Author: Editor

(06SV) မကွေးတောင်ပိုင်း မင်းဘူး- အမ်းလမ်းမကြီးပေါ်ရှိ၊ ငဖဲမြို့နယ်၊ မြေလတ်ကျေးရွာအနီး ဓါတ်ငွေ့ပိုက်လိုင်းထိန်းချုပ်သော နေရာတစ်ခုကို စောင့်ကြပ်နေသည့် စစ်ကောင်စီစခန်းတစ်ခုကို ချင်းကာကွယ်ရေးတပ်- အရှို (CDF- Asho) က စီးနင်းတိုက်ခိုက်ရာ စခန်းအရာရှိ အရာခံဗိုလ် (၁) ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။  ဩဂုတ် ၂၀ ရက် မနက် ၅ နာရီခွဲတွင် မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်သော မင်းဘူး – အမ်းလမ်းမပေါ်ရှိ ဓါတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်သော နေရာတစ်ခုကို စောင့်ကြည့်နေသည့် စစ်စခန်းကို စောင့်ကြည့် ထောက်လှမ်းပြီး ရန်သူလက်နက်များ ရရှိရန် စစ်စခန်းအတွင်းရှိ စခန်းအရာရှိ အိပ်ဆောင်အထိ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုမှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။ “တိုက်ပွဲလုပ်ဖို့ ကျနော်တို့ ထောက်လှမ်းရတယ်။ စခန်းအနီးအထိ သွားပြီးတော့ လူအင်အား၊ လက်နက်အင်အား ဘယ်လိုရှိလဲ ကိုယ်တိုင်လေ့လာရတယ်။ တပ်သားအင်အားလည်း နည်းတဲ့အတွက် လက်နက်ရရေးဆိုတဲ့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်တိုက်ခိုက်တာပါ။ အဲဒီအချိန်မှာ စခန်းဝင်းအတွင်းပဲ မဟုတ်ပဲနဲ့ အခုသေဆုံးသွားတဲ့ အရာရှိအိပ်ခဲ့တဲ့ အဆောင်ထိ ဝင်ရောက်ပြီးတော့ ပစ်ခတ်တိုက်ခိုက်ရတဲ့ ပုံစံမျိုးပါ” ဟု သူက ပြောသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စခန်းအရာရှိ အရာခံဗိုလ် (၁) ဦး ပွဲချင်းပြီးသေဆုံးကာ အခြားအဆင့် (၁) ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိ၍ ဆေးရုံးအရောက် ယမန်နေ့ ညပိုင်းက ထပ်မံသေဆုံးပြီး အခြားဒဏ်ရာရရှိသူများလည်းရှိသည်ဟု…

