Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»AA မွ ဆလိုင္းေအာင္စိုးျပန္လႊတ္ေပးမႈ KACC ႀကိဳဆို

AA မွ ဆလိုင္းေအာင္စိုးျပန္လႊတ္ေပးမႈ KACC ႀကိဳဆို

0
By Editor on December 16, 2020 Headline

#Unicode

နှင်းနှင်း – ၄ လခွဲကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဆလိုင်းအောင်စိုးအား ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့မှ ဒီဇင်ဘာလ (၁၅) ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်သည့်အပေါ် ဝမ်းသာကြိုဆိုကြောင်းနှင့် ယခုကဲ့သို့လွှတ်မြောက်နိုင်ရန် ဝိုင်းဝန်းကူညီ ပေးကြသူများကိုလည်း ကျေးဇူးတင်ရှိကြောင်း ခူမီးချင်းလူမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကော်စီ KACC ကကြေညာ ချက်ထုတ်ပြန်လိုက်သည်။

KACC မှ ညှိနှိုင်းရေးမှုး ဆလိုင်းပိုင်နန်းက ”သူလွတ်လာတယ်ဆိုတော့မိသားစုနဲ့အတူ ကျွန်တော်တို့လည်းဝမ်းသာကြတယ်၊ အချိန်တွေအကြာကြီးဒီလိုဖြစ်လာဖို့အတွက်ကို ကျွန်တော်တို့မျှော်လင့်ခဲ့တာပေါ့၊ ကျွန်တော်တို့ထုတ်ပြန်ချက်တွေ လည်းထုတ်ခဲ့တယ်၊ မနေ့ကပဲပြန်လာတယ်ဆိုတော့ ကျွန်တော်တို့ဝမ်းသာကြပါတယ်” ဟုပြောသည်။

ဆလိုင်းအောင်စိုးအပါအဝင် ချင်းလူငယ်(၄)ဦးတို့သည် ပြီးခဲ့သော ဇူလိုင်လ (၂၉) ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့သို့အပြန် ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး (၃) ဦးမှာ ဩဂုတ်လ ၂၅ ရက်နေ့ကလွှတ်ပေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၅ ရက်နေ့က ဆလိုင်းအောင်စိုးကို ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

AA တပ်ဖွဲ့အနေဖြင့် ဆလိုင်းအောင်စိုးအား ဖမ်းဆီးထိန်းသိမ်းသည့်ကာလမှာ လေးလခွဲမျှကြာမြင့်ခဲ့သော်လည်း စတင်ဖမ်းဆီးချိန်နှင့် ဖမ်းဆီးထိန်းသိမ်းစဉ်ကာလတလျှောက်လုံးတွင် အေအေတပ်ဖွဲ့ခေါင်းဆောင်များက ဆလိုင်းအောင်စိုးအား ဖမ်းဆီးထားခြင်းမရှိကြောင်းအကြိမ်ကြိမ်ငြင်းဆိုခဲ့ကြသည်။

“ တကယ်တော့ဖမ်းတဲ့အချိန်မှာ အောင်စိုးတယောက်ထဲ မှမဟုတ်တာ၊ သူ့သူငယ်ချင်းတွေလည်းရှိတယ်၊ သူ့သူငယ်ချင်း တွေကစောစောလွတ်လာပြီလေ ကျွန်တော်တို့တွေ့နေရတာပဲလေ၊ အဓိကတော့ကိုယ်လုပ်တဲ့ဟာကိုယ် တာဝန်ခံမှု ၊တာဝန်ယူမှုရှိဖို့တော့ လိုအပ်တာပေါ့သူတို့ ဘယ်လိုပဲငြင်းငြင်း သူ့သူငယ်ချင်းတွေ လွတ်လာတာကိုတွေ့မြင်နေရတာကိုး၊ ဒါက ရုတ္တိမရှိငြင်းတာပဲလေ” ဟုဆလိုင်းပိုင်နန်းကပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော KACC ၏ ကြေညာချက်တွင် ချင်းပြည်နယ်၊ပလက်ဝမြို့နယ်နှင် ရခိုင်ပြည်န ယ်အတွင်း တပ်မတော်နှင့်အေအေတို့ကြားဖြစ်ပွားသော စစ်ရေး ပဋိပက္ခကြောင်းပြုပြီး အကြောင်းမဲ့ဖမ်းဆီးခံရသည့် အပြစ်မဲ့အရပ်သားပြည်သူများအား မည်သူကဖမ်းဆီးသည် ဖြစ်စေ အမြန်ဆုံးလွတ်ပေးနိုင်ရန်သက်ဆိုင်ရာ အဖွဲ့အစည်းများအားအလေး အနက်တိုက်တွန်းထားကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် AA တပ်ဖွဲ့အနေဖြင့် လက််ရှိအချိန်တွင် အဖမ်းခံရဆဲဖြစ်သည့် ပလက်ဝဒေသခံများကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် တိုက်ပွဲများရပ်တန့်ပြီး ပကတိအခြေအနေအတိုင်း ပြန်ဖြစ်ရန် မျှော်လင့်ကြောင်း ဆလိုင်းပိုင်နန်းကပြောသည်။

