စစ္၊ ျငိမ္းခ်မ္းေရးနွင့္ Covid – 19

0

#Zawgyi

နွင္းကို (BNI – MPM) – ေရးသည္။

ျမန္မာနိုင္ငံသည္ ကိုဗစ္နွင့္ စစ္ကို တစ္ျပိဳင္တည္း ရင္ဆိုင္ေနရသည္။ တစ္ဖက္တြင္ ရပ္တန္႔တစ္ဆို႔ေနသည့္ ျငိမ္းခ်မ္းေရးလုပ္ငန္းစဉ္ကလည္း ရွိေနျပန္သည္။

ကမၻာ့နိုင္ငံေတာ္ေတာ္မ်ားမ်ားတြင္လည္း အလားတူ အေျခအေနမ်ိဳး ရင္ဆိုင္ၾကဳံေတြ့ေနရပါသည္။

ကိုဗစ္ ( Covid-19) ၊ ျပည္တြင္းစစ္နွင့္ ျငိမ္းခ်မ္းေရးလုပ္ငန္းဆိုင္ရာ ကိန္းဂဏန္းမ်ားကို ေစ့ငုေလ့လာၾကည့္ၾကပါစို႔။

Made with Flourish

ကမၻာတစ္ဝွမ္း စစ္ပြဲမ်ား၊ ပဋိပကၡမ်ားကို အခ်က္အလက္ေကာက္ယူ သုေတသနျပုလ်က္ရွိေသာ Acled Data ၏ ေန့စဉ္ေဖာ္ျပခ်က္အရေတာ့ ကိုဗစ္ကာလအတြင္း ကမၻာ့နိုင္ငံအမ်ားစု၏ စစ္ပြဲျဖစ္ပြားမႈကိန္းဂဏန္းမ်ား ေလ်ာ့က်လာသည္ကို ေယဘုယ်အားျဖင့္ ေတြ့ရသည္။

သို႔ေသာ္လည္း အခ်ိဳ႕ေသာ နိုင္ငံမ်ား၏ စစ္အရွိန္က ျမင့္တက္ေနဆဲျဖစ္သလို စစ္အရွိန္မေလ်ာ့ဘဲ၊ မတက္ဘဲ ပံုမွန္စစ္ျဖစ္ေနသည့္ နိုင္ငံမ်ားကိုလည္း ေတြ့ရပါသည္။

ျမန္မာနိုင္ငံ၏ ျပည္တြင္းစစ္အရွိန္သည္လည္း မေလ်ာ့ဘဲ၊ မတက္ဘဲ အေျခအေနတြင္ပင္ ရွိေနသည္ဟု ဆိုရပါမည္။

Covid – 19 ကာလအတြင္း တပ္မေတာ္နွင့္ တိုင္းရင္းရင္းသားလက္နက္ကိုင္အဖြဲ့မ်ားအၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနဆဲျဖစ္သည္။

BNI – Myanmar Peace Monitor ၏ ေန့စဉ္ေစာင့္ျကည့္မႈအရေတာ့ တစ္နိုင္ငံလံုးပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးထားေသာ KNU၊ RCSS/SSA နွင့္ တပ္မေတာ္အျကား တိုက္ပြဲျဖစ္ပြားခဲ့သလို NCA လက္မွတ္မထိုးထားသည့္ KNPP ၊ TNLA ၊ SNA ၊ ULA/AA နွင့္ တပ္မေတာ္အၾကားလည္း တိုက္ပြဲျဖစ္ပြားခဲ့ပါသည္။

ထို႔အျပင္ တပ္မေတာ္နွင့္ ARSA တို႔အၾကားလည္း တိုက္ပြဲျဖစ္ပြားခဲ့ပါသည္။

Made with Flourish

ကိုရိုနာဗိုင္းရပ္စ္နွင့္ စစ္ဒဏ္သင့္ ေျမဇာပင္မ်ား

BNI – Myanmar Peace Monitor ၏ ေန႔စဉ္ သတင္းေစာင့္ၾကည့္မႈမွတ္တမ္းအရ တိုက္ပြဲျဖစ္ပြားမႈရက္မ်ား ေလ်ာ့နည္းသြားသည္ကို ေတြ့ရေသာ္လည္း တိုက္ပြဲဟု မမည္ဘဲ လက္နက္ၾကီးက်ည္ က်ေရာက္ေပါက္ကြဲျခင္း၊ မည္သည့္အဖြဲ့မွ ပစ္မွန္းမသိေသာ က်ည္ဆံထိမွန္မႈမ်ား၊ ေျမျမဳပ္မိုင္းေပါက္ကြဲမႈမ်ား စသည့္ စစ္ပြဲ၏ ေဘးထြက္ဆိုးက်ိဳးေၾကာင့္ ေသဆံုးျခင္း၊ ထိခိုက္ဒဏ္ရာရရွိျခင္း၊ ဖမ္းဆီးခံရျခင္း စသာ ေျမဇာပင္ျပည္သူမ်ား၏ ကိန္းဂဏန္းမ်ားကေတာ့ ျမင့္တက္လ်က္ရွိပါသည္။

ျမန္မာနိုင္ငံအတြင္း ကိုရိုနာဗိုင္းရပ္စ္ (Covid-19) ပိုးေတြ့ရွိမႈနွင့္ စစ္ေၾကာင့္ ျဖစ္ေသာ ေျမဇာပင္ကိန္းဂဏန္းမ်ားကို ေအာက္တြင္ ရႈၾကည့္ပါ။