Read More

(03PT) ပလက်ဝမြို့တွင် ရေကြီးမြေပြိုမှုကြောင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အဦးများ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေး သည့်အတွက် သဘာ၀ဘေးဒဏ်ခံပြည်သူများသည် နီးစပ်ရာ ဆွေမျိုးအိမ်များတွင် ခိုလုံနေကြရဆဲဟု ပလက်ဝခရစ်ယာန် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (PCSRRC) အဖွဲ့ ဥက္ကဌ ဆရာ မှိန်းထန်းလျန်နာက ပြောသည်။  “အခု ကိုယ့်အိမ်မှာ နေလို့မရတော့တဲ့အဆုံး အိမ်နားက အမျိုးတွေအိမ်မှာ၊ နောက်သူချင်းတွေအိမ်မှာ ခိုကပ်တဲ့သူတွေ၊ မိသားစုတွေရှိတယ်။ နောက် တစ်ချို့က မိမိနဲ့ သက်ဆိုင်တဲ့ အသင်းတော်အိမ်မှာ၊ ဘုရားကျောင်းတွေမှာ၊ တစ်ချို့က ဘုန်း ကြီးကျောင်းတွေမှာလည်း အဲ့လိုမျိုး ခိုကပ်တဲ့သူတွေရှိပါတယ်။ ဒီလိုပဲ အဆင်ပြေသလိုပဲ နေကြတယ်။ စားဝတ်နေရေး အဆင်မပြေတဲ့ကြားထဲ သူတို့ အဲ့လိုမျိုးနေရတော့ ကြည့်ရတာကတော့ တကယ်သနားစရာကောင်းပါတယ်” ဟု ဆရာ မှိန်းထန်းလျန်နာကပြောသည်။ ပလက်ဝမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့ကစပြီး သြဂုတ်လ ၇ ရက်နေ့အထိ တစ်ပတ်ကျော်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုဖြစ်ပွားရာမှာ နေအိမ်များ ရေမြုပ်မှု၊ မြေထိန်းနံရံပြိုကျမှုနှင့် နေအိမ်ပြိုကျမှုများ ဖြစ်ပွား ကာ လူနေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးမှုရှိခဲ့ခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုမှာ ငွေသားပမာဏအားဖြင့် ကျပ်သိန်း ၈၀၀ ကျော်ခန့်တန်ဖိုးရှိကြောင်း PCSRRC ကပြောသည်။ ထိခိုက်ပျက်စီးသွားသည့် လူနေအိမ်အဆောက်အဦးများကို ပြန်လည်ပြုပြင်နိုင်ရန်အတွက် လိုအပ်သည့် သစ်သား၊ ဝါး၊ တာလပတ် စသည့် အိမ်ဆောက်အသုံးကူ ပစ္စည်းလိုအပ်မှုများ ဝယ်ယူရန်အတွက် ငွေကြေးအခက်ခဲရှိနေသည်ဟုလည်း ဆရာ မှိန်းထန်းလျန်နာက ပြောသည်။ ပလက်ဝမြို့သည် ချင်းပြည်နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုအများဆုံးကြုံရသည့်…

Read More

(04SS) ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် ယမန်နေ့ ညကြီးသန်ခေါင်ယံအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ပြီး မြို့မရပ်ကွက်ရှိ ပြည်သူနေအိမ်အချို့ ကျည်ထိမှန်ကာ ပျက်စီးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်မှ စတင်ကာ ယနေ့ နံနက် ၂ နာရီဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်မှုရှိခဲ့ပြီး လက်နက်ငယ်များလည်း ဆက်တိုက်ပစ်ခတ်ခြင်းဟု သိရသည်။ “မနေ့ညက လက်နက်ကြီး လက်နက်ငယ်တွေ ဆက်တိုက် ပစ်ခတ်သံကြားရတယ်၊ ကျွန်တော်သိရ သလောက်ကတော့ နေအိမ် ၄,၅ အိမ်ထိမှန်တယ်။ အခုထိတော့ လူတွေ ထိခိုက်တာမကြားရဘူး။ အိမ်တွေကတော့ သွပ်တွေ၊ ပြတင်းပေါက်မှန်တွေရော ပြီးတော့ ရေသိုလှောင်တဲ့တိုင်ကီတွေရော အိုးခွက်တွေတောင် သေနတ်မှန်တာရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ မြို့မရပ်ကွက်ရှိ CMBC ဘုရားကျောင်းဝန်းထဲတွင်လည်း မပေါက်ကွဲသေးသော လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့ကြောင်းလည်း သိရသည်။ ထိုသို့ တီးတိန်မြို့ပေါ်တွင် ညကြီးသန်ခေါင် လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်သံ ဆက်တိုက်ကြားနေရသည့် အကြောင်းရင်းကိုတော့ မသိရသေးကြောင်း ဒေသခံ‌များ ပြောဆိုနေကြသည်။ ဩဂုတ်လ ၁၆ ရက်နေ့တွင် တီးတိန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်ထွေအုပ်ပိုင် Double Cap ကားတစ်စီးအားရပ်ထားစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုမှ မောင်းထွက်သွားခဲ့ကြောင်း သိရသည်။ “တီးတိန်မြို့ ဆောက်လုပ်ရေးရိပ်သာမှာ ကားတွေထားထားတာပေါ့ အဲမှာ အစောင့်တွေလည်းရှိတယ် အဲနေ့ကဘုန်းကြီးကျောင်းသွားကြတာပေါ့နော် အဲချိန် ကားကို အေးဆေး‌ေမာင်းသွားကြတာ၊ အဲဒီကလူတွေကလည်း နောက်ကနေ…

