ဒီဘတ္ဂ်က္သည္ က်ေနာ္တို႔ သာမာန္အေနနဲ႔က ျမိဳ႕နယ္တိုင္းမွာ ညီတူညီမွ်ျဖစ္ရမယ္ဆိုတဲ့ဟာလည္းပဲ ပံုေသနည္းအားျဖင့္ေတာ့ မမွန္လွဘူး၊ ျပည္နယ္အစိုးရကေန ခ်င္းျပည္နယ္တစ္ခုလံုးမွာ ဒီစီမံကိန္းေတြလိုအပ္တယ္၊ ဘယ္ဟာေတြရိွတယ္ဆိုျပီး ခ်မွတ္တဲ့စံမံကိန္း အေသးအၾကီးေပၚမွာ မူတည္ျပီးေတာ့ ဘတ္ဂ်က္ကကြာႏိုင္တယ္၊ ဒါေပမယ့္ ႏွစ္စဥ္ႏွစ္တိုင္း ဘတ္ဂ်က္ကိုၾကည့္တဲ့အခါမွာ ဒီလိုပဲ၊ ဟားခါးရယ္၊ ဖလမ္းရယ္ အျမဲတမ္းမ်ားေနတာေတြ႕ျပီးေတာ့ က်န္တဲ့ျမိဳ႕နယ္ရဲ႕ ဘတ္ဂ်က္ေတြဟာ ေတာ္ေတာ္နည္းေနတယ္၊ ေနာက္တစ္ခုက ၀န္ၾကီးလုပ္တဲ့ အမတ္ေနရာ မဲဆႏၵနယ္ပိုရျပီးေတာ့ ဒီ ၀န္ၾကီးမလုပ္တဲ့ မဲဆႏၵနယ္ေျမကေတာ္ေတာ္ကိုနည္းတယ္၊ တကယ္ေတာ့ ဒါမ်ိဳးသည္မျဖစ္သင့္ဘူး၊ လူၾကီးလုပ္တဲ့လူက ခ်င္းျပည္နယ္အစိုးရျဖစ္ျဖစ္ လုပ္တဲ့လူေတြက အတတ္ႏုိင္ဆံုး ျမိဳ႕နယ္အသီးသီးရဲ႕ လိုအပ္ခ်က္ေတြကို မွ်မွ်တတနဲ႔ လုပ္ရမယ္၊ အထူးသျဖင့္ မဖြံ႕ျဖိဳး၊ မတုိးတက္တဲ့ေနရာကို ပိုျပီးေတာ့ ဦးစားေပးရမွာ၊ ဆိုေတာ့ ႏွစ္စဥ္ႏွစ္တိုင္းကို ဘတ္ဂ်က္ၾကည့္တဲ့အခါမွာ ျမိဳ႕နယ္တစ္ျမိဳ႕နယ္ကပဲ ၀န္ၾကီးခ်ဳပ္လုပ္တဲ့ေနရာ ၀န္ၾကီးခ်ဳပ္ရဲ႕ေနရာ၊ လႊတ္ေတာ္ဥကၠဌရဲ႕ေနရာပဲ အျမဲတမ္းမ်ားတာမ်ဳိးကေတာ့ ေကာက္ခ်က္ခ်လိုက္ရင္ မွ်တတဲ့ ဘတ္ဂ်က္ခြဲမႈမရိွဘူးဆိုတာကို သံုးသပ္လို႔ရတယ္” ဟု ဦး Ngai sak ကေျပာသည္။

ခ်င္းျပည္နယ္၏ ၂၀၂၀ – ၂၀၂၁ ဘ႑ာေရးႏွစ္ ဘတ္ဂ်က္လ်ာထားခ်က္တြင္ ကန္ပက္လက္၊ တြန္းဇံ ႏွင့္ ပလက္၀ စသည့္ (၃) ၿမိဳ႕နယ္ေပါင္း၏ ဘတ္ဂ်က္ပမာဏထက္ ဟားခါးၿမိဳ႕နယ္တစ္ခုတည္း၏ ဘတ္ဂ်က္လ်ာထားမႈပမာဏ ပိုမ်ားေနသည္ကို ေတြ႔ရသည္။

