(002MG) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခါမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းမှုများလည်း ပြုလုပ်ပြီးဖြစ်သောကြောင့် ၂ ပတ် နီးပါး စစ်ဘေးတိမ်းရှောင်နေကြသော ဒေသခံပြည်သူများ နိုဝင်ဘာလ ၁၂ ရက်နေ့ကစ၍ မြို့တွင်း ပြန်လည်နေထိုင်ကြပြီဟုသိရသည်။ CNO Upper Chindwin Region-UCR တာဝန်ရှိသူတဦးက “အခုက ပုံမှန်လေးဖြစ်နေပါပြီ ပြည်သူတွေကလည်း အသွားအလာကအစ၊ အရင်းတိုင်းပဲပေါ့ စျေးတွေလဲဖွင့်ပြီ။ စစ်ဘေးရှောင်တွေကလည်း အကုန်လုံးနီးပါး အိမ်ပြန်ကြပြီ။ အမှတ် (၁) ကခမ်းပတ်စခန်းနဲ့ကပ်ရပ်ကြီးဆိုတော့ လက်နက်ကြီးတွေ ပစ်လို့မကွဲတဲ့ဟာမျိုးအတွက် နယ်မြေရှင်းလင်း ရေးဆက်လုပ် နေတာနဲ့သူတို့က မနေ့တနေ့ကမှ သူတို့အိမ်ပြန်ကြတာပေါ့။” ဟု ပြောသည်။ ကလေး-တမူးကားလမ်းမ ပေါ်တွင်ရှိသော ခါမ်းပါတ်မြို့က စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ ၃ ရက်နေ့ကစ၍ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ရာမှာ နိုဝင်ဘာလ ၇ ရက်နေ့မှာ ခမ်းပတ်တမြို့လုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြသည်။ ခါမ်းပါတ်မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံပြည်သူအားလုံးသည် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယခုအခါ မိမိနေရပ်သို့ အသီးသီး ပြန်လည်နေထိုင်ကြပြီဖြစ်သည်။ ခါမ်းပါတ်တမြို့လုံးသည် စစ်ကောင်စီတပ်ဖွဲ့များ၊ပျူစောထီးများ ကင်းစင်သည့်နယ်မြေဖြစ်လာပြီး ပြည်သူလူထုများလည်း စိုးရိမ်ကြောက်ရွံမူကင်းစွာဖြင့် သွားလာလှုပ်ရှားနေကြပြီဟု သိရသည်။ ”မနေ့က ပြန်ကြတာ၊ အခုကမြို့ထဲမှာ စစ်သားတွေမရှိတော့ဘူး။ ဘာမှစိုးရိမ်စရာ မရှိတော့ဘူး၊ ဘုရားကျောင်း လဲတက်လို့ ရပြီ။” ဟု ခါမ်းပါတ်မြို့ခံတစ်ဦးက ပြောသည်။ ခါမ်းပါတ်မြို့သည် ပုံမှန်အတိုင်းရှိလာပြီဖြစ်သော်လည်း ကလေး-တမူးကားလမ်းပိုင်းအား လုံခြုံရေးအခြေအနေများကြောင့် ပြည်သူများ ဖြတ်သန်းသွားလာအသုံးပြုခွင့်မပြုသေးသည့်အပြင် အရေးပေါ်ကျန်းမာရေးအခြေအနေများအတွက်သာ သွားလာခွင့်ပြုထားသည်ဟု CNO Upper Chindwin Region-UCR က…
Author: Editor
(006SV) ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်သည့် ချင်းကာကွယ်ရေးပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲကို စတင်လာပြီး စစ်ရေးနှင့် ကုန်သွယ်ရေးအရ မဟာဗျူဟာကျသည့် အိန္ဒိယ-မြန်မာနယ်စပ်က ရိခေါဒါရ်မြို့ကို ယမန်နေ့က သိမ်းပိုက်ထိန်းချုပ်လိုက်သည်ဟု ချင်းအမျိုးသားတပ်ဦး ဆလိုင်းထက်နီက ပြောသည်။ “စစ်ကောင်စီကို စီးပွားရေးအရ အထောက်အပံ့ ပြုနေတဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အချက်အခြာကျတဲ့ မြို့ဖြစ်တဲ့ အတွက် ကျနော်တို့ ဝင်သိမ်းတာဖြစ်တယ်။ သူတို့အတွက် အရေးကြီးသလို ကျနော်တို့အတွက်လည်း အင်မတန်မှ ဗျူဟာကျတဲ့ မြို့ဖြစ်တယ်။ ဒါက ပထမဦးဆုံး မြို့သိမ်းတိုက်ပွဲဖြစ်ပါတယ်။ ဆက်လက်ထိန်းနိုင်ဖို့က ပြည်သူ ပူးပေါင်းပါဝင်မှု ကျနော်တို့ ဘက်က ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စုစည်းနိုင်မှု အားက အများကြီးလိုပါတယ်။ အတတ်နိုင်ဆုံးပြင်ဆင်ထားပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ နိုဝင်ဘာလ ၁၂ ရက်က ချင်းပူးပေါင်းတပ်များက ရိခေါဒါရ်မြို့ က စစ်ကောင်စီစခန်းများကို စတင်တိုက်ခိုက်ခဲ့ရာ မြို့တောင်ကုန်းပေါ်က အထိုင်းစခန်းကြီးတစ်ခုကို နိုဝင်ဘာလ ၁၃ ရက် မနက်ပိုင်းမှာ သိမ်းနိုင်ခဲ့ပြီး အမှတ် ၂ ရပ်ကွက် (တီယိုချောင်း) တောင်ကုန်းပေါ်က စစ်စခန်းကို ညနေပိုင်းမှာ ထပ်မံသိမ်းနိုင်ခဲ့သည်။ ယနေ့ နိုဝင်ဘာလ ၁၄ ရက်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်များက ရိခေါဒါရ်မြို့ကို ထိန်းချုပ်ထား၍ နယ်မြေ ရှင်းလင်း ရေးများ ဆောင်ရွက်ကာ အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချပြီး ချင်းအမျိုး သားတပ်ဦး CNF အလံကို လွှင်ထူထားသည်ဟု တွေ့မြင်ရသည်။ ရိခေါဒါရ်မြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်ဦး CNF/CNA၊…
(006SV) ချင်းပြည်နယ်၊ လောက်တူနယ်ဒေသအတွင်း တော်လှန်ရေးအဖွဲ့အစည်းမှ မဟုတ်သည့် လူများအနေဖြင့် လက်နက်ခဲယမ်းများ ကိုင်ဆောင်ရောင်းဝယ်လျှင် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းများ ကိုလည်း ထောက်ခံစာပါရှိမှ ခွင့်ပြုမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – လောက်တူ (CDF-Lautu) က ထုတ်ပြန်သည်။ “ပြည်သူတွေက တော်လှန်ရေးအဖွဲ့အယောင် ဆောင်ပြီးတော့ ကိုယ်ကျိုးအတွက် စီးပွားရေး လုပ်နေတာမျိုးတွေရှိတယ်။ ပြီးတော့ တော်လှန်ရေးကာလမှာ လက်နက်ခဲယမ်းတွေကို ပြည်သူတွေက စည်းမဲ့ကမ်းမဲ့နဲ့ ကိုယ်သယ်ချင်တာ သယ်မယ်၊ လုပ်ချင်သလို လုပ်နေမယ်ဆိုရင် ခေတ်ကောင်းတုန်းကလိုမျိုး ဥပဒေစိုးမိုးမှုကလည်း မရှိသေးတဲ့အခါ ပြည်သူတွေ ကြားမှာ ဖြစ်လာနိုင်မယ့် ပြသနာလေးတွေကို အကျိုးဆက်ကို ကြည့်ပြီး ထိန်းချုပ်သင့်တယ်ဆိုပြီး လက်နက်ခဲယမ်းဥပဒေကို ထုတ်ပြန်ပြီး ကန့်သတ်လိုက်တာဖြစ်ပါတယ်” ဟု CDF – လောက်တူ၏ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး အတွင်းရေးမှူး ဆလိုင်းဗာဗိက ပြောသည်။ လောက်တူနယ်ဒေသအတွင်း တော်လှန်ရေးအဖွဲ့အစည်းမှ မဟုတ်သော မည်သည့် လူပုဂ္ဂိုလ်မှ လက်နက်ခဲယမ်းများ မှောင်ခို ထုတ်လုပ်ခြင်း၊ သယ်ယူဖြတ်သန်းခြင်း၊ ဖြန့်ချိခြင်း၊ သိုလှောင်ခြင်း၊ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းများ မပြုလုပ်ရန် CDF – လောက်တူက နိုဝင်ဘာလ ၁၂ ရက် နေ့စွဲဖြင့် လက်နက်ခဲယမ်း အက်ဥပဒေကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များအနေဖြင့် လောက်တူနယ်အတွင်း လက်နက်ခဲယမ်းများ သယ်ယူဖြတ်သန်းလိုပါက မိခင်အဖွဲ့အစည်း၏ ထောက်ခံစာ ပါရှိမှသာ ခွင့်ပြုမည်ဟု CDF – လောက်တူက ကြေညာသည်။ လက်နက်ခဲယမ်းများ သိုလှောင်လိုပါကလည်း ဦးစွာအကြောင်းကြားရမည်ဖြစ်ပြီး CDF- လောင်တူ၏…
