Author: Editor

ချင်းပြည်နယ် တီးတိန်မြို့နယ် စီးယင်းဒေသအတွင်းရှိ သိုင်းငင်ကျေးရွာက စစ်ကောင်စ တပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့မနက်ပိုင်း ဝင်ရောက်စီးနင်း တိုက်ခိုက်ရာတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြသည်။ ယနေ့မနက်ပိုင်း ၅ နာရီမှ နေ့လယ်ပိုင်း ၁၂ နာရီအထိ ဖြစ်ပွားသော အဆိုပါတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၄ ဦးကျဆုံးခဲ့ပြီး ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု CDM Siyin က ယနေ့ ထုတ်ပြန်သည်။ CDM Siyin ပြောခွင့်ရပုဂ္ဂိုလ်က “ကျွန်တော်တို့ဘက် ရဲဘော် ၄ ဦးကျဆုံးတယ်၊ ၂ ဦးကတော့ မစိုးရိမ်ရ ဒါဏ်ရာရတယ်ပေါ့နော်။ သူတို့ဘက်လဲ အထိအခိုက်များမယ် ၂ ပွင့်ဗိုလ်တစ်ယောက်ဆို သူ့ပစ္စည်းတွေလဲ သိမ်းမိတယ်။သူတို့ဘက် banker ခလုတ်ကျင်း ၂ ခုထဲက ရာထူးကြီးတဲ့သူတွေအချို့အပါအဝင်ပေါ့ အားလုံးပါသွားလောက်တယ်။ banker တကျင်းမှာ ၅ ယောက် လောက်ရှိတယ်ဆိုတော့ သူတို့ဘက် ၅ ယောက်ကနေ ၁၀ယောက် အကြားသေဆုံးနိုင်တယ်။ ထိခိုက်ဒါဏ်ရာကတော့ တော်တော်များမယ်၊ ဘာလို့လဲဆိုတော့ RPG ရော ဗုံးရောနဲ့ ထုထားတာဆိုတော့” ဟု ပြောသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်ကလည်း အမြောက်အများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများသည့်အတွက် တိုက်လေယာဉ်ဖြင့် ၃ ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အပြင် ကလေးမြို့ကနေလည်း လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ “ကျွန်တော်တို့ဘက်က စခန်းထဲဝင်ပြီး ပစ်တယ်။ banker တွေသိမ်းနိုင်တာလဲရှိတယ်။ စခန်းသိမ်းဖို့ရည်ရွယ်ပေမဲ့ ရဲစခန်းဘက်တော့ သိမ်းလိုက်နိုင်တယ်…

Read More

(06SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အသက်မပြည့်သော ကလေးငယ်များကို အတင်းအဓမ္မဖမ်းဆီးကာ တပ်ဖွဲ့ဝင်အဖြစ် လက်ခံခြင်းနှင့် သွပ်သွင်းခြင်း လုံးဝပြုလုပ်ခြင်းမရှိသလို ထိုကဲ့သို့လည်းပြုလုပ်မည်မဟုတ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝက ထုတ်ပြန်သည်။ ယခုရက်ပိုင်းအတွင်း ပလက်ဝမြို့နယ်တွင် အသက်အရွယ်မပြည့်သည့်ကျောင်းသူကျောင်းသားများအား CDF-Paletwa တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသအခြေစိုက် အွန်လိုင်းမီဒီယာတစ်ခုတွင် ဖော်ပြခဲ့သည့်အပေါ် CDF-Paletwa က ဇူလိုင်လ ၁၀ ရက်နေ့တွင်ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ထိုကဲ့သို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “ဘယ်သူမှ အတင်းအဓမ္မခေါ်ဆောင်ခြင်းကို သုံးလည်း မသုံးချင်ဘူး။ သုံးလည်း မသုံးသင့်ဘူး။ အခုက ပွင့်လင်းမြင်သာတဲ့ခေတ်၊ ကျနော်တို့က ပွင့်ပွင့်လင်းလင်းနဲ့ အောက်ခြေမှာ လုပ်ခဲ့သည်ရှိသော် အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူမယ်လို့ ထုတ်ပြန်ပြီးသာဖြစ်သလို၊ အောက်ခြေဝန်ထမ်းတွေကို ဘာဖြစ်ခဲ့သလဲဆိုတာ အစီရင်ခံစာလည်း တက်ခိုင်းဖို့ ရှိပါတယ်” လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝ ဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။ အဆိုပါရေးသားဖော်ပြချက်သည် CDF-Paletwa တပ်ဖွဲ့အပေါ် ပြည်သူများအနေဖြင့် အထင်အမြင်လွဲမှားစေရန် အတွက်သော် လည်းကောင်း၊ နွေဦးတော်လှန်ရေးကိုသေးသိမ်စေပြီး အာဏာရှင်နှင့်အပေါင်းအပါအလိုတော် များအားရကျေနပ်စေရန်အတွက် သော်လည်းကောင်း ရေးသားဖော်ပြခြင်းသာဖြစ်သည်ဟု CDF-Paletwa ကဆိုသည်။ ဒေသခံပြည်သူများ ငြိုငြင်ပြီး တော်လှန်ရေးကို နားလည်မှု လွှဲမှားစေနိုင်သော ပြုမှုဆောင်ရွက်ချက်များ လုံးဝ ပြုလုပ်မည် မဟုတ် ကြောင်း၊ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး ကွန်ဗင်းရှင် ပြဌာန်းချက်များနှင့်အညီ အသက်မပြည့်သော ကလေးငယ်များကို တပ်ဖွဲ့ဝင်အဖြစ် လက်ခံခြင်းနှင့် အဓမ္မဖမ်းဆီးကာ သွပ်သွင်းခြင်းကို လုံးဝ ပြုလုပ်မည် မဟုတ်ကြောင်း CDF-Paletwa ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ထိုကဲ့သို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- ပလက်ဝမှ…