Made with Flourish

၂၀၁၉ နွစ္ကုန္ပိုင္းတြင္ တရုတ္နိုင္ငံ၊ ဝူဟန္ျမိဳ႕ သားရိုင္းတိရိစၦာန္ေဈးတစ္ခုမွာ စတင္ေတြ့ရွိခဲ့သည့္ ကိုရိုနာဗိုင္းရပ္စ္ပိုးသည္ တစ္ကမၻာလံုးတြင္ ကူးစပ္လ်က္ရွိပါသည္။

ျမန္မာနိုင္ငံတြင္လည္း ၂၀၂၀၊ မတ္လ (၂၃) ရက္ေန့တြင္ ခ်င္းျပည္နယ္၊ တီးတိန္ျမိဳ႕၌ အေမရိကန္နိုင္ငံမွ ျပန္လာသူတစ္ဦးမွာ ကိုရိုနာဗိုင္းရပ္စ္ပိုး စတင္ေတြ့ရွိခဲ့ပါသည္။

ဇြန္လ (၅) ရက္ေန့တြင္ေတာ့ ျမန္မာတစ္နိုင္ငံလံုးတြင္ ကိုရိုနာဗိုင္းရပ္စ္ပိုးေတြ့ရွိသူ (၂၃၆) ဦးအထိ ရွိခဲ့ျပီျဖစ္သည္။

ေရာဂါသက္သာ ေပ်ာက္ကင္းသူ (၁၄၈) ေက်ာ္ ရွိလာခဲ့ျပီး ေရာဂါေျကာင့္ ေသဆံုးသူ (၆) ဦးရွိခဲ့သည္။

အထက္ပံုပါကိန္းဂဏန္းမ်ားသည္ မတ္လ (၂၀) ရက္မွစတင္ကာ ကာလတူအခ်ိန္တစ္ခုကို နွိုင္းယွဉ္ျပသထားျခင္း ျဖစ္ပါသည္။

တစ္ကမၻာလံုးရင္ဆိုင္ၾကဳံေတြ့ေနရသည့္ ကူးစပ္ျမန္ ကိုရိုနာဗိုင္းရပ္စ္ပိုးကို မိမိကိုယ္တိုင္ ကာကြယ္ ျခင္းနည္းလမ္းျဖင့္ ေရွာင္လႊဲေကာင္း ေရွာင္လႊဲနိုင္မည္ျဖစ္ေသာ္လည္း စစ္ပြဲဆိုသည့္အရာကေတာ့ မိမိေဒသ၊ မိမိပတ္ဝန္းက်င္အနီးတြင္ ျဖစ္ပြားခဲ့ျပီဆိုပါက ေရွာင္လႊဲရန္ ခဲခက္ပါလိမ့္မည္။

စစ္ပြဲမ်ားေၾကာင့္ ေနရပ္စြန့္ခြာထြက္ ေျပးၾကရေသာ စစ္ေဘးေရွာင္ဒုကၡသည္မ်ား၊ ဒဏ္ရရွိမႈမ်ား၊ ေသဆံုးမႈမ်ားနွင့္ သံသယျဖင့္ ဖမ္းဆီးစစ္ေဆးခံၾကရမႈမ်ား စသည့္ ကိန္းဂဏန္းမ်ား သက္ေသပင္ျဖစ္ပါသည္။

ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ျခင္းမခံရဖို႔ အသြားအလာကန္႔သက္ျခင္း၊ မိမိအိမ္တြင္သာ ေနထိုင္ျခင္း၊ မၾကာခဏ ဆပ္ျပာျဖင့္ လက္ေဆးျခင္း၊ နွာေခါင္းစီး စည္းျခင္း စေသာနည္းလမ္းမ်ားျဖင့္ နိုင္ငံနွင့္တစ္ဝွမ္း ျပည္သူမ်ား တြန္းလွန္ကာကြယ္ေနခ်ိန္တြင္ စစ္ျဖစ္ပြားရာေဒသမ်ားတြင္ေတာ့ ကိုရိုနာဗိုင္းရပ္စ္ပိုးထက္ အေျမွာက္သံ၊ ဗံုးသံ၊ လက္နက္ၾကီးပစ္ခတ္သံမ်ားကိုသာ နားစြံ့ေနၾကရသည္။

တစ္ကမၻာလံုး ကိုရိုနာဗိုင္းရပ္ (Covid-19) ကပ္ေရာဂါျဖစ္ပြားေနခ်ိန္တြင္ စစ္ပြဲမ်ား ရပ္တန့္ေပးရန္အတြက္ ကုလသမဂၢအဖြဲ့ၾကီးက တိုက္တြန္းေတာင္းဆိုခဲ့ေသာ္လည္း စစ္ပြဲမ်ားကေတာ့ လံုးဝရပ္တန့္သြားျခင္း မရွိခဲ့ပါ။ ျမန္မာနိုင္ငံတြင္လည္း စစ္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ပါသည္။

တပ္မေတာ္သည္ ကုလအဖြဲ့ၾကီး၏ စစ္ရပ္ေရးေတာင္းဆိုခ်က္ကို ေလးစားေသာအားျဖင့္ အၾကမ္းဖက္အဖြဲ့အစည္းရွိရာ နယ္ေျမမ်ားမွအပ ျမန္မာတစ္နိုင္ငံလံုးတြင္ ေမလ (၁၀) ရက္မွ ၾသဂုတ္လ (၃၁) ရက္အထိ စစ္ေရးလႈပ္ရွားမႈမ်ား ရပ္ဆဲေၾကာင္း ေမလ (၉) ရက္ေန့တြင္ ေၾကညာခဲ့သည္။

