Author: Editor

Unicode ဟားခါးမြို့ခရစ်ယာန်ဂို ဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်များအဖွဲ့မှ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ Stephen Lian Hup Ling နှင့်ဆက်သွယ်မေးမြန်းချက် လာမယ့်ဒီဇင်ဘာလ ၂၅ ရက်နေ့ဟာ ယေရှုဖွားမြင်တဲ့ ခရစ္စမတ်ရက်မြတ်မင်္ဂလာဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရှိတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ခရစ္စမတ်ကာလရောက်ရှိလာပြီဆိုရင် ခရစ်ယာန်ဘာသာဝင်တွေဟာ ဘုရားကျောင်းတွေ၊ လမ်းတွေ၊ မြို့၊ ရွာတွေကို အလှဆင်မြန်းတာ၊ အသင်းသူအသင်းသားတွေအိမ်မှာသွားရောက်ပြီး ကယ်ရောလ်သီချင်းတွေသံပြိုင်သီဆိုကြတာ၊ ခရစ္စမတ်နေ့မှာဆိုရင် ဘုရားကျောင်းတွေမှာ ဝတ်ပြုဆုတောင်းတာ၊ ဧည့်ခံကျွေးမွေးတာစတဲ့ အစီစဉ်တွေနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ခရစ္စမတ်ပွဲတော်ကို ငွေကြေး အကုန်အကျခံပြီး စည်စည်ကားကားနဲ့ ကျင်းပပြုလုပ်ဖို့ထက် နေရပ်စွန့်ခွါနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်း ကြဖို့ ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းတချိူ့က မေတ္တာ ရပ်ခံချက် ထုတ်ပြန်လာတာရှိသလို ချင်းပြည်နယ် ဟားခါးမြို့မှာ လည်း ဒီနှစ်ခရစ္စမတ်ကာလမှာ ဘုရားကျောင်း၊ ရပ်ကွက်တွေ အလှမဆင်ဖို့၊ ခရစ္စမတ်နေ့စုဝေး ဝတ်ပြုဆုတောင်းတာ၊ ဧည့်ခံကျွေးမွေးတာတွေမလုပ်ကြဖို့ ဟားခါးမြို့ ခရစ်ယာန်ဂို ဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်များအဖွဲ့က ထုတ်ပြန်ထား ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟားခါးမြို့ခရစ်ယာန်ဂို ဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်များအဖွဲ့က အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ Stephen Lian Hup Ling ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး- မကြာခင်ရောက်တော့မယ့် ခရစ္စမတ်ပွဲတော်ကို ဟားခါးမြို့မှာ မကျင်းပတော့ဘူးလို့သိရပါတယ်။ ဘာကြောင့်ပါလဲ။ ရှင်းပြပေးပါဦး။ ဖြေ- အခုကျွန်တော်တို့ ချင်းပြည်နယ်မှာ ထန်တလန်ပဲဖြစ်ဖြစ်၊ ဖလမ်းတချို့နေရာမှာပဲဖြစ်ဖြစ်၊ မင်းတပ်မှာပဲဖြစ်ဖြစ် ကျွန်တော်အိုးအိမ်တွေ မီးလောင်တယ်၊ ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့ မိသားစုတွေက တခြားနေရာဒေသကို သူတို့ ထွက်ပြေးတိမ်းရှောင်နေတယ်၊ သူတို့ကြေကွဲဝမ်းနည်းနေတယ်၊…

