Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခ်င္းလူ႔အခြင့္အေရးအဖြဲ႔(CHRO)ရဲ႕ Human Rights Education  & Religious Freedom Program Director Salai Sang Hnin Lianေတြ႕ဆံုေမးျမန္းျခင္း – အပိုင္း (၂)

ခ်င္းလူ႔အခြင့္အေရးအဖြဲ႔(CHRO)ရဲ႕ Human Rights Education  & Religious Freedom Program Director Salai Sang Hnin Lianေတြ႕ဆံုေမးျမန္းျခင္း – အပိုင္း (၂)

0
By Editor on January 11, 2021 Headline

#Unicode

ချင်းပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိူးဖောက်မှုတွေကိုအနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ ချင်းလူ့အခွင့် အရေးအဖွဲ့ (CHRO) က ၂၀၂၀ ခုနှစ်အတွင်းချင်းပြည်နယ်မှာဖြစ်ပွားနေတဲ့ အထူးသဖြင့် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့လူ့အခွင့်အရေးချိူးဖောက်ခံရမှု အစီရင်ခံစာတစ်ရပ်ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ Human Rights Education  & Religious Freedom Program Director Salai Sang Hnin Lian ကိုတွေ့ဆုံမေးမြန်းတဲ့ အပိုင်း (၁) ကို ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။ ယခု အပိုင်း (၂) ကို တင်ဆက်ပေးလိုက်ပါတယ်။  

မေး။   ။ ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပလက်ဝအရေးကိုင်တွယ်ဖြေရှင်းမှုအပေါ်ကျေနပ်အားရမှုရှိလား။

ဖြေ။       ။ ချင်းပြည်နယ်အစိုးရအနေနဲ့ အတတ်နိုင်ဆုံးကျိူးစားတာတော့တွေ့ရပါတယ်၊ ဒါပေမယ့် ချင်းပြည်နယ်အ စိုးရအနေနဲ့ သူတို့မှာရှိတဲ့ဘတ်ဂျက်ကို ခွဲဝေပေးပြီးတော့ ဒုက္ခသည်တွေအတွက် ဆိုပြီးတော့ သတ်သတ်ဆောင်ရွက်ပေး တာမျိုးမတွေ့ရဘူး၊ တစ်ခြားအဖွဲ့အစည်းတွေက အလှူငွေတွေပေးတဲ့ဟာကို စီမံခန့်ခွဲရေးလုပ်ရုံဘဲများသောအားဖြင့်မြင်နေရတယ်၊ တကယ်ဆိုရင် ကျနော်တို့ချင်းပြည်နယ်မှာလူဦးရေအားဖြင့်ကြည့်မယ်ဆိုရင် ပလက်ဝကအများဆုံး၊ ပထဝီအနေအထားအရကြည့်ရင်လည်း ပလက်ဝကအကောင်းဆုံးဖြစ်နေတယ်၊ အဲလိုမျိုး ချင်းပြည်နယ်ရဲ့ လူဦးရေအများဆုံး ဖြစ်နေတဲ့နေရာကဒီလိုမျိုးကြုံနေရတယ်ဆိုတော့ ချင်းပြည်နယ်အစိုးရအနေနဲ့တစ်ခြားအဖွဲ့အစည်းတွေလည်းပါပြီးတော့ အစိုးရလည်းပါမယ့်ကော်မတီတစ်ခုဖွဲ့စည့်ပြီးတော့ ပလက်ဝအရေးကို ဘယ်လိုဆောင်ရွက်မလဲဆိုတာကို လွတ်လပ်စွာဆွေးနွေးပြီးတော့ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်တယ်လို့ ကျနော်မြင်တယ်၊ ချင်းပြည်နယ်အစိုးရကမလုပ်ဘူးလို့ ကျနော်ပြောချင်တာမဟုတ်ဘူး၊ လုပ်တာတော့လုပ်တယ်၊ ဒါပေမယ့် အစိုးရအနေနဲ့ဒီထက်ပိုပြီးတော့ အများကြီးလုပ်နိုင်တယ်ဆိုတာပြောချင်တယ်၊ အစိုးရဘဲဖြစ်ဖြစ်ပြည်သူတွေဖြစ်ဖြစ် ပူးပေါင်းပြီးတော့ လူဦးရေ လေး ငါး သောင်းလောက်ကြုံနေရတဲ့ပြသနာကို အစိုးရအနေနဲ့ ပိုပြီးတော့ ဆောင်ရွက်သင့်တယ်လို့ ကျနော်ပြောချင်ပါတယ်။

မေး။   ။ အခုပလက်ဝမှာကြုံနေရတဲ့ စစ်ရေးပဋိပက္ခတွေကိုဘယ်လိုအဖြေရှာပြီးတော့ ဖြေရှင်းသင့်ပါသလဲ။