သို႔ေသာ္လည္း စစ္ပြဲဆိုင္ရာကိန္းဂဏန္းမ်ား အျမင့္ဆံုးရွိရာ၊ စစ္ပြဲအျပင္းထန္ဆံုးျဖစ္ပြားရာ ေဒသသည္ အစိုးရမွ အျကမ္းဖက္အဖြဲ့အျဖစ္ ေၾကညာျခင္းခံထားရသည့္ ရကၡိဳင့္တပ္ေတာ္ (ULA/AA) လႈပ္ရွားရာ ရခိုင္ျပည္နယ္နွင့္ ခ်င္းျပည္နယ္ျဖစ္ေနပါသည္။

ထို့ေၾကာင့္ တပ္မေတာ္၏ အပစ္ရပ္ေၾကညာခ်က္သည္ ျမန္မာနိုင္ငံအတြင္း စစ္ပြဲဆိုင္ရာ ကိန္းဂဏန္းမ်ားကိုေတာ့ သိသိသာ ေလ်ာ့က်သြားေစျခင္း မရွိသည္ကို ေတြ့ရပါသည္။

အထူးသျဖင့္ ULA/AA လႈပ္ရွားရာ ရခိုင္ျပည္နယ္ျမို့နယ္မ်ားနွင့္ ခ်င္းျပည္နယ္ ပလက္ေဒသတို့တြင္ တိုက္ပြဲမ်ား ျပင္းထန္လ်က္ရွိသည္။

အဆိုပါေဒသမ်ားတြင္ စစ္ေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ရေသာ ျပည္သူမ်ား၊ အသက္ေသဆံုးမႈမ်ား၊ ထိခိုက္ဒဏ္ရာရရွိမႈမ်ားနွင့္ ဖမ္းဆီးနွိပ္စက္ခံရမႈမ်ားအျပင္ စားနပ္ရိကၡာျပတ္လပ္မႈမ်ားပါ ၾကဳံေတြ့ေနၾကပါသည္။

ULA/AA ေျပာခြင့္ရသူကေတာ့ ရခိုင္ျပည္နယ္မွ ကိုရိုနာဗိုင္းရပ္စ္ပိုးနွင့္ စစ္ပြဲအေျခအေနကို ယခုလို ခိုင္းႏိႈင္းေျပာ ဆိုခဲ့ဖူးပါသည္။ “ဒီအခ်ိန္မွာ Covid ထက္ က်ေနာ္တို႔က ျမန္မာစစ္တပ္ကိုပဲ ေၾကာက္ဖို႔ေကာင္းေနတယ္၊ ဒါေၾကာင့္မို႔ ဒီကပ္ကို က်ေနာ္တို႔ရခိုင္ေတြ ဘယ္လိုေက်ာ္လႊားမလဲဆိုတာကို အာရံုစိုက္ျပီးေတာ့ လုပ္ေဆာင္ေနတယ္”။

ကိုဗစ္နွင့္ ျငိမ္းခ်မ္းေရးျဖစ္စဉ္

အျခားတစ္ဖက္တြင္ရွိေသာ Covid-19 ကာလအတြင္း ျငိမ္းခ်မ္းေရးလုပ္ငန္းစဉ္၏ ျဖစ္ေပၚေျပာင္းလဲမႈမ်ားကို ဆက္လက္ ေလ့လာၾကည့္ၾကပါစို႔။

ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ုပ္ေရးအတြက္ KNU ထိန္းခ်ုပ္နယ္ေျမအတြင္းမွ KNU ၏ စစ္ေဆးဂိတ္တစ္ခုကို တပ္မေတာ္မွ ဝင္ေရာက္ဖ်က္ဆီးခဲ့သည့္ သတင္း၊ RCSS/SSA တပ္ဖြဲ့ဝင္မ်ား၏ လူမႈကူညီမႈမ်ားအား တပ္မေတာ္မွ တားျမစ္သည့္သတင္းနွင့္ မြန္ျပည္သစ္ပါတီ၏ ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးေရးဂိတ္ကို တပ္မေတာ္မွ ဖိအားေပးသည့္ သတင္းမ်ားကို ျမင္ေတြ့ျကားသိခဲ့ရသည္။

အဆိုပါတိုင္းရင္းသားလက္နက္ကိုင္အဖြဲ့မ်ားသည္ တပ္မေတာ္၊ အစိုးရနွင့္ တစ္နိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲ‌ေရးသေဘာတူစာခ်ုပ္ (NCA) လက္မွတ္ေရးထိုးထားေသာ အဖြဲ့ မ်ား ျဖစ္သည္။

အလားတူ NCA လက္မွတ္ ေရးထိုးနိုင္ေရးအတြက္ ေဆြး‌ေနြးလ်က္ရွိသည့္ ကရင္နီအမ်ိုးသားတိုးတက္ေရးပါတီ (KNPP) နွင့္ တပ္မေတာ္အျကား ကယားျပည္နယ္ ရွားေတာျမို့နယ္တြင္ ပစ္ခတ္မႈျဖစ္ပြားခဲ့သည္။

