Author: Editor

(06LY) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ပိုမိုပြုလုပ်လာခြင်းကြောင့် ပြည်သူတွေ မဖြစ်မနေ (မဖြစ်မနေ) ဗုံးခိုကျင်းတွေ အမြန်တူးကြဖို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချပ်ရေးအဖွဲ့က ထပ်မံသတိပေးထုတ်ပြန်သည်။ “ဇွန်၂၈ ရက်နေ့က လုပ်ခေးရွာကို ဗုံးကြဲတယ်။ လက်နက်ကြီးနဲ့ ငါးကြိမ်ပစ်တယ်။ ၂၈ ရက်မှာပဲ (ဒေါနတူးရွာ) ရောနတူးရွာကို လက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ ဇူလိုင်လ ၁ ရက်မှာပဲ တိုက်နယ် ၃ က ရွာတရွာကို လက်နက်ကြီးနဲ့ လှမ်းထုတယ်။ အဲလို လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းက ဗုံးကြဲတာ ခပ်စိတ်စိတ် ဖြစ်နေတဲ့အတွက်ကြောင့် အရင်က ထုတ်ပြန်ပေမဲ့ လိုက်နာမှု အားနည်းတာကြောင့် ထပ်မံ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု မင်းတပ်မြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူ ကိုယောမာန်က ပြောသည်။ ယခုရက်ပိုင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုမရှိပေမဲ့ ဘာသာရေးအဆောက်အအုံအပါအဝင် အရပ်သားနေအိမ်တချို့ ပျက်စီးသည်ဟု ကိုယောမာန်က ပြောပါသည်။ မင်းတပ်မြို့နယ်အတွင်းရှိ ချပ်၊ စွန်တောင်၊ ပလိပ်ထွီ၊ ရောင်လောင်း၊ ပန်းပါနဲ့ လုပ်ခေးကျေးရွာ၊ မင်းတပ်-မတူပီကား လမ်းမပေါ်ရှိ စခန်းများကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး တိုက်နယ်အမှတ် ၂၊ ၃ နဲ့ ၄ အတွင်းသို့ လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု ဇူလိုင်လ ၁ ရက်က ထုတ်ပြန်သည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် ပြည်သူများ အသက်ဆုံးရှုံးခြင်း၊ ဒဏ်ရာရရှိခြင်းများဖြစ်ပေါ်နေပြီး ဗုံးခိုကျင်းများ ဆောလျင်စွာ…

Read More

(04SS) ချင်းပြည်နယ်၊ ဟားခါးနှင့် ထန်တလန်အကြား သီမြစ်လွင်ပြင်တဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ယနေ့မနက်ပိုင်း လင်းအားကြီးချိန်ကစ၍ တိုက်ပွဲဖြစ်ပွါးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်၂ ဦးကျဆုံးပြီး ဒါဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။ ယနေ့ ဇူလိုင်လ ၃ ရက်နေ့ အာရုံဦးအချိန်တွင် ဟားခါး-ထန်တလန်အကြား သီတာရွာသို့ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကြဲပြီးနောက် သီမြစ်လွင်ပြင်တဝိုက်က ချင်းကာကွယ်ရေးတပ်ဖွဲ့များရှိသည်ဟု ယူဆရသောနေရာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ နာရီဝက်ကျော်ကြာ နှစ်ဘက် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဟု သိရသည်။ “ဒီနေ့မနက်အစောကြီး မိုးမလင်းခင်အထိ တောက်လျှောက် ပစ်ခတ်တယ်၊ သီတာရွာကို ဂျက်ဖိုက်တာက ဗုံးလာကြဲတယ်။ ပြီးတော့မှ သီမြစ်ဘက် ဒေသကာကွယ်ရေးတပ်စခန်းကို သူတို့ လာပစ်တယ်။ အဲမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တာပေါ့။ အဲမှာ CDF-Thantlang က ရဲဘော် ၁ ဦး နဲ့ CDF-Zophei က ရဲဘော်၁ ဦး ကျဆုံးတာပေါ့နော် ပြီးတော့ ဒါဏ်ရာရတဲ့သူ ၆၊၇ ယောက်လောက်ရှိတယ်။ စစ်သားတွေကတော့ ဘယ်လောက်သေတယ် ဆိုတာအတိအကျတော့ ပြောလို့ မရပေမဲ့ ထိခိုက် သေဆုံးမှု များမယ်၊ ဘာလို့လဲဆိုတော့ တိုက်ပွဲက အနီးကပ် ပစ်ခတ်တာဆိုတော့ အဲလိုပြောနိုင်တာပေါ့” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ဦးကပြောသည်။ ယခုမနက်ပိုင်း ဖြစ်ပွားသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က ဟားခါးမြို့ရှိ လွတ်လပ်ရေးကျောင်တိုင်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးခဲ့ကြောင်းလည်း သိရသည်။ လွန်ခဲ့သည့် မေလ ၂၅ ရက်နေ့မှစတင်ကာ သီမြစ်လွင်ပြင်အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး…

