Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့၊ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၃၀ ဦး သေဆုံး၊ ချင်းကာကွယ်ရေးဘက်က ၈ ယောက် ကျဆုံး

တီးတိန်မြို့၊ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၃၀ ဦး သေဆုံး၊ ချင်းကာကွယ်ရေးဘက်က ၈ ယောက် ကျဆုံး

0
By Editor on January 16, 2024 Headline

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလ ၁၆ ရက် မနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး၊ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ဦး သေဆုံးပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်မှ ရဲဘော် ၈ ဦး ကျဆုံးခဲ့သည်ဟု CDF CDM-Siyin ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရမ်ဘွဲက ပြောသည်။

သိုင်းငင်း စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် အတွင်း ၄ ကြိမ် စီးနင်းတိုက်ခိုက်ခဲ့ရာတွင် နှစ်ဖက်ထိခိုက် ကျဆုံးမှုများရှိခဲ့ပြီး ယခုလက်ရှိ  “၅”  ကြိမ်မြောက်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်များက အပြီးသတ် သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း ဆလိုင်းရမ်ဘွဲက ပြောဆိုသည်။

“တအား ခက်ခဲတယ်။ CNA က လာတဲ့ လူတွေဆိုရင် သူတို့ကလည်း သူတို့တိုက်ဖူးသမျှ စကစ စခန်းတွေထဲမှာ အခက်ဆုံးလို့ ပြောကြတယ်။ နေရာက ကျဉ်းကျဉ်းလေး မီတာ ၇၀ ပတ်ဝန်းကျင်လောက်ပဲ။ ကျစ်ကျစ်လစ်လစ်နဲ့ မြေကျင်းတွေ အရမ်းကောင်းတယ်။ ဘန်ကာတွေကိုလည်း ရှယ်တည်ဆောက်ထားတယ်” ဟု က ဆလိုင်းရမ်ဘွဲက ပြောသည်။

ယခုစခန်းသိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ CDF CDM-Siyin၊ CDF-KKG၊ CDF-Thangtlang၊ CDF-Hakha၊ CDF-Haulngoram ၊ CDF-Zanniatram, TCDF နှင့် PDA  စသည့် ချင်းပူးပေါင်းတပ်များက ဇန်နဝါရီလ ၁၂ ရက်တွင် စတင်ဆင်နွှဲတိုက်ခိုက်ခဲ့ပြီး ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) မနက် ၇ နာရီခွဲတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု CDF CDM-Siyin ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဖုန်းဆက်၍ လက်နက်ချ အလင်းဝင်ရန် အကြိမ်ကြိမ် သတိပေးသော်လည်း တပ်ထဲတွင် မိသားစုဝင်များ ရှိသေးသည့်အတွက် အလင်းမဝင်နိုင်ဟု ငြင်းခဲ့ကြောင်း၊ စစ်ခေါင်းဆောင်များက မိသားစုဝင်များနှင့် ခြိမ်းခြောက်ထားသည်ဟု ဆလိုင်းရမ်ဘွဲက ပြောပါသည်။