Read More

ဖလမ်းမြို့တွင် နေထိုင်သည့် အသက် (၂၅) နှစ်အရွယ် မရွယ်ရွယ်သည် အွန်လိုင်းကိုအသုံးပြုကာ စီးပွားရေး လုပ်ကိုင်နေသူဖြစ်သည်။ ခေတ်ပညာတတ်တစ်ဦးဖြစ်သည်နှင့်အညီ အွန်လိုင်းကို ကျွမ်းကျင်စွာ အသုံးပြုတတ်သဖြင့် လက်ရှိ ကိုဗစ်ကာလနှင့် အာဏာသိမ်းမှုကာလများအတွင်း Online Shop ဟုခေါ်သည့် အင်တာနက်အသုံးပြု၍ စျေးရောင်းချသည့်အလုပ်ကို လုပ်ရင်း ဝင်ငွေရှာဖွေခဲ့သူဖြစ်ပြီး တစ်လလျှင် အနည်းဆုံး ပျမ်းမျှ ကျပ်သုံးသိန်းအထိ ဝင်ငွေရနေသူဖြစ်သည်။ စစ်ကောင်စီက ချင်းပြည်နယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ပြီးသည့်နောက်တွင်တော့ သူ့မိသားစုကို ထောက်ပံ့ပေးနိုင်သည့် ထိုဝင်ငွေက ထက်ဝက်မက ထိခိုက်ဆုံးရှုံးသွားရသည်။ ချင်းပြည်နယ်ရှိ မြို့တော်ဟားခါးမှလွဲ၍ ကျန်မြို့နယ်များအားလုံးတွင် အင်တာနက် ဖြတ်တောက်မှုများကို စစ်ကောင်စီက စက်တင်ဘာလ (၂၃) ရက်နေ့တွင် လုပ်ဆောင်ခဲ့သည်။ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ စသည့် မြို့နယ်များ၌ ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ ချင်းပြည်နယ်တွင် လူဦးရေ ငါးသိန်းဝန်းကျင် နေထိုင်ကြရာ အင်တာနက် ဖြတ်တောက်လိုက်ခြင်းကြောင့် ၉၀ ရာခိုင်နှုန်းထက်မနည်း စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များတွင် ထိခိုက်ဆုံးရှုံးလိုက်ကြရခြင်းလည်း ဖြစ်သည်။ ချင်းပြည်နယ်၌ လူဦးရေ (၁၀၀) လျှင် (၇၉) ဦးမှ ကျေးလက်ဒေသများ၌ နေထိုင်ကြခြင်းဖြစ်သောကြောင့် မိုဘိုင်းဒေတာများ ဖြတ်တောက်လိုက်လျှင် လူတိုင်း အင်တာနက်သုံးစွဲနိုင်ခွင့်နှင့် အလှမ်းဝေးသွားမည် ဖြစ်သည်။ ချင်းပြည်နယ်အတွင်း စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ကာ သတင်းသိပိုင်ခွင့်ကို ပိတ်ပင်လိုက်သည့် မြို့နယ်များသည် အများအားဖြင့် စစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်နေသည့် ဒေသများဖြစ်ကြကြောင်း…

Read More

ချင်းပြည်နယ် မတူပီမြို့နယ် ငလိုင်ကျေးရွာက ညီအကိုများအသင်းတော်မှ ခရစ်ယာန်ပါစတာ ဦးငိုင်ကုန်းကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားသည်မှာ ၂ လကျော်ကြာမြင့်ပြီဖြစ်သော်လည်း ယနေ့ချိန်ထိသတင်းအစအနမသိရှိဘဲ ပျောက်ဆုံးနေ ပြီး သေဆုံးသွားပြီဟုလည်း သတင်းများထွက်ပေါ်နေသည်။ ပါစတာဦးငိုင်ကုန်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က ဖငိုင်-ငလိုင်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် CDF-Matupi တပ်အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တို့ ငလိုင်ကျေးရွာတွင်တပ်စွဲ၍ လုံခြုံရေးတင်းကြပ်ကာ လက်ကိုင်ဖုန်းများစစ်ဆေးစဉ် သူ၏ဖုန်းထဲတွင် အမဲလိုက်သေနတ်ပုံများတွေ့ရှိသည်ဟုဆိုကာ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ “ပြည်သူတစ်ဦးနဲ့ ပါစတာကအဖမ်းခံရတယ် အရင်နိုင်ငံရေးမဖြစ်ခင်တုန်းက တောထွက်ပြီး အမဲလိုက်တုန်းက သမင်တွေပစ်တုန်းက ချင်းသေနတ်တွေဆိုရင် နည်းနည်းလေးကောင်းတဲ့ဟာဆို ဓာတ်ပုံရိုက်သိမ်းထားတဲ့ဟာတွေပေါ့၊ သူ့ဖုန်းထဲ သေနတ်တွေ့တယ်ဆိုပြီး ဖမ်းသွားတာ၊ တယောက်ကတော့ ဖုန်းထဲစစ်တော့ ဘာမှမတွေ့လို့ ပြန်လွတ်ပေးတယ်” ဟု ၎င်းတို့နှင့်နီးစပ်သည့် မတူပီမြို့ခံတစ်ဦးက ပြောသည်။ ဦးငိုင်ကုန်းနှင့်အတူ အဖမ်းခံရသူ၏ လက်ကိုင်ဖုန်းတွင် ဘာမှမတွေ့ရှိသည့်အတွက် ပြန်လွတ်ပေးကာ ဦးငိုင်ကုန်းကိုမူ မတူပီမြို့ စစ်ဗျူဟာစခန်းတွင်ဖမ်းဆီးချုပ်နှောင်ကာ မိသားစုနှင့်လည်း ဆက်သွယ်တွေ့ဆုံခွင့် မပြုခဲ့ကြပေ။ “စဖမ်းတုန်းကတော့ ဂိုဏ်းပေါင်းဆုံကနေ ထွေအုပ်ကနေတဆင့်သွားတောင်းဆိုမယ်ဆိုပြီးလုပ်ကြသေးတယ်၊ နောက်ဘယ်လိုဖြစ်လဲမသိဘူး၊ တပတ်လောက်အကြာမှာ ရဲစခန်းလည်းမရောက်ဘူး၊ ဗျူဟာမှာလည်းမရှိဘူးတဲ့၊ မိသားစုတွေကလည်းမသိဘူး၊ သေပြီလို့လည်းကြားတယ် လက်တွေ့မသိရတော့ ပြောလည်းမပြောရဲဘူး” ဟု အမည်မဖော်လိုသူ မတူပီမြို့ခံတစ်ဦးက ပြောသည်။ ဦးငိုင်ကုန်းသည် မတူပီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်တစ်ဦးဖြစ်ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်သူမဟုတ်ကြောင်း သိရသည်။ ဦးငိုင်ကုန်း၏ မိသာစုဝင် (ဇနီးနှင့် သားသမီး ၃ ယောက်) များသည်လည်း ယခုအခါ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Sairang ကျေးရွာတွင်…