Read More

(03PT) ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နယ် ရွှေအောင်သာကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးကာ အများပြား ဒဏ်ရာရှိပြီး CDF-Mindat က ထုတ်ပြန်သည်။ ရွှေအောင်သာကျေးရွာရှိ နှော်စေတီကုန်းအနီးတစ်ဝိုက်တွင် ဇွန်လ ၂၆ ရက်နေ့ နံနက် ၇ နာရီမိနစ် ၂၀ မှ ၈ နာရီခွဲအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ် (CDF-Mindat) တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးကာ အများပြား ဒဏ်ရာရရှိပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်အဖွဲ့ဖက်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိတယ်လို့ CDF-Mindat က ဆိုသည်။ တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်မှ Jet-Fighter ယဉ်အမျိုးစား နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၇ နှစ်ကြိမ် လုပ်ဆောင်သော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဖက်မှ အထိခိုက်အကျဆုံးမရှိကြောင်း သိရသည်။ ထို့အပြင် မင်းတပ်မြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat တို့အကြား ထိတွေ့မှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်သေဆုံးအခြေအနေ အတည်မပြုနိင်သေးကြောင်း သိရသည်။

Read More

(04SS) စစ်ကိုင်းတိုင်း၊ တမူးမြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွါးမှုကြောင့် တမူးမြို့ပေါ်သို့ ကားအဝင်/အထွက်လမ်းများပိတ်ကာ စားသောက်ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ထိုသို့ စားသောက်ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေသည်သာမက အချို့စားသောက်ကုန်များ ပြတ်လပ်နေပြီဖြစ်ကာ ယခုလက်ရှိတွင် ဒေသခံပြည်သူများ သည် တမူးနယ်ထွက် သီးနှံများနှင့် လက်ကျန်ကုန်ပစ္စည်းများသာ အဓိကအားထားနေကြရကြောင်း သိရသည်။ “အခုက လမ်းပိတ်တော့ ကလေးမြို့ဘက်ကနေ ဘာမှမရောက်တော့ဘူးလေ ဟင်းသီးဟင်းရွက်တေကတော့ အခုတမူးမှာရှိတာတွေပဲ စားနေကြရတာပေါ့နော။ အခုဆိုလဲ ရှိတဲ့ဟာတေက စျေးတက်ကုန်ပြီ တစ်ချို့ကလဲ ဝယ်စရာ သိပ်မရှိတော့ဘူး” ဟု တမူးဒေသခံတစ်ဦးကပြောသည်။ ယခုလက်ရှိ တမူးမြို့ပေါ်ရှိ အခြေခံစာသောက်ကုန်စျေးနှုန်းအချို့မှာ ခရမ်းချဉ်သီး ၁ ပိဿာ- ၁၂၀၀၀ ကျပ်၊ အာလူး ၁ ပိဿာ – ၁၀၀၀၀ ကျပ်၊ ကြက်ဉ ၁လုံး – ၅၀၀-၆၀၀ ကျပ်၊ အမဲသား၊ ဝက်သား ၁ ပိဿာ – ၁၈၀၀၀-၂၀၀၀၀ ကျပ်၊ ဧရာမင်းကော်ချက်ဆန် ၁ အိတ်- ၈၆၀၀၀ – ၉၀၀၀၀ ကျပ် စသည်ဖြင့် အသီးသီးရှိကြကာ ခရမ်းချဉ်သီး၊ ကြက်ဉစသည်တို့မှာ ဝယ်ယူရန်ပင် ခက်ခဲကြောင်း ဒေသခံများထံမှ သိရသည်။ ထိုသို့ ကုန်စျေးနှုန်းများမြင့်တက်နေရခြင်းမှာ လွန်ခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ခန့် မှစတင်ကာ တမူး-ကလေးနယ်စပ်၊ တမူး-မိုးရေးနယ်နယ်စပ် စသည့် မြို့စွန် မြို့ဖျား နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးတင်မာလျက်ရှိပြီး တမူး-ကလေးလမ်းမပေါ်ရှိ ပန်းသာတံတားဖျက်ဆီးခံရမှုကြောင့် ကား…

Read More

(04SS) ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် Passport ရုံးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha အကြား ပစ်ခတ်မှုဖြစ်ပွါးပြီး ဟားခါးမြို့ ပါတ်လမ်းအနီးရှိ ခရိုင် တိုင်းရင်းဆေးရုံ ကွာတာအား ဗုံးထိမှန်ကာ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၇ ရက်ည ၈ နာရီခွဲဝန်းကျင်တွင် ဟားခါးမြို့ Passport ရုံးတွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များအား ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ သွားရောက်ပစ်ခတ်ခဲ့ကာ နှစ်ဖက်တိုက်ပွဲ ၅ မိနစ်ခန့် သာကြာမြင့်ခဲ့ကြောင်း သိရသည်။ CDF-Hakha မှ တာဝန်ရှိသူတစ်ဦးက “Passport ရုံးမှာ ရဲတွေရော စစ်သားတွေရော ပုံမှန်အားဖြင့် ၁၀ ယောက်က ကင်းစောင့်လေ့ရှိတယ်လို့ ကျွန်တော်တို့ သိရတယ်ပေါ့နော်။ ပြီးတော့ passport ရုံးက အကြီးအကဲတေက ပစ္စတောလ်ကိုယ်စီကိုင်ကြတယ် လို့လဲ ကြားတာပေါ့။ ဒါကြောင့် မနေ့ညက အကြာကြီးမဟုတ်ဘူး ၅ မိနစ်လောက်ရှိမယ် ကျွန်တော်တို့ လက်နက်ငယ်တွေနဲ့ သွားပစ်ကြတာပေါ့” ဟု ပြောသည်။ ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုရှိမရှိ မသိရသော်လည်း CDF-Hakha တပ်ဖွဲ့ဘက် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ကာကွယ်ရေးတပ်ဖွဲ့များ ရှိနိုင်မည်ဟု ထင်သည့် နေရာများသို့ လက်နက်ကြီး ၃ လုံးနှင့် လက်နက်ငယ်များဖြင့်ရမ်းသမ်း ပစ်ခတ်ခဲ့ရာ မြို့ပါတ်လမ်းရှိ ခရိုင်တိုင်းရင်းဆေးကွာတာအား လက်နက်ကြီးကျည်ထိမှန်ကာ အမိုး၊ ပြတင်ပေါက်များ ပျက်ဆီးပြီး အိုးအိမ်ရုံး အကျော်ရှိ ဆောက်လက်စအိမ်တစ်လုံးလည်း သေနတ်ကျည်အများအပြားထိမှန်ကြောင်း သိရသည်။ ယခုတလော ဟားခါးမြို့…

