(005MK) မီဇိုရမ်ပြည်နယ် Lengpui လေဆိပ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ ရူပီးသိန်း ၃ ထောင်ကျော်တန်ဖိုးရှိသော Crystal Meth စိတ်ကြွမူးယစ်ဆေးတစ်မျိုးကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ အလေးချိန် ၁၀ ကီလိုကျော်ရှိသော အဆိုပါစိတ်ကြွမူးယစ်ဆေးများကို မြန်မာနိုင်ငံမှသယ်လာပြီး မီဇိုရမ်ပြည်နယ်မှတဆင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ပို့ဆောင်မည့် ခရီးဆောင်အိတ် (suitcase) ထဲတွင် လေဆိပ် ရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု Mizoram Police က ယနေ့ထုတ်ပြန်သည်။ အဆိုပါ စိတ်ကြွမူးယစ်ဆေး၀◌ါးနှင့်အတူ မြန်မာနိုင်ငံသား အသက် ၃၈ နှစ်အရွယ် အမျိုးသမီး Lalremthangi ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၎င်းကို မူးယစ်ဆေး၀◌ါးရောင်း၀◌ယ်ဖောက်ကားမှုနှင့် နိုင်ငံခြားသားမှုတို့ဖြင့် အမှုဖွင့်အရေးယူ ထားသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ သူမသည် မကြာသေးခင်က မြန်မာနိုင်ငံသို့ပြန်သွားပြီး အဆိုပါစိတ်ကြွမူးယစ်ဆေး၀◌ါးများကို သယ်ယူလာခဲ့ခြင်းဖြစ်သည် ဟု ရဲတပ်ဖွဲ့ကဆိုသည်။ ယခုဖမ်းဆီးသည့် ပမာဏသည် ယခုရက်ပိုင်းအတွင်းဖမ်းဆီးရမိသည့်အနက် တစ်ကြိမ်တည်းနှင့် အများဆုံးဖမ်းမိခြင်းဖြစ်သည်ဟု သိရသည်။ ယခုဖမ်းဆီးရမိသော Crystal Meth စိတ်ကြွမူးယစ်ဆေးသည် နိုင်ငံတကာပေါက်စေ◌ျးအရ ရူပီးငွေ သိန်း ၃၁၀၀ ခန့် ရှိသည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့ကဖော်ပြသည်။
Author: Editor
(004SS) ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် PDF-Zoland အဖွဲ့ဝင်ဟု လိမ်ညာပြောဆိုပြီး ပြည်သူပိုင် ဆိုင်ကယ်တစ်စီး ခိုးယူသူ အမျိုးသားတစ်ဦးအား စက်တင်ဘာလ ၃၀ ရက်နေ့တွင် PDF-Zoland က ဖမ်းမိခဲ့ကြောင်း သိရသည်။ ၎င်းသည် နယ်ဘက်မှ တီးတိန်မြို့သို့ တက်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ပေးမှုအရ ရောက်လာခြင်းဟု ဆိုကာ ဒေသခံများထံ တစ်ပါတ်နီးပါးတည်းခိုပြီးနောက် အိမ်ရှင်ပိုင် ဆိုင်ကယ်တစ်စီးအား ခိုးထုတ်ခဲ့ခြင်းဟု သိရသည်။ ထိုသို့ ကာကွယ်ရေးတပ်ဖွဲ့ အမည်ပျက်အောင် လိမ်ညာပြောဆိုပြီး ခိုးယူသူအား လိုအပ်သလို အရေးယူနိုင်ရန် တီးတိန် မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့နှင့် ပူပေါင်းကာ ဆောင်ရွက်သွားမည်ဟု PDF-Zoland မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “အဲလိုလူကိုတော့ ဒီတိုင်းထားလို့မရဘူး၊ လိုအပ်တဲ့အရေးယူမှုလုပ်ဖို့ရှိတယ်၊ ဉပမာအားဖြင့် ပစ္စည်းခိုးခံရတဲ့ ပိုင်ရှင်နဲ့ ပေးတွေ့မယ်၊ ညှိနှိုင်းခိုင်းမယ်။ ပိုင်ရှင် စိတ်တိုင်းကျ သူခိုးတဲ့ပစ္စည်းအတိုင်း ပြန်လျော်ခိုင်းတာမျိုး၊ ပြီးရင် သူခိုးရဲ့ မိသားစုနဲ့ တွေ့ပြီးတော့ ခံဝန်ကတိထိုးခိုင်းတာတို့ပေါ့ ပြီးရင် သူ့ကို ဆက်ထိန်းသင့်ရင်လည်း ပြည်သူ့ရဲတွေနဲ့ ပူးပေါင်းပြီးတော့ ဘယ်လို ပြစ်ဒါဏ်ချမလဲဆိုတာ ဆောင်ရွက်သွားဖို့ ရှိပါတယ်။” ဟု ၎င်း က ပြောသည်။ ခိုးယူခံရသော ဆိုင်ကယ်အား ပိုင်ရှင်ထံ ပြန်လည် ပေးအပ်နိုင်ခဲ့ပြီဟုလည်း သိရသည်။ ယခုလက်ရှိ ဆိုင်ကယ်သူခိုးအား PDF – Zoland မှ ထိန်းသိမ်းထားဆဲဖြစ်ပြီး ၎င်းသည် မူးယစ်ဆေးသုံးဆွဲသူဖြစ်ကာ ဇနီးသည်နှင့် ကလေးရှိသူဖြစ်သောကြောင့် လုံခြုံရေးအရ ၎င်းနှင့် သက်ဆိုင်သည့် နာမည်နှင့် အချက်အလက်များအား ဖော်ပြ…
(006SV) ချင်းပြည်နယ်၊ မရာနယ်အတွင်းက ကျေးရွာနာမည်များအားလုံးကို မရာစာ၊ မရာစကား၊ မရာအသံနှင့် ကိုက်ညီအောင် ပြင်ဆင် ပြောင်းလဲသွားမည်ဖြစ်ပြီး သတ်မှတ်မည့် ကျေးရွာနာမည်ကို နိုဝင်ဘာလ ၂၀ ရက်နောက်ဆုံး ပေးပို့ရန် ကြားကာလ မရာနယ် ကောင်စီက အောက်တိုဘာလ ၃ရက်က ထုတ်ပြန်သည်။ မရာနယ်ကောင်စီရုံးကို ကျေးရွာပြည်သူလူထု၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် မရာစကား၊ မရာအသံနှင့် ကိုက်ညီပြီး သတ်မှတ်ချင်သော ကျေးရွာနာမည်များကို သတ်မှတ်ရက်အတွင်း ပေးပို့ရမည်ဟု မရာနယ်ကောင်စီမှ အမှူဆောင်အရာရှိချုပ်က ပြောသည်။ “ပြည်ထဲရေးမှာက ရွာနာမည်က ဗမာသံလိုလိုနဲ့ မရာသံနဲ့ လွဲပြီးတော့ ရွာနာမည်က အမျိုးမျိုးရှိတယ်။ အဲဒါနဲ့ မရာနယ်ကောင်စီ အနေနဲ့ မရာနယ်ထဲမှာရှိတဲ့ ကျေးရွာတွေအားလုံးကို မရာအသံနဲ့ မရာစာနဲ့ မှန်မှန်လေး ရေးပြီးတော့ ချင်းလဲန်းကောင်စီ အတည် ပြုချိန်မှာ ကျနော်တို့ ကျေးရွာနာမည်ကို ကျေးရွာသဘောတူညီချက်နဲ့ အားလုံးက ပို့ပေးပြီးတော့ ချင်းလဲန်းကောင်စီမှာ သွားတင် မယ်။ NUG က ပြည်ထဲရေးမှာလည်း အဲလို သွားတင်မယ်။ အစိုးရသစ်မှာ အဲလိုပုံစံလုပ်မယ်ဆိုပြီး ပုံစံထုတ်ထားတာ ရှိတယ်။ အဲဒါကို ကျေးရွာတိုင်းကို စာ ဖြန့်ထားတာ” ဟု သူက ပြောသည်။ မရာမျိုးနွယ်များသည် ချင်းပြည်နယ် မတူပီ၊ ထန်တလန် နှင့် ပလက်၀မြို့နယ်တို့တွင် နေထိုင်ကြပြီး မရာမျိုးနွယ်စုများ နေထိုင်ကြ သည့် ကျေးရွာပေါင်း ၆၃ ရွာရှိကာ ယင်းရွာအားလုံးက သတ်မှတ်ရက်အတွင်း မရာနယ်ကောင်စီရုံးသို့ ပို့ပေးရမည်၊ ရွာနာမည် မပို့ပေးသည့် ကျေးရွာများကို ယခင် ရွာနာမည်အတိုင်း…
ချင်းပြည်နယ် ဟားခါးမြို့က အမျိုးသမီးတစ်ဦးအပါအ၀င် အရပ်သားပြည်သူ ၂ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေ ပုဒ်မများဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ မှ တစ်သက်အထိကျခံရန် စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၏ စစ်ခုံရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။ ဟားခါးမြို့တွင်နေထိုင်သူ ဒေါ်ဗျက်မွှေဆုန်ကို CDF တပ်ဖွဲ့များအား ငွေကြေးများထောက်ပံ့ပေးအပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ည) အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် စစ်ခုံရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၀◌ါဒဖြန့် Fifty