Read More

ရေး – မိုင်လဲင် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွေမှာ ကျွန်မတို့ ချင်းဓလေ့ထုံးတမ်းနဲ့ပတ်သက်ပြီး သုတေသနလုပ်တုန်းက ကျားမ အလုပ်တာဝန် ခွဲဝေသတ်မှတ်ခြင်းနဲ့ ပတ်သက်ပြီးမေးတဲ့အခါမှာ အမျိုးသမီးတွေ မကျေမနပ်ပြောကြတာက တောင်ယာသွားတဲ့အခါ မိန်းမတွေက ကျောမှာပလိုင်းအပြည့်နဲ့ ပစ္စည်းတွေသယ်၊ ရှေ့ဖက်မှာ ကလေးပိုးရတဲ့အချိန်မှာ ယောကျ်ားတွေက သေနတ်လေးထမ်းပြီး နောက်ကနေလိုက်လာသတဲ့။ ယောကျ်ားတွေပြောတာတော့ ဟိုအရင်တုန်းက တစ်ရွာနဲ့တစ်ရွာ စစ်တိုက်ခဲ့တဲ့အချိန်မှာ ယောက်ျားတွေဟာ မမျှော်လင့်ဘဲ ရန်သူတွေလာတိုက်ခဲ့သည်ရှိသော် ပြန်ခုခံလို့ရအောင်ဆိုပြီး တခြားပစ္စည်းတွေမသယ်ရဲဘဲ သေနတ်ဘဲ ထမ်းရခြင်းဖြစ်ပါသတဲ့။ လုံခြုံရေးကို တာဝန်ယူရတဲ့သဘောပေါ့။ ပြီးတော့ အဲဒါကို အကျင့်ပါသွားပြီး ခုထိ သေနတ်ဘဲထမ်းနေကြတာပါတဲ့။ ဒီနှစ် ချင်းပြည်နယ်မှာ အမျိုးသမီးတွေ စီးပွားရေးဆိုင်ရာအကြမ်းဖက်မှုခံရခြင်းနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်ဖို့ ဖလမ်းကို ကျွန်မ ပြန်သွားပါတယ်။ အဲဒီမှာ ကျားမ အလုပ်တာဝန်ခွဲဝေသတ်မှတ်ခြင်းနဲ့ပတ်သက်ပြီး အပြောင်းအလဲတစ်ခု တွေ့လိုက်ရပါတယ်။ အရင်တုန်းကတော့ အမျိုးသမီးတွေက ပလိုင်းတွေနဲ့ ဟင်းသီးဟင်းရွက်တွေသယ်ပြီး အိမ်မှာလာ ရောင်းကြတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားတွေက မော်တော်ဆိုင်ကယ်နဲ့သယ်လာပြီး လာရောင်းကြတယ်။ နည်းပညာ ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြောင်းအလဲဟာ အမျိုးသမီးတွေထမ်းရတဲ့ အလုပ်ဝန်ထုပ်ဝန်ပိုးကို ပေါ့သွားစေနိုင်တယ်။ ပြောင်းလဲသွားစေနိုင်တယ်။ ကမ္ဘာကြီးမှာနည်းပညာတိုးတက်နှုန်းက အံ့မခန်းပါဘဲ။ ဒါပေမဲ့ ဒီလိုတိုးတက်နေတဲ့ နှစ်ဆယ့်တစ်ရာစုမှာ ဒီနေ့ ချင်းတောင်တန်းက တိုက်ပွဲတွေမှာ ရှေးဟောင်းပြတိုက်ထဲရောက်သင့်နေပြီဖြစ်တဲ့ တူမီးသေနတ်တွေကို အသုံးပြုနေကြ တုန်းဘဲ။ ကျားမတန်းတူရေးနဲ့ပတ်သက်ပြီးတော့ကော တော်လှန်ရေးသမားတွေ၊ တော်လှန်ရေးကို ဦးဆောင်နေတဲ့ ယောက်ျားတွေရဲ့ စိတ်သဘောထား၊ အမြင်၊ ခံယူချက်တွေကော ဘယ်လိုရှိမလဲ။ ကျွန်မ သိချင်မိတယ်။ သမိုင်းကိုကြည့်ရင် အမျိုးသမီးတွေဟာ အမျိုးသားတွေတိုက်တဲ့စစ်ပွဲတွေမှာ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာပါဝင်ခွင့်…

