(01RB) မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်အတွင်းရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ ဌာနချုပ်အဆောက်အအုံများအပါအဝင် လူနေအိမ်များလည်း ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။ အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မေလ (၁၄) ရက်နေ့ ညနေပိုင်းက ချင်းပြည်နယ်ကို တစ္န်နာရီ မိုင် (၅၀) ကနေ (၇၀) အထိ တိုက်ခိုက်ဝင်ရောက်ခဲ့ပြီး မင်းတပ်၊ ပလက်ဝ၊ မတူပီ၊ ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ဖလမ်းစသည့် မြို့နယ်များကို ဖြတ်သန်းသွားခဲ့သည်။ မုန်တိုင်းကြောင့် ချင်းပြည်နယ် မတူပီမြို့နယ်က CDF-Matupi ဌာနချုပ်စခန်း အဆောက်အအုံတချို့ ပျက်စီးခဲ့ခြင်းကြောင့် ဗုံးခိုကျင်းများတွင် အိပ်စက်ခဲ့ရသည်ဟု CDF-Matupi က ထုတ်ပြန်သည်။ ထို့အပြင် မုန်တိုင်းကြောင့် မတူပီမြို့နယ်အတွင်း ကျေးရွာတချို့က နေအိမ်များ ပျက်စီးခဲ့သည်ဟု သိရသော်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် ပျက်စီးမှုအခြေအနေအသေးစိတ် မသိရသေးပေ။ ကန်ပက်လက်မြို့နယ် မကြားအိမ်နူးတွင်လည်း လူနေအိမ်တလုံး၊ ဘုရားကျောင်းတစ်ကျောင်း၊ စာသင်ဆောင်နှစ်ခု အမိုးလန်ပျက်စီးခဲ့ပြီး၊ ပလက်ဝမြို့နယ် ဆမီးမြို့တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များအိမ်ခေါင်မိုးလန်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။ ဟားခါးမြို့ မြို့သစ်ရပ်ကွက်ဘက်တွင်လည်း အိမ် ၂ လုံးပြိုခဲ့သည်ဟု ကြားကာလချင်း အမျိုးသားအတိုင်ပင်ခံကောင်စီသဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ အလားတူ ပလက်ဝမြို့နယ် CDF-Paletwa တပ်ရင်း ၂ ဌာနချုပ်အမိုးအကာ ဆိုလာများ ထိခိုက်ပျက်စီးခဲ့သည့်အပြင် ဖလမ်းမြို့နယ်က CNDF တပ်ရင်း ၂ ဌာနချုပ် အမိုးအကာများ ဆိုလာများ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည်…
Author: Editor
(03PT) ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Senthang ဌာနချုပ်ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ မနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်က တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်လုံခြုံရေးအခြေအနေကြေင့် ဟားခါး-မတူပီကားလမ်းကိုလည်း ယာယီပိတ်ထားလိုက်သည်ဟု သိရသည်။ CDF- Senthang ဌာနနချုပ်တပ်စခန်းနှင့် ခွါပီးကျေးရွာတို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ်ခန့် ထပ်မံဗုံးကြဲတိုက်ခိုက်လာခဲ့သည်ဟု CDF-Senthang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “မေလ ၈ ရက်နေ့က ဗုံးကြဲထားတယ်။ ပြီးတော့ နောက် သုံးရက်လောက်ကြာတော့ ပြန်လည် ဗုံးကြဲသွားတယ်ဆိုတော့ နောက်ခေါက်ပြန်ပြီးတော့ မကြဲနိုင်ဘူးလို့ ပြောလို့မရသေးဘူးပေါ့နော်။ အဲ့တာကြောင့်မို့ ပြည်သူတွေ လုံခြုံဖို့အဓိကထားပြီးတော့ ခေတ်တ ပိတ်ထားတာပေါ့နော်“ ဟု CDF-Senthang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့၏ ယနေ့မနက်ပိုင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု ရှိ/မရှိ မြေပြင်ဆက်သွယ်မှု အခက်ခဲကြောင့် တိကျသိရှိထားခြင်းမရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။ ယခုကဲ့သို့ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လာသည့်အတွက် ဟားခါး-မတူပီကားလမ်းကိုလည်း ယနေ့ မေလ ၁၁ ရက်နေ့ကစ၍ ယာယီပိတ်ပင်ထားသည်ဟု CDF-Senthang က ထုတ်ပြန်သည်။ CDF-Senthang ထိန်းချုပ်နယ်မြေအတွင်းရှိ ခွါပီးကျေးရွာနှင့် CDF-Senthang ဗဟိုအလုပ်အမှုဆောင်ကောင်စီရုံးကို မေလ ၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က Mi-35 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး Salai Siang Cung Hnin နှင့် တပ်ခွဲမှူး Salai Duh Lian Hmung တို့ ကျဆုံးခဲ့သည်။
(02HH) စစ်ကောင်စီတပ်ဖွဲနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုကြောင့် ဟားခါးမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာသူ ပိုမိုများပြားလာနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ အထောက်အပံ့ များလိုအပ်လျက်ရှိကြောင်း ဟားခါးမြို့နယ် စစ်ဘေးရှောင်စောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ “တချို့က ရွာလုံးကျွတ်တောင်လာရှောင်ကြတာ လက်ရှိ မြို့ပေါ်မှာ လူဦးရေ ၂၁၇၁ ရှိတယ်။ ဟားခါးမြို့နယ် ရွာတွေမှာ IDP (Camp) ရှိတယ် စစ်ဘေးရှောင် တွေရှိ တယ် အဲ့တာတွေ ပေါင်း လိုက်ရင် ဟားခါးမြို့နယ်မှာ တော့ လူဦးရေ (၉) ထောင်ကျော် လောက်ရှိတယ်။ IDP (Camp) လုပ်ထားတဲ့ တချို့ရွာတွေဆိုရင် စစ်ကြောင်း ရှိတော့ IDP (Camp) လည်းထပ်ရှောင်ရတာပေါ့၊ လုံခြုံတဲ့ရွာတွေမှာ ထပ်ရှောင်တယ် ပြီးတော့ တောထဲမှာ လည်းပဲ ရှောင်တဲ့သူတွေလည်းပဲရှိတယ်။” ဟု ဟားခါးမြို့နယ် စစ်ဘေးရှောင် စောင့်ရှောက်ရေးအဖွဲ့ဝင်ကေပြာသည်။ ဟားခါးမြို့နယ်အတွင်းရှိ ကလေး-ဟားခါး ကားလမ်းမပေါ်နှင့် ဟားခါး-ဂန့်ဂေါကြား ကားလမ်းမတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားလာသည်မှာ တစ်လခန့်ကြာမြင့်လာပြီဖြစ်ပြီး ကားလမ်းဘေးတစ်လျှောက်တွင် နေထိုင်ကြသော ကျေးရွာများသည် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေကြရသည်။ ဟားခါးမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်လာကြသည့် ကျေးရွာများမှာ ဟားခါးနှင့် ဖလမ်းအကြားတွင်ရှိသော ချွန်ကျုံး၊ ရမ်ထလို၊ ဒေါ့ထက်ရွာ၊ တလန်းဇာရ်ရွာအပါအဝင် ဟားခါး- ဂန့်ဂေါကြား ကျေးရွာတို့မှ ထောင်နှင့်ချီသောပြည်သူများ ဖြစ်ကြသည်။ လက်ရှိ ဟားခါးမြို့ပေါ်တွင် စစ်ဘေးရှောင်သည့် အိမ်ခြေ ၅၈၇ အိမ်၊ လူဦးရေ ၂၁၇၁ ဦး၊ ဟားခါးမြို့နယ်တွင်ရှိသော IDP (Camp) နှင့် ကျေးရွာတို့တွင် စစ်ဘေးရှောင်လူဦးရေ…