Read More

(05MK) ဆေးခန်းပြရန် ဘာသာစကားအခက်အခဲနှင့် အလှမ်းဝေးသည့်ဒေသတွင် ရောက်ရှိနေသည်ဖြစ်စေ အင်တာနက် (အွန်လိုင်း) ရှိရုံဖြင့် ချင်းဆရာဝန်များနှင့် ဆွေးနွေးတိုင်ပြင်၍ရရှိနိုင်မည့် ချင်းတယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကို Chin Health Organization (CHO) က စတင်ဖွင့်လှစ်လိုက်ပြီဟု သိရသည်။ နိုင်ငံရေး၊ စစ်ရေးအခြေအနေနှင့် တခြားသော အခြေအနေအကြောင်းကြောင်းကြောင့် မိမိနေရပ်မဟုတ်ပဲ တခြားနေရပ် ဒေသအသီးသီးမှာရောက်ရှိနေကြသော ချင်းလူမျိုးများအတွက်၊ အထူးသဖြင့် နေမကောင်း၍ ဆေးခန်းပြသရာမှာ ဒေသ ဘာသာစကား မသိနားမလည်၍ ဆေးခန်းပြသဖို့ အခက်အခဲဖြစ်နေကြသော လူနာများ၊ ဆေးရုံဆေးခန်း သွားရောက်ပြသရန် အလှမ်းဝေးလို့ ဆေးခန်းပြရန် အခက်အခဲရှိနေသော လူနာတွေအတွက် ချင်းတယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကို အဓိကရည်ရွယ်သည်ဟု သိရသည်။ ချင်းတယ်လီကျန်မားမှာ ဆေးခန်းပြမည်ဆိုပါက အရင်ဆုံး မိမိဖုန်းထဲမှာ Telegram application ကို ကြိုတင် Download ထားရန်လိုအပ်ပြီး Messenger မှာ ဘိုကင်တင်ပီး Telegram မှာ ဆေးခန်းပြရမည်ဖြစ်သည်။ နံနက် (၁၀) နာရီမှ ည (၄) နာရီအတွင်း Messenger မှာ ဆေးခန်းပြဖို့ ဘိုကင်ယူနိုင်ပြီး ဘိုကင်ယူပြီးသွားပါက လူနာအမှတ်၊ ပြသရမယ့်အချိန်၊ ပြသရမယ့်ဆေးခန်း Telegram link ကို Messenger ကတဆင့် ပြန်လည်ပို့ပေးမှာဖြစ်သည်ဟု သိရသည်။ ထို့နောက် ဆေးခန်းပြရမယ့်အချိန်မှာ Messenger က ပို့ထားသော Telegram link ကိုနှိပ်ကာ Telegram Message Box ကနေ လူနာအမှတ် ရိုက်ပို့ပေးရမည်ဖြစ်သည်။ ချင်းတယ်လီကျန်းမာဆေးခန်းကို အပတ်စဉ် တနင်္လာမှ…

