Author: Editor

(07SN) တမူးမြို့နယ်၊ ခါမ်းပါတ်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအတွက် အခြေခံအစားအသောက် ထောက်ပံ့ပေးနိုင်ရန် ခက်ခဲနေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။  ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်က စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲများဖြစ်ပွားပြီး ခါမ်းပါတ်-တမူးလမ်းလမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် စစ်ရှောင်များအတွက် လိုအပ်သည်များကို ကူညီမှုမပေးနိုင်သေးဟု ကူကီးချင်းအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး ဆရာမဘွေနူးက ပြောသည်။ ၎င်းက “လောလောဆယ် ကျမတို့ ကူညီပေးချင်နေတာတောင် ဘယ်လို ကူညီရမလဲ မသိဘူး။ ကူညီမယ့် ပစ္စည်းတွေ ဘယ်လို ပို့ရမလဲဆိုတာ လမ်းကြောင်းမရှိဘူး ဖြစ်နေတယ်။ တောတောင်မှာ ရှိတဲ့သူတွေနဲ့လည်း အဆက်အသွယ် မရဘူး” ဟု လက်ရှိအခြေအနေကို ပြောသည်။ တောတောင်ထဲ စစ်ရှောင်နေရသည်မှာ ဆယ်ရက်ကျော်လာပြီဖြစ်သည့်အတွက် အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ အာလူး အပါအဝင် အကိုက်အခဲပျောက်ဆေး၊ နှာစီး၊ ချောင်းဆိုး ပျောက်ဆေးစသည့် ဆေးဝါးများအပြင် မိုးကာများလည်း လိုအပ်နေနိုင်သည်ဟု ကူညီနေသူများက ခန့်မှန်းကြသည်။ လမ်းကြောင်းများ ပိတ်ဆို့နေမှုကြောင့် အခြေခံစားသောက်ကုန် ထောက်ပံ့ရန် လတ်တလောတွင် ခက်ခဲနေသလို လမ်းကြောင်းပြန်ဖွင့်ခဲ့လျှင်တောင် တမူးမြို့အတွင်း ပစ္စည်းများ ဝယ်ယူရန် ခက်ခဲနေကြောင်း ဆရာမဘွေနူးက ဆိုသည်။ “ကျမတို့ တမူးဘက်မှာလည်း ပစ္စည်းတွေ ပြတ်နေပြီ။ ဝယ်လို့ မရတော့ဘူး၊ လမ်းကြောင်းဖွင့်လို့ ကူညီရမယ် ဆိုရင်တောင် လိုအပ်တဲ့ ပစ္စည်းတွေကို ဘယ်မှာ သွားဝယ်ရမလဲ မသိဘူး။ အဲသလို ခက်ခဲတဲ့ အခြေအနေရှိတယ်” ဟု ၎င်းက ပြောသည်။ …

