ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ကောင်စီတပ်သားများ၏ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်ရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။ မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက် မြို့ဝင်ဂိတ်အနီးတွင် စစ်ကောင်စီတပ်နှင့် CDF-Mindat တို့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားကာ ရဲတပ်သား ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု CDF-Mindat က ထုတ်ပြန်သည်။ ယင်းထိတွေ့ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် တိုက်ပွဲနှင့်မသက်ဆိုင်သော အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အသက်ဆုံးရှုံးခဲ့သည်ဟု CDF-Mindat က ဆိုသည်။ အထိနာနေသော စစ်ကောင်စီတပ်သားများသည် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်အတွင်းရှိ ပြည်သူပိုင်နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် မီးရှို့ခံထားရသော နေအိမ်အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း CDF-Mindat က သတင်းထုတ်ပြန်သည်။
Author: Editor
ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမပေါ်တွင်ရှိသော မှန်တောကျေးရွာက လင်းမယား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၈ ရက်နေ့ညက သတ်ဖြတ်ခဲ့ပြီးနောက် နေအိမ်နှင့်အတူ မီးရှို့ခံခဲ့ရသည်ဟု သိရသည်။ အသတ်ခံရသည့် လင်မယားမှာ အသက် ၅၂ နှစ်အရွယ် Pu Hram Mang နှင့် အသက် ၃၂ နှစ်အရွယ် ဇနီးဖြစ်သူ မမိုးကလျာတို့ဖြစ်ကြပြီး ဖေဖော်ဝရီလ ၈ ရက်ည ၁၁ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များ ၎င်းတို့နေအိမ်သို့ ဝင်ရောက်ကာ အကြောင်းပြချက်မရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူများထံမှသိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် Pu Hram Mang တို့လင်မယားကို လက်နောက်ပြန်ကြိုးတုတ်ကာ သတ်ဖြတ်ခဲ့ပြီးနောက် နေအိမ်နှင့်အတူ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ Pu Hram Mang ၏ ယောက္ခမ ဦးမောင်ချိူက “ကျွန်တော်က တောထဲမှာနေတာ အဲဒီမှာ သူများအကြောင်းကြားလို့ သိရတယ်၊ သမီးတို့ လင်မယားနှစ်ယောက်စလုံး အသတ်ခံရတာ၊ အိမ်ရော မီးလောင်သွားတော့တာကိုး၊ ကျွန်တော့ကတော့ သမီးကို ဒီလို လူမဆန်မှုလုပ်ရပ်တွေ လုပ်တာ သဘောမကျဘူး၊ အလောင်းကတော့ ရှားဖိုက ခရစ်ယာန်သင်္ချိုင်းမှာ ဂှုသွင်းလိုက်ပြီးပြီ။” ဟု ပြောသည်။ ကလေးမြို့နယ်၊ မှန်တောကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်တပ်ဖွဲ့များ တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိသောကြောင့် ရွာသားအများစုသည် ကလေးမြို့ဘက်နှင့် အခြား ကျေးရွာ၊ လယ်တောများတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်မှာ ၁ နှစ်ကျော်ရှိပြီဟု သိရသည်။ အသတ်ခံရသော Pu Hram Mang တို့လင်မယားတွင် သားသမီး ၂…
ချင်းပြည်နယ် ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတစ်ခုကို CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ မနက်ပိုင်း ၂ နာရီခန့်က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ လက်နက် ၄၀ ကျော်လည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ ချင်းအမျိုးသားတပ်မတော် CNA နှင့် CDF-Thantlang ပူးပေါင်းတပ်ဖွဲ့က ထန်တလန်မြို့ပေါ် ဇုန်မွှန်ရပ်ကွက်က ရဲတပ်ဖွဲ့စခန်းကို ဖေဖော်ဝါရီလ ၈ ရက် ည ၉ နာရီအချိန်တွင် ဝင်စီးကာ မနက် ၂ နာရီခန့်တွင် သိမ်းယူနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “ထန်တလန်မြို့ ရဲစခန်းပေါ့ အဲဒီရဲစခန်းမှာ စစ်ခွေးတွေနဲ့ ရဲတွေပေါင်းနေတယ် အင်အား ၄၀ ခန့်ရှိတယ် အဲဒါကို ကျနော်တို့က ည ၉ နာရီကနေ ဝင်စီးတာ မနက် ၂ နာရီမှာ ကျနော်တို့ နေရာဝင်ယူနိုင်ခဲ့တယ် အဲဒီမှာ လက်နက် ၄၀ ကျော်ရတယ် သူတို့ဘက်က ၄ ယောက်တော့ အလောင်းတွေကောက်ရတယ် ကျန်တဲ့ဟာတွေကတော့ ထွက်ပြေးတယ် အခု တောထဲမှာ ကျနော်တို့ လိုက်ရှာနေတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ စခန်းသိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က လက်နက် ၄၀ ကျော်၊ ဗုံးနှင့် ဒုန်းပစ်ချသည့် လက်နက်များ သိမ်းဆည်းခဲ့သည်။ ယင်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CNA ဒု-ဗိုလ် Aa Thang ကျဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။…
ချင်းပြည်နယ် မတူပီမြို့နယ် ဇိုတုန်နယ်မြေဒေသတွင် ယနေ့ နေ့ခင်းပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ စစ်ကောင်စီဘက်က အများအပြားကျဆုံးနိုင်ပြီး မောင်းပြန်သေနတ် ၂ လက်လည်း သိမ်းဆည်းရမိသည်ဟု CDF-Zotung က သတင်းထုတ်ပြန်သည်။ ယနေ့ဖေဖော်ဝါရီလ ၈ ရက် နေ့လည် ၁၂ နာရီမှ ၂ နာရီအထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသော CDF-Zotung၊ CNA ၊ CDF-Matupi ၊ CDF-Senthang ၊ CDF- lautu ၊ CDF-Zophei တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ချင်းကာကွယ်ရေးဘက် အထိအခိုက်မရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ရေဇွာမြို့နှင့် မိုင် ၂၀ အကွာရှိ ဇိုတုန်ရွာတစ်ရွာတွင် ညအိပ်တပ်စွဲခဲ့ကြသည်ဟု CDF-Zotung က ဆိုသည်။ “သူတို့နေတဲ့နေရာက ရွာနဲ့မိုင် ၂၀ လောက်ဝေးတဲ့နေရာမှာပဲဆိုတော့ ပိုးပြီးတော့ တိုက်ပွဲဖြစ်လာနိုင်ခြေရှိတယ်” ဟု CDF-Zotung ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဒေနီက ပြောသည်။ ထို့ကြောင့် ဇိုတုန်ဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိပြီး အများပြည်သူများအနေဖြင့် ရေဇွာ-မတူပီကြား ခရီးသွားလာခြင်းမပြုရန် CDF-Zotung က အသိပေးထားသည်။ ဇိုတုန်နယ်တွင် လွန်ခဲ့သော ဖေဖော်ဝါရီ ၅ ရက်နေ့မှစတင်ပြီး စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်လာခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးမှုရှိခဲ့ပြီး၊ CDF-Zotung ဘက်မှ တပ်ရင်းမူးအပါဝင် ၂ ဦးကျဆုံးကာ စစ်ကောင်စီက အရပ်သားပြည်သူ ၈ ဦးကိုလည်း လူသားဒိုင်ကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။
ကလေးမြို့နယ်တောင်ပိုင်းဒေသမှ ဂန့်ဂေါမြို့ဘက်သို့ တပ်ချိန်းရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-KKG တပ်ဖွဲ့တို့ ဖေဖော်ဝါရီလ ၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စကစ ဘက်က အရာရှိတစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိနိုင်သည်ဟု CDF-KKG က ယနေ့ထုတ်ပြန်သည်။ ကလေးမြို့တောင်ပိုင်းဒေသ စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသော ရန်ကြီးအောင်စခန်းနှင့် မြောက်စည်းရဲစခန်းတို့မှ စကစနှင့် ပျူစောထီး အင်အား ၂၀ ခန့်တို့သည် တပ်ချိန်းရန်အတွက် ဂန့်ဂေါမြို့ဘက်သို့ ဖေဖော်ဝါရီလ ၆ ရက်နေ့မနက်ပိုင်းက စစ်ကြောင်းထိုးလာရာ ချင်းကင်းရွာအနီးမှာ CDF-KKG တပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ အဆိုပါပစ်ခတ်မှုတွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ပျူရွာများမှ စကစနှင့် ပျူစောထီးအင်အား ၁၀၀ ကျော်က ကမ္ဘာနီတံတားဘက်မှတဆင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ကူကာ CDF-KKG တပ်ဖွဲ့ကို နှစ်ဖက်ညှပ်တိုက်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော်လည်း ယင်းတိုက်ပွဲတွင် CDF-KKG ဘက်က တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ပဲ စစ်ကောင်စီဘက်က အရာရှိတစ်ဦး သေဆုံးခဲ့သည့်အပြင် အများအပြား ဒဏ်ရာရရှိနိုင်သည်ဟု CDF-KKG က ဆိုသည်။ သေဆုံးသွားသော စကစ ဘက်က အရာရှိမှာ မြောက်စည်းရဲစခန်းမှူး နှစ်ပွင့်ဗိုလ် ဟန်ထက်ဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသော်လည်း သီခြားအတည်ပြုနိုင်ခြင်းမရှိကြောင်း CDF-KKG က ဆိုသည်။ တိုက်ပွဲအတွင်း အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့တပ်စွဲရာစခန်းများသို့ ပြန်လည်ဆုတ်ခွါသွားကြသည်ဟု သိရသည်။ ကလေးမြို့နယ်တောင်ပိုင်းနှင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတို့သည် ပြည်ထောင်စုလမ်းမကြီးအတိုင်း နယ်နိမိတ်ချင်းထိစပ်နေပြီး မြို့နယ်ချင်းစပ်ရှိ ကျေးရွာအမြောက်အများတွင် စစ်ကောင်စီတပ်များ တပ်စွဲထားကြကာ ဒေသခံပြည်သူများအား စစ်သင်တန်းများပေးခြင်း၊ လက်နက်များတပ်ဆင်ပေးခြင်းတို့ကြောင့် စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးများ အင်အားများလာနေကြောင်းသိရသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက်ပိုမစုရနှင့် ည ၆ နာရီမှ မနက် ၆ နာရီအထိ အပြင်မထွက်ရအမိန့်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့စွဲဖြင့်ထုတ်ပြန်လိုက်သော တိုင်းမှူး၏ အမိန့်ထုတ်ပြန်ချက်တွင် စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များတွင် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် မည်သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း လုံခြုံရေးတာဝန်ရှိသူမှအပ လမ်းများပေါ်တွင် သွားလာခြင်းမပြုရန်၊ နံနက် ၆ နာရီမှ ည ၆ နာရီအတွင်း လူ ၅ ဦးနှင့် လူ ၅ ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း ရုန်းရင်းဆန်ခတ်မှုပြုခြင်း၊ တုတ်၊ ဓား၊ လက်နက်နှင့် မီးလောင်စေတတ်သောအရာများ ကိုင်ဆောင်ခြင်းမပြုရဟု ဖော်ပြထားသည်။ ထို့အပြင် မည်သူမျှ လမ်းများပေါ်တွင် အတားအဆီးများ ပြုလုပ်ပိတ်ဆို့ခြင်းနှင့် လူစု၊ လူဝေးဖြင့် ပိတ်ဆို့ခြင်းများမပြုလုပ်ရန်နှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများကို မည်သည့်နည်းနှင့်မျှ နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်းမပြုလုပ်ရဟု တိုင်းမှူး၏ အမိန့်တွင် ပါရှိသည်။ ယင်းအမိန့်ထုတ်ပြန်ချက်ကို မလိုက်နာသူများအား လုံခြုံရေးတာဝန်ထမ်းဆောင်သူတို့က အင်အားသုံးဖမ်းဆီး၍ တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ပြီး နောက်ထပ် အမိန့်တစ်စုံတစ်ရာမရမချင်း ဤအမိန့်သည် အတည်ဖြစ်သည်ဟု ပါရှိသည်။ စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်မြောက်နေ့တွင် နောက်ထပ် ၆ လ…
ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်၊ ဒါးရ်ခိုင်ကျေးရွာဟောင်းတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက် ည ၁၀ နာရီအချိန်က ထင်းမီးဖိုမှတဆင့် မီးလောင်မှုဖြစ်ပွားကာ Full Gospel ဘုရားကျောင်းတစ်ကျောင်း၊ (EBC) ဧဝံဂလီနှစ်ခြင်းအသင်းတော်၏ မှုကြိုကျောင်းနှင့် လူနေအိမ် ၅ လုံးမီးလောင် ပြာကျသွားသည်ဟု သိရသည်။ ဒါးရ်ခိုင်ရွာဟောင်းဒေသခံတစ်ဦးက “မီးစလောင်တာက ရိုးရိုးမီးကနေ အိမ်ရှင်က မီးကိုနည်းနည်း သတိမထားမိတာ ဖြစ်မယ်အဲ့ကနေပဲစလောင်သွားတာ အိမ်ကဘေးကအိမ်တွေနဲ့ကပ်နေတာဆိုတော့ မီးလောင်တာ သိပေမယ့် အိမ်တွေကကပ်နေတာဆိုတော့ကျွန်တော်တို့ ရေက အချိန်မှီမပို့နိုင်လို့ မတားနိုင်ဘူး၊ လူနေအိမ် ၅ အိမ်စလုံးက အားလုံးပျက်စီးတယ်။ လူတွေကတော့ ထိခိုက်မှုမရှိဘူး။” ဟု ပြောသည်။ အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုဝင်အတွက် ဒါးရ်ခိုင်ရွာမှ ZYA လူငယ်အသင်းနှင့် ကျေးရွာဒေသခံများက ယာယီတဲများထိုးပေးသည့်အပြင် လိုအပ်သည့် အိမ်သုံးဆောင်ပစ္စည်းများ ထောက်ပံ့ကူညီပေးမှုများရှိသည်ဟု သိရသည်။ ဒါးရ်ခိုင်ကျေးရွာဟောင်းသည် တွန်းဇန်မြို့နှင့် မိုင် ၅၀ ခန့်ကွာဝေးသည်ဟု သိရပြီး လူဦးရေ ၁၇၀ ခန့်ရှိသည်။
စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ဟာ နိုင်ငံရေးပါတီအများစု ပျက်ပြယ်သွားနိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီဥက္ကဌက ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲကျင်းပခြင်းဟာ ဒီမိုကရေစီကျင့်စဉ်ဖြစ်ပြီး သို့သော်လည်း ယခုကဲ့သို့ တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်မှာ စစ်ကောင်စီကပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေသစ်ဟာ ပါတီအများစု ပျက်ပြယ်သွားနိုင်မယ့် အနေအထားမှာရှိနေတာလို့ CNLD ပါတီဥက္ကဌ ဦးငိုင်ဆာခ်က ခိုနူမ်းသုန်သတင်းဌာနကို ပြောပါတယ်။ “အမှန်တိုင်းပြောရရင် ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ဟာက ဒီမိုကရေစီရဲ့ကျင့်စဉ်၊ ပါတီအားလုံးလည်း ယှဉ်ပြိုင်နိုင်ခွင့်ကို ဒီအခြေအနေမှာဖန်တီးပေးရမယ် ဒါဟာ နိုင်ငံရေးနည်းလမ်းကိုအားပေးတာ၊ ဆိုတော့ ပါတီတွေကို ကန့်သတ်လိုက်တာက ပုံမှန်အနေအထားမဟုတ်တဲ့အတွက်ကြောင့် ပါတီတွေအနေနဲ့ အကုန်အများစုက ပျက်ပြယ်သွားနိုင်တယ်၊ ပျက်ပြယ်သွားပြီဆိုရင် ရွေးကောက်ပွဲလုပ်ချင်ပါတယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း အလိုအလျောက်ကန့်သတ်ပြီးတော့ ဘောင်ကျဉ်း စေတာရောက်တယ်” လို့ ဦးငိုင်ဆာခ်ကပြောပါတယ်။ စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယခင်စစ်အစိုးရလက်ထက်တုန်းက ပြဌာန်းထားတဲ့ဥပဒေတွေထက် ကန့်သတ်ချက်တွေပိုများတယ်ဆိုပြီး ဝေဖန်ခံနေရတာလည် းဖြစ်ပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ထိုးထုတ်ပြန်လိုက်တဲ့ ယခုဥပဒေအသစ်မှာတော့ တစ်နိုင်ငံလုံးမှာဝင်ပြိုင်မယ့် ပါတီတွေဟာ ပါတီဝင် တစ်သိန်းအထိ စည်းရုံးရမယ့်အပြင် ပါတီရန်ပုံငွေအဖြစ် ကျပ်သိန်းတစ်ထောင် ဘဏ်စာရင်း ဖွင့်ထားရမှာဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တစ်ခုခုမှာ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကတော့ ပါတီဝင်အရေအတွက် ၁,၀၀၀ နဲ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ ရှိထားဖို့လိုအပ်ကြောင်း ဥပဒေသစ်မှာ ဖော်ပြထားပါတယ်။ “ပြည်ထောင်စုအဆင့်ဆိုရင် ဒါပါတီဝင် တစ်သိန်း ပေါ့၊ ပြည်နယ်ဆိုရင် တစ်ထောင်စသဖြင့် ဒါတွေသတ်မှတ်လိုက်တာဟာ ပုံမှန်တိုင်းပြည်ကောင်းနေတဲ့အချိန်၊ ပုံမှန်အချိန်တွေမှာတော့ ပြဿနာမရှိဘူး၊…