Read More

(06SV) မကွေးတိုင်းတောင်ပိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ စခန်းတချို့နှင့် စိုက်ခင်းများ မိုးကြီး ရေလျှံမှုများကြောင့် ပျက်စီးသွားသည်ဟု သိရသည်။  ဩဂုတ်လအတွင်း မကွေးတိုင်းမှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်း၍ ရေကြီးမှုများကြောင့် အရှိုချင်းပြည်သူကာ ကွယ်ရေးတပ်ဖွဲ့၏ မဟာမိတ်ဆက်ဆံရေးစခန်းမှ ရုံးအဆောင်တစ်လုံး၊ အိမ်သာတစ်လုံး၊ စာဖိုဆောင် တစ်လုံး၊ ကြက်ခြံတစ်ခု ပျက်စီးသွားသည်ဟု အရှိချင်းကာကွယ်ရေးတပ်မှ ပြန်ကြားရေးမှူး ဆလိုင်ခနီးလေဗွေက ပြောသည်။ ထို့အပြင် နောက်တန်းစခန်းတွင် ရဲဘော်တပ်စိတ် နှစ်ဆောင်၊ စားဖိုဆောင် တစ်ဆောင် ပျက်စီးမှုရှိပြီး တပ်စိတ် (၄) စိတ်ကို ဖူလုံးစေသည့် ဖရုံ၊ သခွား၊ ဗူး၊ ခရမ်းသီး စသဖြင့် စိုက်ပျိုးထားသော တစ်ဧကခန့်ရှိသော စိုက်ခင်းများလည်း အားလုံး ပျက်စီးသွားသည်။ “ခက်ခဲတယ်ဆိုပေမဲ့ ပြည်သူတွေကို အကူအညီတောင်းတာ မဟုတ်ပဲနဲ့ ကျနော်တို့ အောင်မြင်တဲ့အချိန်မှာ မျှဝေတယ်။ ဒုက္ခရောက်တဲ့ အချိန်မှာလည်း မျှဝေတဲ့ သဘောပေါ့။ ဒီလိုသဘာဝ ဘေးအန္တရာယ်ကို ကြုံရတဲ့အခါမှာ စိတ်ပျက်မသွားဘူး။ ကျနော်တို့ ကြံကြံခံပြီးတော့ ဒီအခက်အခဲကို ရင်ဆိုင်နိုင်တယ်ပေါ့။ ဒါကို ပြည်သူကို မက်ဆေ့ပေးချင်တယ်။ စိတ်မပျက်ကြဖို့ပေါ့” ဟု ဆလိုင်ခနီးလေဗွေက ပြောသည်။ အရေးကြီးသော စာရွက်စာတမ်းများနှင့် ရဲဘော်ရဲမေများကို ဘေးလွတ်ရာကို ရွေ့ပြောင်းနိုင်ခဲ့ပြီး ပျက်စီးသွားသော အဆောင်အဦးများကို ရဲဘော်၊ ရဲမေများ ပြန်လည်ပြင်ဆင်နေကြသည်။ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) သည် ဧရာဝတီမြစ်အနောက်ခြမ်း၊ မကွေးတောင်ပိုင်းတွင် စစ်အာဏာရှိကို တော်လှန်နေသာ ချင်းတပ်ဖွဲ့တစ်ခုဖြစ်သည်။