(002MG) ခရစ်ယာန်ဘာသာဝင်များအထွဋ်အမြတ်ထားရှိသော ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူးပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ပျော်ပွဲရွှင်ပွဲသဘောအနေဖြင့် မကျင်းပရန် ဖလမ်းမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံဆရာတော်များမိတ်သဟာရအဖွဲ့ (FCMF) က ထုတ်ပြန်သည်။ ယနေ့ နို၀င်ဘာလ ၁၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော FCMF ၏ ထုတ်ပြန်ချက်ထဲတွင် ဖလမ်းမြို့တွင် ခရစ္စမတ်ကာလအတွင်း မြို့၊ လူနေအိမ်နှင့် ဘုရားကျောင်းအဆောက်အအုံ အပြင်ပိုင်းနေရာများအား အလှဆင်ခြင်း၊ စားသောက်ပွဲများ ဆူညံစွာ ကျင်းပခြင်း၊ လှည့်လည်ဆုတောင်း သီချင်းဆိုခြင်း (Carol Singing) များ မပြုလုပ်ကြရန် ဖော်ပြထားသည်။ ”ခရစ္စမတ်ပွဲလုံးဝမလုပ်ဖို့ပြောတာမဟုတ်ဘူး၊ ခရစ္စမတ်ပွဲရယ်၊ နှစ်သစ်ကူးကြိုဆိုတဲ့ပွဲတွေဆိုရင် လုပ်နိုင်တဲ့သူရှိရင် မိမိရဲ့ဘုရား ကျောင်းထဲမှာ အေးအေးဆေးဆေးပဲ ဘုရားကိုကိုးကွယ်ခြင်း၊ချီးမွှမ်းခြင်းအားဖြင့်ပဲအသုံးပြုဖို့ထုတ်တာဖြစ်တ ယ်။ပျှော်ပွဲရွှင်ပွဲသဘောအနေနဲ့ လုံးဝမလုပ်ဖို့။ ဒီအချိန်က ကျွန်တော်တို့နိုင်ငံမှာ မတည်ငြိမ်ဖြစ်နေတဲ့အချိန်မှာ မြို့ထဲမှာ ပုံမှန်ဘဝပုံစံမျိုးဖြစ်နေတာကို ကျွန်တော်တို့မလိုချင်ဘူး။” ဟု ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံဆရာတော်များမိတ်သဟာရ အဖွဲ့ဝင် ဆရာတော်တပါးက ပြောသည်။ လက်ရှိနိုင်ငံရေးအခြေအနေ၊ စစ်ရေးအခြေအနေများကြောင့် ပြည်သူများ စစ်ဘေးဒုက္ခကြောင့် စစ်ရှောင်နေရချိန်၊ ဝမ်းနည်း ပူးဆွေးနေရချိန်နှင့် နေအိမ်မီးလောင်မှုများကြုံနေရသည့်အချိန်တွင် မြို့ပေါ်တွင်နေထိုင်သောပြည်သူများအနေဖြင့် ပျော်ပွဲ ရွှင်ပွဲကျင်းပခြင်းမျိုးမပြုလုပ်ရန် တားမြစ်ထားခြင်းဖြစ်သည်ဟု သိရသည်။ ချင်းပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါနှင့် လက်ရှိနိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် ခရစ်ယာန်များ မြတ်နိုးတန်ဖိုးထား သောပွဲနေ့ရက်များ မကျင်းပနိုင်သည်မှာ ၃ နှစ်ခန့်ရှိလာပြီဖြစ်ဖြစ်သည်။ “ခရစ္စမတ်ပွဲ၊နှစ်သစ်ကူးပွဲတွေက ခရစ်ယာန်တွေအတွက်ဆိုရင် အဓိကကျတဲ့ပွဲတခုလိုဆိုတော့ တိုင်းပြည်အခြေအနေက ဒီအချိန်အခါမှာ ဒါမျိုးလုပ်ရင်တော့ ပြည်သူလူထုတွေအတွက်လည်း မကောင်းဘူးပေါ့၊ အဲ့ဒါကြောင့် မလုပ်တာအကောင်း ဆုံးပဲပေ့ါ ကျွန်တော်မြင်တယ်” ဟု ခရစ်ယာန်ပါစတာတစ်ဦးကပြောသည်။ ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင်လည်း ခရစ္စမတ်ပွဲနှင့်နှစ်သက်ကူးပွဲတော်များကို စည်စည်ကားကားဖြင့်မကျင်းပရန် ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်များအဖွဲ့(HCMF)…