ဖြေ။       ။ တိုက်ပွဲနဲ့ပတ်သက်တာဖြစ်တဲ့အတွက် နံပါတ် (၁) ကတော့သေနတ်သံတွေရပ်ပြီးတော့ တိုက်ပွဲမှာပါဝင်နေတဲ့ တပ်မတော်နဲ့အေအေကသေနတ်တွေထားပြီးတော့ စားပွဲပေါ်မှာ ငြိမ်းချမ်းရေးဆွေးနွေးသင့်တယ်လို့ကျနော်မြင်ပါတယ်၊ အခုလက်ရှိက တစ်ကမ္ဘာလုံးက ကြုံနေရတဲ့ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလလည်းဖြစ်တယ်၊ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့အတွင်းရေးမှူးကပြောခဲ့တာက ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လက်နက်ကိုင်တွေက လက်နက်တွေချပြီးတော့သူတို့အချင်းချင်း တိုက်တာကိုရပ်ပြီး ကိုဗစ်ကို ပြန်တိုက်ရမယ့်အချိန်ပြည်သူတွေအတွက် လှုပ်ရှားရမယ့်အချိန်လို့ ပြောခဲ့တယ်၊ အဲဒါကြောင့် ဒီချိန်မှာသေနတ်က အဓိကမဟုတ်သေးဘဲနဲ့ ပြည်သူတွေကြုံနေရတဲ့ ဒီကပ်ဘေးကြီး ကြောင့်ကြုံရတဲ့အခက်အခဲတွေကို ဦးစားပေးပြီးတော့ ပိုလုပ်သင့်တယ်လို့ ကျနော်မြင်တယ်၊ ရေရှည်အတွက်တော့ အေအေနဲ့ တပ်မတော်ကြားမှာဘဲမဟုတ်ဘဲနဲ့ အခုလက်ရှိ မြန်မာနိုင်ငံအတွင်းမှာနှစ်ပေါင်း ၇ဝ ကျော် ပဋိပက္ခကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေလည်းသွားနေတဲ့ဟာတွေရှိတယ်၊ ဒီဟာကို အဓိကထားပြီးတော့ သွားသင့်တယ်လို့ ကျနော်မြင်တယ်၊ပြီးတော့ နှစ်ပေါင်း ရဝကြာ ဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ဖို့ဆိုရင် လက်နက်ကိုင်တွေ၊အစိုးရနှင့် တပ်မတော်တွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဓိကထားပြီးတော့လုပ်သင့်တယ်လို့ပြောချင်တယ်။

မေး။   ။ အခုလက်ရှိ အစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့အနေနဲ့ အားရကျေနပ်မှုရှိလား၊ နောက်တက်လာမယ့်အစိုးရကိုရော ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုကဏ္ဍမျိုးကိုအဓိကထားဆောင်ရွက်စေချင်လေ။

ဖြေ။       ။ ဒီလာမယ့်အစိုးရကလည်း NLD ပဲပြန်ဖြစ်မယ်၊ ကျနော်တို့ရဲ့ချင်းပြည်နယ်အခြေအနေနဲ့ပြောရရင် လွန်ခဲ့တဲ့ ငါးနှစ်တာမှာဘဲတိုက်ပွဲတွေကြုံနေရတာဖြစ်တယ်၊ အဲဒီမတိုင်ခင်က သေနတ်သံတွေ မကြားခဲ့ရဘူး၊ CNFတော့ရှိခဲ့တယ် ဒါပေမယ့် ၂၀၁၂ မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ခဲ့တော့ သေနတ်သံတွေမကြားခဲ့ရဘူး၊ ၂၀၁၅ ကနေ လက်ရှိအချိန်ထိက သေနတ်သံတွေကြားနေရတယ်၊ပြီးတော့ ၂၀၂၀ က အဆိုးရွားဆုံးနှစ်လို့ ပြောလို့ရတယ်၊ ငြိမ်းချမ်းရေး ကိစ္စကိုပြောမယ်ဆိုရင်အခုက လုံးဝရပ်နေသလိုဖြစ်နေတယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျနော်အနေနဲ့ပြောမယ်ဆိုရင်ချင်းပြည်နယ်အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦးအကြား သဘောတူညီထားတဲ့ အချက် ၅၁ ချက်ရှိတယ်၊ ပြီးခဲ့တဲ့ငါးနှစ်တာမှာ အဲဒီအချက်တွေကို အကောင်အထည်ဖော်မှုကမရှိသလောက်ဖြစ်တယ်။  အဲဒီအချက်တွေထဲမှာ ပါတဲ့ဟာတစ်ခုက လူ့အခွင့်အရေးရှုဒေါင့်နဲ့ပြောမယ်ဆိုရင် ချင်းပြည်နယ်မှာ မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်လိုပုံစံမျိုးလူ့အခွင့်ရေးကော်မတီဖွဲ့ဖို့လည်းပါတယ်၊ အဲဒီဟာက လာမယ့်အနာဂတ်မှာလူ့အခွင့်ရေးချိုးဖောက်မှုတွေ အနည်းဆုံးဖြစ်အောင် နှစ်ဘက်ကနေကြိုးပမ်းမှုလုပ်ဖို့ကိုသူတို့အဓိကထားပြီးတော့ သဘောတူညီချက်မှာထည့်ထားတယ်၊ ဒါပေမယ့်လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာ လက်တွေ့အကောင်အထည်ဖော်မှုကို တစ်ခုမှမမြင်တွေ့ရတာကိုတွေ့ရပါတယ်၊ နောက်တစ်ခုက ချင်းပြည်နယ်မှာ မြန်မာ့တပ်မတော်နှင့် ချင်းအမျိုးသားတပ်ဦးမှအပ ဘယ်သူမှ နေရာချပြီးတော့ လှုပ်ရှားခွင့်မရှိဘူးလို့ပါတယ်၊ ဒါပေမယ့်အခုလက်ရှိကျွန်တော်တို့ကြုံနေရာတာက တစ်မျိုးဖြစ်နေတယ်၊ ဒီလိုမျိုးအခြေအနေမှာ နှစ်ဘက်ကနေအများကြီးလုပ်ဖို့လိုတယ်လို့ ကျနော်တို့မြင်ပါတယ်။