Read More

(06SV) စစ်အာဏာရှင်တော်လှန်ရေး အားကောင်းသော ချင်းပြည်နယ်တွင် တော်လှန်ရေးကာလ ၂ နှစ်ခွဲကျော်လာချိန်မှာ ငှက်ဖျားရော ဂါဖြစ်ပွားမှု ယမန်နှစ်ထက် အခုနှစ်မှာနှစ်ဆနီးပါး မြင့်တက်လာနေပြီ Malaria Outbreak နီးပါးအထိ ဖြစ်လာ နေသည်ဟု ကျန်းမာ ရေးဆောင်ရွက်နေသူများက ပြောသည်။ အဓိက မြို့နယ် ၆ ခုတွင် ငှက်ဖျားရောဂါများ အများ ဆုံးဖြစ်ပွားနေပြီး ယမန်နှစ်က ငှက်ဖျားမရှိသော ဖလမ်းမြို့နယ်တွင် ငှက်ဖျားဖြစ်ပွားလာကာ တီးတိန်နှင့် တွန်းဇံ မြို့နယ်တို့မှာ လည်း ငှက်ဖျား ပိုးလူနာတွေ ခပ်စိတ်စိတ် တွေ့လာနေရသည်ဟုဆိုသည်။ ချင်းပြည်နယ်က ငှက်ဖျားရောဂါဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်၍ ချင်းပြည်နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် အဖွဲ့အစည်းကြီးတစ်ခုမှ အတွင်းရေးမှူးနှင့် အင်တာဗျူးထားမှုကို ဖော်ပြလိုက်ပါသည်။ (မှတ်ချက်။ ။ လုံခြုံရေးအခြေအနေကြောင့် ဖြေကြားသူနာမည်နှင့် အဖွဲ့အစည်းကိုနာမည် ဖော်ပြနိုင်ခြင်းမရှိပေ။)  မေး – ချင်းပြည်နယ်မှာ ငှက်ဖျားရောဂါတွေ အဖြစ်များနေတယ်လို့ သိရပါတယ်။ ငှက်ဖျား ဖြစ်ပွားမှုက ဘယ်လို အခြေအနေ ရှိနေပါသလဲ။  ဖြေ – ချင်းပြည်နယ်မှာငှက်ဖျားက တော်တော်လေးကို စိုးရိမ်ရတဲ့အဆင့်အထိကို မြင့်တက်လာနေတယ်။ ဒီတစ်နှစ်၊ ၂ နှစ် အတွင်း မှာလေ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အစကတော့ ပလက်ဝတို့၊ ကန်ပက်လက်တို့၊ မင်းတပ်တို့၊ ထန်တလန်တို့ ဒီနေရာတွေ ကနေ ငှက်ဖျားရောဂါဖြစ်တဲ့ အစီရင်ခံစာတွေ ခပ်စိတ်စိတ်ရတယ်။ အဲဒါရပြီးတော့ ဒီနှစ်ထဲမှာဆိုရင် မနှစ်ကထက်ကို နှစ်ဆ လော က် ပိုများလာတယ်။ အခုချိန်ထိဆိုရင် မနှစ်ကနေ ဒီနှစ်ဧပြီလအထိ…