“သူတို့က အထဲမှာရှိတဲ့ လူတွေက လုံးဝမဆုတ်တမ်းပေါ့နော်။ ကျနော်တို့ သူတို့နဲ့ အဆက်အသွယ် ရှိတယ်။ ဖုန်းခေါ်တယ်။ ဒါပေမဲ့ သူတို့က သူတို့မိသားစုတွေ ရှိသေးတယ်။ ညီလေးတို့ လုပ်ကြပါ။ ငါတို့က မနိုင်မချင်း တိုက်မှာလို့ပြောတာတောင်မှ လုပ်ကြပါ၊ ငါတို့က မိသားစုတွေလည်း ရှိသေးတယ်ဆိုပြီးမှ အဲလိုပဲ အထဲမှာ အသေခံနေတာလေ။ ခုခံနေတာပေါ့နော်။ စခန်းထဲမှာ အသက်ရှင်တဲ့လူ၊ တစ်ယောက်မှ မရှိတော့ဘူး။ ထွက်ပြေးတာလည်း မရှိဘူး” ဟု ဆလိုင်းရမ်ဘွဲက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ သေဆုံးသူများထဲတွင် ဗိုလ်ကြီး ၁ ဦးနှင့် ရဲတပ်ဖွဲ့မှ သုံးပွင့်အရာရှိ ၁ ဦး အပါအဝင် စစ်သားနှင့် ရဲ ၃၀ ဦးတို့ ဖြစ်ပြီး၊  ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးသူများတွင် CNA က ရဲဘော် ၁ ဦး၊ CDF-KKG က ရဲဘော် ၄ ဦး၊ CDF-Thantlang က ရဲဘော် ၁ ဦး၊ CDF-Hakha က ရဲဘော် ၁ ဦး၊ CDF/CDM-Siyin က ရဲဘော် ၁ ဦး စုစုပေါင်း ၈ ဦး ကျဆုံးပြီး၊ ၄၀ ဦး ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

လက်နက်ကြီးပစ်ကူများကြောင့် ချင်းပူးပေါင်းတပ်ဖွဲ့မှ ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် စခန်းသိမ်း တိုက်ပွဲအတွင်း လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပြီး အသေးစိတ်ကို ထပ်မံထုတ်ပြန်ပေးမည်ဟု CDF CDM-Siyin ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

သိုင်းငင်စခန်းကို သိမ်းယူနိုင်ရန် ၅ ရက်ခန့် တိုက်ခိုက်ခဲ့ရပြီး စစ်ကောင်စီက တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇန်နဝါရီလ ၁၂ ရက်မှ စတင်၍ လေကြောင်းပစ်ကူများ၊ ကလေးမြို့မှ လက်နက်ကြီးဖြင့် ပစ်ကူများ နေ့စဉ် အများအပြား အသုံးပြုခဲ့သည်ဟု ဆိုသည်။

သိုင်းငင်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်း ၄ စီး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒရုန်း ၁ စီးလျှင် သိန်း (၉၀၀) ဝန်းကျင် တန်ဖိုးရှိကြောင်း သိရသည်။

သိုင်းငင်းတပ်စခန်းသည် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိပြီး ချင်းပြည်နယ်မြောက်ပိုင်းက မြို့များ အားလုံးအတွက် အဓိက ဝင်ပေါက်ကြီးတစ်ခု ဖြစ်သကဲ့သို့  အိန္ဒိယ- မြန်မာ ကုန်သွယ်ရေးအတွက်လည်း အဓိက ကျသည့် လမ်းမပေါ်တွင် တည်ရှိနေသည်။

“ကျနော်တို့ သိုင်းငင်းကိုရပြီဆိုတော့ ကျနော်တို့ကို သည်းခံပြီးတော့ နားလည်ပေးတဲ့ မိဘပြည်သူတွေကို အထူးကျေးဇူးတင်ပါတယ်။ ဒီလမ်းမကြီးကိုလည်း ပြန်လည်အသုံးပြုလို့ရအောင် နယ်မြေရှင်းလင်းရေးတွေလည်း စတင်နေပါပြီ” ဟု CDF CDM-Siyin ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရမ်ဘွဲက ဆက်ပြောသည်။

ကလေး- သိုင်းငင်း လမ်းပိုင်းကို ဖြတ်သန်းခွင့် ပိတ်ထားသည်မှာ ၂ လနီးပါး ကြာမြင့်နေပြီဖြစ်ပြီး ဒေသခံ ပြည်သူတချို့မှာ အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် လမ်းကို အမြန်ဆုံးဖွင့်ပေးနိုင်ရန် နယ်မြေ ရှင်းလင်းရေးများ ဆောင်ရွက်နေပြီဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.