အထက္ပါျဖစ္စဉ္မ်ားသည္ ျငိမ္းခ်မ္းေရးလုပ္ငန္းစဉ္အတြက္ေတာ့ လကၡဏာေကာင္းမ်ားဟု ဆိုနိုင္မည္ မဟုတ္ ပါ။ သို႔ေသာ္လည္း ျငိမ္းခ်မ္းေရးလုပ္ငန္းစဉ္အတြင္း အေပါင္းလကၡဏာမ်ားလည္း ေအာက္ပံုပါအတိုင္း ေတြ့ရွိရပါေသးသည္။

Made with Flourish

ဧျပီ (၂၇) ရက္တြင္ နိုင္ငံေတာ္သမၼတလက္မွတ္ျဖင့္ Covid-19 ကာကြယ္ထိန္းခ်ုပ္ေရးအတြက္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ့မ်ားနွင့္ ပူးေပါင္းညွိနွိုင္းေဆာင္ရြက္ေရးေကာ္မတီတစ္ရပ္ကို ဖြဲ့စည္းေပးခဲ့သည္။

အဆိုပါအဖြဲ့မွ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ့မ်ားအျပင္ လက္မွတ္မထိုးရေသးေသာ အဖြဲ့ မ်ားနွင့္ပါ ပူးေပါင္းေဆာင္ရြက္ေရးအတြက္ ေဆြး‌ေနြးရန္ ျပင္ဆင္လာခဲ့သည္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ့မ်ားနွင့္ တစ္ဖြဲ့ခ်င္းစီ အလိုက္ Online မွ တစ္ဆင့္ ေဆြးေနြးမႈမ်ားရွိလာခဲ့သလို အပစ္ရပ္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ့မ်ားနွင့္လည္း ေဆြး‌ေနြးမႈမ်ား ရွိလာခဲ့သည္။

မည္သည့္သက္ေရာက္မႈမွ် မရွိနိုင္ဟု ‌ေဝဖန္ေစာေၾကာမႈမ်ားရွိခဲ့သည့္ အစိုးရပူးေပါင္းေဆာင္ရြက္ေရးေကာ္မတီသည္ ျငိမ္းခ်မ္းေရးလုပ္ငန္းစဉ္ အတြင္း အျပန္အလွန္ေဆြး‌ေနြးမႈကိန္းဂဏန္းမ်ားကိုေတာ့ အေပါင္းလကၡဏာ ေဆာင္ေစခဲ့ပါသည္။

ဝ’ ျပည္ေသြးစည္းညီညြတ္ေရးအဖြဲ့ (UWSA)၊ မိုင္းလားအဖြဲ့ (NDAA) တို႔နွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ုပ္တို႔ ရွမ္းျပည္နယ္ က်ိဳင္းတံုတြင္ ေတြ့ဆံုေဆြးေနြးမႈရွိခဲ့သည္။

တပ္မေတာ္အေနျဖင့္ KNU၊ မြန္ျပည္သစ္ပါတီနွင့္ KNPP တို႔ကို Covid -19 ကာကြယ္ကုသေရးဆိုင္ရာ အေထာက္အပံ့မ်ားေပးအပ္ခဲ့သည္။

အလားတူ ကရင္လြတ္ လပ္ေရးအဖြဲ့ (KIO/KIA) အဖြဲ့ကိုလည္း Covid -19 ကာကြယ္ကုသေရးဆိုင္ရာ အေထာက္အပံ့မ်ားေပးအပ္ခဲ့သည္။

KIO ဒုတိယဥကၠဌ ဗိုလ္ခ်ုပ္ဂြမ္ေမာ္က Covid-19 ကာကြယ္ထိန္းခ်ုပ္ေရးအတြက္ တပ္မေတာ္နွင့္ ေတြ့ဆံုမႈကို ယခုလို ေျပာဆိုခဲ့ပါသည္။ “အခုလို နွစ္ဖက္ ပူးေပါင္းေဆာင္ရြက္ရင္းနွင့္ ဒီ Trust က က်ေနာ္တို့ အေရွ့ကိုဆက္သြားနိုင္မယ္လို့ ေမွ်ာ္လင့္တာ ျဖစ္ပါတယ္။ ဒါ အလြတ္သေဘာဆိုေပမယ့္လည္း က်ေနာ္တို့ရဲ့ သတင္းစကားလည္း ျဖစ္ပါတယ္”။

ထို႔ေၾကာင့္ Covid -19 ကပ္ေရာဂါသည္ ျမန္မာျပည္ျငိမ္းခ်မ္းေရးလုပ္ငန္းစဉ္အတြက္ ယံုၾကည္မႈတည္ေဆာက္ေရး ဝွက္ဖဲတစ္ခ်ပ္ျဖစ္ခဲ့သလားဟု ေတြးဆမိပါသည္။

သံုးသပ္

မည္သို႔ဆိုေစ တစ္ကမၻာလံုးရွိျပည္သူမ်ားကို တုန္လႈပ္ေျခာက္ျခားေစေသာ Covid – 19 ကပ္ေရာဂါကာလအတြင္း ကိုဗစ္၊ စစ္နွင့္ ျငိမ္းခ်မ္းေရး ကိန္းဂဏန္းမ်ားကို ရႈၾကည့္ရာတြင္ ျမန္မာနိုင္ငံအတြက္မူ ကိုရိုနာဗိုင္းရပ္စ္ပိုး ေတြ့ရွိမႈ ကိန္းဂဏန္းမ်ားထက္ စစ္ဒဏ္ေၾကာင့္ ပ်က္ဆီးသြားရေသာ ျပည္သူမ်ား၏ ကိန္းဂဏန္းမ်ားက ပို၍‌ တုန္လႈပ္ေျခာက္ျခားေစမလားဆိုသည္က သံသယျဖစ္စရာျဖစ္ေနပါသည္။