Two News က ဓာတ်ပုံနှင့်တကွ ယနေ့ဖော်ပြလာခဲ့သည်။ အလားတူ ဟားခါးမြို့နေ ဗန်ဗျက်ကျဲအိုကိုလည်း PDF တပ်ဖွဲ့များအား ၎င်းနေအိမ်တွင်တည်းခိုစေပြီး လက်နက် ခဲယမ်းများ ၀◌ယ်ယူရန် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ရှာဟာမြိုသို့ လမ်းပြနှင့် စကားပြန်ပြုလုပ်ပေးခဲ့ခြင်းကြောင့်ဟုဆိုကာ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်ဟုဆိုသည်။ ထို့အပြင် ဟားခါးမြို့နေ မောင်ငယ် ကိုလည်း ဟားခါးတက္ကသိုလ်၀◌န်းအတွင်းရှိ ဉပဒေဌာန စာသင်ဆောင်နှင့် ရူပဗေဒပညာဌာန စာသင်ကျောင်းတို့အတွင်း ကျောင်းပိုင်ပစ္စည်းများ အကြိမ်ကြိမ်၀င်ရောက်ခိုးယူမှုကြောင့်ဟုဆိုကာ ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဉပဒေပုဒ်မ ၆(၁) ပါ ပြဌာန်းချက်အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်ဟု စစ်ကောင်စီ၀◌ါဒဖြန့် Fifty Two News မှာ ဖော်ပြထားသည်။
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားများကို မတရားစွပ်စွဲ ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာနေပြီး တစ်လအတွင်း အရပ်သားပြည်သူ ၆၀ ဦးကို ဖမ်းဆီး၍ ၅၀ ဦးကို ပြန်လွှတ်ပေးသော်လည်း ၁၀ ဦးကို ဖမ်းဆီးထားဆဲဟု သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မင်းတပ်မြို့၏ နေရာ ၆ ခုမှ အရပ်သားပြည်သူ ၆၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မြို့ပေါ် ဘဝသစ်အရပ်၊ အရှေ့ပြင်အရပ်နှင့် အနောက်ပြင်အရပ်တို့မှ အရပ်သား ၁၀ ဦးကို ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်း CDF – မင်းတပ်က အောက်တိုဘာလ ၁ ရက်က ထုတ်ပြန်သည်။ မင်းတပ်မြို့ပေါ်တွင် ရေနှင့် မီးပြတ်တောက်နေသည့်အပြင် စစ်ကောင်စီတပ်က အရပ်သားများကို ပိုမိုခြိမ်းခြောက်လာမှုကြောင့် ပြည်သူအများစုက မြို့ကို စွန့်ခွာ၍ လုံခြုံသည့် နေရာများကို ပိုမိုရွေ့ပြောင်းလာနိုင်ပြီး မြို့က ယခင်ထက် ခြောက်ကပ်လာမည့် အလားအလာရှိ သည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ “ရေလည်း မရှိ၊ မီးလည်း မရှိ ကြားထဲမှာ လုံခြုံရေးအရလည်း ခြိမ်းခြောက်ခံရတဲ့အခါမှာ မြို့ကို စွန့်ခွာတဲ့ လူတွေက များလာမယ်။ မင်းတပ်မြို့ကတော့ ခြောက်ကပ်လာမယ့် အလားအလာတော့ ရှိပါတယ်။ စစ်ကောင်စီကလည်း ရန်သူကို ရန်သူလို မြင်၊ ပြည်သူကို ပြည်သူလို မြင်ပြီးမှ ဆက်ဆံဖို့ကတော့ ကောင်းမယ်။ သူတို့လည်း သူတို့ ယူဆမှုနဲ့ သွားကြတယ်ဆိုတော့ ပြည်သူတွေကတော့ တော်တော်လေး ရေရှည်ဆက်ပြီး မြို့ပေါ်မှာ နေထိုင်ဖို့ကတော့…