Read More

(04SS) ကလေးမြို့မှ ချင်းတောင်သို့သွားသည့် ကားလမ်းမပေါ်ရှိ သိုင်းငင်ကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်အစောပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးကြောင်း သိရသည်။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ သိုင်းငင်ကျေးရွာတွင်တပ်ဆွဲသည့် စစ်ကောင်စီကင်းစခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက ယနေ့မနက် ၅ နာရီအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ ယနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်မှ ၉ နာရီကျော်အထိ စစ်ကောင်စီတပ်က ကလေးမြို့ကနေ လက်နက်ကြီးများ ၁၀ ကြိမ်ထက်မနည်း ဆက်တိုက် လှမ်းပစ်နေကြောင်း လည်း သိရသည်။ ထို့နောက် စစ်ကောင်စီတပ်များသည် စစ်တပ်ကား ၆ စီးဖြင့် ကလေးမြို့မှ ချင်းတောင်သို့ တက်သွားကြသည်ဟု သိရသည်။ ခရီးသွားလူငယ်များအား PDF ဟု စွပ်ဆွဲကာ ဖမ်းဆီးနေသည့် သိုင်းငင်ကျေးရွာ စစ်ကောင်စီကင်းစခန်းအား သွားရောက်ပစ်ခတ်မည်ဟု လွန်ခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင် CDM-Siyin မှ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ သိုင်းငင်ကျေးရွာသည် ကလေးမြို့မှ ချင်းတောင် တီးတိန်-ရိခေါဒါရမ်နှင့် ဖလမ်း-ဟားခါးဘက်သို့သွားသည့် လမ်းစုံလမ်းခွတွင်တည်ရှိပြီး ယင်းနေရာတွင် စစ်ကောင်စီတပ်က စခန်းချတပ်စွဲကာ ခရီးသွားပြည်သူများအား စစ်ဆေးဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်သည့်အတွက် ယခုကဲ့သို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က သွားရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။ ကလေး-သိုင်းငင်ကြား ပြည်သူများသည် ၎င်းထုတ်ပြန်သည့်နောက် လုံခြံုသည့်နေရာသို့ ပြောင်းရွှေ့နေကြပြီးဖြစ်ကာ စစ်ကောင်စီတပ်က ကလေးမြို့-ချင်းတောင် တီးတိန်၊ ဖလမ်း လမ်းမအား ယာဉ်ထွက်ခွင့် ပိတ်ပင်ထားသည်။