Made with Flourish

အထူးသျဖင့္ စစ္ျဖစ္ပြားရာ ရခိုင္နွင့္ ခ်င္းျပည္နယ္မွ ျပည္သူမ်ားအတြက္ဆိုလွ်င္ ကိုရိုနာဗိုင္းရပ္စ္ထက္ စစ္၏ ဒဏ္ရာဒဏ္ခ်က္မ်ားက ပို၍ေၾကာက္မက္ဖြယ္ ေကာင္းေနေပလိမ့္မည္မဟုတ္ပါလား။


စစ္ပြဲတစ္ခုတြင္ အပစ္မဲ့ျပည္သူမ်ား ထိခိုက္ဒဏ္ရာရျက၊ အသက္ ဆံုးရံႈးၾက၊ အိုးအိမ္မ်ား ပ်က္ဆီးျက၊ ေနရပ္စြန့္ ခြာထြက္ေျပးၾကဆိုသည့္ အမွန္တရားမ်ားသာ အျမဲရွိေနခဲ့ေသာ္လည္း တာဝန္ယူမည့္တရားခံကေတာ့ ရေဖြရ ခက္ခဲေလ့ရွိပါသည္။


ေမလ (၂၆) ရက္ ခ်င္းျပည္နယ္၊ ပလက္ဝျမိဳ႕နယ္ထဲက ေအာက္မီးလက္ဝရြာ မီးေလာင္မႈျဖစ္စဉ္မွာဆိုလွ်င္ မီးရိႈ႕သူ တရားခံမည္သူဆိုသည္ကို မသိရေသးပါ။

စစ္ပြဲျဖစ္ေနသည့္အတြက္ ရြာသူရြာသားမ်ား ေဘးလြတ္ရာသို့ ေျပးခြာခဲ့ရ ေသာ္လည္း က်န္ရစ္ခဲ့ေသာ အိမ္ေျခ (၁၂၀) ခန္႔ရွိသည့္ ရြာကေလး မီးေလာင္ခဲ့ျခင္းျဖစ္သည္။

ေအာက္မီးလက္ဝ ရြာခံ ဘာသာေရးဆရာတစ္ဦးျဖစ္သူ ဦးကံလြတ္က ယခုလိုေျပာဆိုထားပါသည္။ “က်ေနာ္ (မီးသတ္ကို) ဖုန္းဆက္တဲ့အခါ မီးျငိမ္းဖို႔အတြက္ သူတို႔လာတယ္၊ ဒါေပမယ့္သူတို႔က ေသနတ္နဲ႔ အပစ္ခံရတယ္တဲ့၊ တေစ္ယာက္မွ မလာရဲဘူးတဲ့၊ အဲဒါက က်ေနာ့္အတြက္ လံုးဝမေက်နပ္စရာျဖစ္တယ္”။

နွင္းကိုသည္ သတင္းသမားတစ္ဦးျဖစ္ျပီး BNI ၏ Myanmar Peace Monitor တြင္
သုေတသနတာဝန္နွင့္ အယ္ဒီတာတာဝန္ ထမ္း‌ေဆာင္လ်က္ရွိသည္။

#Unicode

နှင်းကို (BNI – MPM) – ရေးသည်။

မြန်မာနိုင်ငံသည် ကိုဗစ်နှင့် စစ်ကို တစ်ပြိုင်တည်း ရင်ဆိုင်နေရသည်။ တစ်ဖက်တွင် ရပ်တန့်တစ်ဆို့နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ရှိနေပြန်သည်။

ကမ္ဘာ့နိုင်ငံတော်တော်များများတွင်လည်း အလားတူ အခြေအနေမျိုး ရင်ဆိုင်ကြုံတွေ့နေရပါသည်။

ကိုဗစ် ( Covid-19) ၊ ပြည်တွင်းစစ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းများကို စေ့ငုလေ့လာကြည့်ကြပါစို့။

Made with Flourish

ကမ္ဘာတစ်ဝှမ်း စစ်ပွဲများ၊ ပဋိပက္ခများကို အချက်အလက်ကောက်ယူ သုတေသနပြုလျက်ရှိသော Acled Data ၏ နေ့စဉ်ဖော်ပြချက်အရတော့ ကိုဗစ်ကာလအတွင်း ကမ္ဘာ့နိုင်ငံအများစု၏ စစ်ပွဲဖြစ်ပွားမှုကိန်းဂဏန်းများ လျော့ကျလာသည်ကို ယေဘုယျအားဖြင့် တွေ့ရသည်။

သို့သော်လည်း အချို့သော နိုင်ငံများ၏ စစ်အရှိန်က မြင့်တက်နေဆဲဖြစ်သလို စစ်အရှိန်မလျော့ဘဲ၊ မတက်ဘဲ ပုံမှန်စစ်ဖြစ်နေသည့် နိုင်ငံများကိုလည်း တွေ့ရပါသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်အရှိန်သည်လည်း မလျော့ဘဲ၊ မတက်ဘဲ အခြေအနေတွင်ပင် ရှိနေသည်ဟု ဆိုရပါမည်။