Read More

(03PT) ချင်းပြည်နယ် ထန်တလန်မြို့တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက Tilim Operation 02 စစ်ဆင်ရေး ရက်ပေါင်း ၃၇ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ အများပြားဒဏ်ရာရှိခဲ့ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်မှ ၄ ဦး ကျဆုံးခဲ့သည်ဟု CDF-Thangtlang က ထုန်ပြန်သည်။ ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ ခြေကုပ်နေရာယူ စခန်းချထားသည့် နေရာများကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် Chin National Army၊ Chinland Defense Force-Thantlang၊ နှင့် Chinland Defense Force-Zophei တို့က လွန်ခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ကစ၍ Tilim Operation 02 အမည်ပေး စစ်ဆင်ရေးကို စတင်ဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ယင်း Tilim Operation 02 စစ်ဆင်ရေးဖော်‌ဆောင်နေချိန် ဇူလိုင်လ ၁၂ ရက်နေ့တွင် ထန်တလန်မြို့ ခလရ-၂၆၉ တပ်ရင်းမှ စစ်ကောင်စီတပ်သား တစ်ဦးမှာ လက်နက်အပြည်အစုံဖြင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံ ပူးပေါင်းအလင်းဝင်ခဲ့ကြောင်း သိရသည်။ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က Tilim Operation 02 စစ်ဆင်ရေးအနေဖြင့် သြဂုတ်လ ၁၄ ရက်နေ့ မနက် ၅ နာရီအချိန်ကစတင်ကာ ထန်တလန်မြို့ပေါ်အခြေစိုက် အင်အား ၁၆၀ ခန့်ရှိ စစ်ကောင်စီတပ်ရင်း ခလရ-၂၆၉ အပါဝင်၊ ထန်တလန်မြို့နှင့် ဟားခါးမြို့ကြားရှိ Auto တောင်ကြော၊ TBC, TABC စသည့်နေရာများတွင် တိုက်ပွဲများဖော်ဆောင်ခဲ့ကြသည်။ ၃၇ ရက်ကြာ ယင်း Tilim Operation 02…

Read More

(04SS) ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က မြို့တွင်း လမ်းသွားလမ်းလာယာဉ်များအား လိုင်စင်စစ်ဆေးမှု တင်းကြပ်လာကာ ဆိုင်ကယ်များ သိမ်းဆည်းခြင်း၊ ငွေကြေးများ အဆမတန်ကောက်ခံနေသည်ဟု သိရသည်။ “အခု ဆိုင်ကယ်‌တွကို စစ်တယ်၊ လိုင်စင်သက်တမ်းကုန်ဆုံးတာတွေရော စစ်‌တယ်ပေါ့နော်၊ လိုင်စင်သက်တမ်းတိုးဖို့လိုတယ်၊ မတိုးထားရင် ဆိုင်ကယ်သိမ်းတယ် ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတယ်၊ ပိုက်ဆံကို အဆမတန်‌ေတာင်းတယ်လေ၊ ပြီးတော့ ပိုကောင်းတဲ့ဆိုင်ကယ်ဆို ပိုက်ဆံပိုတောင်းတယ်လို့ပြောတယ် အဲလိုမျိုးပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့၀င်များသည် လူစည်ကားသည့် လမ်းစုံလမ်းခွများတွင် အင်အားအများအပြားဖြင့် နေရာယူကာ စစ်ဆေးမှုများပြုလုပ်ပြီး လိုင်စင်သက်တန်းကုန်ဆုံးသူများ၊ ဦးထုပ်မဆောင်းသူများအား အနည်းဆုံး မြန်မာကျပ်ငွေ ၃၀,၀၀၀ မှ ၇၀၀,၀၀၀ အထိ အဆမတန် ကောက်ခံနေသည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။ ထို့ကြောင့် ဟားခါးမြို့ရှိ ဒေသခံပြည်သူများသည် လိုင်စင်သက်တမ်းတိုးရန် ရုံးဖွင့်ရက်တိုင်း အယောက် ၃၀ မှ ၅၀ ဝန်းကျင်ရှိပြီး ကြိတ်ကြိတ်တိုးတန်းစီလျက်‌ေစာင့်ဆိုင်းလေ့ရှိကြောင်း ကညနရုံးဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ လက်ရှိ ဟားခါးမြို့ကညနရုံးတွင် ရှိပြီးသားလိုင်စင်များသာ သက်တမ်းတိုးခွင့်ပြုထားကြောင်း သိရသည်။

