(006SV) အာဏာသိမ်းစစ်ကောင်စီက လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပဖြစ်ပါက ချင်းပြည်နယ်မှာ မြို့နယ်များကို ပေါင်းစည်းပြီး မဲဆန္ဒနယ်ကြီးတစ်ခုအဖြစ် သတ်မှတ်ကျင်းပနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရNUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။ “ယခင်ကာလ ရွေးကောက်ပွဲတုန်းက မြို့နယ်တစ်ခုမှာ မဲဆန္ဒနယ်တစ်ခုအနေနဲ့ သတ်မှတ်ခဲ့ကြသော်လည်းပဲ အခုဆိုရင် မြို့နယ် ငါးခုကို နမူနာအနေနဲ့ ချင်းပြည်နယ်မှာဆိုရင် ထန်တလန်၊ ဟားခါး၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ စတဲ့မြို့နယ်တွေကို မြို့နယ်ကြီး တစ်ခု၊ မဲဆန္ဒနယ်ကြီးတစ်ခုအနေနဲ့ ပေါင်းစည်းမယ်၊ ပေါင်းစည်းပြီးတော့ အဲဒီမြို့နယ်ကြီး တခွင်တပြင်လုံးကို လိုက်ပြီးတော့ ရွေးကောက်ပွဲလုပ်မှာ မဟုတ်ပါဘူး။ သူတို့ ရွေးကောက်ပွဲလုပ်လို့ ရတဲ့ နေရာလေး ကွက်ကွက်ကိုပဲ လုပ်ပြီးတော့ အဲဒီ လုပ်လိုက်တဲ့ ရွေးကောက်ပွဲသည် ဒီမဲဆန္ဒနယ်ကြီးတစ်ခုလုံးကို ကိုယ်စားပြုပါတယ်ဆိုပြီးတော့ ကိုယ်စားလှယ်အများအပြားကို လိမ်ပြီးတော့ ရွေးကောက်ခံရပါပြီးဆိုပြီးတော့ ကြေညာမှာပဲ ဖြစ်ပါတယ်” ဟု ဦးတင်ထွန်းနိုင်က ပြောသည်။ ဇွန်လ ၃ ရက်က အွန်းလိုင်းမှ တဆင့်ကျင်းပပြုလုပ်သော “တိုင်းပြည်စီးပွားရေး ပျက်ကပ်မှသည် စစ်အာဏာရှင်စနစ်ကျ ဆုံးခန်းဆီးသို့” သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး ဦးတင်ထွန်းနိုင်က ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ မြို့နယ်များကို မြို့နယ်ကြီးတစ်ခုအဖြစ် ပေါင်းစည်းသတ်မှတ်ပြီး ယင်းအောက်တွင် ကိုယ်စားလှယ်အများအပြား ရွေးချယ်စေ မည်ဖြစ်ကာ မဲရုံထောင်၍ရသော မြို့နယ်တွင်သာ မဲရုံထောင်၍ မဲပေးစေရန် လုပ်ဆောင်လာဖွယ်ရှိသည်ဟု ၎င်းကဆိုသည်။ လာမည့် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် ကျင်းပနိုင်ချေရှိသော ရွေးကောက်ပွဲကို နောက်ဆုံးထွက်ပေါက်အဖြစ် စစ်ကောင်စီ ပြင်ဆင်နေမှုနှင့် ပတ်သက်၍ NUG အပါအဝင် မဟာမိတ်အင်အားစုများက မျက်ခြေမပြတ်…
Author: Editor
(002MG) မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ ၃ ရက်နေ့ကစ၍ စစ်ကောင်စီက အခြေခံပညာကျောင်းများ ဖွင့်လှစ်ခဲ့ပြီး ခုခံတော်လှန်စစ် ပြင်းထန်နေသော ချင်းပြည်နယ်တွင် အခြေခံပညာကျောင်း ၃၈ ကျောင်းသာ ဖွင့်လှစ်နိုင်သည်ဟု ချင်းပြည်နယ် ပညာရေးဌာနထံမှ သိရသည်။ အခြေခံပညာကျောင်းများကို ဟားခါး၊ ဖလမ်း၊ မင်းတပ်၊ မတူပီ နှင့် တီးတိန်မြို့နယ်တို့တွင် ဖွင့်လှစ်နိုင်ပြီး တက်ရောက်သူ ကျောင်းသူ/ကျောင်သားလည်း အနည်းငယ်သာရှိသည်ဟုသိရသည်။ ပလက်၀၊ တွန်းဇံ၊ ထန်တလန် နှင့် ကန်ပက်လက်မြို့နယ်တို့တွင် ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိကြောင်းသိရသည်။ ချင်းပြည်နယ် ပညာရေမူးက “ဟားခါး (၆) ကျောင်း၊ ဖလမ်း (၁၀) ကျောင်း၊ မင်းတပ် (၄) ကျောင်း၊ မတူပီ (၁၅) ကျောင်း၊ တီးတိန်မှာ တိုက်ပွဲမဖြစ်ခင်ကတည်းက (၂၇) ကျောင်းအပ်ပြီးသား၊ အခု လောလောဆယ်တက်နိုင်တာ ခိုင်ကမ်းနဲ့ (၃) ကျောင်းပဲ။ ဒီနှစ်က နည်းတာပေါ့” ဟု ပြောသည်။ တီးတိန်မြို့နယ်တွင် တိုက်ပွဲမဖြစ်ပွားခင်က ကျောင်းပေါင်း ၂၇ ကျောင်းဖွင့်လှစ်နိုင်မည်ဟု စာရင်းပေးထားသော်လည်း တိုက်ပွဲဖြစ်ပွားလာသည့်နောက်ပိုင်းတွင် ခိုင်ကမ်းမြို့အပါအဝင် ၃ ကျောင်းသာဖွင့်လှစ်နိုင်သည်ဟုသိရသည်။ ဟားခါးမြို့တွင် အခြေခံစာသင်ကျောင်း (၆) ကျောင်းဖွင့်လှစ်နိုင်ခဲ့သော်လည်း အထက်တန်း ကျောင်း တက်ရောက်သည့် ကျောင်းသူ၊ကျောင်းသာများ ယခင်နှစ်ထက် ပိုမိုနည်းပါးလာသည်ဟု ကျောင်းသားမိဘတဦးက ပြောသည်။ “ကျောင်းတွေက ဖွင့်ပေမယ့် တနှစ်ထက် တနှစ် နည်းလာတယ်၊ ကျောင်းအပ်တဲ့သူနည်းတော့ အ.ထ.က (၁) မှာပဲ အကုန်လုံးပေါင်း ပြီး တက်ရ တယ်။ အခုက အများစုက ပြန်မလာရဲကြဘူး…
(006SV) ချင်းပြည်နယ်၊ မတူပီမြို့နှင့် မင်းတပ်မြို့ပေါ်များတွင် စခန်းသိမ်းတိုက်ပွဲဖြစ်တော့မည့် သတင်းများကြောင့် မြို့ပေါ်ဒေသခံများ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်မှု ရာချီ၍ တိုးမြှင့်လာကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။ မတူပီမြို့ပေါ်တွင် စခန်းသိမ်းတိုက်ပွဲများ သတင်းကြောင့် မြို့ပေါ်နေပြည်သူများသည် လွန်ခဲ့သည့် တစ်ပတ်ခန့်က စတင်၍ စစ်ဘေးရှောင်လာကြခြင်းဖြစ်ပြီး လက်ရှိမှာ စစ်ဘေးရှောင်သူများ တဟုန်ထိုး များပြားလာကြောင်း မတူပီမြို့နယ်၊ စစ်ဘေး ရှောင်တာဝန်ခံတစ်ဦးက ပြောသည်။ “လူဘယ်လောက်စစ်ဘေးရှောင်ကြလဲဆိုတာ အတိအကျ မသိသေးတာ၊ မြို့ပေါ်က လူတွေက အများကြီး ဆိုတော့လေ၊ တစ်နေ့ပြီး တစ်နေ့ လာနေကြတာ၊ အားလုံးနဲ့က အချိတ်အဆက်မရသေးဘူး။ ဆက်သွယ်ရေး အဆင်မပြေတာရော၊ ဆိုင်ကယ်အခက်အခဲ တွေနဲ့ပါ။ ဒေတာတွေ ဒီရက်ပိုင်း ကောက်ခိုင်းနေတာလည်း လုံးဝကို အဆင်မပြေသေးဘူး” ဟု မတူပီမြို့နယ်၊ IDP တာဝန်ခံက ပြောသည်။ မတူပီမြို့ပေါ်က ပြည်သူများသည် အာဏာသိမ်းမှု ၃ နှစ်တာအတွင်း စစ်ဘေးရှောင်သူများရှိပြီး လက်ရှိမှာလည်း စစ်ဘေးရှောင် သူများ နည်းလမ်းပေါင်းစုံနှင့် နယ်မြေဒေသအစုံသို့ စစ်ဘေးရှောင်ထွက်နေသောကြောင့် အိုးအိန်စွန့်ခွာ စစ်ရှောင်သူအရေအတွက်ကို အတိအကျ စာရင်းမကောက်နိုင်သေးကြောင်း သိရသည်။ အိန္ဒိယဘက်သို့ စစ်ရှောင်ကြသူများ ရှိသကဲ့သို့ မကွေးတိုင်း၊ ဂန့်ဂေါ၊ ဆောဘက်သို့လည်း စစ်ရှောင်ကြသူများ ရှိကြောင်း၊ ရန်ကုန်၊ မန္တလေးဘက်သို့လည်း စစ်ရှောင်ကြပြီး တချို့ဒေသခံများက မတူပီမြို့နယ်ထဲက ကျေးရွာများဘက်သို့ စစ်ဘေးရှောင်ကြကြောင်း သိရသည်။ မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း မတူပီမြို့နယ်ထဲက စစ်ဘေးရှောင် ၅၀ ကျော်ရောက်ရှိနေကြောင်း ဆောမြို့နယ် စစ်ဘေးရှောင် ကူညီသူတစ်ဦးက ပြောသည်။ အလားတူ မင်းတပ်မြို့ပေါ်က…
(004SS) ချင်းပြည်နယ် ဖလမ်းမြို့တွင် မြို့သိမ်းတိုက်ပွဲ ပြင်းထန်လာမည်ကို စိုးရိမ်ကြသောကြောင့် ဒေသခံပြည်သူများ ဘဏ်တွင် ငွေထုတ်ယူမှုများလာပြီး လိုသလောက်ထုတ်ယူ၍မရဘဲ ဘဏ်က အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေးနေသည်ဟု သိရသည်။ လွန်ခဲ့သော တစ်ပါတ်ခန့်မှစ၍ ဖလမ်းမြို့ပေါ်က ကမ္ဘောဇဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တွင် နေ့စဉ်နှင့်အမျှ ငွေထုတ်ယူသူများလာပြီး တစ်ခါထုတ် ကျပ် ၁၀ သိန်းသာ ထုတ်ပေးနေကြောင်း ဒေသခံတစ်ဦးကပြောသည်။ “အစက ၃ ရက်လောက်တော့ လိုသလောက်ထုတ်ပေးတယ်။ နောက်တော့ တစ်ခါထုတ် ၁၀ သိန်းရတယ်၊ ဒါပေမဲ့ တစ်ပါတ်ကြိုတင်စာအုပ်ထပ်ရတယ် ပြီးမှ ထုတ်ပေးတာ အဲဒီ ၁၀ သိန်းထုတ်ပေးဖို့ ၂ ပတ်စောင့်ရတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် မေလကုန်ပိုင်းက ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံနှင့် ကျီခါးမြို့တို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် တီးတိန်မြို့တွင်လည်း မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာခဲ့သည်။ ထိုကဲ့သို့အခြေအနေကြောင့် ဖလမ်းမြို့တွင်လည်း မြို့သိမ်းစစ်ဆင်ရေးများ ပြင်းထန်လာမည်ကို စိုးရိမ်နေကြသောကြောင့် ဘဏ်အပ်ငွေများကို ထုတ်ယူကာ အခြားဒေသများသို့ ကြိုတင်ပြောင်းရွှေ့သူများလာသည်ဟု သိရသည်။ “အမျိုးတွေဆို အကုန်လုံးထုတ်ကြပြီ၊ မြို့သိမ်းတိုက်ပွဲလုပ်မယ်ဆိုလို့ ထုတ်ကြတာ၊ ပြီးတော့ တီးတိန်၊ တွန်းဇံလို မီးလောင်သွားမှာစိုးလို့ ဘဏ်ကနေ ထုတ်ခိုင်းတာလို့ပြောတယ်။ အခုလဲ တချို့က ပစ္စည်းဟိုသယ်ဒီသယ် လုပ်နေကြတာ။ ဘယ်လိုလုပ်ရမလဲမသိဘူး” ဟု ဖလမ်းမြို့ကအိမ်ရှင်မတစ်ဦးက ပြောသည်။ လက်ရှိ ဖလမ်းမြို့တွင် ဒေသခံများအချို့မှာ စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြသူများရှိသလို ရွာဘက်သို့ စစ်ဘေးရှောင်သူများလည်းရှိကာ အချို့မှာ ဘာလုပ်ရမည်မှန်းမသိဘဲ ကျန်ရစ်နေသူများလည်းရှိကြောင်း သိရသည်။ ဖလမ်းမြို့လူမှုရေးအသင်းကတော့ မေလ ၃၁…
ရေး – မာဂရက် မသန်စွမ်းသူတွေဟာ သာမာန်အခြေအနေမှာဆိုရင် အစိုးရတရပ်၊ အဖွဲ့အစည်းတွေနဲ့ ခိုင်မာအားကောင်းတဲ့ မူဝါဒတွေရဲ့ အကူအညီတွေကနေ ဘဝကို ရှေ့ဆက်ရပ်တည်ကြရသူတွေရှိသလို လူမသိသူမသိ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ခြေထောက်ပေါ်ရပ်ပြီး ဘဝကို ရုန်းကန်သူတွေလည်းရှိပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မသန်စွမ်းတွေအပေါ် တိကျခိုင်မာတဲ့ အကူအညီပေးရေးအစီအစဉ် မရှိသလောက် နည်းပါးလာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံ၏ ၅.၉ သန်းသောလူဦးရေ၏ ၁၃ ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်ကြပြီး အများစုဟာ အမြင်အာရုံမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူ၊ ကိုယ်အဂ်ါမသန်စွမ်းသူနဲ့ ဉာဏ်ရည်မသန်စွမ်းသူတွေ ဖြစ်ကြပါတယ်။ “အဲ့ဒီထဲမှာ ချင်းပြည်နယ်က မသန်စွမ်းလူဦးရေ ၂၁ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်နေတာပါ” အဲ့ဒီမသန်စွမ်းသူစာရင်းထဲမှာ လက်ရှိ အာဏာသိမ်းကာလအတွင်း တိုက်ပွဲတွေကြောင့် ထိခိုက်ပြီး မသန်စွမ်းဖြစ်သွားသူအရေအတွက် မပါဝင်သေးပါဘူး။ လက်ရှိမှာ ချင်းပြည်နယ်ဟာ တော်လှန်ရေးအားကောင်းတဲ့အတွက် နေရာအနှံ့ တိုက်ပွဲတွေ ဆင်နွှဲဖြစ်ပွားနေတာကြောင့် မသန်စွမ်းသူတွေအတွက် ဘဝရပ်တည်ရုန်းကန်ဖို့ ပိုမိုခက်ခဲလာတဲ့အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့လာကြရတာပါ။ ချင်းပြည်နယ် တီးတိန်မြို့ပေါ်က အသက် (၂၄) နှစ်အရွယ် (ထန်ရှန်းမုန်) က မွေးရာပါ မသန်စွမ်းသူတစ်ဦးဖြစ်တဲ့အပြင် လက်ရှိမှာတော့ မိဘနှစ်ပါးစလုံး သေဆုံးသွားပြီးတော့ ထောက်ပံ့ကြည့်ရှုပေးတဲ့ မိသားစုဝင် တစ်ယောက်မှမရှိဘဲ ဘဝကို ခက်ခဲစွာနေထိုင်ရပ်တည်နေသူဖြစ်ပါတယ်။ “ကျွန်တော်ခြေထောက် နှစ်ဖက်စလုံးက မွေးကတည်းက ကြိုက်သလို သုံးလို့မရဘူး၊ သွားရေးလာရေးက အဆင်မပြေဘူး တော်တော်လေး ခက်ခဲတယ်။ အခုက မိဘနှစ်ပါးစလုံးလဲ သေဆုံးသွားပြီ၊ ကျွန်တော်တယောက်ထဲပဲ နေတယ်၊ ပြောရမယ်ဆိုရင် ဝင်ငွေ လုံးဝမရှိဘူး။ စားဖို့သောက်ဖို့က အမှန်တိုင်းပြောရမယ်ဆိုရင် ခက်ခဲတာပေါ့ အဓိက…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဆလိုင်းယောမာန်က ပြောသည်။ ဇွန်လ ၄ ရက် ည ၁၂ နာရီခန့်က မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် -၁ ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ကိုယောမာန်က ပြောသည်။ “လေယာဉ်နဲ့ ဗုံးကြဲသွားတယ်။ စက်သေနတ်နဲ့ ပစ်တာရော တောက်လျှောက်လုပ်သွားတယ်လို့ သိရတယ်။ လက်ရှိက လူနေ အိမ်တော်တော်များများ ပျက်စီးတယ်။ သေဆုံးသူ ၁ ဦးရှိတယ်။ အမျိုးသားတစ်ယောက်သေဆုံးတယ်။ အမျိုးသမီးတစ်ယောက် လက်ကျိုးတာလား၊ လက်ပြတ်တာလား မသိဘူး။ အဲလိုဒဏ်ရာရတယ်” ဟု ကိုယောမာန်က ပြောသည်။ သေဆုံးသွာသူမှာ သက်ကြီးပိုင်းအမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးမှာ ဒဏ်ရာများပြင်းထန်ကြောင်း သိရသည်။ ကျေးရွာကို ဦးတည်၍ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် လူနေအိမ် ၃ လုံးပျက်စီးသွားကြောင်း CDF- မင်းတပ်၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနက ထုတ်ပြန်ထားသည်။ တိုက်နယ် – ၁ ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီက မီနစ် ၂၀ ခန့်အတွင်း ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း မင်းတပ်မြို့ခံ ကိုဟာကလေးထံမှ သိရသည်။ စစ်ကောင်စီ၏ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုကြောင့် ယင်းကျေးရွာမှ…
ချင်းတောင်သူများကွန်ယက်၏ ဦးဆောင်မှုဖြင့် ချင်းပြည်၊ ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တွင် ယနေ့ ဇွန်လ ၅ ရက်နေ့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းနား ကျင်းပခဲ့ကြသည်ဟု သိရသည်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းဆရာ/မများ၊ လူငယ်များ၊ မိဘပြည်သူများ၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ စုစုပေါင်း ၁၅၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ အခမ်းအနားတွင် သဘာဝပတ်ဝန်းကျင်နှင့်သက်ဆိုင်သော ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ပန်းချီပြိုင်ပွဲများ၊ ဟောပြောခြင်းများ ပြုလုပ်နိုင်ခဲ့ကြကြောင်းသိရသည်။ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အား နှစ်စဉ်နှစ်တိုင်း ဇွန်လ ၅ ရက်နေ့တွင် ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပလေ့ရှိကြသည်။