(01RB) ချင်းပြည်နယ် ဟားခါးမြို့နယ် ချွန်ကျူံးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် CDF-Hualngoram ရဲဘော် ၂ ဦး မေလ ၉ ရက်နေ့က ကျဆုံးခဲ့သည်ဟု သိရသည်။ မေလ ၉ ရက်နေ့က ချွန်ကျေးရွာတွင် CNA နှင့် CDF တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းလုပ်ဆောင်နေစဉ် CDF-Hualngoram တပ်ဖွဲ့ဝင် Elsangzela (၂၁ နှစ်) နှင့် Ramthianghlima (၂၂ နှစ်) တို့သည် စစ်ကောင်စီထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် ကျဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သောသတင်းရင်းမြစ်ထံမှ သိရသည်။ ချွန်ကျုံးကျေးရွာတွင် ခြေကုပ်ယူထားကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲက မီးရှို့ဖျက်ဆီးခဲ့သော သံချက်ကာယာဉ် ၂ စီးကို သယ်ဆောင်ပြီး မေလ ၈ရက်နေ့က ဟားခါးမြို့ဖက်ကို ထွက်ခွာခဲ့ကြပြီဟု သိရသည်။
(04SS) စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသော ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ရဲစခန်းနှင့် ကလေးတက္ကသိုလ် မုခ်ဦးအနီး အနည်းဆုံး တစ်မိုင်ပတ်လည်အတွင်း နေထိုင်ကြသော ထောင်နှင့်ချီသော ပြည်သူများသည် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြေသာကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရသည်ဟု သိရသည်။ စစ်ကောင်စီတပ်စွဲထားသော စခန်းအနီးတဝိုက်တွင်နေထိုင်ကြသော ပြည်သူများအနေဖြင့် မေလ ၁၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီနောက်ဆုံးထားပြောင်းရွှေ့ကြရန် မပြောင်းရွှေ့သောပြည်သူများ ထိခိုက်မှု တစ်စုံတစ်ခုရှိခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDM Siyin က သတိပေးထုတ်ပြန်ခဲ့ပြီးနောက် နီးစပ်ရာ ဆွေမျိုးအသိုင်းအဝန်းထံ ပြောင်းရွှေ့ခဲ့ကြရသည်ဟု သိရသည်။ “မနေ့ညက ပြောင်းရွှေ့ဖို့ ဆိုပြီးသတင်းကြားတယ်။ အစကတော့ ထွက်မလားမထွက်ဘူးလားဆိုတာ မဆုံးဖြတ်နိုင်ဘူး အခြေအနေစောင့်ကြည့်အုံးမယ်ပေါ့။ ဒီမနက်ကျတော့ လိုအပ်ခဲ့ရင်ဆိုပြီး ဓါတ်ဆီသွားထဲ့တာ လမ်းမကြီးရောက်တော့ လူတွေအများကြီးပဲ အထုပ်အပိုးတွေနဲ့ လမ်းအပြည့် သွားလာနေကြာတွေ့တယ်ပေါ့နော်။ ကျွန်မလဲ လန့်ပြီး အမြန်ဆုံး အိမ်ပြန်သွားတယ် အမေတို့နဲ့ ပြောင်းရွှေ့ဖို့ ပစ္စည်တွေထုပ်၊ ဒီလိုပဲ ထွက်လာကြတာ၊ အဝတ်လဲများများစားစားမပါဘူး” ဟု ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့သူတစ်ဦးက ပြောသည်။ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့နှင့် ကလေး-ချင်းနယ်စပ် ကိုးမိုင်၊ လှိုင်သာယာရပ်ကွက်တို့မှ ထောင်နှင့်ချီသောပြည်သူများသည် ကလေးမြို့ရှိနီးစပ်ရာ ဆွေမျိုးတွေထံ ခေတ္တခိုလှုံနေကြရပြီး အချို့မှာ ဆွေမျိုးမိတ်ဆွေမရှိသောကြောင့် မပြောင်းရွှေ့ပဲ ကျန်ရစ်သူများလည်းရှိကြောင်း သိရသည်။ ယခုကဲ့သို့ ပြည်သူများဘေးလွတ်ရာသို့ ပြောင်းရွှေ့နေစဉ်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း ပြောင်းရွှေ့ခြင်းမပြုကြရန်နှင့် ပြောင်းရွှေ့ပါက နေအိမ်များမီးရှိုမည်ဟု ခြိမ်ခြောက်မှုများလည်းရှိနေသည်ဟု သိရသည်။ ယခုရက်ပိုင်းအတွင်း ကိုးမိုင်နှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိသော်လည်း ညတိုင်း စစ်ကောင်စီတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်နေကြသည်ဟု ဒေသခံများက…
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်က ပလုတ်တောင်ဟုခေါ်သော ရပ်ကွက်တစ်ခုကို စစ်ကောင်စီက ဧပြီလ ၂၉ ရက်နေ့ကစ၍ ညမထွက်အမိန့် ထုတ်ပြန်ထားသည်ဟု သိရသည်။ အဆိုပါ ရပ်ကွက်ကို မည်သည့်အကြောင်းအရင်းကြောင့် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်ကို မသိရှိရသော်လည်း ယင်းရပ်ကွက်တွင် AA ဖက် အဝင်အထွက်ရှိနေသည်ဟု သံသယရှိနေသောကြောင့် ဖြစ်နိုင်သည်ဟု ပလက်၀မြို့ခံတစ်ဦးက ပြောသည်။ “ပလက်ဝမြို့ပေါ်အားလုံးတော့မဟုတ်ဘူး မြို့မရပ်ကွက် ပလုတ်တောင်လို့ခေါ်တယ် အဲ့ရပ်ကွက်က ရခိုင်လူမျိုးများတယ် အဝင်အထွက်ရှိတဲ့သဘောများတယ်၊ နေ့ခင်းဖက်တော့ သွားလို့ရတယ်၊ ဘာကြောင့် ထုတ်တယ်ဆိုတာ မသိရဘူး” ဟု ပလက်ဝမြို့ခံက ပြောသည်။ ပလုတ်တောင်ရပ်ကွက်ကို ည ၇ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းဖြစ်ဖြစ်သည်။ ပလက်ဝမြို့ပေါ်တွင် ရပ်ကွက် (၃) ရပ်ကွက်ရှိပြီး ရိက္ခာရပ်ကွက်၊ ရွာမရပ်ကွက်နှင့် မြို့မရပ်ကွက်တို့ဖြစ်ပြီး ပလုတ်တောင်သည် မြို့မရပ်ကွက်ထဲတွင်ရှိသည့် ရပ်ကွက်ငယ်တခုဖြစ်သည်ဟု သိရသည်။ ကုလားတန်မြစ်ကမ်းနဘေးတွင်တည်ရှိသော ပလုတ်တောင်ရပ်ကွက်အတွင်း နေထိုင်ကြသူများမှာ ငါးရှာသည့်အလုပ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်စားသောက်နေကြပြီး ယခုကဲ့သို့ ညမထွက်ရအမိန့် ထုတ်လိုက်သည့်အတွက် အလုပ်ထိခိုက်မှုရှိလာနေသည်ဟု သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ CDF-Senthang ဗဟိုအလုပ်အမှုဆောင်ကောင်စီရုံးကို မေလ ၈ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် CDF-Senthang တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ ယမန်နေ့ မေလ ၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့သည် CDF-Senthang ထိန်းချုပ်နယ်မြေအတွင်းရှိ ခွါပီးကျေးရွာကို Mi-35 ဖြင့် ဗုံးကြဲခဲ့ပြီးနောက် CDF-Senthang ဗဟိုအလုပ်အမှုဆောင်ကောင်စီရုံးအား ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး Salai Siang Cung Hnin နှင့် တပ်ခွဲမှူး Salai Duh Lian Hmung တို့ ကျဆုံးခဲ့သည်ဟု CDF-Senthang ကထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့နယ် ဖိုင်ဖာ (Phaipha) ကျေးရွာနှင့် ဆူရ်ခွါ (Surkhua) ကျေးရွာတို့ကိုလည်း မေ ၈ ရက်နေ့ ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ချင်းပြည်နယ်တွင် ယခုကဲ့သို့ လူသားမဆန်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ သူရဲဘောကြောင်သော လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေမှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်ဟု CDF-Senthang ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ CDF-Senthang အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၊ CDF, PDF များနှင့်အတူ စစ်အာဏာရှင်စနစ်ကို အဆုံးထိတိုင် တိုက်ပွဲဝင်တော်လှန်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသော ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ရဲစခန်းနှင့် ကလေးတက္ကသိုလ် မုခ်ဦးအနီး အနည်းဆုံး တစ်မိုင်ပတ်လည်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် မေလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDM Siyin တပ်ဖွဲ့က သတိပေးထုတ်ပြန်လိုက်သည်။ စစ်ကောင်စီတပ်စွဲထားသော စခန်းအနီးတဝိုက်တွင်နေထိုင်ကြသော ပြည်သူများအနေဖြင့် မေလ ၉ ရက်နေ့မှ မေလ ၁၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီနောက်ဆုံးထား ပြောင်းရွှေ့ကြရန်နှင့် မပြောင်းရွှေ့သေးသောပြည်သူများ ထိခိုက်မှုတစ်စုံတစ်ခုရှိခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း CDM Siyin က ဆိုပါသည်။ CDM Siyin တာဝန်ရှိသူက “ကျွန်တော်တို့က ပြည်သူ့ဘက်တော်သားတွေဖြစ်တဲ့အတွက် ပြည်သူတွေ အများကြီး ထိခိုက်နစ်နာရမဲ့အရာကို လုံးဝမလိုလားဘူး၊ ဘေးကင်းလုံခြုံဖို့အတွက် ကျွန်တော်တို့ အမြဲတမ်းဦးစားပေးတယ်။” ဟု ပြောသည်။ ခိုင်ကမ်းမြို့ရဲစခန်းနှင့် ကလေးတက္ကသိုလ်မုခ်ဦးသည် ကလေး-တီးတိန်-ရိခေါဒါရ် လမ်းမပေါ်တွင်တည်ရှိပြီး ယင်းနေရာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းကစ၍ ကလေး-တီးတိန်-ရိခေါဒါရ် ပြေးဆွဲနေသော ခရီးသည်တင်ကားနှင့် ကုန်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည့်အပြင် ကားတစ်စီးလျှင်အနည်းဆုံး ကျပ်ငွေတစ်သိန်းကောက်ခံကာ ဖြတ်သန်းခွင့်ပြုလေ့ရှိသည်ဟု သိရသည်။
(03PT) ကမ္ဘောဒီးယာနိုင်ငံတွင် ကျင်းပလျှက်ရှိသည့် အရှေ့တောင်အာရှအားကစား (Sea Game) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ကြသော ချင်းအားကစားသမား နှစ်ဦးသည် ရွှေတံဆိပ်ဆုအသီးသီးဆွတ်ခူးရရှိသည်ဟု သိရသည်။ ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဗိုမီနမ် အားကစားနည်းဖြစ်သော အမျိုးသား နှစ်ယောက်တွဲ အပြပြိုင်ပွဲကို အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိင်ငံတိုမှ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်ကြသော ချင်းတိုင်းရင်းသား ဆလိုင်းမနားကွီးနှင့် မောင်တင်ထူးဇော်တို့က ရမှတ် (၂၇၀) မှတ်ဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိနိုင်ခဲ့ကြသည်။ ထို့အပြင် ယနေ့ မေလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော တစ်ဦးချင်း အမျိုးသား ဓားတစ်လက်အပြ ကစားနည်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားယှဉ်ပြိုင်သော ဆလိုင်းအိုက်စိုးလင်းကလည်း ရွှေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ဆလိုင်းမနားကွီးသည် ချင်းပြည်နယ် ကန်ပက်လက်ဇာတိဖြစ်ပြီး လွန်ခဲ့သော ၂၀၁၇ ခုနှစ် အိန္ဒိယနိုင်ငံတွင် ကျင်းပသော ဗိုဗီနမ် လေးယောက်တွဲ ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆုနှင့် နှစ်ယောက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီးဖြစ်သည်။ ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ် ဗိုဗီနမ် အမျိုးသား ဓားတစ်လက်အပြ ပြိုင်ပွဲတွင် ချင်းပြည်နယ်ကိုယ်စား ယှဉ်ပြိုင်ခဲ့ရာလည်း ရွှေတံဆိပ်ဆု နှင့် ငွေ တံဆိပ်ဆု ရရှိခဲ့သည်ဟုသိရသည်။ ဆလိုင်းအိုက်စိုးလင်းမှာ ချင်းပြည်နယ် ပလက်ဝဇာတိဖြစ်သည်။ ယခု ကျင်းပလျက်ရှိသော ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံအပါဝင် မြန်မာ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖီလိပိုင်၊…
(04SS) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ပေါ်ရှိ ဒေသခံများ၏ ငွေကြေး၊ ပစ္စည်းများနှင့် ဆိုင်ကယ်များ ခိုးယူခဲ့သူ အမျိုးသား ၄ ဦးအား တီးတိန်မြို့လူငယ်များက မေလ ၇ ရက်နေ့တွင် ဖမ်းမိခဲ့သည်ဟု သိရသည်။ အဖမ်းခံရသူအမျိုးသား ၄ ဦးမှာ မူးယစ်ဆေးဝါးသုံးစွဲနေသူများဖြစ်ကြပြီး ယခုရက်ပိုင်းအတွင်း တီးတိန်မြို့ပေါ်၌ ခိုးဆိုးမှု များပြားလာရာတွင် ပါဝင်ပတ်သက်နေသည်ဟု စုံစမ်းသိရှိချက်အရ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့က လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။ “သူတို့ကို အရင်ကတည်းက သိတာပေါ့နော် ဒါပေမဲ့ အခုနောက်ပိုင်း သူတို့က ပိုဆိုးလာတယ်၊ ခိုးတာ ပျောက်တာတွေက အများစုသူတို့လုပ်တာပေါ့ ဆိုတော့ ကျွန်တော်တို့ လူငယ် ၁၅ ယောက်လောက်က သူတို့ဆေးသုံးတဲ့နေရာတွေကိုသွားတယ် ကင်းစောင့်တယ် ပြီးတော့ သူတို့နေရာတစ်ခုမှာ ဖမ်းမိလိုက်တယ် တစ်ခြားသူတွေလည်းရှိသေးတယ်” ဟု ၎င်းကဆိုသည်။ ၎င်းတို့ ၄ ဦးတို့ကို တီးတိန်မြို့က ရဲများထံအပ်နှံပြီး ၁၄ ရက်ကြာ ယမန်အဖြစ် ထိန်းသိမ်းထားကြောင်း သိရသည်။ ယခုလက်ရှိ တီးတိန်မြို့ပေါ်တွင် ၎င်းတို့အပြင် မူးယစ်ဆေးသုံးဆွဲသူ အမျိုးသမီးများ၊ အိမ်ထောင်သည်နှင့် လူငယ်များ ပိုမိုများနေကြောင်း သိရသည်။ မေလ ၇ ရက် တနင်္ဂနွေနေ့ကလည်း ဘုရားကျောင်းတက်နေစဉ် မြို့မရပ်ကွက်က နေအိမ်တစ်လုံး ဖောက်ထွင်းခံရပြီး ကျပ်ငွေ ၂ သိန်းကျော် ခိုးယူခံရသည်ဟု သိရသည်။ အလားတူ လွန်ခဲ့သည့်အပတ်ကလည်း တီးတိန်မြို့ အား/ကာမှူးနေအိမ် ဖောက်ထွင်းခံရပြီး Battery တစ်လုံး၊ Laptop တစ်လုံးနှင့် ကလေးများစုထားသည့် ငွေကြေးများ အခိုးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။…