(003PT) စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ဝင်ကြရန် CDF-Hualngoram နှင့် Hualngo -ram CDM Department အဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ပူးတွဲသတိပေးထုတ်ပြန်လိုက်သည်။ CDF-Hualngoram ဒေသအတွင်းရှိ ဝန်ထမ်း၏ ၆၅ ရာခိုင်းနှုန်းခန့်မှာ Non-CDM ဖြစ်ကြပြီး အများစုမှာ အခြေအနေ အမျိုးမျိုးအကြောင်းပြကာ CDM မဝင်ကြသေးသည့်အတွက် ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်ဟု Hualngoram CDM Department ဥက္ကဌ Pu Kima ကပြောသည်။ “ကျွန်တော်တို့ဒေသမှာ Non-CDM ကင်းစင်ဖို့၊ စစ်အစိုးရကို အားပေးတဲ့လူမရှိစေချင်လို့ ပြီးတော့ ကျွန်တော်တို့ ဒေသခံ အချင်းချင်းမှာ စိတ်၀◌မ်းကွဲမှု မရှိလေအောင်၊ အဲ့ဒီအလုပ်ကနေ အပြီးပိုင်ထွက်ပြီဆိုရင် သာမန် အရပ်သာလိုပဲ အစိုးရ ဝန်ထမ်းမဟုတ်တော့ သူတို့ လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ပေးချင်လို့ဖြစ်ပါတယ်” Pu Kima က ပြောသည်။ CDM ဝင်လိုသူများအနေဖြင့် မိမိထမ်းဆောင်နေသည့်တာဝန်မှ ရပ်ဆိုင်းကြောင်း ဝန်ခံကတိစာနှင့်အတူ လူကိုယ်တိုင် CDF-Hualngoram ဌာနချုပ်ရှိ Hualngoram CDM Department ဌာနသို့ CDM ဝင်ကြောင်း လာရောက် စာတင်သူကိုသာလျှင် CDM ပြုလုပ်သူအဖြစ် အသိမှတ်ပြုမှာဖြစ်ပြီး၊ ဖုန်း၊ အွန်လိုင်းမှတစ်ဆင့် စာပေးပို့ခြင်းတို့ဖြင့် အကြောင်းကြားခြင်းတို့ကို လက်ခံမည်မဟုတ်သလို CDM အဖြစ် အသိမှတ်ပြုမည်မဟုတ်ကြောင်း CDF-Hualngoram က ဆိုသည်။ “စားရင်ပို့တယ်ဆိုတာလည်း ကျွန်တော်တို့စာရွက်ကလေးနဲ့ လာယူတဲ့ဟာကိုပဲ…
(002MG) ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များကို စည်စည်ကားကားဖြင့် ကျင်းပခြင်းမပြုလုပ်ကြရန် ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်ပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့ (HCMF) က ထုတ်ပြန်သည်။ ခရစ္စယာန်ဘာသာ၀င်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့ နှင့် ၂၀၂၄ ခုနှစ် ဇန်န၀◌ါရီလ ၁ ရက် နှစ်သစ်ကူးနေ့ပွဲတော်များကျင်းပရေးနှင့်ပတ်သက်၍ ဟားခါးမြို့ခရစ်ယာန်ဂိုဏ်ပေါင်းစုံဓမ္မအမှုတော်ဆောင်များ အဖွဲ့(HCMF) က နို၀◌င်ဘာလ ၄ ရက်နေ့ကကျင်းပသော အစည်းအေ၀◌းတွင် ထိုကဲ့သို့ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ခရစ္စမတ်နေ့နှင့် နှစ်သစ်ကူးပွဲတော်နေ့များကို