Read More

ချင်းပြည်နယ် တောင်ပိုင်း၊ ကန်ပက်လက်မြို့နှင့် ကျင်ဒွေးမြို့တို့ကို စစ်မျက်နှာ နှစ်ခုဖွင့်လျက် အင်အား ၄၀၀ ကျော်အသုံးပြုပြီး စစ်ကောင်စီတပ်များသည် ခဲယမ်း၊ ရိက္ခာနှင့် လူအင်အားဖြည့်ခြင်း၊ တပ်ချိန်းခြင်းများကို ပြုလုပ်နေပါသည်။ စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများကို ချင်းကာကွယ်ရေးတပ် – ကန်ပက်လက်၊ ချင်းအမျိုးသားတပ် CNA၊ မင်းဘူးခရိုင်တပ်ရင်း ၆ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နှစ်ပတ်ကြာ တိုက်ခိုက်နေပါသည်။ ချင်းတောင်ပိုင်း၏ စစ်ရေး၊ လက်ရှိ တိုက်ပွဲအခြေအနေ၊ စစ်ရှောင်ပြည်သူတွေ၏ အခက်အခဲနှင့် ချင်းပူးပေါင်းတပ်တွေ၏ စိန်ခေါ်မှုများကို ချင်းကာကွယ်ရေးတပ် – ကန်ပက်လက် တပ်မဟာမှူး ထွန်းလိန်းထန်းကို ဆက်သွယ်မေးမြန်းထားသည်။ မေး – စစ်ကောင်စီဟာ မကွေးတိုင်းဘက်ကနေ ချင်းပြည်နယ်ကို စစ်ကြောင်း ၂ နှစ်ကြောင်းခွဲပြီး၊ စစ်မျက်နှာ ၂ ခု နဲ့ ထိုးစစ်ဆင်နေပါတယ်။ ကျင်ဒွေးကို ဦးတည်သွားတဲ့ စစ်ကြောင်းက ဘယ်လိုထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါသလဲခင်ဗျာ။ ဖြေ – ကျင်ဒွေးထောက်ပို့စစ်ကြောင်းနဲ့ ၁၅ ရက်ကနေ ၂၅ ရက်အထိ ထိတွေ့ တိုက်ပွဲ နေ့တိုင်းဖြစ်တယ်။ စစ်ကောင်စီဘက်က ထိတွေ့တိုက်ပွဲတွေမှာ (သေဆုံး) ၄၀ ကျော်မယ်လို့ ကျနော်တို့ အတည်ပြုလို့ရတယ်။ ကျနော်တို့ဘက်က အဲဒီက တိုက်ပွဲတွေမှာ ၆ ဦး ဒဏ်ရာရတယ်။ အဓိကက ကင်းပုန်းဝပ်ပြီးမှ အနီးကပ်ပစ်ခတ် တိုက်ပွဲဝင်ခဲ့တယ်။ ပြီးတော့ နင်းမိုင်းတွေ ထောင်ပြီးမှ တိုက်ခိုက်ခဲ့တယ်။ နင်းမိုင်း ၂၀ ကျော် ပေါက်ကွဲခဲ့တယ်။ ဒုတိနေ့ တိုက်ပွဲမှာ သူတို့ဘက်က အထိနာတော့ လေယာဉ်…

Read More

(03PT) အိန္ဒိယနိုင်ငံတွင် ၀င်ရောက်ခိုလိုနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များ၏ ဇီ၀မှတ်တမ်းများကို အိန္ဒိ ယအစိုးရက စတင်ကောက်ယူနေသည့်အပေါ် India For Myanmar အဖွဲ့က အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး ချက်ချင်းရပ်တန့် ရန် တောင်းဆိုလိုက်သည်။  အိန္ဒိယနိုင်ငံ အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ညွန်ကြားချက်ဖြင့် မြန်မာနိုင်ငံစစ်ရေးကြောင့် မဏိပူရ်ပြည် နယ်နှင့် မီဇို ရမ်ပြည်နယ်ထဲသို့ ဝင်ရောက်ခိုလှုံလာကြသော မြန်မာစစ်ဘေးရှောင်များ၏ ဇီ၀မှတ်တမ်း (Bio matric) ကို ဇူလိုင် ၂၉ ရက်နေ့မှစတင်ကာ စက်တင်ဘာလအထိ အပြီး ကောက်ယူရန် သက်ဆိုင်ရာပြည်နယ် အစိုးရတို့က စတင်ဆောင်ရွက် နေကြပြီဟုသိရသည်။ ယခုကိစ္စနှင့်ပတ်သက်၍ India For Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ဒီ Biometric ကို တစ်ခြား မတရားတဲ့ နည်းလမ်းနဲ့သုံးမှာကို စိုးရိမ်တယ်။ ဒီနိုင်ငံရေးကြောင့် စစ်ရှောင်လာတဲ့သူတွေ၊ ဥပမာ CDM တွေ၊ ရဲ၊ စစ်သား၊ စစ်ရှောင် တွေ၊ နိုင်ငံ‌ရေးကိစ္စကြောင့် ဝရမ်းပြေးလာတဲ့သူတွေ၊ ဒီအိန္ဒိယဖက်မှာ ခိုလှုံလာတဲ့သူတွေကို ဖမ်းဆီးပြီးတော့မှ မြန်မာ နိုင်ငံကို ပြန်ပို့မှာကို စိုးရိမ်တယ်၊ နောက်ပြီး‌တော့ မူးယစ်ဆေးဝါးမှုကိစ္စအပါဝင် မဏိပူရ်ပြည်နယ် ပဋိပက္ခက မြန်မာနိုင် ငံသားတွေ ကြောင့်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်းရှိခဲ့ပြီဆိုတော့ ဒီလို ရာဇတ်မှုတွေ‌ပေါ်မှာ အဲ့ဒီ Biometric ကို အသုံးချပြီးတော့မှ စွပ်စွဲချက်တွေဖြစ်လာမှာကိုလည်းစိုးရိမ်စရာရှိတယ်။ ဒီလိုစိုးရိမ်ချက်တွေကြောင့် ကျွန်တော်တို့ ကွန့် ကွက်ရတာဖြစ်တယ်” ဟု ပြောသည်။ Biometric (ဇီဝမှတ်တမ်း) ကောက်ယူခြင်းဆိုသည်မှာ လူတဦးချင်းစီ၏ မတူညီသော တမူထူးခြားသော…