Read More

(06SV) မကွေးတိုင်းတောင်ပိုင်းရှိ တောင်ပေါ် ကျေးရွာနေ ပြည်သူလူထုကို အရှိုချင်းကာကွယ်ရေးတပ်နှင့် ပြည်သူ့လွတ်လပ် ရေးတပ်မတော်တို့မှ ရဲဘော်များက ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည်ဟု သိရသည်။ အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် ပြည်သူ့လွတ်လပ်ရေးတပ်မတော် (PIA) တို့က မကွေးတောင်ပိုင်းရှိ ကျေးရွာနေ ပြည်သူများကို တပ်ရင်းများရှိ ဆေးဝါးများနှင့် အခမဲ့ကုသပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်နေသည်ဟု အရှိချင်းကာကွယ်ရေးတပ်မှ ပြန်ကြားရေးမှူး ဆလိုင်ခနီးလေဗွေက ပြောသည်။ “စတင်ကုသပေးနေတာက ဂျူလိုင်လကတည်းကပါ။ ငှက်ဖျားရောဂါတွေ အဖြစ်များနေတာလည်း တွေ့ရတယ်။ လောလောဆယ် ငှက်ဖျားဆေး မရှိဘူး။ ငှက်ဖျားဖြစ်နေတဲ့ လူတွေအတွက် အခက်အခဲဖြစ်နေတယ်။ အဓိကက ဆေးဝါးတွေ လိုအပ်နေပါတယ်။ ကျနော်တို့ ပြည်သူတွေကို အတတ်နိုင်ဆုံး ဆက်လက်ကူညီသွားဖို့ ရှိတယ်။ ပြည်သူတွေကလည်း ကျနော်တို့ကို ပါဝင်အားဖြည့်ပေးကြပါဦး” ဟု သူက ပြောသည်။ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုနှင့် ထိခိုက်မှု များစွာရှိနေသော ယင်းဒေသက ကျေးရွာနေ ပြည်သူများမှာ ဆေးဝါးနှင့် ဆေးကုသရန် အလွန်ပင်ခက်ခဲနေကြောင်း၊ ယခု ဩဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျံမှုများကြောင့် ပြည်သူများမှာ ပိုမိုအခက်အခဲကြုံတွေ့နေရပြီး အရေးပါ်အကူအညီများ လိုအပ်နေသည်။ ပူးပေါင်းတပ်ဖွဲ့သည် မကွေးတောင်ပိုင်းက ကျေးရွာ ၅ ရွာမှ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးထားပြီး တခြားကျေးရွာများကိုလည်း ဆက်လက်ပေးရန်ရှိသည်။ ယင်းဒေသတွင် ငှက်ဖျား၊ တုပ်ကွေး၊ ယားနာတွေကို အများဆုံး ကုသပေးခဲ့ရသည်။ ယင်းဒေသက ကလေးများသည် သံမချရသေးသော ကလေး အများအပြားကို တွေ့ရှိရသည့်အတွက် သံချရန် ဆေးဝါးများလည်း လိုအပ်နေသည်။ စစ်ကောင်စီတပ်၏…