ခ်င္းျပည္နယ္အစိုးရေျပာေရးဆိုခြင့္ရိွသူ  စည္ပင္သာယာေရး၀န္ၾကီး ဦးစိုးထက္က “ဟားခါးလိုမ်ိဳးက်ေတာ့ ၃၁ ဘီလီယံေလာက္ရိွတယ္၊ ဟားခါးမွာက်ေတာ့ အေဆာက္အဦးေတြက ျပည္နယ္ရံုးစိုက္တဲ့ျမိဳ႕ျဖစ္တဲ့အတြက္ အဲဒီမွာ အေဆာက္အဦးတန္ဖိုးေတြ ဥပမာ – တကၠသိုလ္ဆိုရင္လည္း ေဆာက္ေပးတာတို႔၊ အား/ကာေဆာက္ေနတာတို႔ ၊ ေနာက္ အျခားလမ္း ေနာက္ျပီးေတာ့ ဌာနဆိုင္ရာအေဆာက္အဦးေတြ ေဆာက္လုပ္တဲ့တန္ဖိုးကပိုမ်ားတယ္၊ အဲဒီေပၚမွာမူတည္ျပီးမွ ကြာဟခ်က္နည္းနည္းျဖစ္သြားတယ္၊ ဒီ န.တ.လ နယ္စပ္ေရးရာကထုတ္တဲ့ လမ္းေဖာက္တဲ့ကိစၥေတြ ေက်းလက္ေဖာက္တဲ့ကိစၥေတြ ဒါေတြက သိပ္ကြာဟခ်က္မရိွဘူး၊ ေနာက္ စည္ပင္ဘတ္ဂ်က္ဆိုလည္း သိပ္ကြာဟခ်က္မရိွဘူး၊ လွ်ပ္စစ္ဘတ္ဂ်က္ သိပ္ကြာဟခ်က္မရိွဘူး၊ အဓိက လမ္းဦးစီးကလုပ္တဲ့ လမ္းမိုင္အတိုအရွည္ အဲဒီေပၚမွာမူတည္ျပီးမွ ကြာဟခ်က္ေတြျဖစ္သြားတယ္” ဟုေျပာသည္။

ယခင္ဘ႑ာေရးႏွစ္မ်ားကလည္း ခ်င္းျပည္နယ္တြင္ တစ္ၿမိဳ႕နယ္ႏွင့္တစ္ၿမိဳ႕နယ္အၾကား ဘတ္ဂ်က္ခြဲေ၀ခ်ထားရာတြင္ ကြာဟမႈႀကီးႀကီးမားမားျဖစ္ေလ့ရွိသည့္အတြက္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္၊ ေမလ (၂၁) ရက္ေန႔ကက်င္းပေသာ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းတြင္ မင္းတပ္ၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနလင္းေအာင္က ေမးခြန္းထုတ္ခဲ့ၿပီးျဖစ္သည္။

#Unicode

လာမည့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ချင်းပြည်နယ်၏ မြို့နယ်အလိုက် ဘတ်ဂျက်လျာထား ချက်တွင် တစ်မြို့နယ်နှင့်တစ်မြို့နယ်အကြား ကွာဟမှုကြီးကြီးမားမား ရှိနေသည်ဟု လွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများက ဝေဖန်ကြသည်။

မေလ (၄) ရက်နေ့က ကျင်းပပြုလုပ်သော ချင်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ဒေသန္တရစီမံကိန်းအဆိုပြုချက်များကို လွှတ်တော်သို့ တင်သွင်းကာ အတည်ပြုခဲ့ကြသည်ဟု သိရသည်။

ချင်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌဟောင်းလည်းဖြစ် မင်းတပ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းက “ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ညီမျှမှုမရှိတဲ့အခါကျရင် ဟားခါးက ဘတ်ဂျက်ကတအားများတဲ့အခါမှာ ဟားခါးဆိုတာတော့ လွှတ်တော်ဥက္ကဌ နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရှိတယ်၊ သူတို့ကတော့ ဘတ်ဂျက်အများဆုံး သူတို့ဘာများပြောတော့မလဲ၊ ကျန်တဲ့ဟာတွေနည်းတယ်လို့လည်း မပြောတော့ဘူး၊ ဥပမာ – ဖလမ်းမှာ ဘတ်ဂျက်များတဲ့ နောက်မှာတော့ ဝန်ကြီးချုပ်နဲ့ ဦးရာလ်နှင်း လွှတ်တော်ကိုယ်စားလှယ်ရှိတယ်၊ ကျန်တဲ့မြို့နယ်တွေအတွက် တစ်ခွန်းမှမပြောလိုကြတော့ဘူး၊ အဲလိုအနေအထားတွေရှိတယ်၊ များတဲ့လူကမှ သူများလို့ ပါးစပ်ပိတ်နေတယ်ဆိုရင် ကျန်တဲ့မြို့နယ်အတွက်တော့ ပြောလို့လည်း ဘာမှမထူးတော့ဘူး၊ လူကြီးလုပ်တဲ့လူတွေက နားလည်မှုရှိရှိမျှတအောင် ပေးဖို့က သူတို့တာဝန်လေ” ဟု ပြောသည်။