မေး။   ။ ခုလက်ရှိ ပလက်ဝအရေးနဲ့ပတ်သတ်ပြီးတော့ချင်းအမျိုးသားတပ်ဦးအနေနဲ့ ဘာမှဝင်မစွက်ဖက်ဘဲနဲ့ နှုတ်ဆိတ်သလိုဖြစ်နေတာကိုတွေ့ရတယ်၊အဲဒီအပေါ် ဆရာ့ရဲ့အမြင်ကိုသိချင်တယ်။

ဖြေ။       ။ CNF ဘက်ကနေ ဘာမှ လှုပ်ရှားမှုမရှိဘူးဆိုတာကတော့ ကျနော့်အနေနဲ့ CNF တွေရဲ့ အတွင်းကျကျ လှုပ်ရှားမှုကို မသိတာလည်းဖြစ်နိုင်တယ်၊ ဒါပေမယ့် အခုကြားနေတဲ့ဟာတွေတော့ရှိတာပေါ့၊ဒါပေမယ့်ဒီထက်တော့ သူတို့အများကြီးလုပ်နိုင်တယ်လို့မြင်တယ်၊ ဉပမာ ပလက်ဝမှာရှိတဲ့ပြည်သူတွေတင်မဟုတ်ဘဲနဲ့ ချင်းပြည်နယ် တစ်ခုလုံးမှာရှိတဲ့ ပြည်သူတွေရဲ့ လှုပ်ရှားတဲ့အခွင့်အရေးအတွက် လှုပ်ရှားတဲ့အဖွဲ့၊ ဒီမိုကရေစီအတွက် လှုပ်ရှားတဲ့အဖွဲ့၊ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လှုပ်ရှားတဲ့အဖွဲ့ ဖြစ်တဲ့အတွက်ကြောင့်သူတို့လုပ်နိုင်တဲ့ဟာ အများကြီးရှိတယ်လို့မြင်ပါတယ်၊ တစ်ဘက်မှာက သူတို့ကိုပြည်သူတွေက ဘယ်လောက်ထိ ထောက်ခံအားပေးတာလဲဆိုတာ မေးခွန်းမေးစရာ တွေရှိပါတယ်။

မေး။   ။ ချင်းပြည်နယ်မှာ စစ်ရေးပဋိပက္ခကြောင့်လူ့အခွင့်အရေးချိူးဖောက်မှုတွေအပြင် တခြားဘယ်လိုလူ့အခွင့်အရေးချိူးဖောက်မှုတွေရှိလဲ။

ဖြေ။       ။ ၁၉၉၅ ကနေ ဒီနှစ်အထိ ချင်းလူ့အခွင့်ရေးအနေနဲ့မှတ်တမ်းတွေပြုစုပြီးတော့ အဓိကအကြောင်းအရာအနေနဲ့ ထွက်လာတာကတော့ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုဘဲဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေ အပိုဒ် ၃၆၁၊ ၃၆၂ မှာ ဖော်ပြထားတဲ့ဟာကဗုဓ္ဒဘာသာက အထွဋ်အမြတ်ထားတဲ့ ဘာသာဖြစ်နေတယ်၊ ဒါပေမယ့် တစ်ခြား ခရစ်ယာန် မူဆလင်ဟိန္ဒူတွေက ဖွဲ့စည်းပုံအခြေခံဉပဒေရေးတဲ့အချိန်မှာ တည်ရှိနေတဲ့ဘာသာတွေဖြစ်တယ်ဆိုပြီးအသိအမှတ်ပြုထားတာဘဲရှိတယ်၊ တစ်ကယ့်လက်တွေ့မှာ အစိုးရကနေ အကောင်အထည်ခေါ်တဲ့နေရာမှာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အခွင့်အရေးချိုးဖော်မှုတွေ အများကြီးကြုံတွေ့ရတယ်။   ၂၀၁၂ မှာ CHRO ကနေ “ကျနော်တို့ရဲ့ရပ်တည်မှုကိုခြိမ်းခြောက်တယ်”ဆိုတဲ့ခေါင်းစဉ်နဲ့ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာလည်းထုတ်ခဲ့တယ်၊ အဲမှာထည့်ထားတာတွေကလက်ဝါးကားတိုင်တွေ ဖြိုချခံခဲ့ရတာတွေ အများကြီးရှိတယ်၊ လက်ရှိအခြေအနေမှာတော့အရင်တုန်းကလို ပေါ်တင်ချိုးဖောက်ခံရတာတွေတော့မရှိဘူး၊ ဒါပေမယ့် မူဝါဒပိုင်းဆိုင်ရာ တွေမှာချိုးဖောက်ခံရမှု အများကြီးကြုံတွေ့နေရတာတွေတော့ရှိတယ်၊ ပြောင်းလဲဖို့လည်းအများကြီးလိုသေးတယ်။  ဉပမာပြောရမယ်ဆိုရင် ကျနော်တို့ချင်းပြည်နယ်မှာခရစ်ယာန်အသင်းတော်ပေါင်း ၂၀၀၀ ဝန်းကျင်ရှိတယ်၊ အဲဒီထဲမှာ အကုန်လုံးနီးပါးကဘာသာရေးဆိုင်ရာအသိအမှတ်ပြု မှတ်ပုံတင်ရတဲ့အဖွဲ့အစည်းမရှိဘူး၊ ဒီလိုမျိုးချိန်မှာနိုင်ငံတော်က အထွဋ်အမြတ်ထားတဲ့ ဘာသာကျတော့ နေရာအထူးပေးပြီးတော့သူတို့ကြိုက်တဲ့နေရာမှာ သူတို့လိုချင်တာအများကြီး လုပ်နိုင်တဲ့ အနေအထားမှာရှိတယ်၊ပြီးတော့ ၁၉၉၃ ကနေ တပ်မတော်က နှစ် ၃၀ စီမံကိန်းနဲ့ချထားတဲ့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိူးများ၏ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) အစီအစဉ်မှာကျနော်တို့ချင်းတွေအများကြီး ချိုးဖောက်မှုကြုံနေရတာတွေရှိတယ်၊ အခုချိန်ထိ နတလ ကနေဖွင့်ထားတဲ့ကျောင်းက တစ်နိုင်ငံလုံးမှာ ကျောင်းပေါင်း ၃၃ ကျောင်းလောက်ရှိတယ်၊အဲဒီမှာ ၁၀ ကျောင်းက ကျနော်တို့ ချင်းပြည်နယ်မှာရှိနေတယ်၊ ဘာဖြစ်လို့ကျနော်တို့ချင်းပြည်နယ်မှာ နတလကျောင်းတွေ အဲလောက်များနေရတာလဲဆိုတာ မေးစရာရှိတယ်။

မေး။   ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာရှိပါသေးလဲ။

ဖြေ။       ။ လက်ရှိချင်းပြည်သူတွေကြုံနေရတဲ့ ချင်းပြည်နယ် ပလက်ဝမှာဘဲဖြစ်ဖြစ်ရခိုင်ဘက် အမ်း မြေပုံ မြင်းပြားဘက်မှာဘဲဖြစ်ဖြစ် တိုက်ပွဲကြောင့်ခံနေရတဲ့ပြည်သူတွေအများကြီးရှိတယ်၊ ဒီလိုမျိုးအခြေအနေမှာ ပြည်သူတစ်ယောက်အနေနဲ့ဘဲဖြစ်ဖြစ်ချင်းတွေရဲ့အရေးကို လှုပ်ရှားနေတဲ့လူတစ်ယောက်အနေနဲ့ဘဲဖြစ်ဖြစ် ကျနော်တို့ကျရာကဏ္ဍမှာလုပ်စရာတွေအများကြီးရှိတယ်လို့ပြောချင်တယ်၊ ဉပမာ – စစ်ဘေးရှောင်းနေရတဲ့ ပြည်သူတွေစားနပ်ရိက္ခာဖူလှုံရေးအတွက် အများကြီး ကူညီပေးဖို့လိုနေသေးတယ်၊ ဆုလည်းအများကြီးတောင်းပေးဖို့လိုနေသေးတယ်၊ ဒီလိုမျိုးအခြေအနေမှာ CHRO အနေနဲ့ကတော့ ဒီလိုမျိုးလူ့အခွင့်ရေးချိုးဖောက်မှုတွေ အနည်းဆုံးဖြစ်အောင် ပဋိပက္ခဖြစ်စဉ်မှာပါဝင်နေတဲ့တပ်မတော်နှင့် အေအေကိုစောင့်ကြည့်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုစောင့်ကြည့်လေ့လာပြီးမှတ်တမ်းတင်သွားပါမယ်၊ လက်ရှိပြည်သူတွေ ကြုံနေရတဲ့ဖြစ်စဉ်တွေကိုလည်း ရပ်ကြည့်နေတာမဟုတ်ဘဲနဲ့ ကျရာကဏ္ဍကနေ ပါဝင်ကူညီပေးကြဖို့ပြောချင်ပါတယ်။

#Zawgyi

ခ်င္းျပည္နယ္အတြင္းျဖစ္ပြားေနတဲ့ လူ႔အခြင့္အေရးခ်ဴိးေဖာက္မႈေတြကို အနီးကပ္ေစာင့္ၾကည့္ေလ့လာေနတဲ့ ခ်င္းလူ႔အခြင့္ အေရးအဖြဲ႔(CHRO) က ၂၀၂၀ ခုႏွစ္အတြင္း ခ်င္းျပည္နယ္မွာျဖစ္ပြားေနတဲ့ အထူးသျဖင့္ ပလက္၀ၿမိဳ႕နယ္မွာ ျဖစ္ပြားခဲ့တဲ့ လူ႔အခြင့္အေရးခ်ဴိးေဖာက္ခံရမႈ အစီရင္ခံစာတစ္ရပ္ကို ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ ၁၈ ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္။

အဲဒီအစီရင္ခံစာနဲ႔ပတ္သက္ၿပီး ခ်င္းလူ႔အခြင့္အေရးအဖြဲ႔(CHRO) ရဲ႕ Human Rights Education  & Religious Freedom Program Director Salai Sang Hnin Lian ကို ေတြ႕ဆံုေမးျမန္းတဲ့ အပိုင္း (၁) ကို ထုတ္လႊင့္ခဲ့ၿပီးျဖစ္ပါတယ္။ ယခု အပိုင္း (၂) ကို တင္ဆက္ေပးလိုက္ပါတယ္။ 

ေမး။    ။ ခ်င္းျပည္နယ္အစိုးရအဖြဲ႔ရဲ႕ ပလက္၀အေရးကိုင္တြယ္ေျဖရွင္းမႈအေပၚ ေက်နပ္အားရမႈရွိလား။ 