ဟားခါးမြို့ပေါ်တွင် စည်စည်ကားကားဖြင့် ကျင်းပခြင်းမရှိသည်မှာ ၃ နှစ်ရှိသွားပြီဖြစ်ကာ ယခုနှစ်တွင်လည်း ထိုကဲ့သို့ပင်ဆက်လက်လုပ်ဆောင်ကြရန် HCMF က နို၀◌င်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဟားခါးမြို့ခရစ်ယာန်ဂိုဏ်ပေါင်းစုံဓမ္မအမှုတော်ဆောင်ဥက္ကဌ သိက္ခာတော်ရဆရာ Dr. Joel Nawl Cung Lian က “ခါတိုင်းမှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲကြတာပေ့ါ၊ သို့သော် ခရစ္စမတ်ရဲ့အနှစ်သာရက ပွဲလုပ်ပြီးတော့ အပြင်မှာ စားဖို့ထက်ဂုဏ်တော်ချီးမွှမ်းခြင်းက ပိုပြီးတော့ အရေးကြီးတယ်။ ရပ်ကွက်မှာ အစားအသောက်တွေ ပျော်ပျော်ရွှင်ရွှင် လုပ်တာမျိုးအားမပေးဖို့သဘောတူထားတာပါ။ မိသားစုတွေအနေနဲ့ ကိုယ့်ဝမ်းစာအတွက်တောင်မှ ခက်ခဲကြုံတဲ့အချိန်မှာ ပွဲပုံစံမလုပ်ပဲနဲ့ ဘုရားကျောင်းမှာပဲ ဂုဏ်တော်ချီးမွှမ်းခြင်းနဲ့ နှုတ်ကပတ်တော်အားဖြင့် ချီးမွှမ်းဖို့အကောင်းဆုံးလို့ အားလုံး ဆုံးဖြတ်လို့ စီစဉ်ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။ ယခုနှစ် ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်မှာ (အသားပေါ်ပြီးအတူစားသုံးပွဲလုပ်ခြင်း) မပြုလုပ်ရန်၊ ဘုရားကျောင်းတွင် ဝတ်ပြုကိုယ်းကွယ်ခြင်း ဆက်ကပ်ဆုတောင်းခြင်းသာ ပြုလုပ်ကြရန်၊ ဘုရားကျောင်းရပ်ကွက်နဲ့ ကိုယ်ပိုင်အနေဖြင့် အသားသတ်ပြီး အတူစားသုံးခြင်းများမပြုလုပ်ရန် HCMF…
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ဘားဝရပ်ကွက်နှင့် ဟီဝရွာကြားမှာ စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တစ်ပတ်နီးပါးအကြာမှာ ဟီဝရွာသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား သည်ဟု ဒေသခံများက ပြောသည်။ “ဆမီးမှာ CNA က စကစ ကင်းစခန်းစောင့် တိုက်ခိုက်ပြီး မနေ့က ကင်းစခန်းအနီးက ဟီဝရွာသားတွေကို စကစ ဖမ်းဆီးသွားပါတယ်။ ဆမီးတပ်စခန်းမှာ ခေါ်ဆောင်သွားတယ်။ လေးယောက်တော့ သိထားပါတယ်။ ရွာနဲ့အနီးမှာ တိုက်ပွဲဖြစ်တော့ ဖမ်းဆီးစစ်ဆေးသလားတော့ အတိအကျ မသိသေးဘူး။ အဖမ်းခံရသူတွေက ရိုးရိုးတောင်သူတွေပါ” ဟု ဆမီးမြို့ဒေသခံ တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်က ဆမီးမြို့၊ ဘားဝရပ်ကွက်နှင့် ဟီဝရွာကြားမှာ ကင်းစခန်းက ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်ဦး (CNF/CN A) စောင့်ကြို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ချေမှုန်းရေးရိုင်ဖယ် ၃ လက်ကို သိမ်းဆည်းရမိသည်ဟု CNF/ CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ခိုနူမ်းသုန်းသတင်းဌာနကို အတည်ပြု ပြောဆိုထားသည်။ ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က တစ်ပတ်အကြာ နိုဝင်ဘာလ ၉ ရက်က ဟီဝရွာသား အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။ နိုဝင်ဘာလ ၄ ရက်က တိုက်ပွဲတွင် ဆမီးဒေသခံ ကလေးမိခင်တစ်ဦး ကျည်ထိပြီး ပလက်ဝဆေးရုံးသို့ အရေးပေါ်…