Read More

(03PT) စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်ရှိ အရက်ဘီယာဆိုင်များတွင် စစ်ကောင်စီထုတ် ဘီယာများ ရောင်းချမှုရှိနေသောကြောင့် ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှုများလုပ်ဆောင်ခဲ့သည်ဟု သိရသည်။ ကလေးမြို့ပေါ်ရှိ အရက်ဘီယာဆိုင်များတွင် စစ်ကောင်စီထုတ်ပစ္စည်းများ ရောင်းချနေကြောင်း ပြည်သူများ၏ သတင်း ပေးပို့ချက်အရ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက် ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (Kalay Township Peo ple’s Police) တပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူ့လုံခြုံရေးတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့က ဇွန်လ ၂၄ ရက်နေ့တွင် ကလေးမြို့ပေါ်ရှိ အရက်ဘီယာဆိုင်များကို လိုက်လံစစ်ဆေးမှု လုပ်ဆောင်ခဲ့ကြသည်။ ထိုသို့ ဘီယာဆိုင်များသို့ စစ်ဆေးရှာဖွေရာတွင် ဘီယာဆိုင် ၄ ဆိုင်တို့တွင် စစ်ကောင်စီထုတ် ဒဂုံဘီယာအရက်ဖာ ၆၀ ဖာနှင့် အရက်ဘီယာဖြန့်ဖြူးရာတွင် အသုံးပြုသော ကားနှစ်စီးတို့ကို ဖမ်းဆီးသိမ်းဆည်ခဲ့ပြီး သက်သေခံပစ္စည်များကို အမျိုးသားညီညွတ်ရေးအစိုးရအောက်ရှိ ကလေးမြို့နယ် စည်ပင်ကော်မတီအဖွဲ့ထံ အပ်နှံခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ကလေးမြို့နယ်တွင် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများအား ရောင်းဝယ်ဖြန့်ဖြူးဖောက်ကားခြင်း မပြုရန်နှင့် ပြုလုပ်ပါက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြင်းထန်စွာအရေးယူမည်ဟု ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တရားဝင်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ကလေးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် ယခင်အစိုးရလက်ထက်တွင် အခွန်ဆောင်ရသောလုပ်ငန်းများလုံး ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ တရားဝင်အခွန်ထမ်းဆောင်ရန်ကြရန်နှင့် ပျက်ကွက်ပါကလုပ်ထုံးလုပ်နည်း များနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဟု ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ရရှိလာသော အခွန်ဘဏ္ဍာငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာရေးမူဝါဒများနှင့်အညီ သုံးစွဲလျက်ရှိပြီး ထိန်းချုပ်နယ်မြေရှိ ပြည်သူများအား ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နေပြီဖြစ်ကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read More

(04SS) စစ်ကိုင်းတိုင်း၊ တမူးမြို့အနီး နဂါးမင်းသမီးတပ်စခန်းတွင် ဇွန်လ ၂၄ ရက်နေ့ မနက် ၅ နာရီကျော်မှ ၁၁ နာရီခွဲအတွင်း တိုက်ပွဲဖြစ်ပွါးခဲ့ရာ စစ်ကောင်စီတပ်ဘက် ၇ ဦးသေဆုံးကာ အများအပြား ဒါဏ်ရာရရှိကြောင်း သိရသည်။ အဆိုပါတိုက်ပွဲတွင် အင်အား ၃၅ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များအား Meitei UG, SNA ရှမ်းနီ၊ ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့များ စစ်ကူအင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်သောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တပ်ဆုတ်ခဲ့ရကြောင်း ဇွန်လ ၂၆ ရက်နေ့တွင် PDF-Tamu Battalion 4 က ထုတ်ပြန်သည်။ ၆ နာရီကျော်ကြာ ဖြစ်ပွားသောတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF-Tamu Battalion 4 မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