(004SS) ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ဒုတပ်ကြပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးကို အောက်တိုဘာလ ၂ ရက် ယမန်နေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါရဲတပ်ဖွဲ့၀◌င် ၄ ဦးသည် တီးတိန် – ရိဒ်လမ်းမပေါ်က ခရီးသွား အရပ်သားပြည်သူများထံ အဆမတန် ငွေကြေးတောင်းခံလေ့ရှိပြီး ပြည်သူများအား ဒုက္ခပေးနေသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု PDF-Zoland တာ၀န်ရှိသူတစ်ဦးကပြောသည်။ “သူတို့က ဒီတီးတိန်မြို့ထဲမှာ ပြည်သူတွေကိုအနှောက်အယှက်ပေးတယ် ပြီးရင် ကားသမားတွေကို ငွေကြေးတွေ အဆမတန်တောင်းတယ်ပေါ့နော်။ ခုချိန်မှာ ကုန်ဈေးနှုန်းကလဲ အဆမတန်မြှင့်တက်လာတဲ့အတွက် ပြည်သူတွေ တော်တော်လေးကို အကြပ်အတည်းဖြစ်နေတာ၊ အဲလို ဒုက္ခရောက်ေနတာကို လက်ပိုက်မကြည့်နိုင်လို့ ဝင်ရောက် ဖမ်းဆီးတာဖြစ်တယ်“ ဟု PDF-Zoland မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၎င်းတို့သည် တီးတိန်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ရဲများဖြစ်ပြီး တီးတိန်မြို့အနီးတစ်ဝိုက်ရှိ အချို့ ကုန်တင်ကားသမားများထံ သိန်းနှင့်ချီကောက်ခံလေ့ရှိသလို ကားအသွားအလာနည်းသည့်နေ့များမှာလည်း ခရီးသွားပြည်သူများအား ကြုံရင်ကြုံသလို ရစ်ကာ ငွေကြေးကောက်ခံလေ့ရှိေကြာင်း သိရသည်။ ထို့ကြောင့် တီးတိန်-လမ်ဇန်းရွာကြား လမ်းမတစ်နေရာတွင် အလစ်ငိုက် ၀◌င်ဖမ်းခဲ့ခြင်းဖြစ်သည်ဟု PDF-Zoland တာ၀◌န်ရှိသူကပြောသည်။ “ကျွန်တော်တို့ အလစ်ငိုက် ဝင်ဖမ်းတာပေါ့နော်။ သူတို့ ကျွန်တော်တို့ရှိမယ်လို့မထင်မဲ့နေရာမှာပေါ့ ကြိုပြီးစောင့်တယ်။ သူတို့ရောက်လာတော့ သေနတ်ချိန်ပြီး ခင်ဗျားတို့ ဘာမှမလုပ်နဲ့၊ ကျွန်တော်တို့ဘာမှ မလုပ်ဘူး၊ ဝပ်နေဝပ်နေဆိုပြီး အဲလို ခေါ်သွားတာ” ဟု သူကပြောသည်။ ဖမ်းဆီးခံရသူများမှာ ရဲဒုတပ်ကြပ် ကျော်သူရစိုး၊ ခုပ်ခန်တုန်း၊ စည်သူမိုးနဲ့…
(003PT) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် မော်လိုက်ကလေးအကျဥ်းထောင်တွင် အကျဉ်းချခံရသည့် နိုင်ငံရေးအကျဥ်းသား များမှာ ဆေးကုသခွင့် မရရှိကြသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ ခံနေကြရသည်ဟု ကလေးမြို့ ပင်မသပိတ် အင်အားစု (Kalay Township Strike Committee) အဖွဲ့က ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။ ယခုနှစ် ဧပြီလ ၁၆ ရက်နေ့က ကလေးမြို့တွင် တော်လှန်သကြန်ဆင်နွှဲကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သော ကလေးမြို့နယ် သပိတ်ကော်မတီ အဖွဲ့ဝင် ကိုသန်းစိုးဦး (ခ) ကိုဂွတို၊ ကိုမျိုးကိုဝင်း (ခ) ကိုမျိုးကို၊ မနှင်းစံ (ခ) အိစံ နှင့်၊ မကျန်ဒိတ်ကိမ်တို့ ၄ ဦးသည် စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ခံခဲ့ရသော ဒဏ်ကြောင့် အရေးပေါ် ဆေးကုသမှုများ လိုအပ်သော်လည်း စစ်ကောင်စီက ဆေးကုသခွင့်မပေးခဲ့ကြောင်း ကလေးမြို့ ပင်မသပိတ် အင်အားစုက ဆိုသည်။ ၎င်းတို့ ၄ ဦးသည် ဆေးကုသခွင့်မရရှိကြသည့်အပြင် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ၊ ပုဒ်မ ၅၀(ည)၊ ၅၀(စျ) နှင့် ၅၂(က) စသည့် ပုဒ်မ တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီးပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ကြရသည်။ ယခုလက်ရှိတွင်လည်း မော်လိုက်ကလေးအကျဉ်းထောင်ထဲတွင် မျက်စိနှာကူးစက်ရောဂါ ပျံ့ပွားလျက်ရှိပြီး အကျဉ်းသားများအနေဖြင့် ဆေးကုသခွင့်လည်း မရရှိကြကြောင်း ကလေးမြို့ ပင်မသပိတ်အင်အားစုက ဆိုပါသည်။ ထို့အပြင် မော်လိုက်ကလေး အကျဥ်းထောင်သို့ အခြားဒေသမှ အဓမ္မဖမ်းဆီးခံရ၍ ရောက်ရှိလာကြသော နိုင်ငံရေးအကျဉ်း သားများမှာ…
(004SS) စစ်ကိုင်းတိုင်း ကလေးမြို့အနောက်တောင်ပိုင်း မြို့လှရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ယနေ့စက်တင်ဘာလ ၂၉ ရက်မနက်ပိုင်းက ဒေသခံ အမျိုးသမီး တစ်ဦး ပွဲချင်းသေဆုံးခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှသိရသည်။ “အင်ဂါနေ့ကနေစပြီး တိုက်ပွဲစဖြစ်တာပေါ့နော်၊ ဒီနေ့ညနေမှာတောင်မှ ကလေးမြို့ထဲကနေ ၁၂၀ မမ နဲ့ လှမ်းထုနေတာ လက်နက်ကြီးသံတွေကြားနေရတယ်။ လက်နက်ကြီးကြောင့် မြို့လှရပ်ကွက်က အမျိုးသမီး ဗိုက်ပွင့်ပြီး ပွဲချင်းဆုံးသွားတယ်၊ နောက် အမျိုးသား ၃ ယောက် လဲ ထိခိုက်ထားတယ်၊ စကစကတော့ ပြည်သူတွေနေတဲ့ရွာတွေ၊ ရပ်ကွက်တွေမှာ ရမ်းသမ်း ပစ်ခတ်တာ များတယ်’’ ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်နက်ကြီးကြောင့် အမျိုးသား ၃ ဦး၏ ထိခိုက်မှု ဒါဏ်ရာအခြေအနေကိုတော့ အတိအကျ မသိရပေ။ လွန်ခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ ယနေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့၏ လက်ေ၀ခံ ပျူစောထီး ပူပေါင်းတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ကလေးမြို့အနောက်တောင်ပိုင်းတွင် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားကာ စစ်ရေးတင်းမာလျက်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းဟု သိရသည်။ စက်တင်ဘာ ၂၈ ရက်ညပိုင်းကလည်း စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကြောင့် တပ်ဦးတီတာရပ်ကွက်နေ အရပ်သား ၂ ဦးထိခိုက်ခဲ့သည်ဟုသိရသည်။ ထို့အပြင် ယင်းနေ့ညနေပိုင်းတွင် မွန်းလိုင်ရပ်ကွက်က အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။ အလားတူ စက်တင်ဘာ ၂၇ ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက တိုက်နယ် ၄ သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကလေးငယ် (၂) ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားပြီး နေအိမ်တချို့လည်း ပျက်စီးသွားသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ယနေ့ သတင်းထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၂၉ ရက်က မင်းတပ်မြို့နယ်အတွင်းရှိ တိုက်နယ် ၄ ဘက်သို့ မင်းတပ်မြို့ပေါ်က ခလရ ၂၇၄ တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၁၀ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းသို့ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် တစ်လုံးနှင့် အိမ်သာ (၂) လုံးတို့မှာ ထိခိုက်ပျက်စီး သွားသည်ဟု သိရသည်။ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက မည်သည့်အတွက်ကြောင့် လက်နက်ကြီးများ ရမ်းတမ်းပစ်ခတ်နေမှုနှင့် ထိဒဏ်ရာဒဏ်ရာ ရရှိသွားသော ကလေးငယ် ၂ ဦး၏ အခြေအနေကို မင်းတပ် တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး ဆက်သွယ်၍ မရသေးပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်က မင်းတပ်မြို့အဝင်တွင် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် တောင်ယာသွားသော သက်ကြီးပိုင်း အရပ်သားတစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့သော ဇနီးဖြစ်သူကို ခလရ ၂၇၄ တပ်ရင်းက ဆေးကုသပေးနေသည်ဟု မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးမှ တာဝန်ရှိသူ ကိုယောမာန်က ပြောသည်။ စက်တင်ဘာလ ၂၄ ရက်က…
(003PT) မြန်မာ့နွေဦးတော်လှန်ရေးတွင် ပြည်သူအားလုံး မိမိတတ်နိုင်သည့်ဖက်မှ ပူးပေါင်းပါ၀င်ကြရန် CDF-Hakha Central Council က ဒုတိယအကြိမ်မြောက် လူထုညီလာခံအပြီးတွင် ဖိတ်ခေါ်လိုက်သည်။ CDF-Hakha Central Council သည် ဒုတိယအကြိမ် လူထုညီလာခံကို စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိကျင်းပခဲ့ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ ဆက်လက်တော်လှန်တိုက်ပွဲ၀င်ရန် မူ၀ါဒနှင့် လမ်းစဉ်များ ချမှတ်ခဲ့ကြသည်ဟု စက်တင်ဘာလ ၂၈ ရက်နေ့စွဲဖြင့် CDF-Hakha Central Council က ထုတ်ပြန်သည်။ နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်လက်အောက်မှ လွတ်လပ်ရေးကိုမြတ်နိုးသော လူသားတိုင်းအတွက် နောက်ဆုံးတိုက်ပွဲဖြစ်ပြီး တော်လှန်ရေးကာလအတွင်း နိုင်ငံနှင့်လူမျိုးအတွက် အသက်ပေးဆပ်ခဲ့ရသော အာဇာနည်သူရဲကောင်းများကို လေးစားဂုဏ်ပြုရင်း ပြည်သူများအားလုံး မိမိတတ်နိုင်သည့်ဖက်မှ ပူးပေါင်းပါ၀င် တိုက်ပွဲဆင်နွှဲကြရန် ဖိတ်ခေါ် ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။ CDF-Hakha Central Council သည် တိုင်းပြည်နှင့်လူမျိုးလွတ်လပ်ပြီး စစ်မှန်သော Federal Democracy နိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် CNF/A ၏ လမ်းညွန်မှုနင့် လူထုထောက်ခံအားပေးမှုအရ ပေါ်ထွက်လာသော တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး CNF/A ၊ Chinland Council၊ NUG အစိုးရနှင့် အခြားသော တော်လှန်ရေးအဖွဲ့များနှင့်လည်း ချိတ်ဆက်ပြီး တော်လှန်တိုက်ပွဲဝင်နေသည်ဟု ဆိုသည်။ လူဦးရေ ၃၅၀ ကျော်တက်ရောက်သော ဒုတိယအကြိမ်မြောက် လူထုညီလာခံတွင် ဌာနအသီးသီးမှ လုပ်ငန်းနှင့် ငွေစရင်းအစီရင်ခံစာများ တင်ပြခြင်းအပါဝင် ဖွဲ့စည်းပုံ ပြန်လှန်ပြုပြင် အတည်ပြုခြင်း၊ CDF-Hakha Council ကို CDF-Hakha…