Read More

“အဖမ်းခံရတဲ့ PDF ဆေးတပ်မှ စစ်သမီး (၈) ဦး အနက် (၅) ဦးကို ကယ်ထုတ်နိုင်ပြီဟုသိရ။ ဝမ်းသာစရာဆိုပြီး” သတင်းအမှားကို မြန်မာ့နွေဦးတော်လှန်ရေး တနိုင်ငံလုံး သတင်းရပ်ကွက်ဆိုတဲ့ Facebook Group မှာတင်ထားတာဖြစ်ပါတယ်။ ၎င်းသတင်းနဲ့ ပတ်သက်ပြီး ကလေး-PDF ဘက်မှာ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းတဲ့အခါ သတင်းအမှား ဖြစ်ကြောင်းအခုလို ပြောပါတယ်။“ကျနော်တို့ဘက်က ကယ်ထုတ်တာတွေမရှိဘူး၊ သတင်းအမှားဖြစ်တယ်၊ အဖမ်းဆီးခံထားရတဲ့ အမျိုးသမီး (၉) ဦးဟာ အခုထိ စစ်တပ်လက်ထဲမှာပဲရှိနေတုန်းပဲ” ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ကလေးမြို့အနောက်တောင်ဘက်တနေရာတွင် PDF (Kalay) တပ်ရင်း ၃ လက်အောက်ခံ တပ်ခွဲတစ်ခုစခန်းတစ်ခုကို စစ်ကောင်စီက စီးနင်းသိမ်းပိုက်ကာ PDF (Kalay) ဆေးတပ်ဖွဲ့မှ အမျိုးသမီး ၁၀ ဦးနှင့် ရဲဘော် အမျိုးသား ၂ ဦးကို ဖမ်းခဲ့ပြီးနောက် သုံးရက်အကြာမှာ အဲဒီသတင်းအမှားသည် လူမှုကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့ လာတာဖြစ်ပါတယ်။ အဆိုပါအဖမ်းခံရသူများအနက် PDF (Kalay) ရဲဘော်အမျိုးသား ၂ ဦးနှင့် ဆေးတပ်ဖွဲ့မှ အမျိုးသမီးတစ်ဦးတို့ကို စစ်ကောင်စီက ညင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ပြီးနောက် ကျန်အမျိုးသမီး ၉ ဦးကို ကလေးမြ်ို့ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) မှာ ထိမ်းသိန်းထားတယ်လို့ သိရပါတယ်။ ထိုကဲ့သို့ သတင်းအမှားကြောင့် ဖမ်းဆီးခံ အမျိုးသမီးများရဲ့ မိသားစုများနဲ့ မိတ်ဆွေများမျှော်လင့်ချက် ပျော်ရွှင်မှုကို ပျက်ပြားစေနိုင်သလို ပြည်သူလူထုရဲ့ ဘဝများကို ရိုက်ခတ်စေနိုင်တဲ့အတွက် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနမှ သတင်းတွေကိုသာ ဖတ်ရှုသင့်ပါတယ်။