ချင်းပြည်နယ် မတူပီမြိုနယ် ဇိုတုန်နယ်မြေတွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူ ၁၀ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်အဖြစ် ခေါ်ယူအသုံးပြုနေကြောင်း CDF-Zotung တာဝန်ရှိသူတစ်ဦးက ပြောသည်။ မတူပီမြို့နယ် ဇိုတုန်နယ်မြေ တိန်ဆီးရွာနှင့် ထော်လန်ရွာကြားတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Zotung တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ဒေသခံပြည်သူ ၁၀ ဦးကို လူသားဒိုင်းကာအဖြစ် ခေါ်ယူအသုံးပြုခဲ့ခြင်းဖြစ်သည်။ လူသားဒိုင်းကာအဖြစ် ခေါ်ယူအသုံးပြုခံရသူ ပြည်သူ ၁၀ ဦးထဲတွင် အသက် ၁၈ နှစ်အောက်မိန်းကလေး ၂ ဦးလည်းပါဝင်ကာ ၎င်းတို့ထဲမှ ၂ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၈ ဦးကိုကတော့ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း CDF-Zotung က ဆိုသည်။ CDF-Zotung ပြောရေးဆိုခွင့်ရှိသူ ကိုဂျွန်က “ပုံမှန်စဉ်စားကြည့်မယ်ဆိုရင် လက်နက်မကိုင်တဲ့ သာမန်အရပ်သားပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွား တယ်ဆိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် လက်နက်ကိုင်အချင်းချင်း ဘာမှလုပ်လို့မရတဲ့အခါမှာ အပြစ်မဲ့ပြည်သူတွေကို ဓားစာခံ အနေနဲ့ခေါ်ဆောင်တယ်ဆိုတာကတော့ သူရဲဘောကြောင်တဲ့လုပ်ရပ်ပဲ” ဟု ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့သည် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း CDF-Zotung တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် ၂၄ နှစ်အရွယ် ဆလိုင်းဟာကာလျန်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ဇိုတုန်နယ်မြေထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာနေပြီး ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ရေးတင်းမာလျှက်ရှိသည်။
ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် ဆည်မြောင်းရုံးနှင့် သစ်တောရုံးကြား ယနေ့မနက် ၁၁ နာရီအချိန်တွင် ဗုံးတလုံးပေါက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကလေးမြို့ခံတစ်ဦးက “မနက်ကတည်းက အဲ့အနားမွာ စစ်သားတွေရှိတယ်။ ပြီးတော့ ၁၁ နာရီလောက်မှာ ဗုံးလည်းပေါက်တယ် အမျိုးသမီးတယောက်လည်း ထိသွားတယ်၊ ဗုံးဆမှန်လို့ ခြေထောက်နဲ့ ရင်ဘတ် ဒဏ်ရာရတယ်။ အဝေးကနေမြင်တော့ စိုးရိမ်စရာဖြစ်လားဆိုတာ မသိနိုင်ဘူး။ အခု ဆည်မြောင်းရုံးလမ်းက ကားဘီးနဲ့ လမ်းပိတ်ထားတယ်” ဟု ပြောသည်။ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် ဆည်မြောင်းရုံးနှင့် သစ်တောရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြိုတင်အသင့်ထောင်ထားသည့် မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ကလေးမြို့၊ မြို့ပြစီမံချက် UG အဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ဖောက်ခွဲမှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့သည့်အပြင် ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၈ နာရီအချိန်တွင်လည်း ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် ဆည်မြောင်းရုံးနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးမှုးရုံးရှေ့တွင် ရပ်ထားသည့် စက်ကြီးတစ်စီး မီးရှို့ဖ်က္ဆီးခံရသည်။ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် ဆည်မြောင်းရုံးနှင့် သစ်တောရုံးအနီးအနားတို့တွင် ယခုရက်ပိုင်း မကြာခဏ ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများရှိသည့်အပြင် ယနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားများက ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်နေသည်။