Read More

(06SV) ချင်းပြည်နယ်၏ မြို့ပေါ် အခြေစိုက်သော စစ်ကောင်စီတပ်ရင်းများကို ချင်းကာကွယ်ရေးပူးပေါင်းတပ်များက မကြာခဏ စီးနင်းတိုက်ခိုက်မှုရှိလာပြီး ထိုးစစ်အနေအထားဖြင့်သွားနိုင်ရန် ပြင်ဆင်နေသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီးက ပြောသည်။  “မိုးတွင်းစစ်ဆင်ရေးမှာ ချင်းတောင်ကို စစ်ကောင်စီက စစ်ဆင်ပြီး သိမ်းဆည်းမယ်လို့ ကြုံးဝါးထားတာ ရှိတာပေါ့။ ကျနော်တို့ ဘက်ကလည်း ပြင်ဆင်မှု လုပ်ပြီးတော့ ခံစစ်အနေအထားကနေ ထိုးစစ်ဆိုပြီး သူတို့ တပ်ရင်း ဌာနချုပ် ကိုပေါ့။ ၁၂ ရက်ကပဲ ဖလမ်းမြို့ပေါ်ကို အဲသလို သွားပြီးတော့ ဝင်စီးတာဖြစ်တယ်။ မိုးတွင်းကတော့ အဲဒီစစ်ဆင်ရေး က ဘယ်လောက်ကြီးမလဲဆိုတာ သူတို့ရဲ့ လှုပ်ရှားမှု အနေအထားပေါ့။ ဒါပေမဲ့ ကျနော်တို့ဘက် ကတော့ အကောင်း ဆုံးကို ပြင်ဆင်ထားတာပေါ့။ ထိုးစစ်နဲ့ သွားဖို့ ကျနော်တို့လည်း ပြင်ဆင်နေတာဖြစ်တယ်” ဟု သူကပြောသည်။ ယမန်နေ့ ဩဂုတ်လ ၁၄ ရက်က ထန်တလန်မြို့အခြေစိုက် ခလရ – ၂၆၉ တပ်ရင်းဌာနချုပ်ကို ချင်းအမျိုးသားတပ်ဦး CNF/ CNA ၊ CDF – ထန်တလန် ၊ CDF- ဇိုဖေ ပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာ ဌာနချုပ် လုံခြုရေးစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦးက သတင်းထုတ်ပြန်သည်။ စခန်းအသိမ်းခံရပြီးနောက် စစ်ကောင်စီသည် ယင်းနေရာကို လေကြောင်းက ၃ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများနိုင်ပြီး တပ်သား ၂ ဦးကို…

Read More

(04SS) ကလေးမြို့နယ်တောင်ပိုင်း သာစည်ရွာအနီးတွင် ယနေ့မနက်ပိုင်း၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်ရာမှာ အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒါဏ်ရာရရှိကြောင်း သိရသည်။ ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်း ၉ နာရီကျော်ခန့်တွင် ကလေးမြို့တောင်ဘက်သို့ အင်အား ရာချီဖြင့် ပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များသည် ခြေလျင်ဖြင့် စစ်ကြောင်းထိုးရာမှာ ဒေသကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF-KKG ထံမှ သိရသည်။ ထို့သို့ နှစ်ဘက် ထိတွေ့မှုအပြီးတွင် ကာကွယ်ရေးတပ်ဖွဲ့များရှိမည်ဟု ယူဆသည့် နေရာတစ်လျှောက်အား စစ်ကောင်စီတပ်ဘက်မှ စစ်ရဟတ်ယာဉ် MI 35 ဖြင့် ၁ နာရီခန့် ပစ်ခတ်ခဲ့ကြောင်း သိရပြီး လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သားပြည်သူတစ်ဦး ဘယ်ဖက်လက် ထိခိုက်ကာ ဒါဏ်ရာပြင်းထန်ကြောင်း သိရသည်။ ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ပျူစောထီးအပါအဝင် ၃ ဦးခန့် သေဆုံးခဲ့သည်ဟု သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ တိုက်ပွဲတွင် ကလေး ပကဖ၊ Kalay-PDF ၊ UG နှင့် CDF-KKG စသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပါဝင်ပြီး အထိအခိုက်မရှိ ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် သာစည်ရွာနှင့် အနီးတဝိုက်ရှိ အိမ်စောင့်မှအပ ဒေသခံပြည်သူများအားလုံး ဘေးကင်းလုံခြုံသည့် နေရာသို့ စစ်ဘေးတိမ်ရှောင်နေကြရကြောင်း သိရသည်။ ဩဂုတ်လ ၁၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် မြို့လှ၊ အင်ဒိုင်းကုန်းနှင့် စကန့်ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့…

Read More