Read More

စစ်ကိုင်းတိုင်း၊ ကလေးမြိုရှိ စစ်ကောင်စီလက်အောက်ခံ အမှတ် ၆၄၄ စစ်လက်နက်ပစ္စည်းတပ်ရင်းကို PDF -Zoland နှင့် CDM – Siyin (CDF-KKG တပ်ရင်း ၂) ပူးပေါင်းတပ်ဖွဲ ့က ယ​နေ ့ညနေ ၆:၃၀ အချိန်က တိုက်ခိုက်ခဲ့ ကြောင်း PDF -Zoland က ထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ ယမ်းသိုလှောင်ရုံတချို့ ပေါက်ကွဲပျက်စီးမှုများရှိသည့်အပြင် စကစတပ်ဖွဲဝင်များ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအားလုံး ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့​ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ယင်းစစ်ဆင်ရေးသည် လုယူခြင်းခံခဲ့ရသည့် လွတ်လပ်မှုနှင့် အနိုင်ကျင့်ခံရသည့် မတရားမှုများအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ခြင်း အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု PDF-Zoland ကထုတ်ပြန်သည်။

Read More

ကလေးမြို့၊ အနောက်တောင်ဘက် ချင်းတောင်ခြေအနီး စီးစံကျေးရွာမှ ရွာသားတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ နိူဝင်ဘာလ ၁၆ ရက်နေ့က လည်လှှီးသတ်ဖြတ်ခဲ့ပြီး ယနေ့တွင် ၎၏ ရုပ်အလောင်းကို ရွာသားများက သွားရောက်သယ်ယူခဲ့ကြသည်ဟု သိရသည်။ အသက် ၄၈ နှစ်အရွယ် ဦးဗျက်နေဆန်း၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ နိုဝင်ဘာလ ၁၆ ရက်နေ့က ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့သော PDF-Kalay တပ်ရင်း (၃) လက်အောက်ခံ တပ်ခွဲစခန်းအနီးတွင် ဦးခေါင်းသေနတ်ဒဏ်ရာနှင့် လည်လှီးထားသည့်ဒဏ်ရာဖြင့် တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ဦးဗျက်နေဆန်းသည် ဝဥစိုက်ပျိုးထားသော တောင်ယာသို့ နိုဝင်ဘာလ ၁၄ ရက္က တယောက်တည်းသွားရောက်ညအိပ်ကာ မိသားစုဝင်များမှ ပြန်လာရန်ဖုန်းဆက်ပြီးနောက် အပြန်လမ်းတွင် စစ်ကောင်စီတပ်သားများက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ၎င်းတွင် သားသမီး ၄ ယောက်ရှိသည့်အပြင် လက်ရှိတွင် မိသားစုဝင်များမှာလည်း ကလေးမြို့ပေါ်တွင် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့က PDF-Kalay/CNDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့တပ်ဖွဲ့အကြား တနေကုန် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင် အနီးအနားကျေးရွာများက မြောင်းလှ၊ မြောင်းဆုံ၊ ဆင်တော၊ ရှားတော၊စီးစံ၊ သုံးအိမ္စု၊ မြောင်းမြ၊စက္ကန့်ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြသည်။