Covid – 19 ကာလအတွင်း တပ်မတော်နှင့် တိုင်းရင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

BNI – Myanmar Peace Monitor ၏ နေ့စဉ်စောင့်ကြည့်မှုအရတော့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော KNU၊ RCSS/SSA နှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားခဲ့သလို NCA လက်မှတ်မထိုးထားသည့် KNPP ၊ TNLA ၊ SNA ၊ ULA/AA နှင့် တပ်မတော်အကြားလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

ထို့အပြင် တပ်မတော်နှင့် ARSA တို့အကြားလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

Made with Flourish

ကိုရိုနာဗိုင်းရပ်စ်နှင့် စစ်ဒဏ်သင့် မြေဇာပင်များ

BNI – Myanmar Peace Monitor ၏ နေ့စဉ် သတင်းစောင့်ကြည့်မှုမှတ်တမ်းအရ တိုက်ပွဲဖြစ်ပွားမှုရက်များ လျော့နည်းသွားသည်ကို တွေ့ရသော်လည်း တိုက်ပွဲဟု မမည်ဘဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်း၊ မည်သည့်အဖွဲ့မှ ပစ်မှန်းမသိသော ကျည်ဆံထိမှန်မှုများ၊ မြေမြုပ်မိုင်းပေါက်ကွဲမှုများ စသည့် စစ်ပွဲ၏ ဘေးထွက်ဆိုးကျိုးကြောင့် သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ဖမ်းဆီးခံရခြင်း စသာ မြေဇာပင်ပြည်သူများ၏ ကိန်းဂဏန်းများကတော့ မြင့်တက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် (Covid-19) ပိုးတွေ့ရှိမှုနှင့် စစ်ကြောင့် ဖြစ်သော မြေဇာပင်ကိန်းဂဏန်းများကို အောက်တွင် ရှုကြည့်ပါ။

Made with Flourish

၂၀၁၉ နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့ သားရိုင်းတိရိစ္ဆာန်ဈေးတစ်ခုမှာ စတင်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသည် တစ်ကမ္ဘာလုံးတွင် ကူးစပ်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင်လည်း ၂၀၂၀၊ မတ်လ (၂၃) ရက်နေ့တွင် ချင်းပြည်နယ်၊ တီးတိန်မြို့၌ အမေရိကန်နိုင်ငံမှ ပြန်လာသူတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့ပါသည်။

ဇွန်လ (၅) ရက်နေ့တွင်တော့ မြန်မာတစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ (၂၃၆) ဦးအထိ ရှိခဲ့ပြီဖြစ်သည်။

ရောဂါသက်သာ ပျောက်ကင်းသူ (၁၄၈) ကျော် ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ (၆) ဦးရှိခဲ့သည်။

အထက်ပုံပါကိန်းဂဏန်းများသည် မတ်လ (၂၀) ရက်မှစတင်ကာ ကာလတူအချိန်တစ်ခုကို နှိုင်းယှဉ်ပြသထားခြင်း ဖြစ်ပါသည်။

တစ်ကမ္ဘာလုံးရင်ဆိုင်ကြုံတွေ့နေရသည့် ကူးစပ်မြန် ကိုရိုနာဗိုင်းရပ်စ်ပိုးကို မိမိကိုယ်တိုင် ကာကွယ် ခြင်းနည်းလမ်းဖြင့် ရှောင်လွှဲကောင်း ရှောင်လွှဲနိုင်မည်ဖြစ်သော်လည်း စစ်ပွဲဆိုသည့်အရာကတော့ မိမိဒေသ၊ မိမိပတ်ဝန်းကျင်အနီးတွင် ဖြစ်ပွားခဲ့ပြီဆိုပါက ရှောင်လွှဲရန် ခဲခက်ပါလိမ့်မည်။

စစ်ပွဲများကြောင့် နေရပ်စွန့်ခွာထွက် ပြေးကြရသော စစ်ဘေးရှောင်ဒုက္ခသည်များ၊ ဒဏ်ရရှိမှုများ၊ သေဆုံးမှုများနှင့် သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံကြရမှုများ စသည့် ကိန်းဂဏန်းများ သက်သေပင်ဖြစ်ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းမခံရဖို့ အသွားအလာကန့်သက်ခြင်း၊ မိမိအိမ်တွင်သာ နေထိုင်ခြင်း၊ မကြာခဏ ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ နှာခေါင်းစီး စည်းခြင်း စသောနည်းလမ်းများဖြင့် နိုင်ငံနှင့်တစ်ဝှမ်း ပြည်သူများ တွန်းလှန်ကာကွယ်နေချိန်တွင် စစ်ဖြစ်ပွားရာဒေသများတွင်တော့ ကိုရိုနာဗိုင်းရပ်စ်ပိုးထက် အမြှောက်သံ၊ ဗုံးသံ၊ လက်နက်ကြီးပစ်ခတ်သံများကိုသာ နားစွံ့နေကြရသည်။

တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ် (Covid-19) ကပ်ရောဂါဖြစ်ပွားနေချိန်တွင် စစ်ပွဲများ ရပ်တန့်ပေးရန်အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက တိုက်တွန်းတောင်းဆိုခဲ့သော်လည်း စစ်ပွဲများကတော့ လုံးဝရပ်တန့်သွားခြင်း မရှိခဲ့ပါ။ မြန်မာနိုင်ငံတွင်လည်း စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါသည်။