Read More

(04SS) ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ အမှတ် ၁၄ အထက်တန်းကျောင်း အနီးတဝိုက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်ပွါးပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ ကျောင်းသားတစ်ဦး ထိခိုက်ဒါဏ်ရာရရှိကြောင်း သိရသည်။ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်း ၆ နာရီကျော်မှ စတင်ကာ ကလေးမြို့တွင် လက်နက်ကြီးပေါက်ကွဲသံများ ဆက်တိုက်ကြားနေရပြီး နံနက် ၈ နာရီဝန်းကျင်တွင် တောင်ဖီလာရပ်ကွက် အမှတ် ၁၄ ကျောင်းအနီး၌ လက်နက်ကြီး ၂ ကြိမ် ပေါက်ကွဲသောကြောင့် အရပ်သားထိခိုက်မှုရှိသလို ကျောင်းတက်လာသည့် ကျောင်းသူ/ကျောင်းသားများ ပြန်လှည့်ခဲ့ရကြောင်း ကျောင်းသားတစ်ဦးက ပြောသည်။ “ကျောင်းဘေးမှာ ပေါက်ကွဲတာ၊ ဗုံးပေါက်လို့ ကျောင်းက ကလေး ၁ ယောက် နေက်စေ့မှာ ဒါဏ်ရာရတယ်တဲ့။ ပြီးတော့ အဒေါ်ကြီး၁ ယောက်ကလဲ ဒါဏ်ရာရတယ် သွေးအများကြီးထွက်တယ် အသက် အန္ဒရယ်စိုးရိမ်ရတယ်လို့လဲ ပြောကြတယ်။ သူ့ကို ဆေးရုံပို့ဖို့ ဆိုက်တွဲတစ်စင်းနဲ့ ခေါ်သွားကြတယ်။ သားတို့ကိုကျတော့ ဆရာမက အိမ်ပြန်ခိုင်းတယ်” ဟု ၎င်း ကပြောသည်။ ထို့နောက် လက်နက်ကြီးကြောင့် ဒါဏ်ရာရရှိသည့် အမျိုးသမီးအားဆိုက်တွဲဖြင့် နီးစပ်ရာ ဆေးရုံသို့ခေါ်သွားနေစဉ် ဆေးရုံမရောက်မီ အသက်သေဆုံးခဲ့ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ယခုလက်ရှိ ကလေးမြို့တွင် လက်နက်ကြီးပေါက်ကွဲသံများ ဆက်တိုက်ကြားနေရပြီး မွန်လိုင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်တွင် စစ်သားများနှင့် ရဲများမှ လမ်းသွားလမ်းလာများအား စစ်ဆေးရေး တင်းကြပ်နေသည်ဟုလည်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ၂၂၈ တပ်ရင်းမှ လက်နက်ကြီးများ ပစ်ခတ်နေခြင်းဟုသိရပြီး ကြုံသုံးပင်ရပ်ကွက်တွင်လည်း လက်နက်ကြီး ကျရောက် ပေါက်ကွဲကြောင်း သိရသည်။

Read More

Salai Vakok မင်းတပ်မြို့နယ်၊ ဝုမ်းခုန်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွင် အလယ်တန်းကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားပြီး ကျောင်းသား/သူ ၁၀၀ ကျော်တက်နေသော ၎င်းကျောင်း ပြန်လည်ထူထောင်ရန် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း သိရသည်။ “အဲဒီကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေ တက်စရာကျောင်း မရှိတော့ဘူး။ အဲဒီကျောင်းဆောင်အကုန်လုံး ပျက်စီးသွားတယ်။ လေးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်တာဆိုတော့ အဲဒီရွာနဲ့ ကျနော်နေတဲ့ နေရာနဲ့ မဝေးဘူး နီးတယ်။ အဲရွာ ဗုံးကြဲချိန် ကျနော်လည်း ထွက်ပြေးပြီး ပုန်းနေရတာပေါ့။ ကျောင်းဖွင့်တဲ့ ရက်ဆိုရင်တော့ အကုန်လုံးနီးပါး သေမှာ။ ကျောင်းပိတ်ရက်မို့ ကျနော်တို့ ကံကောင်းတယ်” လို့ မင်းတပ်မြို့နယ် စစ်ရှောင်စခန်းစီမံခန့်ခွဲ ရေးကော်မတီ တာဝန်ခံကိုလောရန်က ပြောသည်။ ဇူလိုင် ၈ ရက်က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဝုမ်းခုန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ရာ ကလေးငယ် တစ်ဦးနှင့် နို့တိုက်မိခင်တစ်ဦးအပါအဝင် အရပ်သား (၃) ဦး သေဆုံးပြီး တစ်ဦး ပြင်းဒဏ်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဝုမ်းခုန်ကျေးရွာတွင် တခြားကျေးရွာတွေက စစ်ဘေးရှောင်သူ (၄၀) ခန့်အပါအဝင် အရပ်သားပြည်သူ (၂၀၀) ခန့်ရှိပြီး စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် ယနေ့အထိရွာကို ပြန်မလာရဲဘဲ ထိန့်လန့်ကြောက် ရွံ့နေကြသည်။ သေ ဆုံးသွားသော ပြည်သူ ၃ ဦး၏ အသုဘကိုလည်း ရွာပြင်မှာပဲ ကြောက်ရွံ့မှုတွေကြား လုပ်ရပြီး တောင်ယာ တဲတွေထဲ နေထိုင်ကြသည်ဟု သိရသည်။ အလယ်တန်းအထိ ဖွင့်လှစ်သင်ကြားနေသော…