Read More

(03PT) စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် အံတုသွားသော ဆလိုင်းတင်မောင်ဦး၏ သတ္တိသွေးကို မိမိတို့၏ တော်လှန်သော သွေးသားများအဖြစ် အတုယူလေ့ကျင့် တည်ဆောက်သွားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။ ယနေ့ဇွန်လ ၂၆ ရက်နေ့သည် ချင်းတိုင်းရင်းသားကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၇) နှစ်ပြည့်မြောက်သည့်နေ့ဖြစ်ပြီး ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ၏ ဦးဆောင်မှုဖြင့် ဆလိုင်း တင်မောင်ဦးကျဆုံးခြင်းအခမ်းအနားကို အွန်လိုင်းမှတဆင့်ကျင်းခဲ့ရာတွင် NUG ယာယီသမ္မတက မိန့်ခွန်းပြောကြားရာတွင် ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ “အသက်နဲ့ ခန္ဓာကို ပဓာနမထားဘဲ စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် အန်တုသွားတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ သတ္တိသွေးကို ကျွန်တော်တို့ရဲ့ တော်လှန်သောသွေးသားများအဖြစ် အတုယူ လေ့ကျင့်တည်ဆောက်သွားကြဖို့” ဒူဝါလရှီးလက ပြောဆိုခဲ့သည်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အံတုခဲ့သည့် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် စစ်အာဏာရှင်ဗိုလ်ချုပ်နေဝင်းက တိတ်တဆိတ်ကြိုးပေးကွက် မျက်ခဲ့သည်။ ဆလိုင်းတင်မောင်ဦးသည် မြန်မာ့သမိုင်းတွင် ပထမဦးဆုံး ကြိုးပေးကွက်မျက်ခံရသော ကျောင်းသားခေါင်းဆောင်ဖြစ်ပြီး ကြိုးပေးကွက်မျက်ခံရစဉ်တွင် အသက် ၂၅ နှစ်သာရှိသေးသည်။ ဆလိုင်းတင်မောင်ဦးသည် ၎င်းအားကြိုးပေးသတ်ဖြတ်ရန် ပြင်ဆင်နေသည့် စစ်အာဏာရှင်လက်ပါးစေများကို “စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး(I will never kneel down under military boots.)” “မင်းတို့ ငါရဲ့ခန္ဓာ ကိုယ်ကိုသတ်လို့ရချင်ရမယ်။ ဒါပေမဲ့ ငါ့ရဲ့ယုံကြည်ချက်နဲ့ ခံယူချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ မရနိုင်ဘူး( You can kill my body but…

Read More

(04SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာကို မီးရှို့ပြီး ပြန်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်က အနည်းဆုံး ၃ ဦးထိခိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖက်က တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ အင်အား ၂၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၅ ရက်နေ့မနက်ပိုင်းတွင် သာစည်ကျေးရွာက လူနေအိမ်ခြေ ၁၀ လုံးထက်မနည်း မီးရှို့ပြီးနောက် ပြန်လည်ထွက်ခွါလာစဉ်တွင် CDF-KKG, CNDF-Vakok, PDF-Kalay နှင့် ပကဖ စသည့်ပူပေါင်းတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃ ဦးထက်မနည်း ထိခိုက်မှုရှိပြီး CNDF က ရဲဘော်တစ်ဦးကျဆုံးကာ ၃ ဦးဒါဏ်ရာရှိကြောင်း သိရသည်။ CDF-KKG သတင်းမှန် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “ဇင်းကလင်းကနေထွက်လာတဲ့စကစတွေပေါ့သာစည်ရွာကို မီးရှိုပြီးပြန်ထွက်လာတဲ့ဟာကို ကျွန်တော်တို့ ပူပေါင်းတပ်ဖွဲ့တွေကချောင်းပြီး ပစ်ခတ်ခဲ့တာပေါ့။ ထိခိုက်မှုကတော့ အနည်းဆုံး ၃ ယောက်တော့ရှိနိုင်မယ်ဗျ။ ပစ်ခတ်မှုပြီးမှ ပြန်ဆုတ်ခွါလာတဲ့ချိန်မှာ စကစ ဘက်ကနေ လက်လက်ကြီး တွေနဲ့ပစ်ကူပေးတယ်။ အဲမှာ လက်နက်ကြီးကြောင့် CNDF က ရဲဘော်တစ်ယောက်ကျဆုံးသွားတယ်ပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ KKG တပ်ရင်း၂ က ရဲဘော် ၂ ယောက်၊ တပ်ရင်း ၃ က ရဲဘော် ၁ ယောက် ထိခိုက်ထားတယ်ပေါ့နော်” ဟု ပြောသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် CNDF-Vakok တပ်ရင်းက ရဲဘော် မင်းခန့်ကျော် (ခေါ်) သားလေးကျဆုံးခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့သည် လွန်ခဲ့သည့် နှစ်ပတ်ခန့်ကစ၍…

Read More