Read More

(05MK) မီဇိုရမ်ပြည်နယ် Khawbung ကျေးရွာတွင် စစ်ဘေးရှောင်လာသော အသက် ၃၈ နှစ်အရွယ် Pu Hrang Than Ce ကို လူသတ်မှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသည့်အတွက် ကျန်ဖိုင်းခရိုင်တရားသူကြီး Sylvie Ralte က အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်သက် ချလိုက်သည်ဟု သိရသည်။  Pu Hrang Than Ce သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း မီဇိုရမ်ပြည်နယ် Khawbung ကျေးရွာသို့ စစ်ဘေးတိမ်းရှောင်လာသူဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းက အကြွေးရှင် Pu Ngo Khan Do ဆိုသူကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်သတင်းဌာနများတွင် ဖော်ြပသည်။ တီးတိန်မြို့နယ် လမ်ဇန်ကျေးရွာသား Pu Ngo Khan Do သည် လျှပ်စစ်ပစ္စည်းများကို မီဇိုရမ်ပြည်နယ်ဘက်သို့ နယ်လှည့် ရောင်းချနေသူဖြစ်ကာ ၎င်း၏ စက်လွှ (Chain Saw) ရူပီး ၃၅၀၀၀ တန်ကို Pu Hrang Than Ce က ရူပီး နှစ်သောင်းရှင်းကာ တစ်သောင်းခွဲ အကြွေးချန်ခဲ့သည်ဟု သိရသည်။ ထိုအကြွေးကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့တွင် သွားတောင်းသည့်အချိန်တွင် Pu Ngo Khan Do ကို Pu Hrang Than Ce က တူဖြင့် အချက်ပေါင်းများစွာထုပြီးနောက် သတ်ဖြတ်ကာ အလောင်းကိုလည်း ဖျောက်ခဲ့သည်ဟု သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျန်ဖိုင်းခရိုင်တရားရုံးက ဇူလိုင် ၂၇…