ချင်းပြည်နယ်၏ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဘတ်ဂျက်လျာထားချက်မှာ ဟားခါးမြို့နယ် ၃၁ ဘီလီယံ၊ ဖလမ်းမြို့နယ် ၂၀.၇၅ ဘီလီယံ၊ မတူပီမြို့နယ် ၂၀.ဝ၈ ဘီလီယံ၊ တီးတိန်မြို့နယ် ၁၄.၉ ဘီလီယံ၊ မင်းတပ်မြိ်ု့နယ် ၁၃ ဘီလီယံ၊ ထန်တလန်မြို့နယ် ၁၂.၅ ဘီလီယံ၊ ပလက်ဝမြို့နယ် ၁၂.၃ ဘီလီယံ၊ တွန်းဇံမြို့နယ် ၉.၅ ဘီလီယံ၊ ကန်ပက်လက် ၉ ဘီလီယံ စသည်ဖြင့် အသီးသီးလျာထားကြသည်။

ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ ပူးတွဲဥက္ကဌ ဦး Ngai Sak ကတော့ အစိုးရ၏ ဘတ်ဂျက်ခွဲဝေသည့်နေရာတွင် အားလုံးညီတူညီမျှခွဲဝေရန် မလွယ်ကူသော်လည်း နှစ်စဉ်နှစ်တိုင်း ဝန်ကြီးချူပ်၊ ဝန်ကြီးနှင့် လွှတ်တော်ဥက္ကဌများရှိသည့် မြို့နယ်များ ဘတ်ဂျက်ပိုများနေခြင်းသည် မမျှတကြောင်း ထောက်ပြသည်။

“ဒီဘတ်ဂျက်သည် ကျနော်တို့ သာမာန်အနေနဲ့က မြို့နယ်တိုင်းမှာ ညီတူညီမျှဖြစ်ရမယ်ဆိုတဲ့ဟာလည်းပဲ ပုံသေနည်းအားဖြင့်တော့ မမှန်လှဘူး၊ ပြည်နယ်အစိုးရကနေ ချင်းပြည်နယ်တစ်ခုလုံးမှာ ဒီစီမံကိန်းတွေလိုအပ်တယ်၊ ဘယ်ဟာတွေရှိတယ်ဆိုပြီး ချမှတ်တဲ့စံမံကိန်း အသေးအကြီးပေါ်မှာ မူတည်ပြီးတော့ ဘတ်ဂျက်ကကွာနိုင်တယ်၊ ဒါပေမယ့် နှစ်စဉ်နှစ်တိုင်း ဘတ်ဂျက်ကိုကြည့်တဲ့အခါမှာ ဒီလိုပဲ၊ ဟားခါးရယ်၊ ဖလမ်းရယ် အမြဲတမ်းများနေတာတွေ့ပြီးတော့ ကျန်တဲ့မြို့နယ်ရဲ့ ဘတ်ဂျက်တွေဟာ တော်တော်နည်းနေတယ်၊ နောက်တစ်ခုက ဝန်ကြီးလုပ်တဲ့ အမတ်နေရာ မဲဆန္ဒနယ်ပိုရပြီးတော့ ဒီ ဝန်ကြီးမလုပ်တဲ့ မဲဆန္ဒနယ်မြေကတော်တော်ကိုနည်းတယ်၊ တကယ်တော့ ဒါမျိုးသည်မဖြစ်သင့်ဘူး၊ လူကြီးလုပ်တဲ့လူက ချင်းပြည်နယ်အစိုးရဖြစ်ဖြစ် လုပ်တဲ့လူတွေက အတတ်နိုင်ဆုံး မြို့နယ်အသီးသီးရဲ့ လိုအပ်ချက်တွေကို မျှမျှတတနဲ့ လုပ်ရမယ်၊ အထူးသဖြင့် မဖွံ့ဖြိုး၊ မတိုးတက်တဲ့နေရာကို ပိုပြီးတော့ ဦးစားပေးရမှာ၊ ဆိုတော့ နှစ်စဉ်နှစ်တိုင်းကို ဘတ်ဂျက်ကြည့်တဲ့အခါမှာ မြို့နယ်တစ်မြို့နယ်ကပဲ ဝန်ကြီးချုပ်လုပ်တဲ့နေရာ ဝန်ကြီးချုပ်ရဲ့နေရာ၊ လွှတ်တော်ဥက္ကဌရဲ့နေရာပဲ အမြဲတမ်းများတာမျိုးကတော့ ကောက်ချက်ချလိုက်ရင် မျှတတဲ့ ဘတ်ဂျက်ခွဲမှုမရှိဘူးဆိုတာကို သုံးသပ်လို့ရတယ်” ဟု ဦး Ngai sak ကပြောသည်။

