Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဆမီးၿမိဳ႕ စစ္ေဘးေရွာင္စခန္းမွ သက္ႀကီးရြယ္အိုႏွင့္ ကေလးငယ္မ်ား အာဟာရ ဓာတ္ခ်ဴိ႕တဲ့မႈရင္ဆိုင္ေနရ

ဆမီးၿမိဳ႕ စစ္ေဘးေရွာင္စခန္းမွ သက္ႀကီးရြယ္အိုႏွင့္ ကေလးငယ္မ်ား အာဟာရ ဓာတ္ခ်ဴိ႕တဲ့မႈရင္ဆိုင္ေနရ

0
By Editor on November 24, 2020 Headline

#Unicode

By လားနွန် – ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေကြရသည့် သက်ကြီးရွယ်အို နှင့် ကလေးငယ်များ သည် အာရဟာဓာတ်ချိူ့တဲ့မှုနှင့်ရင်ဆိုင်နေကြရသည်ဟု စစ်ဘေးရှောင်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့ အစည်းများထံမှ သိရသည်။

စစ်ဘေးရှောင်စခန်း (၅) ခုရှိသည့် ဆမီးမြို့တွင် အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းအချိူ့က စစ်ဘေးရှောင်ကိုယ်ဝန်ဆောင် မိခင်၊ နို့တိုက်မိခင်များနှင့် အသက် ၅ နှစ်အောက်ကလေးငယ်များကိုသာ အာဟာရမှုန့်များပံ့ပိုးပေးနိုင်ပြီး အသက် (၅) နှစ် အထက်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအား ထောက်ပံ့ပေးနိုင်ခြင်းမရှိသည့်အတွက် အာဟာရချိူ့တဲ့မှုနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်ဟု ဆမီးမြို့ စစ်ဘေးရှောင်ပြည်သူများကို အနီးကပ်ကူညီဆောင်ရွက်ပေးနေသည့် People Hope အဖွဲ့ဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။

“တိုက်ပွဲရှောင်က ကလေးတွေကတော့ ကျနော်တို့ဆီက အာဟာရမှုန့်တွေရထားတော့လုံလောက်တယ်လို့တော့ထင်တယ် ဘာဖြစ်လို့လဲဆိုတော့ ဖျားတာနာတာသိပ်မရှိဘူး မိခင်တွေဆိုလည်း ကိုယ်ဝန်ပျက်ကျတာတို့ မိခင်တွေကလေးမွေးတဲ့ခါမှာ ဗိုက်မခွဲတာတို့ ကောင်းတဲ့ရလပ်တွေကတော့ကျနော်တို့တွေ့ရပါတယ် ဒါပေမဲ့သက်ကြီးရွယ်အိုတွေကျတော့လည်း အာဟာရလက်လှမ်းမမှီတဲ့အခါမှာ သက်ကြီးရွယ်အိုတွေကအားပျက်ပြီးမှ ဖျားတာနာတာတို့ ပြီးတော့ တခြားရောဂါတွေ အာဟာရမပြည့်ဝတဲ့အခါမှာတော့ အသက် (၆၀) အထက်ပိုင်းတွေဆိုရင်တော့ အာဟာရပြတ်လပ်မှုကတော်တော်လေးရှိ တယ် (၅) နှစ်အထက်ကလေးတွေ မိဘတွေကလည်းဘဲ ကျနော်တို့ပေးနိုင်တာက ဆန်တစ်လစာ ဆီတစ်လစာ မိသားစု လူဦးရေအလိုက် ပဲ ဆား အဲလောက်ပဲပေးနိုင်တယ် တိုက်ပွဲရှောင်မိသားစုအများစုမှာတော့ အာဟာရပြတ်လပ်မှုတွေတော့ ကြုံတွေ့နေရတယ် အသားလည်းပုံမှန်မစားနိုင်ဘူး သူတို့မှာစားတဲ့အစားအစာကလည်း အာဟာရရှိတဲ့အစားအစာ မဟုတ်ဘူး” ဟု ဦးဇော်လီအောင်ကပြောသည်။

ဆမီးမြို့ပေါ်စစ်ဘေးရှောင်စခန်းတွင် အသက် (၆၀) အထက်သက်ကြီးရွယ်အို (၅၀၀) နီးပါးခန့်ရှိပြီး အာဟာရပြတ်လပ်မှု ကြောင့် ရောဂါပိုထူလာပြီး အသက်ဆုံးရှုံးသူ ယခုနှစ်အတွင်း (၃) ဦးရှိပြီဟု ၎င်းကဆက်ပြောသည်။