Read More

(06SV) ချင်းပြည်နယ် မင်းတပ်မြို့တွင် ယနေ့ညနေပိုင်းက ကင်းလှည့်လာသော စစ်ကောင်စီကားတစ်စီးကို တိုက်ခိုက်ရာမှာ ၇ ဦး သေဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ယနေ့ ထုတ်ပြန်သည်။  ယနေ့ ဇူလိုင် ၃၀ ရက် ညနေ ၃ နာရီခွဲခန့်မှာ မင်းတပ်မြို့၊ အရှေ့ဘက်က သစ်တောဝိုင်းအနီးမှာ စစ်သားနှင့်ရဲများ ပူးပေါင်းကင်းလှည့်လာသော ကားတစ်စီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က အနီးကပ် စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။ “စစ်သားနဲ့ ရဲနဲ့ ရောထားတဲ့ ကင်းလှည့်လာတဲ့ ကားတစ်စီးကို ကျနော်တို့ဘက်က သူတို့ကင်းလှည့်လာတဲ့အချိန်မှာ အနီးကပ်တိုက်ခိုက်တာပေါ့။ စစ်သား ၃ ဦးက နေရာတွေမှာ လုံးဝ မထနိုင်အောင် ပွဲချင်းပီ သေသွားတယ်။ ကျန် ၄ ဦးကတော့ စစ်သားလား၊ ရဲလား မသဲကွဲလိုက်ဘူး။ အနီးကပ်တိုက်ခိုက်ချိန်မှာ ကားက ရပ်သွားတယ်။ သူတို့ဘက်က ပြန်မပစ်နိုင်ခဲ့ဘူး။ သစ်တောရုံးနဲ့ အနီးဆုံးဖြစ်တဲ့ ရဲစခန်းကတော့ RPG တို့၊ ၄၀ မမတို့နဲ့ တောက်လျှောက်ပစ်တယ်။ အထိအခိုက်မရှိတော့ ကျနော်တို့ ပြန်ဆုတ်လာနိုင်ခဲ့တယ်” ဟု ဆလိုင်းဟာအွမ်းက ပြောသည်။ သေဆုံးသွားသော စစ်ကောင်စီတပ်သား ၇ ဦး၏ အလောင်းနှင့် ဒဏ်ရာရလူနာများကို ကားဖြင့် ပြန်လည်သယ်သွားကြသည်ဟု သိရသည်။ တိုက်ပွဲဖြစ်ပွားနေချိန်တွင် သစ်တောဝိုင်းအနီးရှိ ရဲစခန်းမှာ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်လာသောကြောင့် စစ်ကောင်စီ၏ ကား၊ လက်နက်များကို သိမ်းဆည်းနိုင်ခဲ့ခြင်း…

Read More

(06SV) ချင်းပြည်နယ်၊ မင်းတပ်မြို့ အခြေစိုက် ခလရ (၂၇၄) တပ်ရင်းမှ စစ်ကောင်စီတပ်သားများက မင်းတပ် (ချင်း) အမျိုးသား ခရစ်ယာန်ဓမ္မဆရာ (၁) ဦးနှင့် သင်းထောက် လူကြီး (၃) ဦးကို ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်လိုက်သည်ဟု မင်းတပ်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ “သူတို့ ဖမ်းခေါ်သွားပြီးတော့ (မိသားစုဝင်) မေးမြန်းတဲ့အခါမှာ ၊ သူတို့ စစ်ဆေးမေးမြန်းနေတုန်းလို့ ပြောတယ်။ နောက်တစ်ကြိမ် အဖမ်းခံရတဲ့ သူတွေကို ပြန်မေးတော့ မရှိဘူး၊ မသိဘူးလို့ပဲ ငြင်းတယ်။ သူတို့စစ်ဆေးမေးမြန်းတဲ့အချိန်မှာ သတ်ဖြတ်လိုက်ပုံပဲ။ ဘေးအနီးနားက လူတွေကလည်း သူတို့ အနှိပ်စက်ခံရတယ်။ အသံတွေ ကြားနေရတယ်ပေါ့နော်၊ ကျနော်တို့က ဖမ်းဆီးနှိပ်စက်လို့ သေသွားရင်လည်း အလောင်းတော့ ပြန်ပေးပါ၊ ဈာပနာ လုပ်ဖို့ပါဆိုရင်လည်း သူတို့က မသိဘူး။ မရှိဘူးပဲ ဘူးခံ ငြင်းတာပေါ့နော်။ အဲဒါကို ကြည့်ပြီး အသက်သေဆုံး သွားပြီးလို့ သတ်မှတ်ယူဆလို့ ရတာပေါ့လေ” ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ကိုယောမာန်က ပြောသည်။ မင်းတပ်မြို့၊ အနောက်ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်း စစ်ဘေးရှောင်စခန်အတွင်း ရပ်ထားသော ဆိုင်ကယ် များလွန်းသည်ဟု အကြောင်းပြပြီး ခလရ (၂၇၄) တပ်ရင်းမှ အရက်သေစာများ မူးယစ်နေသော စစ်ကောင်စီတပ်သားများက ခရစ်ယာန်ဓမ္မဆရာ အပါအဝင် သင်းထောက်လူကြီး ၄ ဦးကို ဇူလိုင်လ ၁၆ ရက် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။ ယင်းဘာသာရေးခေါင်ဆောင်များသည် မြို့ပေါ်တွင် စစ်ဘေးရှောင်နေရသော ပြည်သူများ အဆင်ပြေစေရန် ဦးဆောင်၍…