ေျဖ။       ။ ခ်င္းျပည္နယ္အစိုးရအေနနဲ႔ အတတ္ႏိုင္ဆုံး က်ိဴးစားတာေတာ့ေတြ႕ရပါတယ္၊ ဒါေပမယ့္ ခ်င္းျပည္နယ္အ စိုးရအေနနဲ႔ သူတို႔မွာရွိတဲ့ ဘတ္ဂ်က္ကို ခြဲေဝေပးၿပီးေတာ့ ဒုကၡသည္ေတြအတြက္ ဆိုၿပီးေတာ့ သတ္သတ္ေဆာင္ရြက္ေပး တာမ်ိဳး မေတြ႕ရဘူး၊ တစ္ျခားအဖြဲ႕အစည္းေတြက အလႉေငြေတြေပးတဲ့ဟာကို စီမံခန႔္ခြဲေရးလုပ္႐ုံဘဲ မ်ားေသာအားျဖင့္ျမင္ေနရတယ္၊ တကယ္ဆိုရင္ က်ေနာ္တို႔ခ်င္းျပည္နယ္မွာ လူဦးေရအားျဖင့္ၾကည့္မယ္ဆိုရင္ ပလက္ဝကအမ်ားဆုံး၊ ပထဝီအေနအထားအရၾကည့္ရင္လည္း ပလက္ဝက အေကာင္းဆုံးျဖစ္ေနတယ္၊ အဲလိုမ်ိဳး ခ်င္းျပည္နယ္ရဲ့ လူဦးေရအမ်ားဆုံး ျဖစ္ေနတဲ့ေနရာက ဒီလိုမ်ိဳးၾကဳံေနရတယ္ဆိုေတာ့ ခ်င္းျပည္နယ္အစိုးရအေနနဲ႔ တစ္ျခားအဖြဲ႕အစည္းေတြလည္းပါၿပီးေတာ့ အစိုးရလည္းပါမယ့္ ေကာ္မတီတစ္ခုဖြဲ႕စည့္ၿပီးေတာ့ ပလက္ဝအေရးကို ဘယ္လိုေဆာင္ရြက္မလဲဆိုတာကို လြတ္လပ္စြာေဆြးေႏြးၿပီးေတာ့ ပြင့္လင္းျမင္သာစြာ ေဆာင္ရြက္သင့္တယ္လို႔ က်ေနာ္ျမင္တယ္၊ ခ်င္းျပည္နယ္အစိုးရက မလုပ္ဘူးလို႔ က်ေနာ္ေျပာခ်င္တာမဟုတ္ဘူး၊ လုပ္တာေတာ့လုပ္တယ္၊ ဒါေပမယ့္ အစိုးရအေနနဲ႔ ဒီထက္ပိုၿပီးေတာ့ အမ်ားႀကီးလုပ္နိုင္တယ္ဆိုတာေျပာခ်င္တယ္၊ အစိုးရဘဲျဖစ္ျဖစ္ ျပည္သူေတြျဖစ္ျဖစ္ ပူးေပါင္းၿပီးေတာ့ လူဦးေရ ေလး ငါး ေသာင္းေလာက္ၾကဳံေနရတဲ့ ျပသနာကို အစိုးရအေနနဲ႔ ပိုၿပီးေတာ့ ေဆာင္ရြက္သင့္တယ္လို႔ က်ေနာ္ေျပာခ်င္ပါတယ္။ 

ေမး။    ။ အခုပလက္ဝမွာၾကဳံေနရတဲ့ စစ္ေရးပဋိပကၡေတြကို ဘယ္လိုအေျဖရွာၿပီးေတာ့ ေျဖရွင္းသင့္ပါသလဲ။ 

ေျဖ။       ။ တိုက္ပြဲနဲ႔ပတ္သက္တာျဖစ္တဲ့အတြက္ နံပါတ္ (၁) ကေတာ့ ေသနတ္သံေတြရပ္ၿပီးေတာ့ တိုက္ပြဲမွာပါဝင္ေနတဲ့ တပ္မေတာ္နဲ႔ေအေအက ေသနတ္ေတြထားၿပီးေတာ့ စားပြဲေပၚမွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးသင့္တယ္လို႔ က်ေနာ္ျမင္ပါတယ္၊ အခုလက္ရွိက တစ္ကမၻာလုံးက ၾကဳံေနရတဲ့ ကိုဗစ္ကပ္ေရာဂါျဖစ္ပြားေနတဲ့ ကာလလည္းျဖစ္တယ္၊ ၿပီးခဲ့တဲ့ မတ္လ ၂၃ရက္ေန႔မွာ ကမၻာ့ကုလသမဂၢအဖြဲ႕ရဲ့အတြင္းေရးမႉးက ေျပာခဲ့တာက ကမၻာတစ္ဝွမ္းလုံးမွာရွိတဲ့ လက္နက္ကိုင္ေတြက လက္နက္ေတြခ်ၿပီးေတာ့ သူတို႔အခ်င္းခ်င္း တိုက္တာကိုရပ္ၿပီး ကိုဗစ္ကို ျပန္တိုက္ရမယ့္အခ်ိန္ ျပည္သူေတြအတြက္ လႈပ္ရွားရမယ့္အခ်ိန္လို႔ ေျပာခဲ့တယ္၊ အဲဒါေၾကာင့္ ဒီခ်ိန္မွာ ေသနတ္က အဓိကမဟုတ္ေသးဘဲနဲ႔ ျပည္သူေတြၾကဳံေနရတဲ့ ဒီကပ္ေဘးႀကီး ေၾကာင့္ၾကဳံရတဲ့ အခက္အခဲေတြကို ဦးစားေပးၿပီးေတာ့ ပိုလုပ္သင့္တယ္လို႔ က်ေနာ္ျမင္တယ္၊ ေရရွည္အတြက္ေတာ့ ေအေအနဲ႔ တပ္မေတာ္ၾကားမွာဘဲ မဟုတ္ဘဲနဲ႔ အခုလက္ရွိ ျမန္မာနိုင္ငံအတြင္းမွာ ႏွစ္ေပါင္း ၇၀ေက်ာ္ ပဋိပကၡေၾကာင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေတြလည္း သြားေနတဲ့ဟာေတြရွိတယ္၊ ဒီဟာကို အဓိကထားၿပီးေတာ့ သြားသင့္တယ္လို႔ က်ေနာ္ျမင္တယ္၊ ၿပီးေတာ့ ႏွစ္ေပါင္း ၇၀ၾကာ ျဖစ္ေနတဲ့ တိုက္ပြဲေတြရပ္ဖို႔ဆိုရင္ လက္နက္ကိုင္ေတြ၊ အစိုးရႏွင့္ တပ္မေတာ္ေတြအေနနဲ႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို အဓိကထားၿပီးေတာ့ လုပ္သင့္တယ္လို႔ေျပာခ်င္တယ္။ 

ေမး။    ။ အခုလက္ရွိ အစိုးရအေနနဲ႔ ေဆာင္ရြက္ေနတဲ့ ၿငိမ္းခ်မ္းေရးျဖစ္စဥ္အေပၚ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕အေနနဲ႔ အားရေက်နပ္မႈရွိလား၊ ေနာက္တက္လာမယ့္အစိုးရကိုေရာ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ဘယ္လိုက႑မ်ိဳးကို အဓိကထားေဆာင္ရြက္ေစခ်င္ေလ။ 

ေျဖ။       ။ ဒီလာမယ့္အစိုးရကလည္း NLD ပဲျပန္ျဖစ္မယ္၊ က်ေနာ္တို႔ရဲ့ ခ်င္းျပည္နယ္အေျခအေနနဲ႔ေျပာရရင္ လြန္ခဲ့တဲ့ ငါးႏွစ္တာမွာဘဲ တိုက္ပြဲေတြၾကဳံေနရတာျဖစ္တယ္၊ အဲဒီမတိုင္ခင္က ေသနတ္သံေတြ မၾကားခဲ့ရဘူး၊ CNF ေတာ့ရွိခဲ့တယ္ ဒါေပမယ့္ ၂၀၁၂မွာ အစိုးရနဲ႔ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ခ်ဳပ္ခဲ့ေတာ့ ေသနတ္သံေတြမၾကားခဲ့ရဘူး၊ ၂၀၁၅ ကေန လက္ရွိ အခ်ိန္ထိက ေသနတ္သံေတြၾကားေနရတယ္၊ ၿပီးေတာ့ ၂၀၂၀ က အဆိုးရြားဆုံးႏွစ္လို႔ ေျပာလို႔ရတယ္၊ ၿငိမ္းခ်မ္းေရး ကိစၥကိုေျပာမယ္ဆိုရင္ အခုက လုံးဝရပ္ေနသလိုျဖစ္ေနတယ္၊ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေတြမွာ က်ေနာ္အေနနဲ႔ေျပာမယ္ဆိုရင္ ခ်င္းျပည္နယ္အစိုးရနဲ႔ ခ်င္းအမ်ိဳးသားတပ္ဦးအၾကား သေဘာတူညီထားတဲ့ အခ်က္ ၅၁ ခ်က္ရွိတယ္၊ ၿပီးခဲ့တဲ့ငါးႏွစ္တာမွာ အဲဒီအခ်က္ေတြကို အေကာင္အထည္ေဖာ္မႈက မရွိသေလာက္ျဖစ္တယ္။ 

အဲဒီအခ်က္ေတြထဲမွာ ပါတဲ့ဟာတစ္ခုက လူ႔အခြင့္အေရးရႈေဒါင့္နဲ႔ေျပာမယ္ဆိုရင္ ခ်င္းျပည္နယ္မွာ ျမန္မာနိုင္ငံ လူ႔အခြင့္ေရးေကာ္မရွင္လိုပုံစံမ်ိဳး လူ႔အခြင့္ေရးေကာ္မတီဖြဲ႕ဖို႔လည္းပါတယ္၊ အဲဒီဟာက လာမယ့္အနာဂတ္မွာ လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈေတြ အနည္းဆုံးျဖစ္ေအာင္ ႏွစ္ဘက္ကေနႀကိဳးပမ္းမႈလုပ္ဖို႔ကို သူတို႔အဓိကထားၿပီးေတာ့ သေဘာတူညီခ်က္မွာထည့္ထားတယ္၊ ဒါေပမယ့္ လြန္ခဲ့တဲ့ငါးႏွစ္အတြင္းမွာ လက္ေတြ႕အေကာင္အထည္ေဖာ္မႈကို တစ္ခုမွမျမင္ေတြ႕ရတာကို ေတြ႕ရပါတယ္၊ ေနာက္တစ္ခုက ခ်င္းျပည္နယ္မွာ ျမန္မာ့တပ္မေတာ္ႏွင့္ ခ်င္းအမ်ိဳးသား တပ္ဦးမွအပ ဘယ္သူမွ ေနရာခ်ၿပီးေတာ့ လႈပ္ရွားခြင့္မရွိဘူးလို႔ပါတယ္၊ ဒါေပမယ့္အခုလက္ရွိကၽြန္ေတာ္တို႔ ၾကဳံေနရာတာက တစ္မ်ိဳးျဖစ္ေနတယ္၊ ဒီလိုမ်ိဳးအေျခအေနမွာ ႏွစ္ဘက္ကေန အမ်ားႀကီးလုပ္ဖို႔လိုတယ္လို႔ က်ေနာ္တို႔ျမင္ပါတယ္။ 

ေမး။    ။ ခုလက္ရွိ ပလက္ဝအေရးနဲ႔ပတ္သတ္ၿပီးေတာ့ ခ်င္းအမ်ိဳးသားတပ္ဦးအေနနဲ႔ ဘာမွဝင္မစြက္ဖက္ဘဲနဲ႔ ႏႈတ္ဆိတ္သလိုျဖစ္ေနတာကိုေတြ႕ရတယ္၊ အဲဒီအေပၚ ဆရာ့ရဲ႕အျမင္ကိုသိခ်င္တယ္။ 

ေျဖ။       ။ CNF ဘက္ကေန ဘာမွ လႈပ္ရွားမႈမရွိဘူးဆိုတာကေတာ့ က်ေနာ့္အေနနဲ႔ CNF ေတြရဲ့ အတြင္းက်က် လႈပ္ရွားမႈကို မသိတာလည္းျဖစ္နိုင္တယ္၊ ဒါေပမယ့္ အခုၾကားေနတဲ့ဟာေတြေတာ့ရွိတာေပါ့၊ ဒါေပမယ့္ဒီထက္ေတာ့ သူတို႔အမ်ားႀကီးလုပ္နိုင္တယ္လို႔ျမင္တယ္၊ ဉပမာ ပလက္ဝမွာရွိတဲ့ ျပည္သူေတြတင္မဟုတ္ဘဲနဲ႔ ခ်င္းျပည္နယ္ တစ္ခုလုံးမွာရွိတဲ့ ျပည္သူေတြရဲ့ လႈပ္ရွားတဲ့ အခြင့္အေရးအတြက္ လႈပ္ရွားတဲ့အဖြဲ႕၊ ဒီမိုကေရစီအတြက္ လႈပ္ရွားတဲ့အဖြဲ႕၊ ကိုယ္ပိုင္ျပဌာန္းခြင့္အတြက္ လႈပ္ရွားတဲ့အဖြဲ႕ ျဖစ္တဲ့အတြက္ေၾကာင့္ သူတို႔လုပ္နိုင္တဲ့ဟာ အမ်ားႀကီးရွိတယ္လို႔ျမင္ပါတယ္၊ တစ္ဘက္မွာက သူတို႔ကို ျပည္သူေတြက ဘယ္ေလာက္ထိ ေထာက္ခံအားေပးတာလဲဆိုတာ ေမးခြန္းေမးစရာ ေတြရွိပါတယ္။ 

ေမး။    ။ ခ်င္းျပည္နယ္မွာ စစ္ေရးပဋိပကၡေၾကာင့္ လူ႔အခြင့္အေရးခ်ဴိးေဖာက္မႈေတြအျပင္ တျခားဘယ္လို လူ႔အခြင့္အေရးခ်ဴိးေဖာက္မႈေတြရွိလဲ။ 

ေျဖ။       ။ ၁၉၉၅ ကေန ဒီႏွစ္အထိ ခ်င္းလူ႔အခြင့္ေရးအေနနဲ႔ မွတ္တမ္းေတြျပဳစုၿပီးေတာ့ အဓိကအေၾကာင္းအရာအေနနဲ႔ ထြက္လာတာကေတာ့ ဘာသာေရးလြတ္လပ္ခြင့္ဆိုင္ရာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈဘဲျဖစ္ပါတယ္၊ ျမန္မာနိုင္ငံရဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဉပေဒ အပိုဒ္ ၃၆၁၊ ၃၆၂ မွာ ေဖာ္ျပထားတဲ့ဟာက ဗုဓၵဘာသာက အထြဋ္အျမတ္ထားတဲ့ ဘာသာျဖစ္ေနတယ္၊ ဒါေပမယ့္ တစ္ျခား ခရစ္ယာန္ မူဆလင္ ဟိႏၵဴေတြက ဖြဲ႕စည္းပုံအေျခခံဉပေဒေရးတဲ့အခ်ိန္မွာ တည္ရွိေနတဲ့ဘာသာေတြျဖစ္တယ္ဆိုၿပီး အသိအမွတ္ျပဳထားတာဘဲရွိတယ္၊ တစ္ကယ့္လက္ေတြ႕မွာ အစိုးရကေန အေကာင္အထည္ေခၚတဲ့ေနရာမွာ ဘာသာေရးလြတ္လပ္ခြင့္ဆိုင္ရာ အခြင့္အေရးခ်ိဳးေဖာ္မႈေတြ အမ်ားႀကီးၾကဳံေတြ႕ရတယ္။  

၂၀၁၂ မွာ CHRO ကေန “က်ေနာ္တို႔ရဲ့ရပ္တည္မႈကိုၿခိမ္းေျခာက္တယ္”ဆိုတဲ့ေခါင္းစဥ္နဲ႔ ဘာသာေရးလြတ္လပ္ခြင့္ဆိုင္ရာ အစီရင္ခံစာလည္းထုတ္ခဲ့တယ္၊ အဲမွာထည့္ထားတာေတြက လက္ဝါးကားတိုင္ေတြ ၿဖိဳခ်ခံခဲ့ရတာေတြ အမ်ားႀကီးရွိတယ္၊ လက္ရွိအေျခအေနမွာေတာ့ အရင္တုန္းကလို ေပၚတင္ခ်ိဳးေဖာက္ခံရတာေတြေတာ့မရွိဘူး၊ ဒါေပမယ့္ မူဝါဒပိုင္းဆိုင္ရာ ေတြမွာ ခ်ိဳးေဖာက္ခံရမႈ အမ်ားႀကီးၾကဳံေတြ႕ေနရတာေတြေတာ့ရွိတယ္၊ ေျပာင္းလဲဖို႔လည္း အမ်ားႀကီးလိုေသးတယ္။ 