Read More

Salai Vakok ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ်တစ်ဦးနှင့် နို့တိုက်မိခင်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “စစ်အုပ်စုက အကြောင်းမဲ့ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်သွားပါတယ်။ ပြီးတော့ ၃ ကြိမ် လှည့်ပတ်ပြီး စက်သေနတ်နဲ့ ပစ်တယ်။ တိုက်ပွဲ မရှိဘဲ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာကို အကြောင်းမဲ့ တိုက်ခိုက်သွားတာပါ” လို့ မင်းတပ်မြို့က ဒေသခံ တဦးက ပြောသည်။ ယနေ့ နံနက် ၁၁ နာရီခန့်တွင် မင်းတပ်မြို့နယ်၊ မရှိန်းလှော်အုပ်စု၊ ဝုမ်းခုန်ကျေးရွာရှိ ပြည်သူများနှင့် စစ်ဘေးရှာင်ပြည်သူများနေထိုင်ရာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး၊ အတွဲလိုက်ဗုံးသီး ၄ လုံး၊ ရော့ကတ်၊ ပွိုင့်ဖိုက်ကျည်များနှင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မင်းတပ်မြို့ရှိ ခလရ (၂၇၄) တပ်မှလည်း လက်နက်ကြီး (၄) ချက်ဖြင့် ဝုမ်ခုမ်းကျေးရွာဘက်ကို ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု မင်းတပ်- CDF က ယနေ့ ဇူလိုင် ၈ ရက် ထုတ်ပြန်သည်။ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၉ နှစ်ရွယ် မိန်းကလေး (၁) ဦး၊ အသက် (၃၀)…

Read More

စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mara တပ်ဖွဲ့တို့ကြား ပစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဖက်မှ တပ်သား ၄ ဦးကျဆုံးကာ အများပြား ထိခိုက်ဒဏ်ရာရရှိတယ်လို့ CDF-Mara က ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်လိုက်သည်။ ချင်းပြည်နယ် CDF-Mara ၏ အမှတ် (၃) တပ်ရင်း ထိန်းချုပ်နယ်မြေအတွင်းရှိ လိုင်လင်းပီးမြို့ပေါ်အခြေစိုက်သော စစ်ကောင်စီတပ်ဖွဲ့များက တပ်ကုန်းမှ မြို့တွင်းပြည်သူများအား ခြိမ်းခြောက်ခြင်း၊ နှောက်ယှက်ခြင်း၊ မူးယစ်ရမ်းကားပြီး သေနတ်များ ရမ်းသမ်းပစ်ဖောက်ခြင်းများ ပြုလုပ်နေတာကြောင့် CDF-Mara မှ ပြန်လည်ပစ်ခတ်ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF-Mara က ဆိုသည်။ ထို့ကြောင့် လွန်ခဲ့သည့် ဇွန်လ ၈ ရက်နေ့ ညနေပိုင်းချိန်တွင် နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၄ ဦးကျဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ ယင်းလို စစ်ကောင်စီတပ်ဖွဲ့များ၏ လက်နက်ကြီးအပါဝင် သေနတ်များဖြင့် ယမ်းသမ်းပစ်ခတ်မှုကြောင့် လိုင်လင်းပီမြို့ Aphawaw ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၇ နှစ်အရွယ်ရှိ အရပ်သားပြည်သူ မ Les. Myat Tan Dar မှာ ယင်းလက်နက်ကြီး ပေါက်ကွဲမှုထိခိုက်ကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့နောက် စစ်ကောင်စီတပ်ဖွဲ့များသည် အရပ်သားပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့သည့်အပြင် ပြည်သူများ၏ ဆိုက်ကယ်များကိုလည်း မီးရှို့ဖျက်စီးခဲ့သောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။ “အဲ့စကစတွေက ရှိသမျှဆိုင်ကယ်တွေ အကုန်မီးရှို့တယ်။ ပြီးတော့ ပြည်သူ ၃…