Read More

(03PT) မဏိပူရ်ပြည်နယ်တွင်  မြန်မာစစ်‌ဘေး‌ရှောင် အယောက် ၇၀၀ ကျော်ကို အိန္ဒိယ နယ်ခြားစောင့် အသံရိုင်ဖယ်တပ်ဖွဲ့များက ပြန်လည်မောင်းထုတ်ခဲ့သည့်အပေါ် လူသားအချင်းချင်းအနေဖြင့် ခိုလှုံခွင့်ပေးသင့်ကြောင်း မီဇီုရမ်ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။ လွန်ခွဲ့သည့် ဇွန်လိုင်လ ၂၂ ရက်နေ့ စစ်ကိုင်းတိုင်း ခမ်းပတ်မြို့တွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောက်ခဲ့ကြပြီး၊ အယောက် ၇၁၈ တို့သည် အိန္ဒိယ၊ မဏိပူရ်ပြည်နယ်၊ Chandel ခရိုင်ရှိ New Lajang ကျေးရွာအနီးသဝိုက်ဖက်သို့ထွက်ဘေးတိမ်ရှောင်ကြရာ အိန္ဒိယစစ်တပ် အာသံရိုင်ဖယ်တို့က ပြန်လည် မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအပေါ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ယခင် ၁၉၇၁ ခုနှစ်တုန်းက သန်းနှင့်ချီသော ပါကစ္စတန်စစ်ရှောင်များကို အိန္ဒိယနိုင်ငံ West Bangal ပြည်နယ်ထဲ ဝင်ရောက်ခိုမှုခွင့်‌ပေးခဲ့သည့်နည်းတူ အိန္ဒိယအစိုးရအနေဖြင့် လူလူသားခြင်းဖြစ်သည့် မြန်မာစစ်ရှောင်ပြည်သူများကိုလည်း ခိုလှုံခွင့်နှင့် အစားသောက်များ ထောက်ပံ့ကူညီပေးသင့်ကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga က ပြောသည်။ “ဥပမာ ကျွန်တော် ဦးလေးနှစ်ယောက်က မြန်မာနိုင်ငံမှာ နေပြီး ဆုံးသွားတယ်။ ပြီးတော့ အမေနှင့် အမေ့ညီမ သူတို့နှစ်ယောက်လည်း အိန္ဒိယမှာ နေပြီး ဆုံးခဲ့ကြတာပဲ။ ဆိုတော့ ကျွန်တော်တို့က သွေးချင်းတော်စပ်တဲ့ ဆက်ဆံရေးရှိခဲ့ပြီးသားဖြစ်တယ်။ ပြီးတော့ သန်းနှင့်ချီးတဲ့ ပါကစ္စတန်စစ်ရှောင်တွေကို၊ ဘယ်နေရာကလာလာ အိန္ဒိယအစိုးရက ဘာလုပ်ခဲ့လဲ၊ သူတို့အများကြီးကူညီပေးခဲ့တာပဲ ပြီတော့ လူသားချင်းချင်းကူညီတာက ဖြစ်သင့်တာပဲ။ တာကြောင့် ညီအစ်ကိုမောင်နှမတွေကို ခိုလှုံခွင့်နှင့် အစားသောက်အကူညီထောက်ပံ့ပေးတာက ဘာပြောစရာရှိသေးလဲ” ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga က ပြောဆိုခဲ့သည်။ မြန်မာစစ်ရှောင်အရေးနှင့်ပက်သက်ပြီး အိန္ဒိယဗဟိုအစိုးရက တရားဝင်နိုင်ငံကူးလက်မှတ် သို့မဟုတ် ခိုင်လုံသည့် ခရီးသွားစာရွက်စာတမ်းအထောက်ထားမရှိသော မြန်မာနိုင်ငံသားမျာကို မဏိပူပြည်နယ်ထဲ ဝင်ရောက်ခြင်းကို တင်းကြပ်စွာ…