အစိုးရမဟုတ်သည့် NGO အဖွဲ့အစည်းအချိူ့က စစ်ဘေးရှောင်ပြည်သူများအတွက် အာဟာရမှုန့်ဖြန်ဖြူးမှုများ ကျန်မာရေးစောက်ရှောက်မှုများပြုလုပ်လျက်ရှိသော်လည်း လုံလောက်မှုမရှိကြောင်းဆမီးမြို့ တိုက်ပွဲ ရှောင်ပြည်သူများ၏ ဘဏ္ဍာရေါ်ထောက်ပံ့ရေးကော်မတီ ဥက္ကဌ ဦးပြည်ဆုကပြောသည်။

“ သူတို့မှာ တစ်ခါတစ်လေ လမ်းပိတ်တာနဲ့ သူတို့ထမင်းတောင်မှ အနိုင်နိုင်စားနေရတယ် ထမင်းတောင်မှ သူတို့က ဆန်ပြုတ်လိုစားနေရတဲ့အချိန်လည်းရှိတယ် ဒီလိုမျိုးအာဟာရပြတ်တာတို့တော့ရှိမယ် စစ်ဘေးရှောင်ပြည်သူတွေမှာ အချိန်မှီအစားအစာတွေမစားနိုင်ဘူး အစားကောင်းတွေမဝယ်နိုင်ဘူး မရနိုင်ဘူး ဝယ်လည်းမဝယ်နိုင်ဘူး ဖြစ်သလို စားသောက်တဲ့အခါမှာ ကလေးတွေကျန်းမာရေး ချို့တဲ့လာတယ် လူကြီးပိုင်းတွေကလည်း ပိုပြီးတော့ အာဟာချို့တဲ့ လာတယ်” ဟု ဦးပြည်ဆုက ပြောသည်။

ဆမီးမြို့တွင် စစ်ဘေးရှောင်စခန်း ၅ ခုရှိပြီး စစ်ဘေးရှောင်ပြည်သူ ၃၄၀၀ ခန့်ရှိသည့်အနက် အသက် ၅ နှစ်အောက်ကေ လးငယ် ၄၅၀၊ ကိုယ်ဝန်ဆောင် နို့တိုက်မိခင် ၈၃ ဦးတို့ကသာ အာဟာရမှုန့်ပုံမှန်ရရှိနိုင်ကြသည်ဟု သိရသည်။

#Zawgyi

ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ ဆမီးၿမိဳ႕စစ္ေဘးေရွာင္စခန္းတြင္ ခိုလံုေနၾကရသည့္ သက္ႀကီးရြယ္အို ႏွင့္ ကေလးငယ္မ်ား သည္ အာရဟာဓာတ္ခ်ဴိ႕တဲ့မႈႏွင့္ရင္ဆိုင္ေနၾကရသည္ဟု စစ္ေဘးေရွာင္ျပည္သူမ်ားအား ကူညီေဆာင္ရြက္ေပးေနသည့္ အဖြဲ႔ အစည္းမ်ားထံမွ သိရသည္။ 

စစ္ေဘးေရွာင္စခန္း (၅) ခုရွိသည့္ ဆမီးၿမိဳ႕တြင္ အစိုးရႏွင့္ အရပ္ဖက္အဖြဲ႔အစည္းအခ်ဴိ႕က စစ္ေဘးေရွာင္ကိုယ္၀န္ေဆာင္ မိခင္၊ ႏို႔တိုက္မိခင္မ်ားႏွင့္ အသက္ ၅ ႏွစ္ေအာက္ကေလးငယ္မ်ားကိုသာ အာဟာရမႈန္႔မ်ားပံ့ပိုးေပးႏိုင္ၿပီး အသက္ (၅) ႏွစ္ အထက္ကေလးငယ္မ်ားႏွင့္ သက္ႀကီးရြယ္အိုမ်ားအား ေထာက္ပံ့ေပးႏိုင္ျခင္းမရွိသည့္အတြက္ အာဟာရခ်ဴိ႕တဲ့မႈႏွင့္ ရင္ဆိုင္ေနၾကရျခင္းျဖစ္သည္ဟု ဆမီးၿမိဳ႕ စစ္ေဘးေရွာင္ျပည္သူမ်ားကို အနီးကပ္ကူညီေဆာင္ရြက္ေပးေနသည့္ People Hope အဖြဲ႔ဒါ႐ိုက္တာ ဦးေဇာ္လီေအာင္ကေျပာသည္။ 