တပ်မတော်သည် ကုလအဖွဲ့ကြီး၏ စစ်ရပ်ရေးတောင်းဆိုချက်ကို လေးစားသောအားဖြင့် အကြမ်းဖက်အဖွဲ့အစည်းရှိရာ နယ်မြေများမှအပ မြန်မာတစ်နိုင်ငံလုံးတွင် မေလ (၁၀) ရက်မှ သြဂုတ်လ (၃၁) ရက်အထိ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆဲကြောင်း မေလ (၉) ရက်နေ့တွင် ကြေညာခဲ့သည်။

သို့သော်လည်း စစ်ပွဲဆိုင်ရာကိန်းဂဏန်းများ အမြင့်ဆုံးရှိရာ၊ စစ်ပွဲအပြင်းထန်ဆုံးဖြစ်ပွားရာ ဒေသသည် အစိုးရမှ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းခံထားရသည့် ရက္ခိုင့်တပ်တော် (ULA/AA) လှုပ်ရှားရာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ဖြစ်နေပါသည်။

ထို့ကြောင့် တပ်မတော်၏ အပစ်ရပ်ကြေညာချက်သည် မြန်မာနိုင်ငံအတွင်း စစ်ပွဲဆိုင်ရာ ကိန်းဂဏန်းများကိုတော့ သိသိသာ လျော့ကျသွားစေခြင်း မရှိသည်ကို တွေ့ရပါသည်။

အထူးသဖြင့် ULA/AA လှုပ်ရှားရာ ရခိုင်ပြည်နယ်မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဒေသတို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

အဆိုပါဒေသများတွင် စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရသော ပြည်သူများ၊ အသက်သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ဖမ်းဆီးနှိပ်စက်ခံရမှုများအပြင် စားနပ်ရိက္ခာပြတ်လပ်မှုများပါ ကြုံတွေ့နေကြပါသည်။

ULA/AA ပြောခွင့်ရသူကတော့ ရခိုင်ပြည်နယ်မှ ကိုရိုနာဗိုင်းရပ်စ်ပိုးနှင့် စစ်ပွဲအခြေအနေကို ယခုလို ခိုင်းနှိုင်းပြော ဆိုခဲ့ဖူးပါသည်။ “ဒီအချိန်မှာ Covid ထက် ကျနော်တို့က မြန်မာစစ်တပ်ကိုပဲ ကြောက်ဖို့ကောင်းနေတယ်၊ ဒါကြောင့်မို့ ဒီကပ်ကို ကျနော်တို့ရခိုင်တွေ ဘယ်လိုကျော်လွှားမလဲဆိုတာကို အာရုံစိုက်ပြီးတော့ လုပ်ဆောင်နေတယ်”။

ကိုဗစ်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်

အခြားတစ်ဖက်တွင်ရှိသော Covid-19 ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ဖြစ်ပေါ်ပြောင်းလဲမှုများကို ဆက်လက် လေ့လာကြည့်ကြပါစို့။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် KNU ထိန်းချုပ်နယ်မြေအတွင်းမှ KNU ၏ စစ်ဆေးဂိတ်တစ်ခုကို တပ်မတော်မှ ဝင်ရောက်ဖျက်ဆီးခဲ့သည့် သတင်း၊ RCSS/SSA တပ်ဖွဲ့ဝင်များ၏ လူမှုကူညီမှုများအား တပ်မတော်မှ တားမြစ်သည့်သတင်းနှင့် မွန်ပြည်သစ်ပါတီ၏ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးဂိတ်ကို တပ်မတော်မှ ဖိအားပေးသည့် သတင်းများကို မြင်တွေ့ကြားသိခဲ့ရသည်။

အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တပ်မတော်၊ အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့ များ ဖြစ်သည်။

အလားတူ NCA လက်မှတ် ရေးထိုးနိုင်ရေးအတွက် ဆွေး‌နွေးလျက်ရှိသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် တပ်မတော်အကြား ကယားပြည်နယ် ရှားတောမြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

အထက်ပါဖြစ်စဉ်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်တော့ လက္ခဏာကောင်းများဟု ဆိုနိုင်မည် မဟုတ် ပါ။ သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အပေါင်းလက္ခဏာများလည်း အောက်ပုံပါအတိုင်း တွေ့ရှိရပါသေးသည်။

Made with Flourish

ဧပြီ (၂၇) ရက်တွင် နိုင်ငံတော်သမ္မတလက်မှတ်ဖြင့် Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့သည်။

အဆိုပါအဖွဲ့မှ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် လက်မှတ်မထိုးရသေးသော အဖွဲ့ များနှင့်ပါ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေး‌နွေးရန် ပြင်ဆင်လာခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တစ်ဖွဲ့ချင်းစီ အလိုက် Online မှ တစ်ဆင့် ဆွေးနွေးမှုများရှိလာခဲ့သလို အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း ဆွေး‌နွေးမှုများ ရှိလာခဲ့သည်။

မည်သည့်သက်ရောက်မှုမျှ မရှိနိုင်ဟု ‌ဝေဖန်စောကြောမှုများရှိခဲ့သည့် အစိုးရပူးပေါင်းဆောင်ရွက်ရေးကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွင်း အပြန်အလှန်ဆွေး‌နွေးမှုကိန်းဂဏန်းများကိုတော့ အပေါင်းလက္ခဏာ ဆောင်စေခဲ့ပါသည်။