ချင်းပြည်နယ်၏ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်လျာထားချက်တွင် ကန်ပက်လက်၊ တွန်းဇံ နှင့် ပလက်ဝ စသည့် (၃) မြို့နယ်ပေါင်း၏ ဘတ်ဂျက်ပမာဏထက် ဟားခါးမြို့နယ်တစ်ခုတည်း၏ ဘတ်ဂျက်လျာထားမှုပမာဏ ပိုများနေသည်ကို တွေ့ရသည်။

ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က “ဟားခါးလိုမျိုးကျတော့ ၃၁ ဘီလီယံလောက်ရှိတယ်၊ ဟားခါးမှာကျတော့ အဆောက်အဦးတွေက ပြည်နယ်ရုံးစိုက်တဲ့မြို့ဖြစ်တဲ့အတွက် အဲဒီမှာ အဆောက်အဦးတန်ဖိုးတွေ ဥပမာ – တက္ကသိုလ်ဆိုရင်လည်း ဆောက်ပေးတာတို့၊ အား/ကာဆောက်နေတာတို့ ၊ နောက် အခြားလမ်း နောက်ပြီးတော့ ဌာနဆိုင်ရာအဆောက်အဦးတွေ ဆောက်လုပ်တဲ့တန်ဖိုးကပိုများတယ်၊ အဲဒီပေါ်မှာမူတည်ပြီးမှ ကွာဟချက်နည်းနည်းဖြစ်သွားတယ်၊ ဒီ န.တ.လ နယ်စပ်ရေးရာကထုတ်တဲ့ လမ်းဖောက်တဲ့ကိစ္စတွေ ကျေးလက်ဖောက်တဲ့ကိစ္စတွေ ဒါတွေက သိပ်ကွာဟချက်မရှိဘူး၊ နောက် စည်ပင်ဘတ်ဂျက်ဆိုလည်း သိပ်ကွာဟချက်မရှိဘူး၊ လျှပ်စစ်ဘတ်ဂျက် သိပ်ကွာဟချက်မရှိဘူး၊ အဓိက လမ်းဦးစီးကလုပ်တဲ့ လမ်းမိုင်အတိုအရှည် အဲဒီပေါ်မှာမူတည်ပြီးမှ ကွာဟချက်တွေဖြစ်သွားတယ်” ဟုပြောသည်။

ယခင်ဘဏ္ဍာရေးနှစ်များကလည်း ချင်းပြည်နယ်တွင် တစ်မြို့နယ်နှင့်တစ်မြို့နယ်အကြား ဘတ်ဂျက်ခွဲဝေချထားရာတွင် ကွာဟမှုကြီးကြီးမားမားဖြစ်လေ့ရှိသည့်အတွက် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလ (၂၁) ရက်နေ့ကကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မင်းတပ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က မေးခွန်းထုတ်ခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကွယ်ရေး အင်အားတိုးမြှင့်ဆောင်ရွက်နေဟု MRO/ CDF – မတူပီ ဆို

မင်းတပ်-ပအဖ က သစ်တောမူဝါဒ (မူကြမ်း) ကို ရေးဆွဲနေပြီး ပြည်သူများ အကြံပြုနိုင်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တစ်လကျော်ကြာ ပြိုကျပျက်စီးနေသော ကျေးရွာချင်းဆက်လမ်းများကို PDF- Zoland ပြုပြင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.