Read More

မကွေးတိုင်း ဆောမြို့နယ်အတွင်းရှိ ကျင်းလိန်နှင့်တောမရွာအကြားတွင် CDF (Kanpetlet)၊ CDF (Mindat)၊ YDF၊ PDF-Saw ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ယနေ့နံနက်ပိုင်း၈ နာရီကစ၍ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဖက်မှအနည်းဆုံး ၄၀ ခန့်ကျဆုံးပြီးထိခိုက်ဒဏ်ရာရသူများလည်းအများအပြားရှိကြောင်း CDF (Kanpetlet) ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်အသုံးပြုပြီး တစ်နာရီကြာခန့် ဝေဟင်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်းCDF ရဲဘော်များနှင့် YDFရဲဘော်များသည် တစ်စုံတစ်ရာထိလိုက်မှုမရှိပဲ PDF-Sawတပ်ဖွဲ့မှ တစ်ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။ ယနေ့ နေ့လည်တစ်နာရီအချိန်ခန့်မှာလည်း ကန်ပက်လက်မြို့တွင် CDF (Kanpetlet) အဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီဖက်မှ သုံးဦးသေဆုံးသည်ဟု CDF (Kanpetlet) က ထုတ်ပြန်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီတစ်ဦးကို CDF(Kanpetlet)ရဲဘော်တစ်ဦးမှမော်တော်ဆိုင်ကယ်ဖြင့်အရှိန်ပြင်းစွာဝင်တိုက်ခိုက်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း CDF(Kanpetlet) က သတင်းထုတ်ပြန်သည်။

Read More

ချင်းပြည်နယ် ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ္ခြဲမွ ရဲတပ်သား မောင် ရာလ်လှေထန်း၊ ကိုယ်ပိုင်အမှတ်-၂၈၂၂၉၇ သည် CDM ပြုလုပ်မည့် ၀န်ထမ်းများ၏ သတင်းအချက်အလက်များ စုံစမ်းခြင်း၊ CNDF ၏ အင်အားမည်မျှရှိသည်ကို စုံစမ်းခြင်း၊ ၎ အနီးပတ်၀န်းကျင်ရှိ မိဘပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေခြင်းတို့ကြောင့် (၁၈/၁၁/၂၀၂၁) ရက်နေ့တွင် ဖလမ်းမြို့နယ် တစ်နေရာ၌ ဖမ်းဆီးခေါ်ဆောင် ထိန်းသိမ်းထားကြောင်း CNDF မှထုတ်ပြန်သည်။ ဖလမ်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမွ ၀န်ထမ်းများအား မတရားအာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင်၍ Civil Disobidience Movement တွင် ပါ၀င်ကြရန်၊ ထိုသို့ လိုက္နာမွုမရွိသူမ်ားကို ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း CNO/CNDF မွ (၀၇/၀၉/၂၀၂၁) ရက်နေ့တွင် နောက်ဆုံးအကြိမ် သတိပေးထားပြီး ဖြစ်သည်။ CDM ပြုလုပ်ခြင်းမရှိပဲ အကြမ်းဖက် စစ်ကောင်စီအား ပံ့ပိုးပေးလျက်ရှိသော အကြမ်းဖက်လက်ပါးစေ အဆိုပါ ရဲ၀န်ထမ်းအား နိုင်ငံတကာ စစ်ခုံရုံး စစ်ဥပဒေနဲ့အညီ ရေးဆွဲထားသော CNO/CNDF စစ်ဥပဒေဖြင့် လုံခြုံသည့် တစ်နေရာတွင် လိုအပ်သည့် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ကာ ထိန်းသိမ်းထားသည်။

Read More

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာအနီးတွင် နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီနှင့် Yaw Defense Force (YDF-ထီးလင်း)၊ Chinland Defense Force (CDF-မင်းတပ်) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ YDF (ထီးလင်း) မှ ရဲဘော် ၁၃ ဦး၊ CDF (မင်းတပ်) မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်ဟု YDF က ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်လည်း သေဆုံးခဲ့ပြီး YDF (ထီးလင်း) မှ ၂ဦး၊ CDF (မင်းတပ်) မှ ၁ ဦး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ဘေးရှောင်အရပ်သား ၃ ဦးနှင့် နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်ဘေးရှောင်ရွာသား ၂ ဦး စုစုပေါင်း ၅ ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု YDF က ထုတ်ပြန်ထားသည်။ ယနေ့နိုဝင်ဘာလ ၁၉ ရက်နေ့တွင်လည်း ဆောမြို့နယ် ကျိန်ချောင်း နှင့်တောမ ရွာတို့တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရဟတ်ယာဉ်နှစ်စီးအသုံးပြုကာ ဝေဟင်မှပစ်ကူတိုက်ခိုက်နေသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)၊ PDF-ဆော၊ CDF- မင်းတပ်/ကန်ပက်လက်ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်ခုခံတိုက်ကာ တိုက်ပွဲများပြင်းထန်လျှက်ရှိကြောင်းသိရသည်။

Read More