Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»Aizawl – Guwahati လိုင်းကား တိမ်းမှောက် ၃ ဦးသေ၊ ချင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရ

Aizawl – Guwahati လိုင်းကား တိမ်းမှောက် ၃ ဦးသေ၊ ချင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရ

0
By Editor on January 16, 2025 Khonumthung

(004SS)

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် Guwahati မြို့မှ မီဇိုရမ်ပြည်နယ် Aizawl မြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင် လိုင်းကားတစ်စီး တိမ်းမှောက်မှုကြောင့် ကားသမားအပါအဝင် ၃ ဦးသေဆုံးပြီး ချင်းအမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက် မနက်ပိုင်း ၆ နာရီတွင် Guwahati မြို့မှ Aizawl ကိုထွက်လာသော အဆိုပါ ကားတစ်စီးသည် Shillong မြို့မရောက်ခင် ၁၀ ကီလိုမီတာခန့်အလိုတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကားပေါ်တွင် ချင်းအမျိုးသမီး ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦးနှင့် ယာဉ်မောင်းအမျိုးသားတစ်ဦး စုစုပေါင်း ၄ ဦးသာ စီးနင်းခြင်းဖြစ်ပြီး ကားသမား Nasim နှင့် အသက် ၅၂ အရွယ် Pi Zothanpari ၊ အသက် ၂၃ နှစ်အရွယ် Jenny Lalrin thangi တို့ သေဆုံးကာ ချင်းအမျိုးသမီး Nu Dim Hau Cing မှာ ထိခိုက်ဒါဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“အဲဒီကားက လမ်းဘေးကနေ ချောက်ကန်းပါးမှာ ကျသွားတာတဲ့၊ သူတို့ကျတဲ့‌နေရာက လမ်းကနေ မီတာ ၅၀၀ လောက် နက်မယ်လို့ ပြောကြတယ်၊ အဲမှာ ၂ ယောက် ပွဲချင်းဆုံးသွားတာ၊ တစ်ယောက်က ဆေးရုံရောက်မှ ဆုံးတာ၊ ကျွန်မတို့အသိ အမတစ်ယောက်ကတော့ ဒါဏ်ရာတွေရတယ်” ဟု ဒါဏ်ရာရရှိသူ ချင်းအမျိုးသမီးနှင့် နီးစပ်သူက ပြောသည်။

ဒဏ်ရာရှရိသည့် ချင်းအမျိုးသမီးကို Shillong Neighrims ဆေးရုံသို့ ပို့ဆောင်ပေးကြကာ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပြီး စကားပြောနိုင်သည့် အခြေအနေရှိသည်ဟု သူမနှင့် နီးစပ်သူများက ပြောသည်။

မ Dim Hau Cing သည် သေဆုံးသွားသူ Pi Zothanpari နှင့် မိတ်ဆွေများဖြစ်ကြကာ နီယူးဒေလီးမြို့တွင် နေထိုင်သူများဖြစ်ကြသည်။

Nu Dim Hau Cing နှင့် သူ့မိတ်ဆွေ၏ ရုပ်အလောင်းကို ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၆ နာရီတွင် Guwahati လေဆိပ်မှ နယူးဒေလီမြို့သို့ လေယာဉ်ဖြင့် သယ်လာကြမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.