KACC ၏ စာရင်းအရ ပလက်ဝမြို့နယ်တွင် ၂၀၁၅ခုနှစ်မှလက်ရှိချိန်ထိ ရက္ခိုင့်တပ်တော်(AA) မှဖမ်းဆီးထားသော အရပ်သားအားလုံးပေါင်း ၁၀၅ ဦးထိရှိခဲ့ပြီး၊၈၄ ဦးမှာ ပြန်လည်လွတ်မြောက်လာပြီး ဖြစ်ကာ ၂၂ ဦးမှာလက်ရှိအချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရသည်။

#Zawgyi

ႏွင္းႏွင္း – ၄ လခြဲေက်ာ္ၾကာ ဖမ္းဆီးထိန္းသိမ္းခံထားရသည့္ ဆလုိင္းေအာင္စုိးအား ရကၡဳိင့္တပ္ေတာ္ (AA)တပ္ဖြဲ႔မွ ဒီဇင္ဘာလ (၁၅) ရက္ေန႔က ျပန္လည္လႊတ္ေပးလိုက္သည့္အေပၚ ၀မ္းသာႀကိဳဆိုေၾကာင္းႏွင့္ ယခုကဲ့သို႔လႊတ္ေျမာက္ႏိုင္ရန္ ဝုိင္းဝန္းကူညီ ေပးၾကသူမ်ားကုိလည္း ေက်းဇူးတင္ရွိေၾကာင္း ခူမီးခ်င္းလူမ်ဳိးႏြယ္စုမ်ားေပါင္းစပ္ညႇိႏႈိင္းေရးေကာ္စီ KACC ကေၾကညာ ခ်က္ထုတ္ျပန္လိုက္သည္။

KACC မွ ညိႇႏႈိင္းေရးမႈး ဆလုိင္းပုိင္နန္းက ”သူလြတ္လာတယ္ဆုိေတာ့မိသားစုနဲ႔အတူ ကြ်န္ေတာ္တုိ႔လည္းဝမ္းသာၾက တယ္၊ အခ်ိန္ေတြအၾကာၾကီးဒီလုိျဖစ္လာဖုိ႔အတြက္ကုိ ကြ်န္ေတာ္တုိ႔ေမ်ွာ္လင့္ခဲ့တာေပါ့၊ ကြ်န္ေတာ္တုိ႔ထုတ္ျပန္ခ်က္ေတြ လည္းထုတ္ခဲ့တယ္၊ မေန႔ကပဲျပန္လာတယ္ဆုိေတာ့ ကြ်န္ေတာ္တုိ႔ဝမ္းသာၾကပါတယ္” ဟုေျပာသည္။

ဆလိုင္းေအာင္စိုးအပါအဝင္ ခ်င္းလူငယ္(၄)ဦးတို႔သည္ ၿပီးခဲ့ေသာ ဇူလိုင္လ (၂၉)ရက္ေန႔က ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕မွ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕သို႔အျပန္ ငသရိုင္းေက်းရြာအနီးတြင္ AA တပ္ဖြဲ႕က ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး  (၃)ဦးမွာ ဩဂုတ္လ ၂၅ ရက္ေန႔ကလႊတ္ေပးခဲ့ၿပီးေနာက္ ဒီဇင္ဘာလ ၁၅ ရက္ေန႔က ဆလိုင္းေအာင္စိုးကို ျပန္လည္လႊတ္ေပးခဲ့ျခင္းျဖစ္သည္။ 