ဝ’ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA) တို့နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ရှမ်းပြည်နယ် ကျိုင်းတုံတွင် တွေ့ဆုံဆွေးနွေးမှုရှိခဲ့သည်။

တပ်မတော်အနေဖြင့် KNU၊ မွန်ပြည်သစ်ပါတီနှင့် KNPP တို့ကို Covid -19 ကာကွယ်ကုသရေးဆိုင်ရာ အထောက်အပံ့များပေးအပ်ခဲ့သည်။

အလားတူ ကရင်လွတ် လပ်ရေးအဖွဲ့ (KIO/KIA) အဖွဲ့ကိုလည်း Covid -19 ကာကွယ်ကုသရေးဆိုင်ရာ အထောက်အပံ့များပေးအပ်ခဲ့သည်။

KIO ဒုတိယဥက္ကဌ ဗိုလ်ချုပ်ဂွမ်မော်က Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် တပ်မတော်နှင့် တွေ့ဆုံမှုကို ယခုလို ပြောဆိုခဲ့ပါသည်။ “အခုလို နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရင်းနှင့် ဒီ Trust က ကျနော်တို့ အရှေ့ကိုဆက်သွားနိုင်မယ်လို့ မျှော်လင့်တာ ဖြစ်ပါတယ်။ ဒါ အလွတ်သဘောဆိုပေမယ့်လည်း ကျနော်တို့ရဲ့ သတင်းစကားလည်း ဖြစ်ပါတယ်”။

ထို့ကြောင့် Covid -19 ကပ်ရောဂါသည် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယုံကြည်မှုတည်ဆောက်ရေး ဝှက်ဖဲတစ်ချပ်ဖြစ်ခဲ့သလားဟု တွေးဆမိပါသည်။

သုံးသပ်

မည်သို့ဆိုစေ တစ်ကမ္ဘာလုံးရှိပြည်သူများကို တုန်လှုပ်ခြောက်ခြားစေသော Covid – 19 ကပ်ရောဂါကာလအတွင်း ကိုဗစ်၊ စစ်နှင့် ငြိမ်းချမ်းရေး ကိန်းဂဏန်းများကို ရှုကြည့်ရာတွင် မြန်မာနိုင်ငံအတွက်မူ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိမှု ကိန်းဂဏန်းများထက် စစ်ဒဏ်ကြောင့် ပျက်ဆီးသွားရသော ပြည်သူများ၏ ကိန်းဂဏန်းများက ပို၍‌ တုန်လှုပ်ခြောက်ခြားစေမလားဆိုသည်က သံသယဖြစ်စရာဖြစ်နေပါသည်။

Made with Flourish

အထူးသဖြင့် စစ်ဖြစ်ပွားရာ ရခိုင်နှင့် ချင်းပြည်နယ်မှ ပြည်သူများအတွက်ဆိုလျှင် ကိုရိုနာဗိုင်းရပ်စ်ထက် စစ်၏ ဒဏ်ရာဒဏ်ချက်များက ပို၍ကြောက်မက်ဖွယ် ကောင်းနေပေလိမ့်မည်မဟုတ်ပါလား။


စစ်ပွဲတစ်ခုတွင် အပစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရကြ၊ အသက် ဆုံးရှုံးကြ၊ အိုးအိမ်များ ပျက်ဆီးကြ၊ နေရပ်စွန့် ခွာထွက်ပြေးကြဆိုသည့် အမှန်တရားများသာ အမြဲရှိနေခဲ့သော်လည်း တာဝန်ယူမည့်တရားခံကတော့ ရဖွေရ ခက်ခဲလေ့ရှိပါသည်။


မေလ (၂၆) ရက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက အောက်မီးလက်ဝရွာ မီးလောင်မှုဖြစ်စဉ်မှာဆိုလျှင် မီးရှို့သူ တရားခံမည်သူဆိုသည်ကို မသိရသေးပါ။

စစ်ပွဲဖြစ်နေသည့်အတွက် ရွာသူရွာသားများ ဘေးလွတ်ရာသို့ ပြေးခွာခဲ့ရ သော်လည်း ကျန်ရစ်ခဲ့သော အိမ်ခြေ (၁၂၀) ခန့်ရှိသည့် ရွာကလေး မီးလောင်ခဲ့ခြင်းဖြစ်သည်။

အောက်မီးလက်ဝ ရွာခံ ဘာသာရေးဆရာတစ်ဦးဖြစ်သူ ဦးကံလွတ်က ယခုလိုပြောဆိုထားပါသည်။ “ကျနော် (မီးသတ်ကို) ဖုန်းဆက်တဲ့အခါ မီးငြိမ်းဖို့အတွက် သူတို့လာတယ်၊ ဒါပေမယ့်သူတို့က သေနတ်နဲ့ အပစ်ခံရတယ်တဲ့၊ တစေ်ယာက်မှ မလာရဲဘူးတဲ့၊ အဲဒါက ကျနော့်အတွက် လုံးဝမကျေနပ်စရာဖြစ်တယ်”။

နှင်းကိုသည် သတင်းသမားတစ်ဦးဖြစ်ပြီး BNI ၏ Myanmar Peace Monitor တွင်
သုတေသနတာဝန်နှင့် အယ်ဒီတာတာဝန် ထမ်း‌ဆောင်လျက်ရှိသည်။

Share.

About Author

Leave A Reply