ဉပမာေျပာရမယ္ဆိုရင္ က်ေနာ္တို႔ခ်င္းျပည္နယ္မွာ ခရစ္ယာန္အသင္းေတာ္ေပါင္း ၂၀၀၀ ဝန္းက်င္ရွိတယ္၊ အဲဒီထဲမွာ အကုန္လုံးနီးပါးက ဘာသာေရးဆိုင္ရာအသိအမွတ္ျပဳ မွတ္ပုံတင္ရတဲ့အဖြဲ႕အစည္းမရွိဘူး၊ ဒီလိုမ်ိဳးခ်ိန္မွာ နိုင္ငံေတာ္က အထြဋ္အျမတ္ထားတဲ့ ဘာသာက်ေတာ့ ေနရာအထူးေပးၿပီးေတာ့ သူတို႔ႀကိဳက္တဲ့ေနရာမွာ သူတို႔လိုခ်င္တာအမ်ားႀကီး လုပ္နိုင္တဲ့ အေနအထားမွာရွိတယ္၊ ၿပီးေတာ့ ၁၉၉၃ ကေန တပ္မေတာ္က ႏွစ္ ၃၀ စီမံကိန္းနဲ႔ခ်ထားတဲ့ နယ္စပ္ေဒသႏွင့္ တိုင္းရင္းသားလူမ်ဴိးမ်ား၏ ဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာန (နတလ) အစီအစဥ္မွာ က်ေနာ္တို႔ခ်င္းေတြအမ်ားႀကီး ခ်ိဳးေဖာက္မႈၾကဳံေနရတာေတြရွိတယ္၊ အခုခ်ိန္ထိ နတလ ကေန ဖြင့္ထားတဲ့ေက်ာင္းက တစ္နိုင္ငံလုံးမွာ ေက်ာင္းေပါင္း ၃၃ ေက်ာင္းေလာက္ရွိတယ္၊ အဲဒီမွာ ၁၀ ေက်ာင္းက က်ေနာ္တို႔ ခ်င္းျပည္နယ္မွာရွိေနတယ္၊ ဘာျဖစ္လို႔ က်ေနာ္တို႔ခ်င္းျပည္နယ္မွာ နတလေက်ာင္းေတြ အဲေလာက္မ်ားေနရတာလဲဆိုတာ ေမးစရာရွိတယ္။ 

ေမး။    ။ ေနာက္ဆံုးအေနနဲ႔ ဘာမ်ားျဖည့္စြက္ေျပာခ်င္တာရွိပါေသးလဲ။

ေျဖ။       ။ လက္ရွိခ်င္းျပည္သူေတြၾကဳံေနရတဲ့ ခ်င္းျပည္နယ္ ပလက္ဝမွာဘဲျဖစ္ျဖစ္ ရခိုင္ဘက္ အမ္း ေျမပုံ ျမင္းျပားဘက္မွာဘဲျဖစ္ျဖစ္ တိုက္ပြဲေၾကာင့္ခံေနရတဲ့ ျပည္သူေတြအမ်ားႀကီးရွိတယ္၊ ဒီလိုမ်ိဳးအေျခအေနမွာ ျပည္သူတစ္ေယာက္အေနနဲ႔ဘဲျဖစ္ျဖစ္ ခ်င္းေတြရဲ့အေရးကို လႈပ္ရွားေနတဲ့လူတစ္ေယာက္အေနနဲ႔ဘဲျဖစ္ျဖစ္ က်ေနာ္တို႔က်ရာက႑မွာ လုပ္စရာေတြအမ်ားႀကီးရွိတယ္လို႔ေျပာခ်င္တယ္၊ ဉပမာ စစ္ေဘးေရွာင္းေနရတဲ့ ျပည္သူေတြ စားနပ္ရိကၡာဖူလႈံေရးအတြက္ အမ်ားႀကီး ကူညီေပးဖို႔လိုေနေသးတယ္၊ ဆုလည္းအမ်ားႀကီး ေတာင္းေပးဖို႔လိုေနေသးတယ္၊ ဒီလိုမ်ိဳးအေျခအေနမွာ CHRO အေနနဲ႔ကေတာ့ ဒီလိုမ်ိဳး လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈေတြ အနည္းဆုံးျဖစ္ေအာင္ ပဋိပကၡျဖစ္စဥ္မွာပါဝင္ေနတဲ့ တပ္မေတာ္ႏွင့္ ေအေအကိုေစာင့္ၾကည့္ၿပီးေတာ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ေစာင့္ၾကည့္ေလ့လာၿပီးမွတ္တမ္းတင္သြားပါမယ္၊ လက္ရွိျပည္သူေတြ ၾကဳံေနရတဲ့ ျဖစ္စဥ္ေတြကိုလည္း ရပ္ၾကည့္ေနတာမဟုတ္ဘဲနဲ႔ က်ရာက႑ကေန ပါဝင္ကူညီေပးၾကဖို႔ ေျပာခ်င္ပါတယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတောင်သို့ အင်အားရာချီနှင့်တက်လာသော စစ်တပ်ကို CC နှင့် CB တို့ ပူးပေါင်းစုဖွဲ့ခုခံနေ

ပလက်ဝမြို့နယ်တွင် မြေမြှုပ်မိုင်းကြောင့် အမျိုးသားတစ်ဦးသေဆုံး၊ တစ်ဦး ပြင်းထန်ဒါဏ်ရာရ

ရိခေါဒါရ်မြို့က မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူများနှင့် လုံးဝပတ်သက်မှုမရှိကြောင်း CNO ပညာရေးဌာနထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.