Read More

(06SV) ချင်းပြည်နယ်၊ မတူပီမြို့၊ မတူပီ- ဟားခါးလမ်းမပေါ်ရှိ စစ်ကောင်စီတပ် ထိန်းချုပ်ထားသောနေရာမှာ သီးသန့် စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲမှ ဒု-ရဲအုပ်တစ်ဦးကို လက်နက်နှင့်တကွ လက်ရဖမ်းဆီးနိုင်ခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီမှ သတင်းရရှိသည်။ “အဲဒီ ဖနိုင်နဲ့ ငနိုင်ကြားက စကစ ထိန်းချုပ်တဲ့ နယ်မြေ၊ ကျနော်တို့ထိန်းချုပ်တဲ့ နယ်မြေထဲမှာ မပါဘူး။ အဲတော့ သူတို့က အဲဒီဘက်မှာ‌တော့ လွတ်လွတ်လပ်လပ်ပဲ သွားလာကြတယ်။ အဲတော့ သီးသန့် စစ်ဆင်ရေးသဘောပဲ၊ တိုက်ပွဲပုံစံမျိုး မဟုတ်ပဲနဲ့ပေါ့။ လူကြီး တစ်ယောက်လာမဲ့ဆိုတာနဲ့ သွားဖမ်းခဲ့တယ်။ သူကို ဖမ်းဆီးပြီးတော့ စကစဘက်က ရမ်းတမ်း လက်နက်ကြီးနဲ့ ပစ်တယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဇူလိုင်လ ၂၆ ရက် ညနေ ၃ နာရီခွဲခန့်က မတူပီမြို့၊ မတူပီ- ဟားခါး လမ်းမပေါ်ရှိ ဖနိုင်ကျေးရွာနှင့် မတူပီ ခရိုင်ရုံးအကြား စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ တပ်စွဲထားသော ရှေ့တန်းကင်းစခန်းတစ်ခုကို CDF – မတူပီက တပ်ဖွဲ့ဝင်တချို့က လျပ်တပြတ် စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းစစ်ဆင်ရေးမှာ မတူပီမြို့နယ်၊ ရဲတပ်ဖွဲ့မှ ဒု-ရဲအုပ် ချမ်းမြေ့အောင် (ကိုယ်ပိုင်အမှတ် လ- ၂၃၁၉၀၈) ကို ခြောက်လုံးပြုူး ပစ္စတိုတစ်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ ကျည်ဆံ (၅၈) တောင့်နှင့်တကွ လက်ရ အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ဘက်မှ…

Read More

(04SS) စစ်ကိုင်းတိုင်း တမူးခရိုင် ခါမ်းပါတ်မြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ၅ ရက်ဆက် တိုက်ပွဲပြင်းထန်သောကြောင့် ခါမ်းပါတ်မြို့နှင့် အနီးတဝိုက်ရှိ ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ခါမ်းပါတ်ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂၂ ရက်နေ့ ည ၈ နာရီမှ စတင်ကာ ခါမ်းပါတ်အမှတ် ၁ ရပ်ကွက်ရှိ စစ်ကောင်စီတပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သွားရောက် ပစ်ခတ်ခဲ့ကာ ၁ နာရီကျော်ကြာ နှစ်ဘက် တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့အထိ စစ်ရေးတင်းမာလျက်ရှိသည်။ အဆိုပါတိုက်ပွဲကြောင့် ခါမ်းပါတ်မြို့ရှိ ဒေသခံများအားလုံးနှင့် ကနန်ရွာမှ ဒေသခံ အများစုမှာ Hmuntha, Changelzawl, Letpanchaung နှင့် Tahan ရပ်ကွက်ဘက်သို့ ထွက်ပြေးခိုလှုံနေကြရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “တနင်္ဂနွေနေ့မနက် ၁၁ နာရီလောက်မှာပေါ့ မြို့ထဲက သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်ပြီး ကုတင်ပေါ် လှဲနေတဲ့ သူတွေရောပေါ့နော် ကား ၂ စီးနဲ့ လာကြိုကြတော့ သူတို့ကိုလဲ ဘေးလွတ်ရာကို ပို့လိုက်ပြီ။ စစ်ဘေး ရှောင်တာကတော့ တနင်္ဂဂနွေနေ့ မနေ့ကနေ ဒီနေ့ထိပေါ့ မြို့ထဲမှာ ဘယ်သူမှ မကျန်တော့ဘူး တကယ့် volunteer တွေကလွဲလို့ပေါ့နော်” ဟု ခါမ်းပါတ် ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ခါမ်းပါတ်မြို့နှင့် အနီးတဝိုက်အား ၄၅ မီနစ်ခန့်ကြာ ဗုံးကြဲပစ်ခတ်ခဲ့ကြောင်း သိရသည်။ “ခါမ်းပါတ် အမှတ် ၁ ရပ်ကွက်ရော၊…