(006SV) ချင်းပြည်နယ်အတွင်းက ဒေသခံပြည်သူများကို အသေးစားချေးငွေပေးနိုင်ရေး အမေရိကန်ဒေါ်လာ ၅ သိန်းတန် ရှေ့ပြေး စီမံကိန်းကို NUG အစိုးရနှင့် ချင်းအမျိုးသားတပ်ဦး CNF တို့ ဆွေးနွေးနေကြောင်း သတင်းရရှိသည်။ ယင်းစီမံကိန်းသည် ယခုနှစ်အတွင်း လုပ်ငန်းလည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်နေပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။ ယနေ့ ဇွန်လ ၃ ရက်က အွန်လိုင်းမှ တဆင့်ကျင်းပပြုလုပ်သော “တိုင်းပြည်စီးပွားရေး ပျက်ကပ်မှသည် စစ်အာဏာရှင်စနစ်ကျ ဆုံးခန်းဆီသို့” သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး ဦးတင်ထွန်းနိုင်က ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။“ကျနော်တို့နဲ့ မဟာမိတ်တွေ ပေါင်းစပ်ပြီး ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ တင်ထားတဲ့ ပမာဏက ဒေါ်လာ ငါးသိန်း မကပါဘူး။ သို့သော် ကျနော်တို့ တစ်ဆင့်ချင်း သွားရမှာ ဖြစ်တဲ့အတွက် ကျနော်တို့ SCB ဘက်ကနေ ဒေါ်လာ ငါးသိန်း စီမံချက်ကို ပိုင်လော့ ပရောဂျက်အနေနဲ့ စနိုင်ဖို့ဆိုပြီးတော့ လိုအပ်ချက်တွေကို ညှိနှိုင်းဆွေးနွေးနေဆဲ အခြေအနေမှာ ဖြစ်ပါတယ်။ အကျိုးကျေးဇူး ခံစားရမှာက ချင်းပြည်နယ်မှာ ရှိနေကြတဲ့ ဒေသခံတပိုင်တနိုင် စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်နေကြတဲ့ လူတွေကို သတ်မှတ် စည်းမျဉ်းတွေနဲ့အညီ နွေဦးဖွံ့ဖြိုးရေးဘဏ်ကနေ ငွေကြေးအရ ထောက်ပံ့တာဖြစ်ပါတယ်” ဟု ဦးတင်ထွန်းနိုင်က ပြောသည်။ နွေဦးဖွံ့ဖြိုးရေးဘဏ်သို့ ပြည်သူလူထုက တော်လှန်ရေးအတွက် အပ်နှံထားသော ငွေကြေးတချို့ထဲမှ အသေးစားချေးငွေပေးနိုင်ရေး ချင်းပြည်နယ်အတွက် CNF နှင့် ကရင်နီပြည်နယ်အတွက် ကရင်နီကြားကာလအတိုင်ပင်ခံကောင်စီ (IEC) တို့နှင့် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။…
(004SS) မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင် နယ်စပ်ကျေးရွာတနေရာမှာ ဖွင့်လှစ်သော Paletwa Education Centre ကျောင်းအား ယနေ့ ဇွန်လ ၃ ရက်နေ့တွင် KG မှ ၁၂ တန်းအထိ အတန်းစုံ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း Paletwa Education Centre ကျောင်း ဒါရိုက်တာ ဆရာမောဆက်ထံမှ သိရသည်။ လွန်ခဲ့သော မေလ ၂၂ ရက်နေ့တွင် အထက်တန်းအဆင့် ၉ တန်းမှ ၁၂ တန်းအထိ စတင်သင်ကြားပေးလျက်ရှိနေပြီဖြစ်ရာ ယနေ့တွင် KG အတန်းမှ အလယ်တန်းအားထပ်မံ ဖွင့်လှစ်လိုက်ခြင်းဟု သိရသည်။ “အရင် မေလ ၂၂ ရက်နေ့တုန်းက အတန်းကြီးတွေ အထက်တန်းအဆင့်ပေါ့၊ အခုကြတော့ KG ကနေ အတန်းအားလုံးပေါ့ ဒီနေ့စဖွင့်ပြီ” ဟု ဆရာမောဆက်က ပြောသည်။ အတန်းအားလုံး စတင်ဖွင့်လှစ်သော ယနေ့အထိတွင် တက်ရောက် ကျောင်းသူ/ကျောင်းသား ဦးေရပေါင်း ၄၅၀ ကျော်တက်ရောက်ပြီး ယနေ့တွင်လည်း ထပ်မံ ကျောင်းအပ်နှံသူများရှိနေသေးကြောင်း ၎င်းက ပြောသည်။ ကျောင်းသားဦးရေ များလာသောကြောင့် စာသင်ဆောင်မလုံလောက်သည့် အခက်အခဲများရင်ဆိုင်နေရကြောင်း သိရသည်။ “အခု ကျောင်းကို အတန်းစုံ ဖွင့်လှစ်ပြီဆိုပေမဲ့ ကျောင်းဆောင် ၃ ဆောင်ပဲရှိတော့ မလောက်ဘူး။ ကလေးတွေ များသွားတာပေါ့ နောက် ၂ ဆောင် လိုအုံးမှာ၊ အခုလောလောဆယ် မဆောက်နိုင်သေးဘူး။ လက်ရှိကတော့ ယောကျာ်းလေးအဆောင်နဲ့ မိန်းကလေးအဆောင်ကို စာသင်ဆောင်အတွက် သုံးရတယ်။ သူတို့ပစ္စည်းတွေ နေ့ခင်းမှာရွှေ့ ကြမ်းပြင်ပေါ် မောက်ခုံနဲ့ သင်ရတာ။…
နိုင်ငံရေး စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ လက်ရှိ မရာညီအကိုများ၏ စားပွဲဝိုင်းယဥ်ကျေးမှုဖြင့် ဆွေးနွေးအဖြေရှာသည့်ဖြစ်စဉ်ကို ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် စံနမူနာယူသင့်သည်ဟု Chin Civic Movement က တိုက်တွန်းလိုက်သည်။ မရာတော်လှန်ရေး တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်သည့် Maraland Territorial Council-MTC/Maraland Defense Force- MDF နှင့် Interim Maraland Council-IMC/CDF-Mara တို့သည် မရာဘာသာရေးခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် မေလ ၂၄ ရက်နေ့က ပြန်လည်ပေါင်းစည်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပြီး ယင်းအပေါ် Chin Civic Movement – CCM မှ ကြိုဆိုဂုဏ်ပြုကြောင်း ယနေ့ ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။ ချင်းပြည်သူလူထုနှင့် ချင်းလူမျိုးများလိုလားသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင် ကြရာတွင်၊ လက်ရှိမရာညီအကို များ၏ စားပွဲဝိုင်းယဥ်ကျေးမှုဖြင့် ဆွေးနွေးအဖြေရှာသည့်ဖြစ်စဉ်ကို စံနမူနာယူ၍ ချင်းတော်လှန်ရေးအစုအဖွဲ့ အချင်း ချင်းအကြားတွင် မည်သည့်ပဋိပက္ခများကိုမဆို စားပွဲဝိုင်းယဥ်ကျေးမှုဖြင့် ဆွေးနွေးအဖြေရှာသည့် နည်းလမ်းဖြင့်သာ ဖြေရှင်းကြရန် Chin Civic Movement-CCM မှ တိုက်တွန်းထားသည်။ ချင်းအနွယ်ဝင် မရာမျိုးနွယ်စုများမှ ဖွဲ့စည်းတည်ထောင်ထားကြသော MDF နှင့် CDF-Mara တပ်ဖွဲတို့သည် နှစ်ဖက် သဘောထားကွဲလွဲမှုတို့ ကြောင့် စစ်ရေးတင်းမာမှုရှိလာပြီးနောက် ယခုနှစ်ဆန်ပိုင်းကစတင်၍ တိုက်ပွဲပေါင်း ၁၀ ကြမ်ထက်မနည်း ဖြစ်ပွားကာ နှစ်ဘက်ထိခိုက်ကျဆုံးမှုများလည်းရှိခဲ့သည်။ မရာဧဝံဂေလိအသင်းတော်မှ ဘာသာရေးခေါင်းဆောင်များက Peace Commission ကိုဖွဲ့စည်းကာ ငြိမ်းချမ်းရေး ကြားဝင်ညှိနှိုင်းဆောင်ရွက်လာခဲ့ရာမှ…
