Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»AA က ချင်းလူမျိုးများနှင့် စစ်မက်ဖြစ်ပွားမှု မရပ်တန့်သည့်အတွက်ဟုဆိုကာ လောင်တလိုင်မြို့မှ ရခိုင်ဘက်သို့ ကုန်ပစ္စည်းတင်သွင်းခွင့် CYLA ပိတ်ပင်
Photo credit

AA က ချင်းလူမျိုးများနှင့် စစ်မက်ဖြစ်ပွားမှု မရပ်တန့်သည့်အတွက်ဟုဆိုကာ လောင်တလိုင်မြို့မှ ရခိုင်ဘက်သို့ ကုန်ပစ္စည်းတင်သွင်းခွင့် CYLA ပိတ်ပင်

0
By Editor on June 24, 2024 Headline

(005MK)

အာရက္ခတပ်တော် (AA) က ချင်းလူမျိုးများနှင့် စစ်မက်ဖြစ်ပွားမှုမရပ်တန့်သည့်အတွက်ဟုဆိုကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှတဆင့် ချင်းပြည်ကိုဖြတ်၍ ရခိုင်ပြည်နယ်ဘက်သို့ ကုန်ပစ္စည်း၊ လောင်စာဆီတင်သွင်းခွင့်များကို ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်း CYLA က ပိတ်ပင်လိုက်သည်။

မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာဘက်သို့ ကုန်ပစ္စည်းနှင့် လောင်စာဆီများတင်သွင်းမှုကို စနစ်တကျ လေ့လာစောင့်ကြည့်ရာမှာ ဒုက္ခရောက်နေကြသော ရခိုင်ပြည်သူများအတွက်သာဟု ယူဆခဲ့ကြသော်လည်း မိမိတို့ညီအကိုချင်းလူမျိုးများအား တိုက်ခိုက်ရာတွင် အသုံးပြုသည်သာမက အင်အားခိုင်မာလာစေရေး ရိက္ခာများအတွက်ပါ အသုံးပြုနေသည်ကို တွေ့ရှိရသည်ဟု Central Young Lai Association (CYLA) က ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ AA တပ်ဖွဲ့ထံ ချင်းလူမျိုးများနှင့် စစ်မက်ဖြစ်ပွားခြင်းမပြုလုပ်ရန် အကြိမ်ကြိမ် တောင်ဆိုခဲ့ပြီးဖြစ်သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှုမရှိခဲ့ကြသည့်အပြင် မိမိတို့ပိုင်နက်နယ်မြေထဲတွင် လက်နက်များကိုင်ဆောင်ကာ ဝင်ရောက်လာကြသည်ဟု CYLA က ဆိုသည်။

ထို့ကြောင့် CYLA ဗဟိုအလုပ်အမှုဆောင်ကော်မတီဆုံးဖြတ်ချက်အရ ယနေ့ဇွန်လ ၂၄ ရက်ကစ၍ နောက်ထပ်တစ်စုံတစ်ရာ အမိန့်ထုတ်ပြန်မှုမရှိမချင်း မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံဘက်သို့ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခြင်းကို ပိတ်ပင်လိုက်သည်ဟု CYLA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်သူများနှင့် လောင်တလိုင်၊ ရှာဟာခရိုင် နယ်စပ်ဒေသတွင်နေထိုင်ကြသော ဒေသခံ ပြည်သူများအနေဖြင့်လည်း လေးစားလိုက်နာကြရန် CYLA ကတောင်းဆိုထားသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်၀မြို့ နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာပြည်မဘက်မှ လောင်စာဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဝင်ရောက်နိုင်ခြင်းမရှိသည်မှာ လနှင့်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်က ဒေသခံပြည်သူများသည် လောင်စာဆီနှင့် အခြေခံစားသောက်ကုန်လိုအပ်ချက်များကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကတဆင့် လောင်တလိုင်ခရိုင်ကိုဖြတ်သန်းကာ အဓိက တင်သွင်းလျှက်ရှိကြခြင်းဖြစ်သည်။

လောင်တလိုင်ခရိုင်တွင် ဩဇာကြီးမားသည့် CYLA လူငယ်အဖွဲ့သည် အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည် ပလက်ဝ နှင့် ရခိုင်ပြည် နယ်တို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲများ တနေ့ထက်တနေ့ပြင်းထန် လာသောကြောင့် ကုန်သည်နှင့် ယာဥ်မောင်းများ၏ အသက်အန္တရာယ်စိုးရိမ်ရသည်ဟုဆိုကာ ယခုနှစ် မေလ ၂၅ ရက်နေ့ကလည်း ကုန်ပစ္စည်းပို့ ဆောင်မှုကို ပိတ်ပင်ခဲ့ပြီးဖြစ်သည်။

ယင်းကိစ္စကို အာရက္ခတပ်တော် (AA) နှင့် ဗဟိုလိုင်းလူငယ်အသင်း (CYLA) တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် လောင်တလိုင်ခရိုင်မှတဆင့် ပလက်ဝမြို့သို့ ကုန်ပစ္စည်းတင်သွင်းမှု လမ်းကြောင်းကို ဇွန်လ ၁၁ ရက်နေ့ကစ၍ ပြန်ဖွင့်ပေးခဲ့သော်လည်း ယနေ့တွင် ပြန်လည်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.