AA တပ္ဖြဲ႔အေနျဖင့္ ဆလိုင္းေအာင္စိုးအား ဖမ္းဆီးထိန္းသိမ္းသည့္ကာလမွာ ေလးလခြဲမွ်ၾကာျမင့္ခဲ့ေသာ္လည္း စတင္ဖမ္းဆီးခ်ိန္ႏွင့္ ဖမ္းဆီးထိန္းသိမ္းစဥ္ကာလတေလွ်ာက္လံုးတြင္ ေအေအတပ္ဖြဲ႔ေခါင္းေဆာင္မ်ားက ဆလိုင္းေအာင္စိုးအား ဖမ္းဆီးထားျခင္းမရွိေၾကာင္းအႀကိမ္ႀကိမ္ျငင္းဆိုခဲ့ၾကသည္။ 

“ တကယ္ေတာ့ဖမ္းတဲ့အခ်ိန္မွာ ေအာင္စုိးတေယာက္ထဲ မွမဟုတ္တာ၊ သူ႔သူငယ္ခ်င္းေတြလည္းရွိတယ္၊ သူ႔သူငယ္ခ်င္း ေတြကေစာေစာလြတ္လာျပီေလ ကြ်န္ေတာ္တုိ႔ေတြ႔ေနရတာပဲေလ၊ အဓိကေတာ့ကုိယ္လုပ္တဲ့ဟာကုိယ္ တာဝန္ခံမႈ ၊တာဝန္ယူမႈရွိဖုိ႔ေတာ့ လုိအပ္တာေပါ့သူတုိ႔ ဘယ္လုိပဲျငင္းျငင္း သူ႔သူငယ္ခ်င္းေတြ လြတ္လာတာကုိေတြ႔ျမင္ေနရတာကုိး၊ ဒါက ႐ုတၱိမရွိျငင္းတာပဲေလ” ဟုဆလိုင္းပိုင္နန္းကေျပာသည္။ 

ဒီဇင္ဘာလ ၁၅ ရက္ေန႔စြဲျဖင့္ ထုတ္ျပန္ေသာ KACC ၏ ေၾကညာခ်က္တြင္ ခ်င္းျပည္နယ္၊ပလက္ဝျမဳိ႕နယ္ႏွင္ ရခုိင္ျပည္န ယ္အတြင္း တပ္မေတာ္ႏွင့္ေအေအတုိ႔ၾကားျဖစ္ပြားေသာ စစ္ေရး ပဋိပကၡေၾကာင္းျပဳျပီး အေၾကာင္းမဲ့ဖမ္းဆီးခံရသည့္ အျပစ္မဲ့အရပ္သားျပည္သူမ်ားအား မည္သူကဖမ္းဆီးသည္ ျဖစ္ေစ အျမန္ဆုံးလြတ္ေပးႏုိင္ရန္သက္ဆုိင္ရာ အဖြဲ႔အစည္းမ်ားအားအေလး အနက္တုိက္တြန္းထားေၾကာင္းလည္း ေဖာ္ျပထားသည္။ 

ထို႔အျပင္ AA တပ္ဖြဲ႕အေနျဖင့္ လက္္ရွိအခ်ိန္တြင္ အဖမ္းခံရဆဲျဖစ္သည့္ ပလက္၀ေဒသခံမ်ားကိုလည္း အျမန္ဆံုးျပန္လႊတ္ေပးရန္နွင့္ တိုက္ပြဲမ်ားရပ္တန္႔ျပီး ပကတိအေျခအေနအတိုင္း ျပန္ျဖစ္ရန္ ေမွ်ာ္လင့္ေၾကာင္း ဆလိုင္းပိုင္နန္းကေျပာသည္။

KACC ၏ စာရင္းအရ ပလက္ဝျမဳိ႕နယ္တြင္ ၂၀၁၅ခုႏွစ္မွလက္ရွိခ်ိန္ထိ ရကၡဳိင့္တပ္ေတာ္(AA) မွဖမ္းဆီးထားေသာ အရပ္သားအားလုံးေပါင္း ၁၀၅ ဦးထိရွိခဲ့ျပီး၊၈၄ ဦးမွာ ျပန္လည္လြတ္ေျမာက္လာျပီး ျဖစ္ကာ ၂၂ ဦးမွာလက္ရွိအခ်ိန္ထိ လြတ္ေျမာက္လာျခင္းမရွိေသးေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လောက်တူနယ်မှာ ဒေသခံများအပေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အင်တာနက်အသုံးပြုမှု ကန့်သတ်

ဟွာလ်ငိုးရမ်းဒေသကို State of Emergency အဖြစ် HPO/CDF-Hualngoram ကြေညာ

ဒုက္ခသည်အခွင့်အရေးအတွက် နယူးဒေလီတွင် မြန်မာဒုက္ခသည်များ ဆန္ဒပြမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.