“တိုက္ပြဲေရွာင္က ကေလးေတြကေတာ့ က်ေနာ္တို႔ဆီက အာဟာရမႈန္႔ေတြရထားေတာ့လံုေလာက္တယ္လို႔ေတာ့ထင္တယ္ ဘာျဖစ္လို႔လဲဆိုေတာ့ ဖ်ားတာနာတာသိပ္မရွိဘူး မိခင္ေတြဆိုလည္း ကိုယ္၀န္ပ်က္က်တာတို႔ မိခင္ေတြကေလးေမြးတဲ့ခါမွာ ဗိုက္မခြဲတာတို႔ ေကာင္းတဲ့ရလပ္ေတြကေတာ့က်ေနာ္တို႔ေတြ႕ရပါတယ္ ဒါေပမဲ့သက္ႀကီးရြယ္အိုေတြက်ေတာ့လည္း အာဟာရလက္လွမ္းမမွီတဲ့အခါမွာ သက္ႀကီးရြယ္အိုေတြကအားပ်က္ၿပီးမွ ဖ်ားတာနာတာတို႔ ၿပီးေတာ့ တျခားေရာဂါေတြ အာဟာရမျပည့္၀တဲ့အခါမွာေတာ့ အသက္ (၆၀) အထက္ပိုင္းေတြဆိုရင္ေတာ့ အာဟာရျပတ္လပ္မႈကေတာ္ေတာ္ေလးရွိ တယ္ (၅) ႏွစ္အထက္ကေလးေတြ မိဘေတြကလည္းဘဲ က်ေနာ္တို႔ေပးႏိုင္တာက ဆန္တစ္လစာ ဆီတစ္လစာ မိသားစု လူဦးေရအလိုက္ ပဲ ဆား အဲေလာက္ပဲေပးႏိုင္တယ္ တိုက္ပြဲေရွာင္မိသားစုအမ်ားစုမွာေတာ့ အာဟာရျပတ္လပ္မႈေတြေတာ့ ၾကံဳေတြ႕ေနရတယ္ အသားလည္းပံုမွန္မစားႏိုင္ဘူး သူတို႔မွာစားတဲ့အစားအစာကလည္း အာဟာရရွိတဲ့အစားအစာ မဟုတ္ဘူး”  ဟု ဦးေဇာ္လီေအာင္ကေျပာသည္။

ဆမီးၿမိဳ႕ေပၚစစ္ေဘးေရွာင္စခန္းတြင္ အသက္ (၆၀) အထက္သက္ႀကီးရြယ္အို (၅၀၀) နီးပါးခန္႔ရွိၿပီး အာဟာရျပတ္လပ္မႈ ေၾကာင့္ ေရာဂါပိုထူလာၿပီး အသက္ဆံုးရံႈးသူ ယခုႏွစ္အတြင္း (၃) ဦးရွိၿပီဟု ၎ကဆက္ေျပာသည္။  

အစိုးရမဟုတ္သည့္ NGO အဖြဲ႔အစည္းအခ်ဴိ႕က စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ အာဟာရမႈန္႔ျဖန္ျဖဴးမႈမ်ား က်န္မာေရးေစာက္ေရွာက္မႈမ်ားျပဳလုပ္လ်က္ရွိေသာ္လည္း လံုေလာက္မႈမရွိေၾကာင္းဆမီးၿမိဳ႕ တိုက္ပြဲ ေရွာင္ျပည္သူမ်ား၏ ဘ႑ာေရၚေထာက္ပံ့ေရးေကာ္မတီ ဥကၠဌ ဦးျပည္ဆုကေျပာသည္။ 

“ သူတို႔မွာ တစ္ခါတစ္ေလ လမ္းပိတ္တာနဲ႔ သူတို႔ထမင္းေတာင္မွ အႏိုင္ႏိုင္စားေနရတယ္ ထမင္းေတာင္မွ သူတို႔က ဆန္ျပဳတ္လိုစားေနရတဲ့အခ်ိန္လည္းရွိတယ္ ဒီလိုမ်ိဳးအာဟာရျပတ္တာတို႔ေတာ့ရွိမယ္ စစ္ေဘးေရွာင္ျပည္သူေတြမွာ အခ်ိန္မွီအစားအစာေတြမစားႏိုင္ဘူး အစားေကာင္းေတြမ၀ယ္ႏိုင္ဘူး မရႏိုင္ဘူး ၀ယ္လည္းမ၀ယ္ႏိုင္ဘူး ျဖစ္သလို စားေသာက္တဲ့အခါမွာ ကေလးေတြက်န္းမာေရး ခ်ိဳ႕တဲ့လာတယ္ လူႀကီးပိုင္းေတြကလည္း ပိုၿပီးေတာ့ အာဟာခ်ိဳ႕တဲ့ လာတယ္” ဟု ဦးျပည္ဆုက ေျပာသည္။

ဆမီးၿမိဳ႕တြင္ စစ္ေဘးေရွာင္စခန္း ၅ ခုရွိၿပီး စစ္ေဘးေရွာင္ျပည္သူ ၃၄၀၀ ခန္႔ရွိသည့္အနက္ အသက္ ၅ ႏွစ္ေအာက္ကေ လးငယ္ ၄၅၀၊ ကိုယ္၀န္ေဆာင္ ႏို႔တိုက္မိခင္ ၈၃ ဦးတို႔ကသာ အာဟာရမႈန္႔ပံုမွန္ရရွိႏိုင္ၾကသည္ဟု သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.