(006SV) CDF – ကန်ပက်လက်၊ တူမီးတပ်ရင်း၏ ဒု-တပ်ရင်းမှူးနှင့် သူ၏ ဖခင်ဓမ္မအမှူတော်ဆောင်ပါစတာတို့ကို ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်က ကန်ပက်မြို့တစ်နေရာမှာ အတူယှဉ်ပြီး တစ်ပြိုက်နက် သဂြိုလ်ခဲ့ကြသည်။ “မနေ့ကမှ သဂြိုလ်ဖြစ်ပါတယ်။ သူတို့ မိသားစုတွေ အကုန်ပြန်စုံတယ်။ ခရစ်ယာန်ဓလေ့ထုံတမ်းအတိုင်းပဲ သဂြိုလ်ပါတယ်။ ဒုတပ်ရင်းမှူးကိုတော့ တပ်လုပ်ထုံလုပ်နည်းနဲ့လည်း သဂြိုလ်ပါတယ်။ မိတ်ဆွေတွေ၊ ပြည်သူတွေ တက်ကြပါတယ်။ အုပ်ချုပ်ရေး ဘက်က ဌာနဆိုင်ရာတွေရော၊ ပါစတာအသိုင်းအဝိုင်းရောပေါ့နော်” ဟု ကန်ပက်လက် ဒေသခံတစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၇ ရက် ကန်ပက်လက်မြို့နယ်အတွင်း စစ်ဘေးရှောင်နေရသော ခရစ်ယာန်ဓမ္မအမှူတော်ဆောင် ပါစတာ ဦးမာန်ကီး သည် မကွေးတိုင်း၊ ဆောမြို့သို့ ရောက်ရှိ၍ အသိမိတ်ဆွေတစ်ဦးနှင့် စကားပြောနေစဉ် အရပ်ဝတ် စစ်သားတစ်ဦးက အနီးကပ် ဦးခေါင်းကို ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု CDF ကန်ပက်လက်မှ တာဝန်ရှိသူများက ပြောသည်။ ထို့နောက် စစ်သားများ ၂၀ ခန့် အလျိုလျိုပေါ်လာ၍ ကင်းပုန်ဝတ်ပြီးနောက် ဆောမြို့အနီး တာဝန်ဖြင့်ရောက်နေသော CDF ကန်ပက်လက်၊ တူမီးတပ်ရင်းမှ ဒု-တပ်ရင်းမှူးလည်းဖြစ်သူ၊ ခရစ်ယာန်ဓမ္မအမှူတော်ဆောင် ပါစတာ ဦးမာန်ကီး၏ သားဖြစ်သူ ဒု-တပ်ရင်းမှူး ဆလိုင်းလှေ့မာန်ကိုပါ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ “လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့ ပြည်သူတစ်ယောက်ကို အကြောင်းမဲ့ ပစ်ခတ်၊ သတ်သွားကြတဲ့အပေါ်မှာ ကျနော်တို့ ဘက်က ပြင်းပြင်းထန်ထန်ပြန်ပြီး တုန့်ပြန်သွားမှာဖြစ်တယ်။ စစ်ရေးအရ ဘယ်အချိန် ဘယ်မှာကိုတော့ ပြောလို့ မရဘူး။ မရပေမယ့် ကျနော်တို့ ပြင်းပြင်းထန်ထန်ကို တုံ့ပြန်သွားမှာဖြစ်ပါတယ်။ ကျနော်တို့ ဒုရင်းမှူးလည်းပဲ သူ့အဖေကို…
(003PT) ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ ဒေသခံပြည်သူများအားလုံး တဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရ ပြီး စစ်ဘေးရှောင် ၁၀ ယောက်ထက်မနည်းလည်း လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။ အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့က စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ နို၀င်ဘာလ ၁၂ ရက်ညက ၀င်ရောက်စီးနင်းတိုက်ခိုက်ရာမှာ ယနေ့နေ့လည်ပိုင်းအထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “ဒီမနက် ၅ နာရီလောက်ကနေ တိုးလာတာ သေနတ်သံတွေက။ အခုလည်း တိုက်ပွဲဖြစ်နေဆဲပဲ။ မနေ့ညကနေ တစ်ချို့ တစ်ဝက် တွေက ဒီဖက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ် Zokhawthar ဖက်မှာ တိမ်းရှောင်နေကြတာ။ ဆွေမျိုးတွေအိမ်မှာ ပြီးရင် တစ်ချို့တွေ တဲထိုးကြတာပေါ့ အဲ့မှာ သွားနေကြတာ။ ပြီးရင် မထွက်တဲ့သူတွေကလည်း ဒီမနက်မှာ ၅ မှာတန်းထ လာပြီးတော့ အကုန်လုံး ဒီဖက် တစ်ဖက်နိုင်ငံ မီဇိုရမ် Zokhawthar မှာအားလုံးထွက်ပြေးနေကြတာ အခုက အိမ်မှာ တစ်ယောက်မျှ မရှိတော့ဘူး” ဟု ရိခေါဒါရ်မြို့ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့တပ်စခန်းမှ လက်နက်ကြီးများပစ်ခတ်မှုနှင့် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာသို့ ကျရောက်ပေါက်ကွဲကာ စစ်ဘေးရှောင် ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ “ဒဏ်ရာရတဲ့သူတွေက အဲ့ဒီ တီချောင်ဘေးနားက စစ်ရှောင်တွေဖြစ်ကြတယ်။ အခုဆိုရင် ၁၀…
(006SV) ချင်းပြည် CDM မူဝါဒ (မူကြမ်း) အတည်ပြုနိုင်ရေးနှင့် လူသာချင်းစာနာထောက်ထားရေး အကူအညီပေးနိုင်ရေးတို့ကို ကြားကာ လ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က ယမန်နေ့က ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၈ ရက်က ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)၏ ပုံမှန်ကောင်စီအစည်းအဝေးတွင် ဆွေးနွေးခဲ့ ကြောင်း ယနေ့ နိုဝင်ဘာလ ၉ ရက်မှာ ICNCC က သတင်းထုတ်ပြန်သည်။ ယင်းအစည်းအဝေးတွင် ချင်းပြည် တစ်ပတ်တာ နိုင်ငံရေးအခြေအနေနှင့် ကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းတင်ပြပြီး စစ်ရှိန်မြှင့်တင်နေသည့်ကာလအတွင်း ချင်းပြည်နယ်မှာ အရပ်သား ထိခိုက်မှု လျှော့ချရေး၊ လူသားစာနာမှုအအကူအညီများ ပံ့ပိုးပေးနိုင်ရေးနှင့် ကောင်စီ၏ ထုတ်ပြန်ချက်အမှတ် (၆/၂၀၂၃) ထုတ်ပြန်နိုင်ရေးတို့ကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။ အစည်းအဝေးကို ICNCC အလှည့်ကျ သဘာပတိများ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အစုအဖွဲ့အသီးသီးမှ ကောင်စီဝင်များ စုစုပေါင်း ၂၃ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။ ထို့အပြင် နိုဝင်ဘာလ ၈ ရက်မှာပင် ICNCC နှင့် NUG အစိုးရအဖွဲ့၊ လူသားစာနာဝန်ကြီးဌာနမှ တာဝန်ရှိသူများက နိုင်ငံအနှံ စစ်ရှိန်မြှင့်နေသော ကာလအတွင်း ချင်းပြည်နယ်မှာ အရပ်သားထိခိုက်မှု လျော့ချရေးနှင့် လူသားစာနာမှု အကူအညီများ ပံ့ပိုးပေးနိုင်ရေးတို့ကို ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်ဟု NUG လူသားစာနာဝန်ကြီးဌာနက ထုတ်ပြန်သည်။ နိုဝင်ဘာလ ၇ ရက် မင်းတပ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို…