Read More

(00 SV) စစ်ကောင်စီတပ် စစ်ကြောင်းထိုးလှုပ်ရှားလာနိုင်သည့် ကျောက်ထု-မင်းတပ် လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ဖြတ်သန်းခွင့်ပိတ်လိုက်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။ မကွေးတိုင်းနှင့် ချင်းပြည်နယ်ကို အဓိကဆက်သွယ်ထားသော လမ်းမကြီးဖြစ်သော ကျောက်ထု-မင်းတပ် လမ်မကြီးတွင် အချိန်မရွေး ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် ဇူလိုင်လ ၉ ရက်ကစတင်၍ ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခွင့် ပြုတော့မည်မဟုတ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်ဟာအွမ်က ပြောသည်။ “အကြောင်းအရာက စစ်ရေးလှုပ်ရှားမှု ရှိလာနိုင်တယ်။ ကျောက်ထုဘက်နေ မင်းတပ်ကို တက်လာမယ်လို့ ယူဆတဲ့ စစ်ကြောင်းတကြောင်းရှိတယ်။ ဘာမဆို ထိတွေ့တိုက်ပွဲတွေ ဖြစ်နိုင်တယ်။ အဲအတွက် အများပြည်သူတွေ လှုပ်ရှားသွားလာနေရင် ထိခိုက်မှာစိုးလို့ ပိတ်တယ်ပေါ့။ စစ်ရေးအခြေအနေကတော့ ထိပ်တိုက်တွေ့ဆုံမှုရှိရင် ပြင်းထန်လာနိုင်တယ်” ဟု ဆလိုင်းဟာအွမ်က ပြောသည်။ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတပ်ထဲမှ ထွက်လာသော စစ်ကောင်စီ၏ စစ်ကြောင်းတကြောင်းသည် ကျောက်ထုမြို့နယ်ထဲရှိ မြို့ပေါက်ကျေးရွာ အနောက်ဖက်နှင့် ပေါက်ခေါင်းကျေးရွာ၊ မင်းကြည်ကျေးရွာတို့တွင် ရောက်နေကြကြောင်း သိရသည်။ မကွေးတိုင်း၊ ဆောနှင့် ကျောက်ထုမှာ စစ်ရေးလှုပ်ရှားသော ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကလည်း ဆော-ကျောက်ထုလမ်းပိုင်ကို ခရီးသွားပြည်သူတွေ မလိုအပ်ဘဲ ခရီးသွားလာခြင်းမျိုး ရှောင်ကျဉ်ကြရန် ဇူလိုင် ၉ ရက်က အရေးပေါ် သတိပေးထုတ်ပြန်ထားသည်။ “စစ်ကောင်စီရဲ့ ထောက်ပို့စစ်ယာဉ်တန်းဟာ ဆောဘက်ကို ဦးတည်လာရင် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတဲ့အခါ ခရီးသွားပြည်သူတွေကို မထိခိုက်စေချင်တာနဲ့ အခုလို မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုလုပ်ဖို့ ထုတ်ပြန်တာပါ” လို့ ဆောနှင့် ကျောက်ထုမှာ…

