Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့နိုင်ရေး ICRC နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ပလက်ဝ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့နိုင်ရေး ICRC နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေး

0
By Editor on May 17, 2019 Headline

မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးတိမ်းရှောင်နေကြရသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ စစ်ဘေးဒုက္ခသည်များကို ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့က ချင်းပြည်နယ်အစိုးရအဖွဲ့ကို မေလ ၁၆ ရက်နေ့၊ မနက် ၁၁ နာရီက လာရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။

ICRC ၏ ဒုတိယဌာနေကိုယ်စားလှယ် Mr. Enrique Ochoa Fernandez-Lomana နှင့် ဦးစောလားဖိုး (မန္တလေးတာဝန်ခံ) တို့သည် ချင်းပြည်နယ်မြို့တော် ဟားခါးသို့ရောက်ရှိလာပြီး ချင်းပြည်နယ်အတွင်းဆောင်ရွက်မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ကို လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ICRC ကတော့ ရခိုင်ပြည်နယ်ဖြစ်တဲ့ စစ်ဘေးရှောင်တွေကို သူတို့ထောက်ပံ့တာတွေရှိတယ် (AA) နဲ့ တပ်မတော်ဖြစ်တဲ့ကြားမှာ ကျနော်တို့ပလက်ဝကလည်း ပါနေတာပေါ့နော် ပလက်ဝကျတော့ ရခိုင်ပြည်နယ်မဟုတ်ဘဲ ချင်းပြည်နယ်ဖြစ်တဲ့အတွက် အဲဒီမှာထောက်ပံ့မယ့်ကိစ္စကို ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ လက်ရှိဆောင်ရွက်မှု၊ နိုင်ငံတော်ရဲ့ဆောင်ရွက်မှု နောက်ပြီး သူတို့က ၀င်ပါပြီးတော့ ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်တယ်ဆိုတဲ့ဥစ္စာတွေကို ညှိနှိုင်းကြတာပါ” ဟု ၀န်ကြီးကပြောသည်။

ယင်းကဲ့သို့တွေ့ဆုံဆွေးနွေးရာတွင် ICRC အနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများထောက်ပံ့နိုင်ရေး​​ဆောင်ရွက်လိုက ​​​ချင်းပြည်နယ်အစိုးရအဖွဲ့၏ သဘောထားအပြင် ပြည်ထောင်စုအစိုးရအဖွဲ့သဘောကိုလည်း ရယူပြီးမှသာ ကူညီထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်စေလိုကြောင်း တင်ပြခဲ့ကြသည်ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။

“ကျနော်တို့ပြည်နယ်အစိုးရအဖွဲ့ရဲ့သဘေားထားတစ်ခုတည်းနဲ့မရဘူး ပြည်ထောင်စုနဲ့ဆိုင်တဲ့ကိစ္စလည်းဖြစ်တဲ့ လုံခြုံရေးအရလည်းနိုင်ငံခြားသားတွေသွားဖို့လာဖို့ကန့်သတ်ချက်တွေရှိတယ် ပြည်ထောင်စုရဲ့သဘောထားရယူပြီးမှ ဆောင်ရွက်ရင်တော့အဆင်ပြေမယ်လို့ အဲလိုဆွေးနွေးထားတယ်’’ဟု ၀န်ကြီးကပြောသည်။

ယခုလက်ရှိ ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စုပေါင်း ၈၇၄ စု၊ လူဦးရေ ၄၁၃၆ (ကျား၂၁၅၄၊ မ ၁၉၈၂) ဦးရှိသည်ဟု ချင်းပြည်နယ်အစိုးရစာရင်းအရသိရသည်။

စစ်ဘေးရှောင်ပြည်သူများကို ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ဘာသာရေးအသင်းအဖွဲ့များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများကလည်း ကူညီထောက်ပံ့မှုပေးခဲ့ကြ သည်ဟု ဦးစိုးထက်ကပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ဒီဇင်ဘာလက ဆန်အိပ် ၂၀၀ ကျော်နှင့် အ၀တ်အစားများ၊ ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကလည်း ဆန်အိပ် ၂၀၀ ကျော်ထောက်ပံ့ခဲ့ကြောင်း ထို့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ လူ/ကယ်/ပြန် ၀န်ကြီးဌာနကလည်း ကျပ်ငွေသိန်းပေါင်း ၅၇၀ ကျော်ထောက်ပံ့ပေးခဲ့သည်ဟု ၀န်ကြီးကပြောသည်။

ပလက်ဝ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့နိုင်ရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်မတ်လ ၂၈ ရက်နေ့ကလည်း ICRC မှ တာဝန်ရှိသူများသည် ချင်းအမျိုးသားတပ်ဦး (CNF) ခေါင်းဆောင်များနှင့်တွေ့ဆုံးဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခသည် ပိုမိုပြင်းထန်လာမည့် အလားအလာရှိနေပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ICRC အနေဖြင့် ရုံးခန်းဖွင့်လှစ်ကာ လူသားချင်းစာနာမှုအကူညီ ထောက်ပံ့ရန်၊ မိုင်းအန္တရာယ် အသိပညာပေးများပြုလုပ်ပေးရန်၊ ပလက်ဝမြို့နယ်သည် ခရီးသွားလာမှုပြုလုပ်ရာ
တွင်ရေကြောင်းကိုသာအဓိကထား အသုံးပြုရသောမြို့နယ်ဖြစ်သဖြင့် ICRCမှ ကာကွယ်မှုပေး
သော ရေကြောင်းသွားလာမှုစနစ်တစ်ခုပြုလုပ်ပေးရန် စသည့်အချက် ၄ ချက်ကို ချင်းအမျိုးသားတပ်ဦး CNF က အကြံပြုခဲ့သည်။

(ဓာတ်​ပုံ – ဟားခါး ပြန်​/ဆက်​)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.