Read More

(04SS) စစ်ကိုင်းတိုင်း၊ တမူးမြို့ အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွါးခဲ့ခြင်းကြောင့် ကလေး-တမူး အာရှလမ်းမအား ဖြတ်သန်းသွားလာ၍မရသည်မှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်ပြီး တမူးမြို့ပေါ်သို့ စားသောက်ကုန် စီးဆင်းနိုင်ရန် ဆိုင်ကယ်များအား အဓိက အသုံးပြုနေရကြောင်း ဒေသခံများထံမှ သိရသည်။ ယခုတွင် အခြေခံကုန်ပစ္စည်းများအား ဆိုင်ကယ်ဖြင့် သယ်ယူနေကြသောကြောင့် ယခုတွင် ကုန်စျေးနှုန်းများ ယခင်ကထက် အနည်းငယ် ပြန်လည်သက်သာလာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “အခုကတော့ ဆိုင်ကယ်တေနဲ့ပဲ ပစ္စည်းတွေ သယ်နေကြရတယ်ပေါ့၊ ကားတေလဲရှိတော့ရှိမှာပေါ့နော် ဒါပေမဲ့ ဆိုင်ကယ်နဲ့သယ်တာ ပိုများတယ်။ အခုက အရင်လောက်မဟုတ်ပေမဲ့ ပစ္စည်းတွေရောက်ပါတယ်။ ပြီးတော့ လမ်းက တမူး-ဘုတ်ကန်-ကလေး ပေါ့နော် အဲလိုနဲ့ မိုးရေးဘက်ကနေဝင်တာပေါ့။ ဂိတ်တွေတော့ပိုက်ဆံ ပေးရတယ်လို့လဲကြားတယ်။ အဲဒီ ကယ်ရီဆွဲတဲ့ ဆိုင်ကယ်တွေကလဲ အိန္ဒိယကဒ်ရှိတဲ့သူတွေပဲ သွားလာလို့ရတာ မရှိရင်တော့မရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ လွန်ခဲ့သည့် ဇွန်လလယ်ပိုင်းမှစတင်ကာ တမူးမြို့ပေါ်သို့ ကားအဝင်/အထွက်လမ်းများ ပိတ်ထားခြင်းကြောင့် ကုန်စီးဆင်းမှု နည်းပါးလာပြီး မြို့တွင်းကုန်စျေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သည့်အပြင် အချို့စားသောက်ကုန်များ ပြတ်လပ်နေခြင်းများ ရင်ဆိုင်ခဲ့ရသည်။ ယခုလက်ရှိ တမူးမြို့ပေါ်တွင် အခြေခံသုံး ကုန်ပစ္စည်းစျေးနှုန်းများ အနည်းငယ်သက်သာလာပြီဟု သိရပြီး ဟင်းသီးဟင်း ရွက်များမှာမူ စျေးအသင့်အတင့် တက်နေသေးကြောင်း သိရသည်။ ယခင်ဇွန်လအတွင်း လမ်းပိတ်ခါစတွင် ဓါတ်ဆီ လိုအပ်သလောက် ဝယ်ယူရန်ခက်ခဲသည့်အပြင် ၃၀၀ စီစီဆံ့ ဓါတ်ဆီတစ်ဗူး- ၃၀၀၀-၅၀၀၀ ကျပ်ဖြင့်ဝယ်ယူခဲ့ရာ ယခုတွင် ဓါတ်ဆီ ၁ ဂါလံ- ၁၆၀၀၀-၁၈၀၀၀ ကျပ်ဖြင့် ဝယ်ယူနေကြရသည်။ ယခုလက်ရှိ တမူးမြို့ပေါ်တွင်…

Read More