Read More

(04SS) ချင်းပြည်နယ် ဟားခါးမြို့အပေါ်တွင်အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့ လွတ်လပ်ရေး ကျော က်တိုင် Khuhsilobo ကနေ ချင်းကာကွယ်ရေးတပ်ဖွဲ့များရှိသည်ဟု ယူဆရသောသီမြစ်လွင်ပြင်ဖက်သို့ နေ့တိုင်းလိုလို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟုသိရသည်။  စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့သည် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီဖက်က လက်နက်ကြီးအလွန်အကျွံအသုံးပြုကာ ပစ်ခတ်နေပြီး ယနေ့ဇူလိုင်လ ၇ ရက်နေ့မွန်းလွဲပိုင်းမှာလည်း Khuhsilobo လွတ်လပ်ရေးကျောက်တိုင်ကနေ သီမြစ်လွင်ပြင်ဖက်ကို လက်နက်ကြီးဖြင့် ၁၀ ထက်မနည်းပစ်ခတ်ခဲ့သည်ဟု CDF-Hakha တပ်ဖွဲ့နှင့်နီးစပ်သောသတင်းရင်းမြစ်ကဆိုသည်။ “ဟိုလို နှစ်ဘက် ထိတွေ့ပြီးတော့ တိုက်တာမျိုးတော့ မရှိဘူး စစ်သားတွေကတော့ ဟားခါးမြို့ လွတ်လပ်ရေး ကျော က်တိုင် khuhsilobo ကနေ လက်နက်ကြီးတွေ လှမ်းထုတယ်၊ ပြည်သူ့ကာကွယ်ရေးဘက်လဲ သီမြစ်ဘက်က စစ်သား တွေစခန်းကို drone နဲ့ ပစ်တယ် အဲလို အပြန်အလှန် ပစ်ကြတာရှိတယ်။ ကျွန်တော်တို့ ကာကွယ်ရေး တပ်ဘက်ကတော့ အထိအခိုက် မရှိဘူး။ စကစ ဘက်ကတော့ မပြောတတ်ဘူးပေါ့နော်” ဟု CDF-Hakha နှင့် နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။  ဇူလိုင် ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်အနီး သီတာရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ပြီးနောက် သီမြစ်အနီးတဝိုက်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ကြသည်။ ယခုလက်ရှိ မြေပြင်မှာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း သီမြစ်အနီးတွင်တပ်စွဲထားသော စစ်ကောင်စီ စခန်းများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ဒုန်းဖြင့်တိုက်ခိုက်ကာ စစ်ကောင်စီဖက်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ် နေ သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် လွန်ခဲ့သည့် မေလကုန်ပိုင်းကစ၍ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်…

Read More

Salai Vakok ချင်းပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဖွင့်လှစ်ထားသော Lailun ဆေးရုံတွင် ကုသပေးရသည့် ပြည်သူများ၏ ၃၀ ရာခိုင်နှုန်းတွင် ငှက်ဖျားရောဂါဖြစ်ပွားနေပြီး ငှက်ဖျားရောဂါပြန်လည် အဖြစ်များလာသည် ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) ထံက သိရသည်။  ဆေးရုံးသို့ လာရောက်ကုသသူ ချင်းပြည်သူ ဦးရေ ၅၀၀ နီးပါးတွင် ၅၀ ရာခိုင်နှုန်းမှာ ရာသီတုတ်ကွေ ဖြစ်ပွားနေပြီး၊ ၃၀ ရာခိုင်နှုန်းမှာ ငှက်ဖျားရောဂါများ တကျော့ပြန် အဖြစ်များလာသည်။ ကျန် ၂၀ ရာခိုင်နှုန်းမှာ ပုံမှန်ဖြစ်နေကြ နှာစေးချောင်းဆိုး၊ နာတာရှည် ရောဂါများဖြစ်သည်ဟု ICA မှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဆလိုင်းဗန်ဆေးစံက ပြောသည်။ “အခုအများဆုံးဖြစ်နေတာက ရာသီတုတ်ကွေးပေါ့နော်။ ရာသီတုတ်ကွေးက အဖြစ်အများဆုံးဖြစ်နေတယ်။ အရင်တုန်းက မရှိတော့တဲ့ဟာ ငှက်ဖျားပြန်ဖြစ်တဲ့ သူကလည်းတော်တော်လေး ရာခိုင်နှုန်း တိုးလာတယ်။ ဘာလို့လည်းဆိုတော့ ဆေးဝါးကုသဖို့ လုံလုံလောက်လောက် မရှိတာ၊ နောက်တချက်က ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးနိုင်တာ၊ အဲဒါကြောင့် ငှက်ဖျားက အတော်လေး အဖြစ်များနေပါတယ်” ဟု သူက ပြောသည်။ တကျော့ပြန် အဖြစ်များလာနေသည့် ငှက်ဖျားရောဂါသည် ချင်းပြည်နယ်၏ နေရာတော်တော် များများတွင် ဖြစ်ပွားနေပြီး အဓိကအားဖြင့် မြို့များနှင့် အလှမ်းဝေးသော ကျေးလက်ဒေသများတွင် ပိုအဖြစ်များလာသည်ဟု သိရသည်။ ယခုနှစ် မေလ ၁၂ ရက်က ချင်းပြည်နယ်၊ လွတ်မြောက်နယ်မြေ တနေရာမှာ Lailun ကုတင် ၂၀ ဆံ့ဆေးရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး ဇူလိုင်လအထိ နှစ်လခန့်တွင် ချင်းပြည်သူ ၅၀၀ နီးပါးကို…

Read More